တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့်အဖျက်ဆီးခံလိုက်ရသော လ၀က ...အပိုင်း (၃၉)
========================================
လ၀က .၀န်ကြီးဌာနအတွင်းမှာ သူလိုချင်တဲ့..ဖြစ်ချင်တဲ့က
ူစားကွက်တွေကို သူတစ်ဦးတည်းကပဲ ချုပ်ကိုင်ပီး ကစားကွက်တွေဖော်ထုတ်ကစားဖို့ကြိုးစားနေခဲ့တဲ့အချိန်မှာ သူဒီလိုမျိုး ၀န်ထမ်းငယ်တွေ
အင်တာနက်အသုံးပြုမှုကို အရေး.ယူခဲ့လိုက်ခြင်းဟာ သူ့ရဲ့ အကြီးအကျယ်ဆုံးမှားယွင်းမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်....တကယ်တမ်းပြောရ
မယ်ဆိုယင် ၀န်ကြီးဟာ မမှားသင့်တဲ့ အမှားတစ်ခုကို ပြင်ဆင်လို့မရနိုင်လောက်အောင် ကျူးလွန်ခဲ့လိုက်ပြီးဖြစ်ပါတယ်....တကယ်တမ်းလုပ်ချင်
တယ်ဆိုယင်တောင်မှ ဒီလိုမျိုးရေးသားတဲ့ ၀န်ထမ်းကိုခေါ်ယူပီး နောက်ထပ်နောက်နောင်မရေးအောင် ခေါ်ယူသတိပေးပီးတော့ လူကြီးလူ
ကောင်းပီသပါတယ်ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ထားကောင်း...စိတ်ဓါတ်ကောင်းတွေကို ပြသရမဲ့အစား....ပြစ်မှုနဲ့ပြစ်ဒဏ်မျှတမှုမရှိတဲ့
အရပ်ရပ်နေပြည်တော်မှ ကျော်လို့မကောင်း...ကြားလို့မှ မကောင်းတဲ့ ပြစ်ဒဏ်ပေးခဲ့ခြင်းဟာ ၀န်ကြီးဌာနအားလုံးရဲ့အလယ်မှာရော...၀န်
ထမ်းတွေအားလုံးရဲ့ကြားမှာရော....ပြည်သူလူထုအကြားမှာရော.....ကိုယ့်ရဲ့ ၀န်ကြီးဆိုတဲ့ ဂုဏ်သိက္ခာ....အဆင့်အတန်းတွေကို ကိုယ့်ဟာကိုယ်
မြေကြီးပေါါ်ချနင်းလိုက်သလိုဖြစ်သွားခဲ့ပါတယ်.....ကိုယ့်ရဲ့ အရှူပ်ထုပ်ကြီးကို လူပုံအလယ်မှာ ဖွင့်ပြသလိုမျိုးလည်းဖြစ်သွားခဲ့ပါတယ်...
လ၀က ၀န်ကြီး ဦးခင်ရီ ဆိုတာဟာ အဆင့်အတန်းမရှိတဲ့ ဒီလိုမျိုး လူတစ်ယောက်ပါလား ဆိုတဲ့ အတွေးအခေါ်တွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်
ကိုယ့်လို ၀န်ကြီးတစ်ယောက် အဆင့်နဲ့ အငယ်ဆုံးအဆင့်တွေဖြစ်တဲ့ လ/ထလ၀ကမှူး...ဒုလ၀ကမှူးအဆင့်တွေနဲ့ သွားဖက်ပြိုင်ပီးနပမ်းလုံး
သလိုသွားဖြစ်တော့ သူတို့တွေကတော့ဘာမှဖြစ်မသွားပါဘူး...သိက္ခာလည်းကျမသွားဘူး....၀န်ကြီးအဆင့်က ၀န်ကြီးလိုမနေတတ်...မကျင့်
သုံးတတ်တော့ ဒီလိုမျိုးအဆင့်တွေနဲ့ဖက်ပြိုင်ဖြစ်တယ်ဆိုတော့ ၀န်ကြီးအဆင့်အတန်းဟာ ဘယ်လိုမျိုးဖြစ်သွားပီလည်း ဆိုတာကို ခလေးက
အစ သိသွားခဲ့ပါပီ.....ဘယ်လောက်တောင်ရှက်ဖို့ကောင်းလဲဗျာ....ကျုပ်သာ သူ့နေရာမှာ ဆိုယင် ကိုယ့်မျက်နှာကိုယ်ဓါးနဲ့လှီးပစ်လိုက်ပီ
(ရှက်တတ်ယင်ပြောတာပါဗျာ)...ဒါပေမဲ့ ရှက်ကြိုးဖြတ်ထားယင်တော့ မပြောတတ်ဘူးပေါ့ဗျာ.....ဒီလိုမျိုးအကျိုးအဆက်တွေကြောင့်ပဲ အင်တာ
နက်ဝက်ဆိုဒ်တွေပေါ်မှာ ပိုပီးတော့လည်း အရေးခံလာရပီး ပိုပီး လူသိ...သူသိများလာတဲ့ ဦးခင်ရီဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်
ပြင်ဆင်လာခဲ့ရပါတယ်.....မေလ(၁)ရက်နေ့က ပွင့်လင်းမြင်သာစွာပြုလုပ်ခဲ့တဲ့ မကဖ ရွေးချယ်မှုများ.....ရာထူးတိုးစာမေးပွဲ ကို မှန်ကန်စွာ
ဖြင့်ကြီးစဉ်ရေးဆွဲပီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်တိုင်းအသီးသီးသို့စာများပို့ပိး ကစားကွက်တွေကိုပြန်လည်ပြင်ဆင်ကစား
ခဲ့တာကိုတွေ့ရှိရပါတယ်.....တကယ်တော့ ဒီလိုမျိုး ရာထူးတိုးစာမေးပွဲတွေကို ၂၀၁၃ ခုနှစ်....သြုဂုတ်လ (၂၈)ရက်နေ့မှာ ရေးဖြေစာမေးပွဲ
ဖြေဆိုရမည်ဖြစ်ကြောင်း အကြောင်းကြားထားပြီးလည်းဖြစ်ပါတယ်.....ဒါပေမဲ့ နေမျိုးကျော်စွာရဲ့ 7 DAY NEWS သတင်းဂျာနယ်ပါပေးစာနဲ့
CARE TAKER တို့၇ဲ့ေ၇းသားမှုတွေကြောင့် စာမေးပွဲဖြေဆိုဖို့ ထုတ်ပြန်ထားတဲ့တဲ့ ရက်ကို အကန့်အသတ်မရှိရွှေ့ဆိုင်းထားခဲ့ပါတယ်...
ဒီလိုမျိုး စိတ်ဆိုးပီးတော့ လုပ်ဆောင်မှုကြောင့် ၀န်ထမ်းငယ်တွေရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေး များစွာ နစ်နာခဲ့ရပါတယ်..တကယ်တမ်း
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်တယ်...မမှန်ကန်ဘူးဆိုတာကို အလုပ်နဲ့သက်သေပြရမယ့်အစား ဒီလိုမိုးအလုပ်တွေနဲ့ သက်သေမပြ
ပဲ စိတ်သဘောထား သေးသိမ်ညံ့ဖျင်းစွာနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေအားလုံးအသိ စာမေးပွဲရေးဖြေဖြေဆိုရမယ့်နေ့၇က်အချိန်ကို စာထုတ်
အကြောင်းကြားထားပီးမှာ ဒီလိုမျိုးတွေရေးလို့ ဒီလိုမျိုးစာမေးပွဲဖြေဆိုမယ့်ရက်ကို အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့တယ်ဆိုတဲ့ သူ့ရဲ့
လုပ်ဆောင်ချက်ဟာ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်သလိုမျိုးဖြစ်နေခဲ့ပီးတော့ ၀န်ကြီးတယောက်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့
ပြစ်မှုတစ်ခုကိုကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်....၀န်ထမ်းငယ်လေးတွေရဲ့ဘ၀မှာ မျှော်လင့်ချက်ဆိုတာက ရာထူးတိုးလေးပါပဲ...နှစ်ပေါင်းများ
စွာ အနစ်နာခံပီးလုပ်လာပီးမှတော့ ဘယ်သူမဆို ရာထူးလေးကိုလိုချင်ကြတာချည်းပါပဲ....ရာထူးတိုးဖြေဆိုရမယ့် အချိန်လေးကိုပဲ အားလုံးက
မျှော်လင့်နေခဲ့ကြတာပါ.....ဒီလိုမျိုး ၀န်ထမ်းအားလုံးရဲ့ မျော်လင့်နေကြတဲ့ မျှော်လင့်ချက်တွေကို ၀န်ကြီးကိုယ်တိုင်က ဂုဏ်သိက္ခာမဲ့စွာ
ချိုးဖောက်ခဲ့တဲ့လုပ်ဆောင်ချက်ဟာ ၀န်ထမ်းအားလုံးရဲ့ဝန်ကြီးအပေါ်ထားရှိခဲ့တဲ့ယုံကြည်ချက်တွေအားလုံးကို ရေစုန်မှာမျောပါုသွားစေခဲ့ပါ
တယ်.....မင်းမှာသစ္စာ လူမှာကတိ ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ ထုတ်ပြန်ထားခဲ့တဲ့ အမိန့်ကို ဆိုခဲစေ...မြဲ
ခဲစေဆိုတဲ့အတိုင်း မမြဲ...မမြံနိုင်ပဲခိုင်လုံသော
အကြောင်းအကျိုးညီညွှတ်မှုမရှိပဲနဲ့ ဖျက်သိမ်းခဲ့တာဟာ ထွေးပီးသား တံတွေးကို ကိုယ်ကိုယ်တိုင်ပြန်လည် မျိုချခဲ့တဲ့လုပ်ရပ်တစ်ခုလည်းပဲ
ဖြစ်ပါတယ်....ဒီလိုမျိုးရရှိထားခဲ့တဲ့ဝန်ကြီးဆိုတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အာဏာ ကို အလွဲသုံးစားပြုလုပ်ပီးတော့ ၀န်ကြီးကိုယ်တိုင်က ထိပ်ဆုံးက
နေပီးတော့ မဟုတ်တာ ...မမှန်တာလုပ်ဆောင်နေခဲ့တာကို အောက်ဝန်ထမ်းတွေက မကျေမနပ်ဖြစ်တာ...ပေါက်ကွဲကြတာဟာ ၀န်ထမ်းတွေရဲ့
အမှားလား....ကိုယ်ပေးထားခဲ့တဲ့ ကတိ သစ္စာတရားတွေကို ကိုယ်တိုင်ဖောက်ဖျက်နေခဲ့တဲ့ ၀န်ကြီးရဲ့လုပ်ဆောင်ချက်တွေက မှန်သလား..
.ဒီလိုမျိုး facebook ပေါ်မှာ ရေး
သားလို့ အရေးယူမှုကိုအမြော်အမြင် အတွေးအခေါ်တွေ ရှိတဲ့ ညွှန်မှူးတော်တော် များများကလည်း သဘောမတူပါဘူး....ဒါပေမဲ့ ငါဆိုတဲ့ ငါမှငါဖြစ်နေပီးတော့
ငါတကောကော နေခဲ့တဲ့ ဦးခင်ရီဟာ နောက်ဖြစ်လာနိုင်မယ့် ရှေ့ရေး....ရေရှည်အကျိုးအဆက် ကို မတွေးတောတတ်....မဆင်ခြင်နိုင်ခဲ့ပါဘူး
စစ်အစိုးရလက်ထက်မှာ တဇောက်ကန်းပဲ လုပ်တတ်တဲ့ အကျင့်ဆိုးတွေနဲ့ဖြစ်တည်လာခဲ့ရတဲ့ လူတစ်ယောက်ဟာ လ၀က ၀န်ကြီးဖြစ်လာမှ
ဆင်ခြင် ...တွေးတော....မျော်မှန်းနိုင်မှု အားနုည်းခဲ့တာဟာ တကယ်တော့ သူ့အမှားလည်းမဟုတ်ပါဘူး....ဒါတွေကို လေ့လာ ...မသိရှိခဲ့ပဲ
လ၀က ၀န်ကြီးအဖြစ်ခန့်အပ်ထားခဲ့တဲ့
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမှားသာလျှင်ဖြစ်ပါတယ်....မင်းသား ကိုလည်း လူကြမ်း လုပ်ခိုင်းလို့မရသလို....လူကြမ်းကိုလည်း မင်း
သားလုပ်ခိုင်းလို့မရပါဘူး.....ဒီလိုမျိုး အကျင့်စရိုက်တွေကို သိရှိနားမလည်ပဲ မင်းက လ၀က ၀န်ကြီး သွားလုပ်ဆိုမှတော့ သေပြီပေါ့ ဆရာ
တို့ရယ်.....ဒီလိုမျိုး လ၀က ၀န်ကြီးရဲ့ တွေးတော...ဆင်ခြင်...အားနည်းမှုတွေနဲ့ မပြောသင့် မပြောထိုက်တဲ့စကားတွေ...မလုပ်သင့်တဲ့
အလုပ်တွေလုပ်မိခဲ့လို့ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပက်သက်ပီး သူစကားမှားခဲ့လို့ ရခိုင်တိုင်းရင်းသားတွေ အကြီးအကျယ်
ပေါက်ကွဲခဲ့ပီး...အရေးအခင်းတွေဖြစ်ခဲ့ပီး ကမ္ဘာ့
အလယ်မှာ တိုင်းပြည်ရဲ့ သိက္ခာ ကျဆင်းခဲ့ရတဲ့ အဓိက တရားခံဟာ လ၀က ၀န်ကြီးကိုယ်တိုင်ပဲဖြစ်ပါတယ်.ဒီအကြောင်းတွေကိုနောက်ပိုင်းမှ
ရေးပြပါအုံးမည်.......ကြမ်းကျွံလျှင် နုတ်လို့ရတယ်
စကားကျွုံသွားယင် နုတ်လို့မရဘူး ဆိုတဲ့ စကား ကိုလည်း ၀န်ကြီးဖြစ်ပီးတော့ မသိရှိ နားမလည်ဘူးဖြစ်နေခဲ့ပါတယ်...သူတစ်ယောက်တည်း
လည်းမဟုတ်ပါဘူး....၀န်ကြီးတွေအားလုံးဟာလည်း ဘူးတူ...ပုလင်းဆို့ပုံစံတွေဖြစ်နေကြပီးတော့ ၀န်ကြီးပြောရမယ့် လူကြီးလူကောင်းစကား
တွေမပြောနိုင်ပဲ ခလေးကလား လိုပုံစံမျိုးနဲ့ လမ်းဘေးစကားတွေကိုပဲပြောတတ်တဲ့ ပုံစံတွေအားလုံး...အကုန်လုံးလာတူညီနေခဲ့တာဟာ တပ်က
ထွက်လာတယ်လို့ကိုပြောစရာမလိုပါဘူး.....ရှေ့ဆောင်ခဲ့တဲ့ နွားက ဖြောင့်ဖြောင့် သွားမပြထားတော့ နောက်ကလိုက်ခဲ့ရတဲ့ နွားတွေက
လည်း အားလုံး ကပေါက်တိ ကပေါက်ချာ ကယောင်ကတန်းတွေနဲ့ တောင်ပြော....မြောက်ပြော တွေနဲ့ လူထူများထောက်ခံမှုရမလားလို့
ပြောကြည့်ပြန်တော့လည်း အဆဲခံရတာပဲအဖတ်တင်ပြန်တယ်.......တစ်ချိန်လုံး အရည်မရ အဖတ်မရတဲ့ စကားတွေကို သူတို့မို့လည်းပြော
နိုင်တယ်.....လက်တွေ့ကလည်း မလုပ်ပြနိုင်....လေနဲ့ဒန်းစီးပြတော့လည်း အဆင်မပြေ....ဘယ်နေရာမှလည်း သုံးစားလို့မရနဲ့ဝါးလုံးပေါက်
ထဲမှာ လသာနေခဲ့တဲ့ ၀န်ကြီးတွေကိုလည်း လူထုတွေကလည်း အယုံအကြည်ကင်းမဲ့နေခဲ့ပါပီ...
ဒိလိုမျိုး ၀န်ကြိးတစ်ပါးရဲ့ အတ္တမာနကြီးမားမှု.....ဒေါသကိုရှေ့တန်းတင်မှု.....စဉ်းစားဆင်ခြင်တွေးခေါ်အားနည်းမှု.....အမျှော်အမြင်မရှိမှု...
ဝန်ထမ်းငယ်တစ်ယောက်အပေါ် နားကိုက်ယင်...ပါးပြန်ရိုက်မယ် ဆိုတဲ့ စိတ်ဓါတ်တွေကြောင့်ပဲ ဒုလ၀ကမှူးလုပ်သက် (၁၂)နှစ်ရှိပြီဖြစ်တဲ့
ဝန်ထမ်းငယ်တစ်ယောက် ရာထူးတိုးဖြေဆိုခွင့် (၂)နှစ်ရပ်ဆိုင်းခံရမှုကြောင့် ရာထူးတိုးမဖြေဆိုခဲ့ရတာဟာ ဦးစီးဌာနအတွက်ရော....သု့ဘဝ
အတွက်ရော အရမ်းကိုပဲ နစ်နာ ဆုံးရှူံးစေခဲ့ရပါတယ်....ဒီလိုမျိုး သူ့အတွက် နစ်နာ ဆုံးရှူံးခဲ့ပေမယ့်လည်း သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့်
ဝန်ကြီးရဲ့ မတရားလုပ်ဆောင်မှု
တွေဟာ လယ်ပြင်မှာ ဆင်သွားသလို မြင်မြင်ထင်ထင်ပေါ်ထွက်လာခဲ့ပီးတော့ မတရားမှုတွေ လူသိလာခဲ့တော့ နောက်ပိုင်း မမှန်မကန်တာ
တွေ သူ လုပ်ဆောင်မရဲတော့ပဲ မှန်ကန်ုမှုတွေပဲထွက်ရှိလာဖို့ ရောင်နီဦးသန်းလာခဲ့ပီလို့လည်းပြောနိုင်ပါတယ်.
....နောက်ဆုံးတော့ အများသူဌာ ကောင်းဖို့အတွက် သူတစ်ဥိးတည်း
က အနစ်နာခံ ပေးဆပ်ဆောင်ရွက်မှုတွေကြောင့်ပဲ လ၀က ဌာနမှာ အချိန်ကြာကြီးပျောက်ကွယ်နေခဲ့၇တဲ့ အမှန်တ၇ားတွေဟာ ပြန်လည်ထွက်ပေါ်
လာခဲ့၇တယ် လို့ ယူဆ၇ပါတယ်......ဒါကြောင့်မို့ ဒီနေ၇ာကနေပီးတော့ ၀န်ထမ်းများအားလုံးကိုယ်စား ကျုပ်ကပဲ ဒုလ၀ကမှူးကျော်သက်
ဟန်အား ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ချီးကျူးအမွှန်းတင်လိုက်ပါတယ်.....လ၀က ရဲ့ သမိုင်းလမ်းကြောင်းတစ်နေရာမှာလည်း မတရားလုပ်
ဆောင်ယင် မခံတတ်တဲ့ ကျော်သက်ဟန်ရဲ့ စိတ်ဓါတ်တွေကို ကမ္ဖည်းမော်ကွန်းတင်ရေးထိုးထားပြီးဖြစ်ပါတယ်......ဒါဟာလည်း သက်ရောက်
မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုတာကိုပြသလိုက်တာပါပဲ....မတရားလုပ်ဆောင်မှုတွေ..ဖိနှိပ်ချုပ်ခြယ်ထားတာ ခံရတာ
တွေ များလာပီဆိုယင် နောက်ဆုံးသီးမခံနိုင်တော့တဲ့အဆုံးမှာ ပေါက်ကွဲမှုတွေဟာဖြစ်ပေါ်လာတာဟာ သဘာဝတရားတွေပဲဖြစ်ပါတယ်....၀န်
ကြီးအနေနဲ့ ဒီလိုမျိုးဖြစ်ပေါ်လာခဲရခြင်းဟာလည်း မည်သူမပြု...မိမိမှု သာလျှင်ဖြစ်ပါတယ်....သူ့ရဲ့မှားယွင်းတဲ့လုပ်ဆောင်ချက်တွေကြောင့်
ထွက်ပေါ်လာခဲ့တဲ့ တန်ပြန်သက်ရောက်မှုတွေကြောင့် ဒီလိုမျိုး အကျိုးအဆက်တွေကို ပြန်လည်ရရှိခံစားလာရခြင်းဖြစ်ပါတယ်....ငါ့မှာ လုပ်
ပိုင်ခွင့်နဲ့ ရာထူးအာဏာရှိတယ်....ငါလုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပီး လုပ်ခဲ့မယ်ဆိုယင် ဘယ်လိုဖြစ်သွားနိုင်သလဲဆိုယင် အနီးကပ်ဆုံး
လစ်ဗျား နိုင်ငံခေါင်းဆောင် ကဒါဖီ ကိုပဲကြည့်လိုက်ပါ.....ပြည်သူတွေရဲ့လက်ချက်နဲ့နောက်ဆုံး အသေဆိုးနဲ့သေခဲ့ရပီး ..လမ်းမအလယ်မှာ
အလောင်းကို တရွတ်တိုက် အဆွဲခံခဲ့ရတာ မြင်တွေ့လိုက်ရမှာပေါ့.....
No comments:
Post a Comment