Tuesday, 24 June 2014

TUN ZAW OO status

အကျင့်ပျက်ခြစားမှုများအတွက် အမှန်ဆုံးသော စကားလုံးများ
ပြည်သူတွေ ဥပဒေလိုက်နာဘို့ အဂတိတရားတွေကင်းရှင်းဘို့အတွက် နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့. အစိုးရအဖွဲ့ နဲ့ လွှတ်တော်အမတ်မင်းများက.အရင်ဆုံး စံပြ အဖြစ် လိုက်နာပြကြရပါမယ်.

အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ရေးအတွက်. အောက်လက်ဝန်ထမ်းတွေကိုသာစပြီး လုပ်နေမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်တဲ့အကြောင်းကို ရင့်ကျက်တဲ့ စီမံခန့်ခွဲသူတိုင်း သိရှိပြီးဖြစ်ပါတယ်

ဒီတော့. သမ္မတကြီးတစ်ဦးတစ်ယောက်တည်း. စံပြဖြစ်နေရုံနဲ့. အစိုးရအဖွဲ့ကစံပြဖြစ်နေရုံနဲ့ ရပ်ထားလို့မရပါဘူး. သက်ဆိုင်ရာဌာနအကြီးအကဲကြီးတွေရော. အကျင့်ပျက်ခြစားမှုတွေရှိနေတုန်းဘဲလား ဆိုတာကို. နည်းမှန်လမ်းမှန်နဲ့ စုံစမ်းဖော်ထုတ်/ ပြုပြင် /အရေးယူအပြစ်ပေးတာတွေလုပ်ရပါမယ်

အပေါ်ထပ်အဆောက်အဦက သန့်ရှင်းသွားပြီဆိုရင်.
အလယ်အလတ်နဲ့ အောက်ခြေတွေမှာ (ဂါရဝဆိုတာတွေ မရှိတော့တဲ့အတွက်) အလိုလို ရှင်းသွားပါလိမ့်မယ်.

ပြဿနာတစ်ခုခုဖြစ်လာပြီဆိုမှ. ကျူးလွန်တဲ့သူကို အရေးယူမယ်. အပြစ်ပေးမယ်ဆိုတာတွေက. အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် ထိရောက်တဲ့. ဖြေရှင်းနည်းတွေမဟုတ်ဘူးဆိုတာ...

credit  tun zaw oo

No comments:

Post a Comment