Thursday, 19 June 2014

လ၀က အပိုင်း(၁၇)

တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့်  အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၁၇    )
=================================================================
ကျုပ်တို့ ဌာနထဲမှာ ၀န်ထမ်းအငယ်လေးတွေ အင်တာနက်ပါလို့ကတော့ သေပီလို့သာမှတ်ပေတော့....ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတာတွေချပီးတော့
ဝေးလံခေါင်ဖျားဒေသတွေ ကိုပို့ပစ်ပါတယ်....၀န်ထမ်းငယ်လေးတွေ ခမျာ မိသားစုတွေရော...ဘ၀တွေရောပျက်ပါလေရော....အင်တာနက်ပါ
လို့ဆိုပီး အပြစ်ပေးတဲ့ ဖြစ်စဉ်တွေ ဌာနထဲမှာ အများကြီးရှိခဲ့ပါတယ်.....ပြည်သူလူထုတွေနဲ့ တိုက်ရိုက်ထိတွေ့ပီးဆက်ဆံနေရတဲ့...လူမျိုးစုံ
လူပေါင်းစုံ..လူအမျိုးမျိုး....စိတ်အထွေထွေ တွေရှိနေတဲ့ ၀န်ထမ်းလေးတွေ အဖို့မှာ အခက်အခဲတွေအများကြီးရှိပါတယ်....တစ်ခုခုဖြစ်တိုင်း
ဝန်ထမ်းတွေ မှားတယ်လို့သတ်မှတ်လို့မရပါဘူး...ဌာန ၀န်ထမ်းတွေ အားလုံးက ဒေသအာဏာပိုင်ရဲ့ ဖိအား...တစမ/ခရမ တွေရဲ့ ဖိအား...ဦး
စီးရုံးချုပ်ရဲ့ ဖိအား...ပြည်သူတွေရဲ့ဖိအားတွေ အမျိုးအမျီုးတွေရဲ့ အောက်မှာ ပြသနာလည်းမဖြစ်ပွားရလေအာင်....သီးငြီးခံပီးတော့အလုပ်တွေ
လုပ်နေရတာပါ.....ဒီအကြောင်းတွေနဲ့ပက်သက်ပိးတော့ နောက်မှပဲ အသေးစိတ်ရေးပါတော့မယ်...တော်ကြာ လိုရင်းမေ၇ာက်ပဲဖြစ်နေမှာစိုးလို့
ပါ....အလုပ်လုပ်နေရတဲ့သူကတော့ အမှားတော့ရှိမှာပေါ့...(.မလုပ်...မရှုပ်...မပြုတ်တွေမပါ)....လူကြီးတွေကလည်းဒီအမှားကိုစီစစ်ဖို့လိုပါ
တယ်.....တမင်တကာ ပြုလုပ်ခဲ့တဲ့  အမှားလား....အလုပ်တွေလုပ်နေယင်းနဲ့ စေတနာနဲ့ မှားသွားတဲ့ အမှားလား....ဆိုတာကို စီစစ်ဖို့လိုပါတ
ယ်...ဒီလိုမိုးမစီစစ်ပဲ  တစ်ခုခုဖြစ်တိုင်း  ၀န်ထမ်းလေးတွေကိုချည်းပဲ အရေးယူအပြစ်ပေးနေမယ်ဆိုယင် ဘယ်သူကမှလုပ်ရဲ...ကိုင်ရဲတော့မှာ
မဟုတ်ပါဘူး...တကယ်လို့ လုပ်ပေးရမယ်ဆိုယင်လည်း ကြောက်လို့ လုပ်ပေးရမှာသာဖြစ်ပိးတော့  စေတနာ..သဒ္ဒါတရားပါတဲ့ လုပ်ဆောင်
ချက်တွေ လည်းဖြစ်လာတော့ မှာ မဟုတ်ဘူး......လူကြီးတွေကလည်း အပေါ်ကနေပိးပဲကြည့်ပိးတော့  အောက်ခြေအနေအထားကိုမသိပဲ
ကိုယ်ဖြစ်ချင်တာကိုပဲ ဖြစ်အောင်လုပ်ပေးဖို့ အတင်းအကျပ် မတွန်းသင့်ပါဘူး.....အောက်ခြေမှာဖြစ်နေတဲ့ မြေပြင်အနေအထား....၀န်ထမ်းလေးတွေ
ရဲ့ ခံစားချက်..... တွေ ရုပ်ပိုင်းဆိုင်ရာ..စိတ်ပိုင်းဆိုင်ရာခံစားချက်တွေသိအောင် အောက်ခြေအနေအထားထိဆင်းပီးတော့မှ ဖြစ်ချင်တာ..လုပ်ချင်
တာတွေထက်.....ဖြစ်သင့်...လုပ်သင့်တဲ့ ညွှန်ကြားချက်...အမိန့်တွေ ကိုထုတ်ပေးစေချင်ပါတယ်.....ကိုယ် နာမည်ကောင်းရဖို့အရေးတစ်ခု
တည်းအတွက်နဲ့ အောက်ခြေက ၀န်ထမ်းလေးတွေကို  မနိုင်တဲ့....အားမမျှတဲ့ ၀န်ထုပ်ဝန်ပိုးကြီးတွေကို မထမ်းဆောင်စေချင်ပါဘူး....၀န်ထမ်း
ငယ်လေးတွေမှာလည်း သူတို့ရဲ့ဘ၀...သူတို့ရဲ့မိသားစုတွေရှိပါတယ်.....၀န်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ...စိတ်ပိုင်းဆိုင်ရာတွေရဲ့ သက်သာ
ချောင်ချိရေးတွေအတွက်....ပျော်ရွင်စွာ နဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်နိုင်ရေးအတွက်   ဘာတစ်ခုမှ လုပ်ဆောင်မပေးပဲ...တာဝန်ကိုချည်း
ပဲ နင်းကန်ခိုင်းနေလို့မရပါဘူး.....ခွင့်တွေ တောင်းယင်ပေးရပါမယ်.....တစမ/ပနမတွေ အတော်များများကတော့ ခွင့်တင်ယင် မပေးကြပါဘူး
နည်းမျိုးစုံတွေနဲ့ ညစ်ပါတယ်.တစမ/ပနမတွေရဲ့ ၀န်ထမ်းတွေရဲ့ ဥပဒေဘောင်ထဲကရပိုင်ခွင့်ဖြစ်တဲ့ ခွင့် ကိစ္စတွေကို လုပ်ပိုင်ခွင့်တစ်ခုလိုချုပ်
ကိုင်ထားတာကိုလည်းပြင်ဆင်ရပါမယ်....နိုင်ငံတော်အစိုးရနဲ့ ၀န်ကြီးဌာနကနေပီးတော့ ၀န်ထမ်းတွေအတွက်နေရေး...ထိုင်ရေး..သွားရေး...လာရေး..
. အစစအရာရာ အားလုံးကိုတာဝန်ယူပီးတော့
မလုပ်ပေးနိုင်တဲ့ အချိန်မှာ ၀န်ထမ်းတွေရဲ့ သက်သာချောင်ချိရေးအတွက် ၀န်ထမ်းလေးတွေ့တောင်းဆိုတဲ့ခွင့်တွေကို သူတို့ရဲ့၇ပိုင်ခွင့်ဖြစ်တဲ့
 ဘောင်
ထဲကနေပီးလုပ်ပေးရမယ့် တာဝန် ၀တ္တရားတွေဟာ အထက်လူကြီးတွေရဲ့ တာဝန်သာဖြစ်ပါတယ်....အရာရာတိုင်းကို..ကိုယ်ချင်းစာ...စာနာစိတ်
သနားညှာတာစိတ်.....နားလည်ခွင့်လွှတ်မှုတွေ ထားပီးဆောင်ရွက်စေချင်ပါတယ်....ကြီးတဲ့အမှုကို ငယ်အောင်....ငယ်တဲ့အမှုကိုပပျောက်
အောင်လုပ်ဖို့လိုပါတယ်....ဒီနေရာမှာ တစ်ချို့ တစမ/ ပနမ တွေကတော့ ပြောင်းပြန်လုပ်နေတာတွေကိုတွေ့ရှိရပါတယ်....သူတို့နဲ့ အဆင်
မပြေတဲ့သူတွေ တစ်ခုခုဖြစ်ယင်.....ငယ်တဲ့ အမှုကိုကြီးအောင်....ကြီးနေတဲ့အမှုကိုပိုကြီးအောင်ုလုပ်နေတာကိုတွေ့တွေ့နေရပါတယ်....
ပီးတော့ ပြစ်မှု ကျူးလွန်တာချင်းအတူတူ..၀န်ထမ်းငယ်တွေကျတော့ တစ်မျိုး..ရာထူးတဲ့ကြီးတဲ့သူတွေကျတော့် တစ်မျိုး မလုပ်သင့်ပါဘူး
အားလုံးတန်းကိုတန်းတူထားပီးအရေးယူအပြစ်ပေးရမှာပါ.....တစ်ချို့ရာထူးကြီးတဲ့သူအပြစ်လုပ်တာတွေကျတော့ မမြင်ချင်ဟန်ဆောင်နေတဲ့...
မသိချင်ဟန်ဆောင်နေတဲ့ကိစ္စတွေ ဌာနတွင်းမှာ အများကြိးရှိပါတယ်.....ဘာပဲလုပ်လုပ် လုပ်သမျှ...ကိုင်သမျှအားလုံးဟာ ညီညွှတ်မျှတနေဖို့
လိုအပ်ပါတယ်......အဓီက ကတော့ အောက်ခြေ အနေအထားကို ပြည့်ပြည့်၀၀ နားလည်နိုင်အောင်လုပ်ဆောင်သွားရမျာဖြစ်ပီး သူတို့တွေရဲ့
ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ရမှာပါ....ကျုပ်တို့ ၀န်ထမ်းလေးတွေရဲ့ ဘ၀ကလည်း အရမ်းကိုသနားဖို့ကောင်းပါတယ်ဗျာ.
နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့လက်အောက်မှာ အကြောက်တရားတွေနဲ့ နေလာခဲ့ရတော့ စစ်ယူနီဖောင်းဝတ်ထားလိုက်တာမြင်ယင် တုန်နေ
အောင်ကိုကြောက်နေရတော့တာပဲ....စစ်တပ်ထဲမှာ  အနိမ့်ဆုံးအဆင့်တွေဖြစ်တဲ့....ဘာမှလည်းလုပ်ပိုင်ခွင့်တွေမရှိတဲ့...အထက်ကခိုင်းတာ
တွေကိုချည်းပဲ လုပ်နေရတဲ့  ဗိုလ်ကြီးတွေ...ဗိုလ်မှူးတွေကနေပီး တော့ လ၀က ထဲကိုရောက်လာပီးတော့  ဗိုလ်ကျစိုးမိုး....လူတွင်ကျယ်လုပ်..
အနိုင်ကျင့်နှိပ်စက်.....ထိုးကြိတ်ရိုက်နှက်နေရတာတွေကို မြင်နေရတော့ ရင်နာမိတယ်....သူတို့ကလည်း ကြောက်မှန်းသိတော့ ဖြဲခြောက်တာ
ပေါ့....လုပ်လို့ရမှန်းသိလို့ လုပ်နေတာပါ...လုပ်လို့မရမှန်းသိယင် မလုပ်ရဲကြပါဘူး....သူတို့တွေရဲ့ စိတ်ဓါတ်တွေက ကို မကောင်းဘူးဖြစ်နေ
ကြတာ....အောက်ဆိုယင် အသေနင်း.....အသေနှိပ်....အထက်ကိုဆိုယင် အသေဖါး....အသေပို့....အခု လ၀က ပြည်နယ် တိုင်းအတော်တော်
များများမှာ တစမ/ပနမ ဖြစ်နေတဲ့ ဗက ဗမ  အဆင့်တော်တော် များများဟာ အထက်ဖား...အောက်ဖိတွေချည်းပါပဲ...သုတို့တွေရဲ့ ၀န်ကြီး
အဆင့်ကို ဘယ်လိုဝင်ထွက်ရမယ်ဆိုတဲ့ ၀င်လမ်း/ထွက်လမ်းကြောင်း ကို ကောင်းကောင်းကျွမ်းကျင်နားလည်တော့ သူတို့တွေဟာနေရာ
ကောင်းတွေချည့်းပဲရောက်နေတာ....အဲဒီထဲမှာ ကျုပ်ပြောတဲ့ အပေါ်က (၃) ယောက်ဟာ နာမည်အကြီးဆုံးပဲ....အငြိုးအတေးထားတဲ့နေရာမှာ
လည်းထိပ်ဆုံးကပဲ.....အခု သူတို့တွေ ကို နည်းနည်းအကြောင်းသိသွားအောင်ဆိုပီးတော့  နည်းနည်းပါးပါးလေး အလုံးသေးသေးလေးနဲ့ပဲ
ခြောက်လှန့်ပစ်ခတ်ခဲ့တာပါ.....အောက် ၀န်ထမ်းအငယ်တွေ အင်တာနက်ပါယင် ပြင်းပြင်းထန်ထန်အပြစ်ပေးတတ်တဲ့ ၀န်ကြီးကိုကျုပ်စောင့်
ကြည့်နေတယ်....၇န်ကုန်တိုင်းဦးစီးဌာနမှူးဖြစ်တဲ့ ဗမကြည်လင်....ဧရာဝတီတိုင်းဦးစီးဌာနမှူးဖြစ်တဲ့ ဗက လှဒေါင်း....ချင်းပြည်နယ်ဦးစီးဌာန
မှူးဖြစ်တဲ့ ဗကစိုးပိုငမြင့်....သူတို့ ( ၃) ယောက်ကို ဘယ်လိုမျိုးအပြစ်ဒဏ်ချမှတ်မှာလဲ ဆိုတာ.ကိုစောင့်မျှော်လိုက်အုံးမယ်
.....အပြင်လူတိုင်ယင် ဒီလောက်မဟုတ်ပေမဲ့အတွင်းသိ
....အစင်းသိက တွယ်ယင် ပိုနာတတ်တယ်နော်.....အလုံးကြီးကြီးတွေ မပစ်သေးဘူးနော်.....ကျုပ်ဆိုတဲ့ကောင်က သူတို့တွေ......ဘယ်လိုနေ
ရာမျိုးမှာ....ဘယ်လိုလူမျိုးတွေနဲ့ပေါင်းပီး.....ဘယ်လိုမျိုးဂွင်ကြီး..အချည်ကြီးရိုက်ပီးတော့....ဘယ်လိုနေရာမျိုးတွေမှာ...ဘယ်လိုပိုင်ဆိုင်မှုမျိုး
ရှိနေတယ်ဆိုတာကို   မဖော်သေးဘူး......ဆက်ပီးစောင့်ကြည့်နေတုန်းပဲ ဆိုတာကို သိထားလိုက်ပါ...

No comments:

Post a Comment