Wednesday, 25 June 2014

လ၀က အပိုင်း(၄၅)

တပ်ထွက် ကြောင်ခံတွင်းပျက် ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က...အပိုင်း(၄၅)
===============================================
နေပြည်တော် ၀န်ကြီးဌာနအဆောင်တွေမှာ မင်းမဲ့တိုင်းပြည်ဖြစ်နေပီလား  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီခလေးမလေးခံစားနေခဲ့ရတဲ့
သောကဗျာပါဒတွေကို ကျုပ်သူလင့်ကနေယူပီးတော့ အင်တာနက်ဝက်ဆိုဒ်တွေကနေတဆင့် တင်ပေးလိုက်တဲ့အပေါ်မှာ ဂယက်ထလှုပ်ရှား
ရိုက်ခတ်မှုတွေ ဟာတော်တော်လေးရှိခဲ့ပါတယ်......ဒီခလေးမလေးရေးထားတဲ့ စာလေးကို ပြန်လည်တင်ပြပေးလိုက်ပါတယ်....
အခုတော့ ဒီခလေးမလေးကလည်း အလုပ်ထွက်စာတင်ပီးတော့လည်း ထွက်သွားပါပီ...ဒီလိုမျိုးအဖြစ်အပျက်တွေ ဖြစ်နေမှတော့လည်း
ဘယ်မိဘတွေက ကိုယ့်သားသမိးကို စိတ်ချပီးတော့ ဆက်လုပ်ခိုင်းတော့မလဲ..........သူ့စာလေးရဲ့ အရေးအသားလေးတွေနဲ့ သူ့ရဲ့ ခံစားချက်လေးတွေကို ဝေမျှ ခံစားကြည့်လိုက်ကျရအောင်...
နေပြည်တော် သပြေ ၂ လဝက အဆောင် ၇ တဲ့။ လာကြည့်ကြပါ ဦး။
တောကြီးမျက်မဲထဲ အဝေးဆုံး မုန့်ဆိုင်မရှိ ဘာမရှိ ယောင်္ကျားတွေနေဖူးခဲ့တဲ့ စွန့်ပစ်အဆောင်ကို အပျိုတွေ နေဖို့ပေးတယ်တဲ့။ သူများဌာနက
 အဆောင်တွေက လူလူသူသူ ကားလမ်းမကြီးဘေးမှာ။ ရှေ့ထွက်တာနဲ့ မုန့်ဆိုင်တွေ ကန်တီးင်တွေ ။
သူများဌာနတွေလို ဘာလုံခြုံရေး ဘာအစောင့်မှ မရှိ ။ သပ်သပ် ခပ်ခပ်မရှိ။ အပျိုလေးတွေကော အပျိုဟိုင်းကြီး တွေကော
 အိမ်ထောင်သည်တွေကော ဖြစ်သလိုပေါင်းနေ။ မကောင်းပြောဖို့ အဆင်သင့် စောင့်နေကြတဲ့ လူပေါင်းစုံ။
အဆောင်ဝင်းထဲကို အဆောင့်စောင့် ဂိတ် မရှိတဲ့အတွက် လူပေါင်းစုံ ဂျလေဘီပေါင်းစုံ သူခိုးဂျပိုး အကုန်ဝင် ထွက်နေတယ်။
ကိုယ့်အတွက် လုံခြုံမှု အာမခံချက် တစ်စက်ကလေးမှမရှိ။
ဒေါ်ဖြူလေး ကိုယ့်ရုပ်ရည်နဲ့ ကိုယ့်အဌာနဲ့ ကိုယ်နေတယ်။ မြင်တဲ့လူ သဘောကျကြတယ်။
ဘယ်ကမှန်းမသိတဲ့ ဂျလေဘီ တစ်ကောင် ညတိုင်း မျိုးစုံ လာနှောင့်ယှက် နေတယ်။ အဆောင်ရှေ့မှာ ငုပ်တုပ်ကြီး အခန်းဝနားထိ အပြင်ကနေ
 အနားကပ်ပြီး ဟိုချောင်း ဒီချောင်း။
အဆောင်ကော်ရေတာဆိုတာကလည်း တစ်ပေကျော်ကျော် လမ်းကျဉ်းကျဉ်းလေး။
အခန်းလို့ သာပြောတယ် သေတ္တာတစ်လုံးကို အပေါက် ဖေါက်ထားသလို တံခါးရွက် အသေတပ်ထားတဲ့ shutter တစ်ခုရယ် တံခါးမကြီး
 တစ်ခုရယ်ပဲရှိတယ်။
အဲ့လူက တစ်ညထက် တစ်ည ပို ဆိုးဆိုးလာတယ်။ ကျမ အခန်းက ပေါ်တီကို ဝင်ပေါက်နဲ့ ဒုတိယခန်း။ အဲ့လူ ကျမ အခန်းထဲ ခိုးဝင်လာမှာကို
ကြောက်လွန်းလို့ အသက်ရှူကြပ်သေရင် သေပါ စေ ဆိုပြီး ရှိသမျှ တံခါးအသေပိတ် ပြီး အထဲမှာပဲနေတယ်။
(ကိုယ့်ကိစ္စမဟုတ်တော့ ကိုယ်နဲ့မဆိုင်သလို နေကြပေမဲ့်ပါးစပ်တွေက သားသမီးချင်း ကိုယ်ချင်းမစာ ကဲ့ရဲ့ဖို့ကတော့ အဆင်သင့်ပေါ့)
ကျမ အသားတွေတဆတ်ဆတ် တုန်ပြီး ရင်ထဲ ခံရခက်တယ်။ ဖက်မဖြစ်ချင်လို့သာ ဘာမှ ပြန်မေုပြာတာ
မကူညီရင်နေပါစေ။ ကိုယ်ချင်းစာတရားမရှိတဲ့ မိန်းမတွေက မဲ့ကာရွဲ့ကာနဲ့ နင့်အကောင် လာပြီ။ နင့်အကောင် လာပြီနဲ့ပြောတယ်။
နင့်ကို လိုက်တာနဲ့ပဲ ကျန်တဲ့လူတွေ အနှောင့်အယှက် ဖြစ်တယ်လို့ ပြောတာက တစ်မျိုး။
ကျမ အလုပ်ထွက်သွားရင် အဲ့ကောင်ကို ထွက်ပြီး နင့်ကောင်မလေးမရှိတော့ဘူး ဆိုပြီး ထွက်ပြောမယ်တဲ့။
ဘသူကရော အလိုတူအလိုပါဖြစ်နေလို့လဲ။ သိတောင်မသိတဲ့လူ။ မတရားပြောနေလိုက်ကျတာ။
ကျမက ကိုယ့်သိက္ခာနဲ့ကို ဘသူ့မှ အရောဝင်တဲ့ မိန်းမ မဟုတ်ဖူး။ အဲ့လိုပါးစပ်တွေကိုကြောက်လွန်းလို့။ တစ်ခါသေဖူး ပြင်ဖိုးနားလည်
 တယ်။ဒါတောင် ရက်ရက်စက်စက် အပြောခံရတယ်။နေ့တိုင်း ကြောက်လွန်းလို့ ကျမ ငိုရတယ်။
လောကမှာ အရေးအကြီးဆုံးက အရှက်သိက္ခာ ဒါတွေကို ဘသူကမှ ဘှာမှ အကာအကွယ် မလုပ်ပေးနိုင်ကြဖူး။ ရန်ကုန်မှာ ဘလိုနေနေ
 ဒီလို အဆောင်ရှေ့ ထိလာ စော်ကားမခံရဘူး။
ဝန်ကြီးဌာနက အဆောင်မှူး ခန့်ထားတယ်ဆိုတာ အမည်ခံပဲ။ ကိုယ့်အဆောင်သူရဲ့ လုံခြုံရေး အတွက် ဘာမှမပြောပေးလို့ ထင်တယ်။
အဲ့ကောင်က တစ်နေ့ထက်တစ်နေ့ မိန်းမတွေနေတဲ့ အဆောင် ပေါက်ဝ ပေါ်တီကို အောက်ထိ ဝင်ထိုင်ပြီး ပမာမခန့်လုပ်လာတယ်။
ကျမ ဘလို ဆက်လုပ်သင့်လဲ။ ကျမ လုံးဝ ဒီဌာနကြီးကို စိတ်ကုန်သွား
ပြီ။ uniform လိုင်းဆိုတာ သူများထက်ပို စည်းလုံး ညီညွတ်အောင် တူညီဝတ်စုံ သတ်မှတ်ပေးထားတာ။ မဟုတ်တဲ့နေရာ ကြီးနိုင်ငယ်ညှင်း
 အထက်ဖါး အောက်ဖိ လုပ်တဲ့နေရာမှာတော့ uniform့  ဝတ်တွေ စိတ်ဓါတ်တူညီကြတယ်။ ၁၀၀ မှာ ၉၀ က အဲ့တိုင်းချည်းပဲ။
 ကျမ ဝဋ်ကြွေးပါလို့ ဒီလိုနေရာမှာ လာလုပ်မိတယ်ပေါ့။ကျမ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချလိုက်တယ်။
ဒီလို လူတွေနဲ့ ဆက်ပြီး မပတ်သက်ဖို့ အထွက် ကျမ အလုပ်ထွက်တော့မယ်။
ဆက်လျှောက်ရမယ့် ခရီးလမ်းကြီးက အရှည်ကြီး။ ကျမကို ကိုယ်ချင်းမစာ ပြောခဲ့တဲ့လူတွေ နောင်တစ်ချိန် သူတို့ အလှည့် ဘလိုခံကြရမလဲ
 ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာပေါ့...
phyu lay
ဒီလိုမျိုးတွေ ဖတ်လိုက်ရတော့ သနားညှာတာ ကိုယ်ချင်းစာနာစိတ်တွေ များစွာဖြစ်ပိးတော့ ဒီလိုမျိုးဖြစ်နေခဲ့တာကို ဒီလိုပဲကြည့်နေရက်သလား ဆိုတဲ့ ဂရုဏာ ဒေါသောနဲ့ အင်တာနက်မှာပါပီးအများသိမှ ဒိကိစ္စလေးတွေ အဆင်ပြေသွားမှာပဲ ဆိုတဲ့ စေတနာတွေနဲ့ တင်ပေးခဲ့တာပါ....အဝေးတစ်နေရာမှာ.မိဘတွေ မိသားစုတွေနဲ့ ခွဲနေရပီးတော့ သူမဘ၀လေးမှာရောလုံခြုံစိတ်ချမှု မရှိတော့တဲ့.....သူံရဲ့လုံခြုံမှုကို အာမခံမပေးနိုင်မှတော့ ဒိလောကကြီးမှာ ဘယ်လိုလုပ်ပီးတော့ ပျော်ရွှင်...ကြည်နူး....စိတ်ချမ်းမြေ့နိုင်တော့မှာလဲ....ဒီလိုအနေအထားမျိုးနဲ့ဘယ်မိဘကမှ
သားသမီး ကို ဒီလိုပုံစံမျိုးဖြစ်နေခဲ့တာကို ကြည့်၇က်နိုင်မှာလဲ....တကယ်တမ်းတော့ အစကတည်းက အပျိုဆောင်တွေမှာ လုံခြုံရေးနဲ့ အဆောင်ရဲ့စည်းကမ်းတွေ ကိုစနစ်တကျလုပ်ထားခဲ့မယ်....တာဝန်ရှိသူ
အဆင့်ဆင့်ကလည်း တာဝန်ယူမှု.....တာဝန်ခံမှုရှိမယ် ဆိုယင် ဒီလိုမျိုးပြသနာ ဖြစ်လာစရာအကြောင်းမရှိ
ပါဘူး....ဘယ်အရာ မဆိုမဖြစ်ခင်ကပဲ ကြိုတင်ကာကွယ်ထားရမှာပါ....ငွေရေး...ကြေးရေး ဆိုတာထက် ၀န်ထမ်း ဆိုတဲ့ ဂုဏ်သိက္ခာလေးတစ်ခုကိုတန်ဖိုးထားပီးတော့ လုပ်နေ...ကိုင်နေခဲ့တဲ့ ....အရည်အချင်းရှိတဲ့ ၀န်ထမ်းငယ်လေးတစ်ဦး ထွက်စာတင်ပိး ထွက်သွားမှတော့ ဌာနအတွက်လည်း နစ်နာစေခဲ့ပါတယ်.....ဒါကြောင့်မို့မိသားစုနဲ့ခွဲခွာပိး နေပြည်တော်မှာ နေနေခဲ့ရတဲ့ ကျား/ မ မရွေး ဘယ်ဝန်ထမ်းမဆို အနေကျပ်ရတဲ့ နေရာမျိုးမှာ ဘယ်သူမှ နေချင်တယ်ဆိုတဲ့ စိတ်ဆန္ဒ မရှိပေမယ့်လည်းဝန်ထမ်းများပီပီ အထက်ကတာဝန်ပေးအပ်ထားတဲ့အတိုင်း နေထိုင်..လုပ်ကိုင်...စားသောက်နေကြရတာမို့ သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ...ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများစွာတွေကို သိရှိနားလည်ပီးတော့ တိုင်းပြည်ရဲ့ တာဝန်ဝတ္တရား များကို စိတ်ချမ်းသာစွာ ထမ်းဆောင်ရွက်နိုင်ရေးအတွက် ၀န်ထမ်းများရဲ့သက်သာချောင်ချိရေးကိုအလေးပေးဆောင်ရွက်ပေးပိးတော့ နပတတွင် တာဝန်ထမ်းဆောင်ခိုင်းမည့် အချိန်အကန့်အသန့်ကို သတ်မှတ်ထားရှိပေးပိး သူ့ အချိန်ဇယားအတိုင်း အလှည့်ကျ ဆောင်ရွက်တာဝန်ပေးအပ်ပါက လျော်ကန် သင့်မြတ်မည်ဖြစ်ကြောင်းအကြံပြုလိုက်ရပါတယ်...

No comments:

Post a Comment