တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း (၃၄)
=======================
လ၀က ၀န်ကြီး ဦးခင်ရီမှ FACEBOOK သုံးစွဲသည့် ၀န်ထမ်းများအား အရေးယူအပြစ်ပေးခဲ့သည့်
ဖြစ်စဉ်များ
------------------------------------------------
FB သုံးစဲံွံမှုအပေါ် ၀န်ကြီးမှ အရေးယူအပြစ်ပေးခြင်းများအား
ဖိနှိပ်ခံ လ၀က ၀န်ထမ်းတစ်ဦးအမည်ဖြင့် အင်တာနက်ဝက်ဆိုဒ်သတင်းဌာနများတွင်
ဖော်ပြပါရှိခဲ့သည့် ဖြစ်စဉ်အား သိရှိနိုင်ပါရန်ထပ်မံ ဖော်ပြပေးလိုက်ပါသည်....
FACEBOOK ပေါ်တွင် LIKE လုပ်မိသည့်အတွက် ၀န်ကြီးရုံးတွင် တွဲဘက် (၄)လ အရေးယူအပြစ်ပေးခံလိုက်ရသည့် လ၀က၀န်ထမ်း ( ၄ )ဦး
=============
၂၀၁၃ ခုနှစ်....နိုဝင်ဘာလအတွင်း လ၀က ၀န်ကြီးဌာန၏ မမျှမတသည့် ဘက်လိုက်လုပ်ဆောင်မှုအများအပေါ် CARETAKER အမည်ဖြင့်FBပေါ်တွင် ၇င်ဖွင့် ပေါက်ကွဲေ၇းသားခဲ့သည့် ဒုလ-၀ကမှူးဝန်ထမ်းတစ်ဦးအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကူညီဆောင်ရွက်းမှူများဖြင့် ဖော်ထုတ်စုံ စမ်းခဲ့ပီး ရေးသားခဲ့သည့် ၀န်ထမ်းတစ်ဦးနှင့် သူငယ်ချင်းအဖြစ်လက်ခံထားရှိသူများ.....like လုပ်ထားမိသည့် သူများအား နေပြည်တော်(ဦးစီးဌာန) ရုံးချု့ပ် သို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပီး.....ရေးသားသည့် -၀န်ထမ်းအား ရာထူးတိုး (၂ )နှစ်ရပ်ဆိုင်းခဲ့သည့်အပြစ်ဒဏ်နှင့်အတူ ဝေးလံခေါင် ဖျားဖြစ်သည့် စစ်ကိုင်းတိုင်း...ဖောင်းပြင်မြို့နယ်သို့ပြောင့်းရွှေ့တာ ၀န်ချထားသည့်
အကြောင်း ကို အင်တာနက်ဝက်ဆိုဒ် သတင်းဌာနများအားလုံး နီးပါးဖော်ပြ ပါရှိခဲ့သည့်ကို အားလုံးသိရှိခဲ့ပြီးဖြစ်ပါသည်..
.ထိုကဲ့သို့ ၄င်းရေးသားထားခဲ့သည့် ခံစားချက်များပေါ်တွင် LIKE လုပ်မိခဲု့သည့် နယ်စုံမှ ၀န်ထမ်း ( ၄ )ဦးအားလည်း နေပြည်တော် လ၀က ၀န်ကြီးရုံးသို့ ခေါ်ယူပီး ၀န်ကြီးရုံးတွဲဘက် ( ၄)လ ထားကာအေ၇းယူအပြစ်ပေးခဲ့ ပါသည်....ယင်းသို့ တွဲဘက် ( ၄ )လ တာဝန်ထမ်းဆောင်စေရန် အပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ၀န်ထမ်း ( ၄) ဦးမှာ ယခုအခါ အပြစ်ဒဏ် ကာလ ( ၄ )လ ပြည့်မြောက်သွားပြီဖြစ်သော်လည်း ၄င်းတို့ တာဝန် ထမ်းဆောင်လျက်ရှိသည့် မူရင်းဒေသ များသို့ ယခုအထိတိုင်ပြန်လည် စေလွှတ်ခြင်းမရှိသဖြင့် မိသားစုများနှင့်လည်း ခွဲခွာနေထိုင်ခဲ့ရသည့်အတွက် စိတ်ဆင်းရဲ...ကိုယ်ဆင်းရဲခြင်းများစွာ ဖြစ်ပေါ်ခံစားလျက်ရှိ ကြောင်း သိရှိရပါသည်.....ယခုကဲ့သို့ မြန်မာနိုင်ငံတွင် နိုင်ငံတော် သမ္မတကြီး၏ဦးဆောင်မှုဖြင့် ဒီမိုကရေစီ ခေတ်ကြီးသို့ လွပ်လပ်စွာရေးသား ပြောဆိုခွင့်...ဖော်ထုတ်ခွင့်များဖြင့် သွားလာနေသည့် အခုအချိန်အခါတွင် ၀န်ကြီးဌာနများအနက် လ၀က ၀န်ကြီးဌာနသည် လွပ်လပ်စွာ ထုတ်ဖော်ရေးသားဖော်ပြသည့် ၀န်ထမ်းတစ်ဦးနှင့် like လုပ်မိသည့် ၀န်ထမ်း(၄) ဦးအား အရေးယူအပြစ်ပေးမှုသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေပါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပီး လူ့အခွင့်အရေး ကိုပါချုပ်ချယ်ကန့်သတ်တားဆီးပိတ်ပင်ခဲ့သည့်.....မြန်မာနိုင်ငံ၏ပထမဆုံး သော ဖွဲ့စည်းပုံအခြေခံဥပေဒေ ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ကျူးလွန်ကာ လ၀က
ဝန်ကြီးဌာနသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၏အပေါ်တွင် ရပ်တည် လက်ရှိနေသည်ကိုဖော်ပြလိုက်ရုံသာမက အခြေခံဥဒေပါ လွပ်လပ်စွာ
ထုတ်ဖော် ရေးသားပြောဆိုခွင့်များကို အရေးယူအပြစ် ပေးလိုက်ခြင်းသည် ပြည်သူ့လွှတ်တော်တစ်ခုလုံးသာမက နိုင်ငံတော်အစိုးရ တစ်ဖွဲ့
လုံးနှင့်ပြည်သူလူထု တစ်ရပ်လုံးကို ဘယ်လိုမျိုးဥပဒေပဲ ထုတ်ပြန်.....ထုတ်ပြန်ထား....သောက်ဂရုမစိုက်ဘူး...ငါလုပ်ချင်သလိုလုပ်မယ် ဆိုတဲ့
....အရာရာ ကို ကန့်သတ်ပိတ်ပင် တားဆီးထားတဲ့ တရုတ်...မြောက့်ကိုးရီးယား တို့ရဲ့ အာဏာရှင် စနစ် အုပ်ချုပ်ရေး စနစ်ကြီးတစ်ခု လို အကောင်အထည်ဖော်လုပ်ဆောင်နေခဲ့သည်သာမက ယခင် စစ်အစိုးရလက်ထက် ပုံစံမျိုးဖြစ်နေခဲ့ပီး လူသာပြောင်းသွားခဲ့သော်လည်း မူတွေမပြောင်းသေးပဲ အယင်တိုင်းပဲ ဆက်လက်တည်ရှိနေသည်ကို မီးမောင်းထိုးပြလိုက်ခြင်းသာမကပဲ......လ၀က ၀န်ကြီး ဦးခင်ရီသည် မြန်မာနိုင်ငံရေး စာမျက်နှာပေါ်တွင်...၀န်ထမ်းများမီဒီယာသုံးစွဲခြင်းကိုပိတ် ပင်တားဆီးပီး အရေးယူအပြစ်ပေးလိုက်သည့်.....ဖွဲ့စည်းအုပ်ချုပ်ပုံပါ အခြေခံဥပဒေအားပြောင်ပြောင်တင်းတင်း....ဖောက်ဖျက်ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ကို ချိုးဖောက်ခဲ့သည့်.....နိုင်ငံတော် သမ္မတကြီးမှ ဦးဆောင်သွားလာနေသည့် ဒီမိုကရေစီလမ်းကြောင်းအားသွေဖယ်စေပီး အာဏာရှင်စနစ်ကိုနောက်ပြန်သွားစေသည့်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့်.....မြန်မာနိုင်ငံတော်၏ ပထမ ဆုံးသော ၀န်ကြီးဌာန ၀န်ကြီးတစ်ဦး အဖြစ် မြန်မာ့သမိုင်းတွင် မော်ကွန်း ထိုးခံလိုက်ရပီဖြစ်သည်.....ထို့အပြင် fb ပေါ်တွင် ရင်ဖွင့်ခံစားချက်များ .....commemt များရေးသားခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများအရ အရေးယူအပြစ်ပေးခြင်းခံရမည်ကို သိရှိကြောင်းကို တစ်နိုင်ငံလုံးရှိဝန်ထမ်း များအား လက်မှတ်ရေးထိုးထားစေခဲ့ကြောင်းလည်း သိရှိရပါသည်...ထိုဖြစ်စဉ်နှင့်ပက်သက်ပီး ၀န်ကြီးရုံးရှိ
-၀န်ထမ်းတစ်ဦးအားမေးမြန်းခဲ့ရာ " အထက်ပါဖြစ်စဉ်မှာ မှန်ကန်ပါကြောင်း....မည်သူမှမပြောရဲပဲကြောက်ပီးငြိမ်နေရကြောင်း....
.ဒုဝန်ကြီးတို့မှာ နာမည်သာ ရှိပီး လုပ်ပိုင်ခွင့်လုံးဝပေးမထားပဲ အရာရာ အားလုံးကို ၀န်ကြီးတစ်ဦးတည်းကသာ ချုပ်ကိုင်ထားခဲ့ကြောင်း.
...၀န်ကြီး မသိရှိပဲ ရုံးစောင့်တစ် ယောက်ကိုတောင် ပြောင်းပေးလို့မရကြောင်း....တကယ်တော့ လ၀က ဌာနဟာ အရေးပါသော်လည်း
အရာမရောက်ကြောင်း..မည်သည့်အခမ်း အနား မဆို ပါဝင်ရကြောင်း....ဂေါက်ပြိုင်ပွဲများတွင်လည်း ကျွေးမွေးဧည့်ခံရေးတာဝန်ကို
လ၀ကဌာနမှ တာဝန်ယူထားရကြောင်း...၄င်းအပြင် ဒေသအာဏာပိုင်များမှ ဆိုင်ဆိုင်မဆိုင် တာဝန်ပေးအပ်သည့်အလုပ်များကိုပါ
ဝါ၀င်လုပ်ဆောင်နေရကြောင်း...၀န်ကြီးရောက်လာပီး နိုင်ငံသားကိ စ္စများကို မိုးပွင့်စီမံချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့
ကြောင်း....သန်းခေါင်စာရင်းကောက်ယူရေးအတွက် လည်း ၀န်ထမ်းများ မှာ မနားမနေလုပ်ဆောင်နေကြရကြောင်း...နိုင်ငံတော်သမ္မတမှ
သတ်မှတ်ထားသည့် ညနေ ၄း၃၀ ရုံးဆင်းစေရမည်ဟူသော အမိန့်သည် လ၀က ၀န်ထမ်းများအတွက် မဟုတ်ပါကြောင်း.....၀န်ထမ်းများမှာ
ညအထိလည်းဆက်လက်လုပ်ဆောင်နေရကြောင်း...ည ရ နာရီ....၈ နာရီသာ လျှင် ၀န်ထမ်းများအတွက် ရုံးဆင်းချိန်ဖြစ်ပါကြောင်း....စနေ
...တနင်္ဂနွေများလည်းမ ရှိကြောင်း...၀န်ထမ်းများခွင့်ယူမည်ဆိုပါကလည်းမည်သည့် ခွင့်မှမပေးကြောင်း....ယခုအခါ ထပ်မံပီးတော့
အိမ်တိုင်ရာရောက်စနစ် ( door to door ) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း... အောက်ခြေမှာဖြစ်ပေါ်နေသည့်
ဝန်ထမ်းငယ်များ၏ အခက်အခဲများကို လုံးဝလစ်လျူရှူထားကြောင်း.၀န်ထမ်းများမှာ မနိုင်သည့်ဝန်ကိုထမ်းဆောင် နေရကြောင်း..
..ရေဘူးပေါက်တာ မလို..ရေသာလိုသည် ဆိုသည့်လုပ်ဆာင်ချက်မျိုးဖြစ်နေကြောင်း.....စီမံချက်များကာလအတွင်း ၀န်ထမ်းငယ်များမှာ
နိုင်ငံရေးပါတီများကြား....လွှတ်တော်အမတ်များ ကြား တွင် ကြားညှုပ်ခံရမှုများရှိနေကြာင်း......ထိုသို့ဖြစ်ပေါ်လာသော်လည်း တာဝန်ခံမှု.
...တာဝန်ယူမှုမရှိပဲ အရေးယူအပြစ်ပေးခြင်းဖြင့်ထိုးကျွေးခံနေ ရကြောင်း....တကယ်ဆိုလျှင် ယခုလိုမျိုး သန်းခေါင်စာရင်းကောက်ယူရန
် နီးကပ်နေသည့်အချိန်တွင် door to door စနစ်ကို အကောင်အထည် ဖော်မဆောင်ရွက်သင့်ကြောင်း....တစ်နေ၇ာတွင်အားလုံးကိုစုစည်းပီးလုပ
်ဆောင်ပေးခဲ့သည့် မိုးပွင့်လိုစီမံချက်မျိုးကသာ လျှင်အမှန်အကန်ဆုံး ဖြစ်ပါကြောင်း...နာမည်ကြီး မြို့နယ်ရုံးများမှသာလျှင်ပဲ ၀န်ထမ်းအင်အား
ဖွဲ့စည်းပုံအပြည့်ရှိပီး....ကျန်ရှိသည့်မြို့နယ်ရုံးများတွင်ရှိသည့်လူအင် အားလေးဖြစ့်သာ နည်းနည်း နဲ့ ကျဲကျဲ ၀ိုင်းဝန်းဆောင်ရွက်နေ
ရကြောင်း.ယခုလိုမျိုး ၀န်ထမ်း လေးဦးအား like လုပ်သည့်အတွက်ဟုဆိုကာ အပြစ်ဒဏ်ပေးထားခြင်းသည်
သန်းခေါင်စာရင်းကောက်ယူမှူနီးကပ်နေသည့်အချိန်တွင် အင်အားပြုန်းတီးမှုကိုဖြစ်စေကြောင်း... ၀န်ကြီး`၏ အတ္တနှင့် မာန ကြောင့်
ဝန်ထမ်းငယ်များဒုက္ခရောက်နေရကြောင်း......ဒီကြားထဲ ဒေသအာဏာပိုင်၏ ခေါ်ယူခိုင်းစေမှုများကိုလည်း ဆောင်ွရွက်ပေးရသေးကြောင်း...
.တစ်နေရာတည်းတွင်အားလုံးကို စုစည်းပီးလုပ်ဆောင်ပေးခြင်းနှင့် တအိမ်တက် တအိမ်ဆင်းလုပ်ပေးခြင်းသည်မည် သည်က
အချိန်ကုန်သက်သာပီး လုပ်ငန်းအောင်မြင် မြန်ဆန်သည်ကို ဦးနှောက်ရှိသည့်လူတိုင်းက သိနိုင်ပါကြောင်း...၀န်ကြီးတစ်ပါးတည်း
နိုင်ငံတော်သမ္မတ ထံတွင် နာမည်ကောင်းရဖို့ အရေး ၀န်ထမ်းအားလုံး မှာ စတေးခံနေရကြောင်း....ဘောလုံး စကားဖြင့်ပြောရယင်.
..အရေးကြီးသည့် ဗိုလ်လုပွဲ ကန်ရတော့ မည်ဖြစ်သဖြင့် အားလုံးကို အနားပေးပိးတော့ ကစားခိုင်းရမည်ဖြစ်ကြောင်း....အခုတော့
ဝန်ထမ်းအားလုံးမှာ သန်ခေါင် စာရင်း ကောက်ယူမှု နီးကပ်နေသည့်အပြင် အနားယူနိုင်မှုမရှိပဲ ၀န်ကြီးခိုင်းစေသည့် စနစ်များကို
အကောင်အထည်ဖော်ပေးနေရကြောင်း.. လူအများမြင်တွင် ၀န်ကြီးမှာ စကားပြောကောင်းပီး...သဘောကောင်းသည့် အသွင်ဖြစ်နေသော်လည်း
မင်းသားခေါင်းဆောင်းထားသည့်ဘီလုး သာလျှင်ဖြစ်ကြောင်း...အငြိုးအတေးများကြီးမားပီး ကိုယ်ချင်းစာနာစိတ်လုံးဝမရှိကြောင်း. ....
.၀န်ကြီးတွင် ကုလား ဆောက်လုပ်ရေးလုပ်ငန်းမှစပွန်ဆာ ပေးးကာအလကား ဆောက်လုပ်ပေးထားသည့် နန်းတော်တမျှကြီးမားသော
အိမ်ကြီးများ FMI CITYနှင့် တောင်ဥက္ကာတွင်ရှိနေပီး..ပဲခူးတိုင်း...အင်းတကော် တွင် ဧကပေါင်းများစွာသော ရော်ဘာခြံတွေရှိနေခဲ့
ပီးဖြစ်သော်လည်း မိမိတို့ဝန်ထမ်းများတွင် တစ်ခုမှ မရှိပါကြောင်း....မိမိတွင် ပြောစရာတွေ များစွာရှိကြောင်း..."....အစရှိ သဖြင့် ရင်ဖွင့်
ပြောကြားသွားပါသည်..... (FB ပေါ်တွင် LIKE လုပ်မိသည့် ၀န်ထမ်း (၄ )ဦးအရေးယူအပြစ်ပေးခံရသည့်ဖြစ်စဉ်များအား ..
.နိုင်ငံတော်သမ္မတကြီးအပါအ၀င်အစိုးရအဖွဲ့.. များ... ပြည်သူများနှင့် မီဒီယာများသိရှိနိုင်ရေးအတွက် ၀ိုင်းဝန်းရှယ်ပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်.......)
ဖိနှိပ်ခံ လ၀က ၀န်ထမ်းတစ်ဦး ( မခံစားနိုင်တော့သည့်အတွက် ရင်ဖွင့်ခံစားခြင်း) .
No comments:
Post a Comment