Thursday, 19 June 2014

လ၀က အပိုင်း(၇)

တပ်ထွက် ကြောင်ခံတွင်းပျက်.....ဆက်ရက်တောင်ပံကျိုးများနှင့်.....အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ရ )
=======================================
တောင်ငူခရိုင်မှာ နာမည်ကျော်မင်းသားချော ဗိုလ်ကြီးခင်မောင်ကျော် ပွဲကြမ်းနေခဲ့တဲ့...အဲဒီအချိန်မှာ ပဲခူးတိုင်း တစမ ကဘယ်သူလဲ ဆိုတော့   တပ်ကနေပီးတော့  ထွေအုပ်ထဲရောက်.....ထွေအုပ်ထဲကနေမှတဆင့် လ၀ကထဲကို
ရောက်လာခဲ့တဲ့  ဒုတိယဗိုလ်မှူးကြီး ၀င်းလွင်ပါ.....ပြည်ထဲရေး ၀န်ကြီး ဦးမောင်ဦးလက်ထက်မှာ လ၀က ထဲကို ထွေအုပ်က ညွှန်မှူး( ၅)
ယောက် ကို ပြောင်းခိုင်းလိုက်တဲ့ အခါမှာ သူပါလာခဲ့တာပါ..သူနဲ့အတူတူပြောင်းလာခဲ့တဲ့အထဲက ဧရာဝတီတိုင်းမှာ တစမလုပ်သွားခဲ့တဲ့
တစ်ယောက်ကလည်း အရမ်းကိုနာမည်ကြီးခဲ့ပါတယ်....မြို့နယ်ရုံးတွေ ကိုရုံးစစ်သွားတဲ့ အခါ ညမအိပ်ပဲ တစ်ညလုံးစစ်တဲ့အပြင်...တစ်ခြား
သော ဆိုးတဲ့အကြောင်းအရာတွေလည်းရှိပါသေးတယ်......ပဲခူးတိုင်း တစမ ကတော့ လူတစ်မျိုးပါ.....ကောင်းတယ်လို့လည်း ပြောလို့မရ
သလို .....ဆိုးတယ်လို့လည်းပြောလို့မရပါဘူး....မျက်နှာ ထားကလည်း အမြဲတမ်း သုန်မှုန် နေပီးတော့ စိတ်ကလည်းတအားမြန်ပါတယ်...
သူကလည်း သူ့ခံစားချက်တွေရှိပါတယ်....တပ်ထဲမှာ ဗိုလ်မှူးကြီး လစာ စားနေတုန်း အရပ်ဘက် ကိုပြောင်းလာခဲ့တာရယ်...သူ့ရဲ့ အိမ်ထောင်
ရေး အဆင်မပြေမှုတွေကြောင့်လို့ပဲ သတ်မှတ်ရမယ်လို့ထင်ပါတယ်.....သူ့ အမျိုးသမီးကတော့ မျက်စိအထူးကုဆရာဝန်မကြီး ဒေါက်တာနီ
လာသိန်းဖြစ်ပီးတော့ သမီး နှစ်ဦးရှိပါတယ်.....အခုတော့ တရားဝင်ကွာရှင်းပီး.....သူ့အမျိုးသမီးကလည်း နိုင်ငံခြားထွက်သွားပီလို့ သိရပါ
တယ်.....သူက ပဲခူးမှာ ဘာဖွင့်ထားသလဲ ဆိုတော့ တပည့်တစ်ယောက် ကို အဝေးပြေးကားဝင်းထဲမှာ  KTV ဆိုင်ဖွင့်ခိုင်းထားပါတယ်....
ပိးတော့  သူ့ရဲ့ ကီပင်လို့နာမည် ထွက်နေတဲ့  ကောင်မလေး တစ်ယောက်ကို တိုင်းရုံးမှာ နေ့တိုင်း ရုံးတက်ခိုင်းထားပါတယ်....သူ့ရဲ့ကီပင်
လေး ကို ရုံးက အဖွဲ့တွေကလည်း ဝေးဝေးက ရှောင်ရပါတယ်......တစ်ခါ ရုံးက ကောင်လေး တစ်ယောက် သူ့ ကီပင် လေး ကိုသွားစလိုက်တာ
သူသိသွားတာ နဲ့ တစ်ခါတည်း ဆိုးတဲ့ မနမ ရုံးတစ်ရုံး ကိုတွဲဘက် ဆိုပီးပို့ပစ်လိုက်တာ.....တိုင်းရုံးကိုလည်း တက်ချင်တဲ့ အချိန်တက်တယ်..
ဆင်းချင်တဲ့ အချိန်ဆင်းတယ်...ဒါပေမဲ့ သူ့မှာ ချစ်ဖို့..ခင်ဖို့ကောင်းတဲ့ အချက်လေးတွေတော့ ရှိတယ်...တခြားပြည်နယ်မှူး...တိုင်းမှူးတွေ
လိုတော့  ခွင့်တွေတောင်းယင်ညစ်တာတို့...မပေးတာတို့မရှိဘူး....မရရအောင်ကိုပေးတယ်....ခွင့်နဲ့ပက်သက်လို့လာပြောယင် အချိန်မရွေး
သွားဆိုတာကြီးပါ...ဒါကတော့ တစမရဲ့ အားသာချက်လေးပါ.....အဲဒီအချိန်မှာ ဘာဖြစ်သလဲဆိုယင် ၀န်ကြီးနဲ့ ၀န်ကြီးရုံးအဖွဲ့  နေပြည်တော်မှ ရန်ကုန် အတက်အဆင်းတိုင်း
ကို ပဲခူးတိုင်း တစမ ဖြစ်တဲ့ သူ့ကို  ၈၃/၆ မိုင်တိုင်မှာ ရှိတဲ့ ဆောက်လုပ်ရေးဧည့်ရိပ်သာမှာ လာရောက်ကြိုဆိုခိုင်းပါတယ်.....၀န်ကြီးအဖွဲ့တွေ
ရဲ့ ဆောက်လုပ်ရေးဧည့်ရိပ်သာမှာ ခနတာ အပေါ့အပါးသွား ၁၀ မိနစ်လောက် ၀င်နားတာအတွက် ကျွေးမွေးဧည့်ခံရေးတာဝန်ကို ကျောက်
တံခါးမြို့နယ်ရုံးရဲ့ အဖွဲ့တွေ ကိုလာရောက်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်....( မှတ်ချက်....အင်တာနက်စာမျက်နှာများတွင် ဖော်ပြပါရှိခဲ့သော
ဝန်ထမ်း မိသားစုဝင် တစ်ဦးရေးသားခဲ့သော လ၀က ၀န်ကြီး လွှတ်တော်တွင် အရှက်တော်ကွဲခဲ့သည့်အတွက် အရေးယူအပြစ်ပေးခံလိုက်ရတဲ့
ကျောက်တံခါး မြို့နယ်ရုံးမှ ၀န်ထမ်းလေး များအကြောင်းကို  သီးသန့်ဖော်ပြပေးသွားမည်ဖြစ်ပါသည် )
တစမနဲ့ကလည်း ပဲခူးတိုင်းထဲမှာ ရှိတဲ့ ၀န်ထမ်းတွေနဲ့ကလည်း အဆင်မပြေဘူးဖြစ်နေခဲ့တယ်.....  အယင်လ၀က ၀န်ကြီး ဗိုလ်ချုပ်စိန်ထွားရဲ့
 အိမ်မှာနေတဲ့ ရဲဘော်လေးတစ်ဦးက လ/ထလ၀ကမှူးအဖြစ်နဲ့ တိုင်းရုံးမှာ တာဝန်ထမ်းဆောင်ယင်း သူ့ကားကိုမောင်းပေးနေခဲ့ပါတယ်..
ဖြစ်ချင်တော့ တစ်နေ့မှာ  တစမ က လ/ထလ၀ကမှူး ဦးမောင်ကို ကို ၀စ်သောက်ကားသယ်ဖို့ ဆိုပိးတော့ မြ၀တီ ကိုစေလွှတ်လိုက်ပါတယ်
ဦးမောင်ကိုမှာက သမီးလေး တစ်ယောက်ပဲရှိပီးတော့  ဘယ်နေ့ပြန်လာမယ် ဆိုပီးတော့ သမီးကိုပြောသွားပိးတော့ မြ၀တီ ကိုတက်သွားခဲ့
ပါတယ်....ဒါပေမဲ့ မြ၀တီ လမ်းကြောင်းက သိတဲ့ အတိုင်းပဲလေ....သွားရေးလာရေး အခက်အခဲရှိတယ် ဆိုတော့ ပြောထားတဲ့ ရက်အတိုင်း
ပြန်မရောက်ခဲ့ပါဘူး.....သမိးကလည်း ဘယ်လိုမှ အဖေနဲ့ဆက်သွယ်လို့မရတော့   စိတ်ပူပီးတော့ တိုင်းရုံးမှာ လာသောင်းကျန်းပါတယ်...
သူ့အဖေ ကို အခုချက်ခြင်းပြန်ခေါ်ပေး....မခေါ်ပေးဘူးဆိုယင် ရဲစခန်းမှာ အမှုဖွင့်မယ် ဆိုပီးတော့ ခြိမ်းခြောက်ပါလေရော.....ဒါနဲ့ အားလုံးက
သမီးကိုချော့ပီး အိမ်ကိုပြန်လွှတ်လိုက်ပြန်ရော......မြ၀တီကနေပီးတော့ လည်း ဦးမောင်ကိုက ပြန်လည်းပြန်လာရော.....တစမ က သမီးလာပိး
သောင်းကျန်းသွားတဲ့ ကိစ္စအတွက် ခေါ်ဆူရော....တကယ်ဆိုယင် ခေါ်ဆူလိုက်ယင်ပြသနာက ပိးသွားပီ.....ဒါပေမဲ့ အငြိုးအတေးကမပြေသေး
တော့  နစက တန်းစီဇယားမှာ အောက်ဆုံးရောက်နေတဲ့ ဦးမောင်ကို ကို  အလှည့်ကျော်ပီးတော့ နစကသွားရမယ့် လူစာရင်းထဲမှာထည့်ပေး
လိုက်ပါတယ်.......အဲဒီမှာ ဦးမောင်ကို က နှာတင်းသွားပီးတော့ အဲဒီတစမရဲ့ မဟုတ်တာလုပ်နေတာတွေ....အသေးစိတ်တွေကိုရော...သူ့ကို
ဝစ်သောက်ကားသွားသယ်ခိုင်းခဲ့တာအစ.....ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပီး တိုင်လိုက်တော့တာပဲ.....ဦးမောင်ကိုကနေပီးအဲဒီလိုတိုင်
တယ်ဆိုလည်းသိရော တစမ ကပြန်ချော့ပါသေးတယ်....ဒါပေမဲ့ ဟိုက မရတော့ပါဘူး....ဒါနဲ့ ဦးစီးရုံးချုပ်ကနေပီးတော့ စုံခုံဖွဲ့ပီးစုံစမ်းစစ်
ဆေးခိုင်းတဲ့ အခါ   တစမရုံးက၀န်ထမ်းတွေ နှစ်ဖွဲ့ကွဲသွားကြတယ်....ဦးမောင်ကို ဘက်ကနေပီး အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ထွက်ဆိုတဲ့အဖွဲ့နဲ့
တစမ ရဲ့ အငြိုအငြင်ခံရမှာစိုးလို့ မှန်နေပေမယ့်လည်း....အမှန်အတိုင်းမထွက်ဆိုရဲပဲ တစမဘက်ကနေပီးတော့ တိုင်ထားတာတွေမဟုတ်ပါဘူး
ဆိုပီးတော့ ထွက်ဆိုပေးတဲ့ နှစ်ဖွဲ့ကွဲထွက်သွားကြပါတယ်.....ဒီဖြစ်စဉ်မှာလည်း တစမ ဘက်က မှားတယ် ဆိုတာကိုလည်း လူတိုင်းကသိကြပါ
တယ်.....တိုင်တဲ့ ဦးမောင်ကိုဘက်ကလည်း မှန်ကန်မှုရှိတယ် ဆိုတာကို အားလုံးက သိကြပါတယ်.....လုပ်တာ..ကိုင်တာမှားခဲ့တဲ့....ဒုတိယ
ဗိုလ်မှူးကြီး အသွင်ပြောင်း ညွှန်ကြားရေးမှူး(တိုင်းဦးစီးဌာနမှူး) အဆင့်နဲ့ အမှန်တိုင်းတင်ပြ တိုင်တန်းခဲ့တဲ့ တပ်မှ ရဲဘော်အသွင်ပြောင်း
လ/ထလ၀ကမှူးအဆင့် ဦးမောင်ကို ရဲ့ ဖြစ်စဉ် မှာ ဘယ်လိုမျိုး ဆုံးဖြတ်ချက် အဖြေမျိုးထွက်ရှိလာခဲ့မယ် ဆိုတာကို တစ်နိုင်ငံလုံးရှိ လ၀က
ဝန်ထမ်းများမှ အားလုံးစောင့်ကြည့်နေခဲ့ကြပါတယ်...အဲဒီအချိန်မှာ ဦးမောင်ကို ရဲ့ တိုင်တန်းမှုဖြစ်စဉ်ကြောင့် ပြည်နယ်/တိုင်းတွေကနေပီး
တော့ ရွေးချယ်စေလွှတ်ခဲ့တဲ့ နစက တာဝန်ထမ်းဆောင်စေလွှတ်မှု ကို တစမ/ ပနမ တွေ ကို မကိုင်တွယ်ခိုင်းတော့ပဲ ဦးစီး(ရုံးချုပ်)ကပဲ
တိုက်ရိုက်ကိုင်တွယ်ပီး တန်းစီဇယား ရေးဆွဲကာ စေလွှတ်မှုကိုစတင်ပြုလုပ်စေခဲ့ပါတယ်....ဒိဖြစ်စဉ်ကြောင့် နစက ကိုရောက်ရှိနေခဲ့တဲ့
ဝန်ထမ်းတွေ အားလုံးကိုလည်း ပြန်လည်ခေါ်ယူခဲ့ပါတယ်....နောက်ဆုံး အဖြေကတော့ ၀န်ကြီးရဲ့ဆုံးဖြတ်ချက်က မှန်ကန်..ရဲ့ဝံ့စွာနဲ့
ကိုယ့်အထက်လူကြီးကိုပြန်လည်တိုင်ကြားခဲ့တဲ့ဖြစ်စဉ်ကြောင့် လ/ထလ၀ကမှူး ဦးမောင်ကို ကို မယူမနေရ အငြိမ်းစားယူစေခဲ့ပါတယ်...
တစမ ကတော့ မှတ်တမ်းတင် သတိပေးခံရခြင်းလည်း မရှိသလို အပြောင်းအရွှေ့လည်း မခံရပါဘူး....အယင်တုန်းကအတိုင်းနေမြဲပါပဲ....
ထိုဖြစ်စဉ်တွင် တစမ အရေးယူအပြစ်ပေးခြင်းမခံရသည်မှာ အောက်ဖော်ပြပါ အချက်များကြောင့်ဖြစ်ကြောင်း ၀န်ထမ်းများက သုံးသပ်ထား
ရှိခဲ့ပါသည်......
(၁)              ၀န်ကြီးလမ်းကြောင်း အတက်/အဆင်း တိုင်း ၈၃/၆ မိုင်တိုင်ရှိ ဆောက်လုပ်ရေးဧည့်ရိပ်သာတွင် သွားရောက်ကြိုဆို ခရီးဦး
                   ပြုခြင်း  နှင့်
(၂)              ပဲခူးတိုင်း....အင်းတကော်ရှိ ၀န်ကြီးပိုင် ရော်ဘာ စိုက်ခင်းများအား တစမ မှ တာဝန်ယူကာ ကြီးကြပ်ပြုစုစောင့်ရှောက်ပေးခြင်း
(၃)              တစမ၏ အမျိုးသမီး မျက်စိအထူးကုဆရာဝန်မကြီးမှ ၀န်ကြီးကတော်အားမျက်စိ ခွဲစိတ်ကုသပေးထား မှုခြင်းနှင့် အဆိုပါအမှု
                   ကိစ္စအတွက် ၀န်ကြီးအားသွားရောက်ပြောဆိုပေးထားခြင်း
အဆိုပါ အမှတ်စဉ် (၂/၃) ကြောင့်သာ ၀န်ကြီးမှ မျက်နှာနာမှာ စိုးသည့်အတွက်၎င်း....ဒုတိယဗိုလ်မှူးကြိးတစ်ယောက်ဖြစ်သည့်အတွက်ကြောင့်
လည်းကောင်း....မိန်းမအားမျက်စိခွဲစိတ်ပေးထားသည့်ကျေးဇူးတရားအား ထောက်ရှူပီး.... မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသည့် အတိုင်း
 မျက်နှာလိုက်ကာ...ဘက်လိုက်ပီး မမှန်မကန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေသည်...ထိုဖြစ်
စဉ်အပီးတွင် တစမ မှ ၀န်ထမ်းများအားလုံးကိုခေါ်ယူပီး အစည်းအဝေးပြုလုပ်ကာ""  နောက်ထပ် နောက်နောင်တွင်အုတ် နံရံကိုခေါင်းဖြင့်တိုက်သည့်
အပြုအမူများ မပြုလုပ်ရန်လိုအပ်ကြောင်း..အုတ်.နံရံကိုခေါင်းဖြင့်တိုက်ပါက တိုက်သည့်သူသာ ခေါင်းကွဲသွားမည်ဖြစ်ကြောင်း...အုတ်နံရံကတော့
ဘာမှဖြစ်မည်မဟုတ်ကြောင်း.....လ/ထမှူး
ဦးမောင်ကို၏ဖြစ်စဉ်အား ၀န်ထမ်းများအားလုံးမှ သိရှိနားလည်ထားရန်လိုအပ်ကြောင်း""ဖြင့် ၀န်ထမ်းများအားလုံးအား သတိပေးပြောကြားခဲ့ပါ
သည်....ထို တစမ မှာ နောက်ပိုင်းမှသာ တစ်နိုင်ငံလုံးပြုလုပ်သည့် တစမ/ပနမအချိန်းအပြောင်းမှသာ ကချင်ပြည်နယ်သို့ သာမန်ပြောင်းရွှေ့
ခြင်းဖြစ်သာ ပြောင်းရွှေ့ခြင်းကိုခံခဲ့ရပါသည်....နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရ၏ ပထမဆုံးသော ကြွေးကျော်သံဖြစ်သည့် ""သန့်ရှင်းသော
အစိုးရ....ကောင်းမွန်သော အစိုးရ"" ဟု  နိုင်ငံတစ်ကာသို့ပြောဆိုပီးဒိမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေသည့်အချိန်ခါတွင် ပထမ
ဆုံးသော ဒီမိုကရေစီ အစိုးရကြီး၏ ပွဲဦးထွက် လက်သစ်""  မြန်မာ့ ဒီမိုကရေစီအစိုးရ၏ပထမဆုံးဖြစ်လာသော လ၀က ၀န်ကြီး""၏ ဆန္ဒအဂတိ
လိုက်စား
မှုအား  အထက်ပါဖြစ်စဉ်က  မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပီး  .လ၀ကဌာန၏..သမိုင်းမှတ်တိုင်တွင်လည်း -၀န်ကြီး၏မှားယွင်း
သောလုပ်ဆောင်မှုတစ်ခုအဖြစ် နာမည်ပျက်  မှတ်တမ်းဝင်သွားခဲ့သည်ကို စိတ်မကောင်းစွာဖြင့်တွေ့ရှိခဲ့ရပေသည်......

No comments:

Post a Comment