တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၈)
=========================================
ကျုပ်ဒီစာကိုရေးတယ်ဆိုတာကလည်း ၀န်ထမ်းငယ်လေးတွေဘက်ကနေပီးတော့ ကာကွယ်ပီးတော့ ရေးနေတာပါ....ကျုပ်တို့ချစ်မြတ်နိုးတဲ့
လ၀ကဌာနကြီး ရေစုန်မမျောရလေအောင်.....မပျက်စီးသွားရလေအောင် ဒီဌာနကြီးမှာ ဒီလိုမျိုးလူတွေ ရှိနေတယ်....လုပ်နေကြတယ်ဆိုတာကို
သိအောင် ဆိုပီးတော့ အမုန်းခံပီးတော့ ရေးနေတာပါ....တာဝန်ရှိတဲ့ အထက်လူကြီးတွေအဆင့်ဆင့်လည်းသိအောင်....သူတို့တွေလည်း
နောက်ထပ်နောက်နောင် ၀န်ထမ်းငယ်တွေ ကိုအနိုင်မကျင့်ရဲရလေအောင်...မသိသေးတဲ့ သူတို့တွေရဲ့ အကြောင်းကို ၀န်ကြီးသိအောင်..လုပ်
ဖို့ နည်းလမ်းက အင်တာနက်ကနေပီးတော့ ရေးပီးတော့ တင်ဖို့ပဲရှိတယ်လေ....ကျုပ်စာအုပ်ထုတ်တာက နောက်မှဆိုတော့...ဒီဟာကိုအယင်
လုပ်ရတာပေါ့လေ...
သူတို့စိတ်ထဲမှာလည်း အနိုင်ကျင့်လို့ရမှန်းသိတော့
အနိုင်ကျင့်လို့ရတာပါ....အနိုင်ကျင့်လို့မရမှန်းသိယင် မကျင့်ပါဘူး....ဒါကြောင့်မို့ ကျုပ်က အမှားကို အမှန် မထင်သွားရအောင် နည်းနည်း
လေးပဲရေးပေးလိုက်သေးတာ....များများမရေးသေးဘူး...ပြင်ဖို့ အချိန် တစ်နှစ်ကြီးများတောင် ပေးထားသေးတယ်.....သတ္တိရှိယင်တော့
ဆက်လုပ်ပေါ့...ရွှေတခါးမှူးချစ်သူဟာ ဘယ်လိုလူစားမျိုးဆိုတာ သိသွားစေရမယ်..၀န်ကြီးရဲ့အာဏာဟာ ၀န်ထမ်းပေါင်း (၈၀၀၀)ကျော်ပေါ်မှာ
ပဲ အာဏာသက်ရောက်တာပါ....တစမ/ပနမ တို့ကလည်း သူအုပ်ချုပ်ရတဲ့ လူအပေါ်မှာပဲအာဏာသက်ရောက်တာပါ...မဟုတ်တာပဲဆက်လုပ်
နေမယ် ဆိုယင် ဓားသွားလို့ခေါ်ဆိုနိုင်တဲ့ အာဏာသွားနဲ့ ကလောင်သွားနဲ့ ဘယ်က ပိုထက်မျက်မယ်ထင်လဲ စမ်းကြည့်လိုက်ကြပါ..ခင်ဗျား
တို့ အာဏာသွားက ၀န်ထမ်းတွေအပေါ်မှာပဲ ရှိတာနော်...ကျုပ်ကလောင်ဆိုတဲ့ ဓါးနဲ့ သွေးလိုက်ယင် မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ သန်း
(၆၀) သောပြည်သူတွေ ဆီအကုန်ရောက်သွားမှာ....အကုန်သိသွားကြမှာ....ကျု့ပ်ဆိုတဲ့အကောင် က မှားနေတာကိုလည်း အမှန်မလုပ်ဘူး..
အမှန်ကိုလည်း အမှားမလုပ်ဘူး...အခုကျုပ်ရေးနေတာတွေ အားလုံးဟာ အမှန်တရားတွေချည်းပဲ...အခုကျုပ်ရေးပီးတင်နေတဲ့စာတွေ ကို တစ်နိုင်ငံလုံးမှာ ရှိနေခဲ့တဲ့ လ၀က ၀န်ထမ်းတွေအား။လုံးကသဘော
ကျနေကြတယ်...ထောက်ခံနေကြတယ်....သူတို့ပြောချင်နေတာ...ရင်ဖွင့်ချင်နေတာ...ပေါက်ကွဲချင်နေတာတွေနဲ့ ရွှေတံခါးမှူးချစ်သူရေးပြ
ထားတာတွေဟာ အားလုံးကွက်တိပဲ ဆိုပီးပြောနေကြတယ်.....၀န်ကြီးကိုကြောက်လို့ အင်တာနက် FACEBOOK ပေါ်ကနေ ရှယ်မလုပ်...like
မလုပ်ရဲပေမယ့်လည်း အားလုံးဟာ ချက်ဘောက်ထဲကနေပီး အပြန်အလှန်ပေးပို့ကြ...တစ်ယောက်နဲ့တစ်ယေက်ဖုန်းဆက်ပီးပြောကျ...
.သဘောတွေကျနေကျတာ..ပျော်နေကြတာ....၀န်ကြီးကမှ သူတို့လေးတွေပျော်အောင်..ိစိတ်ချမ်းသာအောင်မလုပ်ပေးနိုင်တော့ လုပ်ပေးနိုင်တဲ့
ကျုပ်ကပဲကြားကနေပီး သူတို့လေးတွေ စိတ်ချမ်းသာဖို့အရေးအတွက် လုပ်ပေးနေရတာနော်......အဲဒီကျုပ်ရေးတင်နေ
တဲ့ ၀က်ဆိုက်ကိုလည်း ဘယ်အချိန်အပိုင်းတွဲတွေ တက်လာမလဲ ဆိုပီးစောင့်ဖတ်ကြနဲ့တဲ့...ဒါတွေကိုလည်း ၀န်ကြိးဖော်ထုတ်ပီးတော့ အရေး
ယူအုံးမှာလားဟင်....မသိလို့မေးကြည့်တာပါနော်....အဲဒါကိုတော့ ၀န်ကြီးလုံးဝမလုပ်နဲ့နော်...တကယ်လို့ဝန်ကြီးလုပ်လိုက်ယင် ကျုပ်တရား
ခံဖြစ်သွားလိမ့်မယ်နော်....ကျုပ်ရေးတဲ့စာတွေကို ဖတ်မိတဲ့ ၀န်ထမ်းလေးတွေကို တောင်မှ အရေးယူခံရတယ်ဆိုယင်ကျုပ်လည်းဘယ်စိတ်
ကောင်းမလဲဗျာ...ဘွာတေးနော်(ကျုပ်က ၀န်ကြီးကိုချစ်လို့စတာပါနော်....၀န်ကြီးစိတ်မဆိုးနဲ့နော်.) ...ကျုပ်က ၀န်ကြီးကိုလည်းပြန်ချော့နေရ
သေးတယ်...ရေးသာရေးနေရတာ...တော်ကြာကျုပ်ကိုစိတ်ဆိုးပီး မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့သွားခေါက်နေမှာစိုးလို့..၀န်ကြီးက သဘော
လည်းကောင်း....မနောကောင်းလေးပါ...ပီးတော့ ရဲချုပ်ဘ၀ကနေလာတယ် ဆိုတော့ ပြစ်မှုတွေကိုဖော်ထုတ်တဲ့နေရာတွေမှာလည်းအရမ်း
ကိုကျွမ်းကျင်တာလေ..ဒါနဲ့ပဲလုပ်စားလာတာလေ....ဒါကြောင့်မို့လို့ care taker ဆိုတဲ့ ကောင်လေး အဖော်ထုတ်ခံရပီးအပြစ်ပေးခံလိုက်ရတယ်
လေ....ဘာအမှုပဲဖြစ်ဖြစ် သူဖော်ယင် မပေါ်တာမရှိဘူးတဲ့...( ငါးလောင်းပြိုင်ကလွဲပီးတော့နော်)..ဒါနဲ့ပြန်ဆက်မယ်ဆိုယင် နိုင်ငံတော်သမ္မတကြီးဦး
ဆောင်ပီးတော့ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ဒီလိုမျိုးတွေရေးလို့....like လုပ်လို့အရေးယူအပြစ်ပေးခံရတယ်ဆိုတာ မဖြစ်
သင့်ဘူးလေ...မရှိသင့်ဘူးလေ....ဒီဝန်ကြိး လ၀က ထဲမရောက်ခင် ရဲချုပ်ဘ၀မှာ ဘာတွေလုပ်သွားခဲ့တယ် ဆိုတာ ကျုပ်အသိဆုံး...ကျုပ်
ယောက်ဖရယ်.....တနပ်စားမြင့်လွင်ရယ်....ပါးရိုက်နားရိုက်အုန်းမြင့်ရယ်....အခုကွယ်လွန်သွားတဲ့ ဗိုလ်မှူးညိုရွှေရယ်တို့က DSA (17)
တပတ်စဉ်ဆင်းတွေချည်းပဲ...သူပြည်ထဲရေးမှာ ရှိတုန်းက ဆိုလည်း ကျုပ် ခန ခန ရောက်ဖူးပါတယ်....ကျုပ်ယောက်ဖနဲ့ပက်သက်ပီးတော့
လူကြီးပိုင်းတော်တော်များနဲ့လည်း ခင်ခဲ့ပါတယ်....ဒီနေရာမှာ ကျုပ်ယောက်ဖ ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို သွားသတိရလိုက်သေးတယ်
"" ခင်ရီက ကြောင်ချီးကွ."...ဒါနဲ့ကျုပ်ယောက်ဖ ကို"ဘာဖြစ်လို့ ကြောင်ချီးလို့ခေါ်တာလဲ "လို့မေးတော့...".ကြောင်ချီးဆိုတာ ပျော့ပျော့နဲ့နံတယ်
ကွာ...ဘယ်နားနံမှန်းလည်းမသိဘူး...ရှာလို့လည်း မတွေ့ဘူး" ဆိုပိးတော့ပြောပြဖူးပါတယ်...ပိးတော့ ဆက်ပြောတာရှိပါသေးတယ်..".ကောင်း
သလား ဆိုတော့လည်း မကောင်းဘူးတဲ့....ဆိုးသလားဆိုတော့လည်း မဆိုးဘူးတဲ့....သုံးစားလို့ရလား ဆိုတော့လည်း သုံးစားလို့မရဘူးတဲ့
ဒါတောင် ဘယ်လိုလုပ်ပီးရဲချုပ်ဖြစ်သွားလဲ မသိဘူးတဲ့....အခု မင်းတို့ လ၀က ၀န်ကြီးဖြစ်ပီဆိုတော့ မင်းတို့ လ၀က တော့ပျက်ပီတဲ့."
ကျုပ်ယောက်ဖ ပြောသွားတဲ့ စကားလေးတွေ မှန်လိုက်လေ....ယောက်ဖရေ....အခုတော့ လ၀က ဆိုတာ အပြင်ပန်းကကြည့်လိုက်ယင် လူ
အများအထင်ကြီးစရာကြီး..အတွင်းမှာတော့ ၀န်ထမ်းတွေအားလုံးရဲ့ မကျေနပ်ချက်တွေ...ခံစားချက်တွေ....ပေါက်ကွဲချင်နေကြတာ..ဒီလိုမိုး
အင်တာနက်မှာပါလို့ အရေးယူလိုက်တာကို ရုံးချုပ်မှာရှိနေခဲ့တဲ့ ညွှန်မှူးအတော်များများကလည်း မကျေနပ်ကြဘူး. ..ဥပမာပေးရယင်ကျုပ်
ဝန်ကြီးအဖြစ်က ဘာနဲ့တူသလဲဆိုယင် ကျုပ်တွေ့ဖူးတဲ့ အပျိုကြီးတစ်ယောက်နဲ့တူတယ်ဗျ....ယောက်ကျားလည်း ယူချင်တယ်....ဟိုဒင်းဟိုဟာ
ဖြစ်မှာကိုလည်း ကြောက်နေတယ်(ခလေးရမှာကို ပြောတာပါ).ခိုးလည်းခိုးစားချင်သေးတယ်...လုသိခံရမှာလည်းကြောက်တယ်....အခုတော့ ယောက်ဖရေ...ယောက်ဖပြောတဲ့ကြောင်ချီး.က လ၀က၀န်ကြီးဌာန
မှာ ဗလောင်းဗလဲ တွေပြော...လုပ်ချင်ရာတွေလုပ်နေတော့ ဗလောင်းဗလဲနဲ့ ကြောင်ချီးနဲ့ပေါင်းမိပီးတော့ ကျုပ်တို့ဘ၀တွေကတော့နာ
လည်း နာ....နံလည်းနံပီးတော့ စကောဝိုင်းထဲမှာ ထည့်ပီးမွှေ့ထားသလိုမျိုးဖြစ်နေတော့ ကျုပ်တို့ဘ၀တွေက နံစော်နေပီးတော့ ချာလပတ်ကို
၇မ်းချာနေရပီ.....ကျုပ်ကတော့ အပေါ်
ရော...အထက်ရောနဲ့ ခင်နေ..သိနေတယ် ဆိုတော့ လ၀က ၀န်ကြီး ကို ၀န်ထမ်းတွေ ၉၀ ရာခိုင်နုန်းလောက်ကမကြိုက်ဘူးဖြစ်နေတာကိုသိတယ်
အောက်ဝန်ထမ်းငယ်တွေဆီကထွက်လာတဲ့စကားဆိုယင် မုန်းတီးမှုတွေကြီးပဲ....အယင့်ယင်ဝန်ကြီးတွေထက်စာယင် ဒီဝန်ကြီးကတော့ဘယ်
ဝန်ကြီးနဲ့မှမတူအောင်ကိုပဲအလုပ်လုပ်ပါတယ်...မနေမနား...မရပ်မနားနဲ့ပေါ့ဗျာ....ဒါပေမဲ့ ကံဆိုးတာကတော့ ၀န်ထမ်းတွေရဲ့ ချစ်ခင်မှုကို
မခံစားရပဲ....အားလုံးရဲ့ ရွံကြောက်ကြီးပဲ ဖြစ်သွားပါတယ်....ဒီလိုမျိုးဘာကြောင့်ဖြစ်သွားခဲ့ရတယ် ဆိုတာကို ကျုပ်နောက်အပိုင်းမှာမှရှင်းပြ
သွားပါမယ်....ကျုပ်စာအုပ်ထုတ်ယင်...ဘယ်သူတွေက ဘယ်လို ဆိုးခဲ့ပါတယ် ဘယ်သူတွေက ဘယ်လိုကောင်းခဲ့ပါတယ် ဆိုတာကို ဓါတ်ပုံအထောက်
အထား ဝေေ၀ဆာဆာကြီးနဲ့ ကိုထုတ်ဝေသွားမှာ..အင်တာဗျူးတွေလည်းပါအုံးမှာနော်.........ခင်ဗျား တို့တစ်တွေလည်း် ကိုယ့် သမိုင်း ကိုယ်ရေးကြတာ
ကို သမိုင်းမှာ အထောက်အထား
ဖြစ်မှတ်တမ်း မှတ်ရာတွေနဲ့ ကျန်ခဲ့ရအောင် ကျုပ်က ကူညီဆောင်ရွက်ပေးဖို့ စေတနာကောင်းက ကျုပ်မှာအပြည့်အ၀ရှိနေတယ် ဆိုတာကို
တော့ ယုံကြည်ထားလိုက်ပါ....စာအုပ်ထွက်ပီဆိုယင်လည်း အင်တာနက်ကနေကြောင်ငြာပေးမှာနော....အားပေးကြပါအုံးလို့ နော်....ဒါက ကြုံတုန်းလေး ပြောပြခဲ့တာပါ....
.ဒါဆိုယင် မေးစရာ ရှိတယ်ဗျာ....တပ်ကပြောင်းလာတဲ့လူတွေထဲမှာ လူကောင်း..သူကောင်းတွေမရှိဘူး
လား လို့ မေးစရာ ရှိလာတယ်ဗျာ.....
No comments:
Post a Comment