Friday, 20 June 2014

လ၀က အပိုင်း(၃၀)

တပ်ထွက်ကြောင်ခံတွင်းပျက်..ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၃၀)
=============================================================
လ၀က ၀န်ကြီးဌာနမှာ ပီးခဲ့တဲ့...မေလ(၁) ရက်နေ့မှာတုန်းက ကျုပ်တို့ လ၀က ၀န်ထမ်းတွေရဲ့သက်တမ်းတစ်လျှောက်မှာ
တစ်ခါမှ မကြုံစဖူး...ထူးလဲလှတဲ့ ပွင့်လင်းမြင်သာလှတဲ့   မကဖမသွားရဘူးသေးတဲ့ ၀န်ထမ်းလေးတွေကို ၀န်ထမ်းအားလုံးရဲ့ရှေ့မှောက်မှာ
ပွင့်လင်းမြင်သာစွာနဲ့ မဲလိပ်နိုက်ပီးရွှေးချယ်ပေးခဲ့တယ်လေ....ကျုပ်ဘ၀သက်တမ်းတလျှောက်မှာ ဒီလိုမျိုးကြုံခဲ့ဘူးတာ ဒါဟာ ပထမဆုံး
အကြိမ်ပါ...အယင့် အယင်ကဆိုယင် ဒီလိုမျိုး မကဖ ရွေးချယ်တာကို ညွှန်မှူးအဆင့်တွေကလွဲပီးဘယ်သူမှ မသိရှိပါဘူး..သူတို့သဘောနဲ့သူတို့
စိတ်ကြိုက်လူတွေကိုရွေးချယ်ခဲ့တာပါ....လ၀က ၀န်ကြီးဦးခင်ရီ တက်လာပီးတော့မှ မူတွေက နည်းနည်းလေး မှန်လာတယ်လို့ပြောရမလား..
ဒါပေမဲ့  မဖြောင့်သေးပါဘူး.....ခပ်ကွေးကွေးလေးတော့ ရှိသေးတယ်လို့ပြောရမှာပေါ့....တစ်ခါမှမသွားဘူးသေး
တဲ့သူတွေကိုရွေးချယ်တယ်ဆိုပေမယ့်လည်း ဆွမ်းဆန်ထဲကြွက်ချေးရောသလိုပါပဲ  မျက်နှာကြီးရာဟင်းဖတ်ပါပီးတော့ သွားဖူးပိးသားလူဟောင်း
တွေပါသွားတာတွေကိုလည်း ၀န်ထမ်း အားလုံးကသိရှိပါတယ်...ဘယ်လိုမျိုးမူတွေကိုပဲချမှတ်ထား...ချမှတ်ထားခဲ့ပေမယ့်လည်း တရုတ်သိုင်း
ကားထဲကလိုပဲလေ  မည်သို့မည်ပုံလုပ်လိုက်သည်မသိ  ဆိုသလို လ၀ကထဲမှာလည်း တရုတ်သိုင်းကားထဲကလိုပဲ လ၀ကလူစွမ်းကောင်းတွေ
များစွာရှိပါတယ်....ဒီလိုမျိုးလူတွေက လည်း တစ်ခါ တစ်ခါရွေးလိုက်ပီဆိုယင်ပဲ ပြေးလို့ကိုမလွတ်နိုင်အောင်...ရှောင်လောက်အောင်မလွတ်နိုင်
အောင်ကိုပါလာခဲ့တာပါပဲ.....ဒိလူတွေကလည်း မည်သို့မည်ပုံစွမ်းဆောင်နိုင်လည်း မသိ....မကဖ တောင်မှ ကောင်းတဲ့ မကဖကိုရောက်
အောင်စွမ်းဆောင်နိုင်တယ်ဗျ....ညွှန်မှူးတွေချည်းပဲ မဲလိပ်နိုက်ရွေးတာကို မှ ကောင်းတဲ့ မကဖကိုကျအောင်ပဲ မဲလိပ်နိုက်နိုင်တယ်ဆိုတော့
ဒီလူတွေ ကုသိုလ်ကံအရမ်းကောင်းတယ်လို့ပဲပြောရမှာပေါ့လေ...အခု မေလ(၁)ရက်နေ့မှာလ၀က ၀န်ကြီးရုံးမှာ လူအများရဲ့ရှေ့မှာ ပွင့်လင်း
မြင်သာစွာနဲ့ ကျောသား...ရင်သား မခွဲခြားပဲ ဖြောင့်ဖြောင့်မတ်မတ်မှန်မှန်ကန်ကန် မဲလိပ်နိုက်တယ် ဆိုတာကိုကြားလိုက်ရတော့ နွေခေါင်ခေါင်ျ
မှာ မိုးကြိုးပစ်လိုက်သလိုမျိုးကိုဖြစ်သွားတော့တာ...ကျားသား မိုးကြိုး  ဟုတ်ရောဟုတ်ရဲ့လားလို့....အိပ်မက်များမက်နေသလားဆိုပီးတော့
ကိုယ့်အသားကိုယ်တောင် ဆွဲဆိတ်လိုက်မိသေးတယ်....ကျုပ်ရဲ့လုပ်သက် အနှစ် (၃၀)ကျော်ထဲမှာ ဒီလိုမျိုး လုပ်တယ်ဆိုတာ တစ်ခါမှလည်း
မကြားဖူးဘူး....တစ်ခါမှလည်း မမြင်ဖူးဘူး.....အခုမှသာ ပမဆုံးအကြီမ်တွေ့ဖူး..မြင်ဖူးတာလေ..ကျုပ်တို့တတွေက အမြဲတမ်း ခံဘက်ကချည်းပဲ
လေ...သာတယ် ဆိုတာက တစ်ခါမှ မရှိခဲ့ဘူးလေ....တချိန်လုံးလူကြီးတွေအတွက်ပဲပေးဆပ်နေခဲ့ရတာလေ...တစ်ခါတစ်လေကျတော့
လည်း ကျုပ်တို့တတွေ့ရယူပိုင်ဆိုင်ခြင်းဆိုတာလေးကိုလည်း လိုချင်သေးတာကိုးဗျ..ကျုပ်တို့ ၀န်ထမ်းတွေကလည်း ဒီလိုမျိုး မျှတမှန်ကန်ပီး
အမှန်အကန်ဆောင်ရွက်တာကိုပဲလိုချင်တာဗျ....ကျုပ်တောင်မှ ဒီကိစ္စနဲ့ပက်သက်ပီး အင်တာနက်မှာ  လ၀က ၀န်ကြီးဌာန၏ ပွင့်လင်း..မြင်သာ
...မှုများ စတင်လေပီ ဆိုပီး ခေါင်းစဉ်နဲ့ စာလေးတောင်ရေးခဲ့သေးတယ်လေ....ကျုပ်ရေးခဲ့တဲ့ စာလေးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါ
တယ်....ဒီလိုမျိုးပွင့်လင်းမြင်သာမှုတွေဖြစ်လာခဲ့တော့ ကျုပ်ရေးရ..ပြောရ..ကြိုးနပ်သွားတယ်လို့ပြောရမှာပဲလေ....အကပ်မရှိ....၀ိတ်မရှိတဲ့ ၀န်ထမ်း
လေးတွေအတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာခဲ့ပီလို့ ပြောနိုင်ခဲ့ပါပီ....
 လ၀က ၀န်ကြီးဌာန၏ ပွင့်လင်းမြင်သာသည့်  ပြုပြင်ပြောင်းလဲမှုများ စတင်ပီ
++++++++++++++++++++++++++++++++++++++++++++++++++
အင်တာနက် facbook ပေါ်တွင် အပြောင်းအရွှေ့များနှင့်ပက်သက်ပီး မိမိ၏ခံစားချက်များအား ရင်ဖွင့်ရေးသားမိသူဝန်ထမ်း ( ၁)ဦးနှင့် like လုပ်မိသူ အပေါင်းအပါဝန်ထမ်းများအား
လ၀က ၀န်ကြိးမှအရေးယူမှုဖြစ်စဉ်အား  အင်တာနက် သတင်း ၀က်ဆိုဒ်မီဒီယာများတွင် ဖော်ပြပါရှိလာပြီးသည့်နောက်  လ၀က ၀န်ကြီးဌာန၏ပွင့်
လင်း မြင်သာမှုရှိသော....ဘက်လိုက်မှုမရှိသော....တရားမျှတမှု အရှိဆုံးဖြစ်သော လုပ်ရပ်တစ်ခု အား မေလ(၁)ရက်နေ့တွင် လ၀က ၀န်ကြီး
ဌာန  ၀န်ထမ်းအများ၏ ရှေ့မှောက်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်....ထိုပွဲကား မကဖ သွားရောက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တစ်ခါမျှ
မကဖ သို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်းမရှိသေးသည့် ၀န်ထမ်းများအား ၀န်ထမ်းများ၏ရှေ့မှောက်တွင် ပွင့်လင်းမြင်သာ မှန်ကန်စွာဖြင့်
မဲလိပ်နိုက်ရွှေးချယ်ခြင်းဖြစ်ပါသည်....ယခင့် ယခင်က ဆိုလျှင် ထိုကဲ့သို့ ရွေးချယ်မှုများအား ညွှန်မှူးအများစုပါဝင်သော ဘုတ်အဖွဲ့ဖြင့်ဆောင်
ရွက်ခဲ့မှုအပေါ် ၀န်ထမ်းအများစုမှ ဘက်လိုက်မှုများရှိသည်....မျက်နှာကြီးရာဟင်းဖတ်ပါသည်....ပေးနိုင်သူများသာလျှင် စေလွှတ်မှုများရှိသည်
ဆိုသော မယုံကြည်မှုများ ...စွပ်စွဲမှုများ စွာ ပေါ်ထွန်းခဲ့သည်....ထိုပွဲသို့ လေ့လာသူအဖြစ်တက်ရောက်ခဲ့သည့် ၀န်ထမ်း(၁)ဦး၏ facebook
စာမျက်နှာပေါ်တွင် အောက်ပါအတိုင်းရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပါသည်....
""၁-၅-၂၀၁၄ နေ့ မကဖရွေးချယ်ရေး မဲ နိုက်ဖြစ်ပါတယ် ဒီပွဲကိုလေ့လာသူအဖြစ်တက်ရောက်ခွင့်ရခဲ့ပါတယ် တရားမျှတမှုအရှိဆုံးနဲ့ မှန်ကန်မှု့
အရှိဆုံး ရွေးချယ်ပွဲတစ်ပါပဲ ဘက်လိုက်မှု့ကင်းပြီးသူတပည့် ငါ့တပည့်မထားတဲ့ပွဲပါပဲ ပွင့်လင်းမြင်သာစွာနဲ့အမှန်အတိုင်း ကျောသားရင်
်သားမခွဲခြားပဲတခါမှမသွားသေးသူများအားလုံးတန်းတူကံစမ်းခွင့်ရကြပါတယ် မဲပေါက်သူများအားလုံးတအံတသြ အံအားသင့်သွားကြမယ
်ထင်ပါတယ်
အပြင်မှာပြောနေကြတာနဲ့ လက်တွေ့ကတော့ တော်တော်ကွာခြားနေကြောင်းသိခဲ့ရပါတယ် လုပ်ဖော်ကိုင်ဖက် ဆရာသမား
ညီအစ်ကိုများအားလုံး အမှန်အတိုင်းသိစေချင်လို့မျှဝေလိုက်ပါတယ်
ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်ကတော့ မဲ မပေါက်ပါဘူးခင်ဗျာ ကိုယ်မပါလို့မတရားဘူး ဘက်လိုက်ရွေးချယ်မှု့ရှိတယ်လို့ပြောလာရင်
်တော့ ရှင်းပြနိုင်တဲ့အချက်အလက်ကျွန်တော်မှာအများကြီးရှိနေပါတယ်
ကျွန်တော်တို့ရဲ့အထက်လူကြီးတွေ တကယ်ကိုမှန်မှန်ကန်ကန်ဆောင်ရွက်နေတာကို ကိုယ်တိုင်မျက်စေ့နဲ့တွေခဲ့မြင်ခဲ့တာပါ
 ဖါးပြီးပြောတာလည်းမဟုတ်ပါဘူးဆိုတာကျွန်တော်နဲ့ရင်းနှီးတဲ့သူများအားလုံးသိကြပါတယ် ကိုယ့်အရွေးမခံရတာနဲ့ အမှောင်ထဲကနေ
 ခဲ နဲ့ပစ်တဲ့အလုပ်တွေတော့မလုပ်ကြပါနဲ့ လို့--""
ဝန်ကြီးဌာနအတွင်းရှိ ၀န်ထမ်းများမှာလည်း ထိုကဲ့သို့ အများ၏ရှေ့မှောက်တွင်ပထမဆုံးအကြိမ် ပွင့်လင်းမြင်သာစွာကျင်းပခဲ့သည့် မကဖ
ရွေးချယ်မဲလိပ်နိုက်ပွဲအား  ၀န်ထမ်းဘ၀သက်တမ်းတလျှောက်တွင် ဒီတစ်ကြိမ်သာတွေ့မြင်ဘူးကြောင်း...၀န်ထမ်းများအားလုံးမှာလည်း ၀မ်း
မြောက်ဝမ်းသာဖြစ်နေကြကြောင်းနှင့် ဒီလိုမျိုးသာ မှန်ကန်စွာပြုလုပ်ပေးပါက ဒိတစ်ကြိမ်မဲမပေါက်သော်လည်း နောက်တစ်ကြိမ်တွင် မဲပေါက်ပီး
သွားနိုင်သည့် အခွင့်အရေးများရရှိလာနိုင်ပီဖြစ်ပါကြောင်း....၀န်ကြီးဌာန၏ ယခုလိုမျိုး မြင်သာ...ထင်သာစွာ ပြုပြင်ပြောင်းလဲမှုများအားလှိုက်
လှိုက်လဲလဲ ကြိုဆိုကြောင်းနှင့် ၀န်ထမ်းများမှာလည်း စိတ်ချမ်းသာပျော်ရွှင် ချမ်းမြေ့လျက်ရှိကြောင်း သိရှိရပါသည်...ထို့အပြင် လာမည့်
မေ -၁၇ . ၁၈ တွင်ကျင်းပပြုလုပ်မည့် လ/ထမှ ဒု...ဒုမှ လ၀ကမှူးရာထူးသို့ ဖြေဆိုကြမည့် ၀န်ထမ်းအပေါင်းအားလည်း ပျော်ရွှင်ချမ်းမြေ့စွာ
ဖြင့်ဖြေဆိုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်......
ရွှေတခါးမှူးချစ်သူ

No comments:

Post a Comment