Saturday, 21 June 2014

လ၀က အပိုင်း(၃၆)

တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၃၆)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
...ဦးခင်ရီဟာ လ၀က
ဝန်ကြီးမဖြစ်ခင်ကလည်း ရဲချုပ်ဘ၀မှာကတည်းက လည်းမိဒီယာပေါင်းစုံတွေနဲ့လည်း လက်ပွန်းတတီး ရင်းနှီးပီးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်
အခု လ၀က ၀န်ကြီးဘ၀မှာလည်း ငြိမ်းချမ်းရေးကိစ္စ....သန်းခေါင်စာရင်းကောက်ယူမှုကိစ္စတွေမှာလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသပေါင်းစုံက
မီဒီယာ မျိုးစုံတွေနဲ့လည်း အကျွမ်းဝင် ရင်းနှီးပီးသား လူတစ်ယောက်လည်းဖြစ်ပါတယ်....ဒီလိုမျိုး မီဒီယာပေါင်းစုံ....မျိုးစုံတွေနဲ့ လက်ပွန်းတတီး
/ရင်းနှီးကျွမ်းဝင် ပေါကြွယ်နေခဲ့ရတဲ့ လ၀က ၀န်ကြီးဦးခင်ရီဟာ ဌာနတွင်းက ၀န်ထမ်းငယ်တွေ အင်တာနက်သုံးပီး ရေးမှာတို့....like လုပ်တာ
တို့ ကိုဘာဖြစ်လို့ ဒီလောက်တောင် ကြောက်နေခဲ့ရသလဲ....စိုးရိမ်နေခဲ့ရသလဲ....နောက်ထပ်နောက်နောင် မလုပ်ရဲအောင်..စံပြဖြစ်သွားရလေ
အောင် ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတတဲ့...ရက်စက်ကြမ်းကြုတ်လွန်းတဲ့  ပြစ်ဒဏ်တွေကို ဘယ်လိုမျိုးအကြောင်းတရားတွေကြောင့်ချမှတ်ခဲ့ရသလည်း
ဆိုတာ ဟာ မေးစရာ...ထောက်စရာ တစ်ခုဖြစ်လာခဲ့ပါတယ်.....ယေဘုယျအားဖြင့် သုံးသပ်ရမယ်ဆိုယင် ကိုယ်လုပ်တဲ့အလုပ်ကောင်းဆိုးပေါ်
မူတည်ပီးတော့  ကောင်းယင် ကောင်းတာ အရေးခံရမယ်.....ဆိုးယင် ဆိုးတာ အရေးခံရမယ်  ဒါဟာ နိယာမ သဘာဝပဲလေ....ကောင်းတာ
ရေးတာ  ကိုခံယူချင်ယင် ကောင်းတာကိုလုပ်ပေါ့.....မဟုတ်တာ  မမှန်တာ လုပ်လို့ ဆိုးတာ ကိုအေ၇းမခံချင်ယင် မလုပ်နဲ့လေ....မဟုတ်တာ
လည်းလုပ်ချင်သေးတယ်....ဆိုးတာကိုအရေးခံရတော့လည်း မကြိုက်ဘူး..၀န်ကြီးရဲ့လုပ်ရပ်က ငါပြောသလိုလုပ်...ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့
ပုံစံလိုမျိုးဖြစ်နေတာ....တကယ်လို့ ကိုယ်ကသာ မှန်မှန်ကန်ကန်နဲ့ဆောင်၇ွက်ခဲ့မယ်ဆိုယင် ဘာကိုမှကြောက်စရာမလိုဘူးလေ...အခုတော့
မမှန်တာတွေကများနေတော့ အရေးမခံနိုင်ဘူးလေ.....၀န်ကြီးရဲ့အဖြစ်ကဘာနဲ့တူသလဲဆိုယင် ခိုးလည်းခိုးစားချင်တယ်...လူသိခံရမှာကိုလည်း
ေ့ကြာက်နေတယ်...ဒီလိုပုံစံမျိုးကိုဖြစ်နေတာ....အမြင့်ကိုရောက်ယင်တော့ လေတိုက်တာကိုခံရမှာနိယာမ သဘောတရားပဲလေ...ဒီလိုမျိုးလေတိုက်တာကိုမှမခံနိုင်
ဘူးဆိုယင် လည်း ၀န်ကြီးမလုပ်နဲ့တော့လေ..ဒီလိုမျိုးလေး နည်းနည်းလေးမှအင်တာနက်တို့...ဂျာနယ်တို့ အပေါ်မှာ အရေးခံရတာကိုမှ မခံနိုင်ဘူး...အနာပေါ်တုတ်ကျဖြစ်နေယင် မဟုတ်
တာ...မမှန်တာမလုပ်နဲ့လေ...ဟိုတစ်လောလေးက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ပြောသွားတာလေးတစ်ခုကိုသွားသတိရလိုက်တယ်.
မကျေနပ်ယင် သူ့ကိုလာဆဲနိုင်ပါတယ်တဲ့...ကိုင်း..၀န်ကြီးဦးခင်ရီရော...ဒီလိုမျိုးပြောရဲပါသလား....ပြောလိုက်စမ်းပါ...ကျုပ်ကိုမကျေနပ်ယင်
facebook အင်တာနက်ပေါ်ကနေပဲ ကြိုက်သလောက်ရေးစမ်းပါ...like တွေကိုကြိုက်သလောက်လုပ်စမ်းပါဆိုပီးတော့ စိန်ခေါ်လိုက်စမ်းပါ...
အားလုံးဟာ ပုထုဇဉ်လူသားတွေပါ....မမှားသောရှေ့နေ  မသေသောဆေးသမား ဆိုတာ လောကမှာ မရှိသလိုမြန်မာပြည်မှာ လာဒ်မစားဘူးသော
ဝန်ကြီးနဲ့ ခြံ..မြေ...တိုက်တာ..အဆောက်အဦးကောင်းကောင်းနဲ့ မနေနိုင်သော ၀န်ကြီးများရှိပါသလား...လာဒ်လာဘတစ်ခါမှမယူပဲနဲ့ သမာအာ
ဇီဝနဲ့ ချမ်းသာကြွယ်ဝလာခဲ့ပါတယ် လို့ ကြွေးကျော်ရဲပါသလား...ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အာဏာတွေကိုအသုံးပြုပီးတော့ ရရှိလာတဲ့ အခွင့်အရေး
တွေကို မယူခဲ့ပါဘူးလို့ ဟစ်အော်ရဲပါသလား.....ကျမ်းသစ္စာ ဆို ကျိန်ဆိုဝံ့ပါသလား......ဒီလိုမျိုးလုပ်စားတတ်...ကိုင်စားတတ်လွန်းလို့ပဲဒီတစ်သက်
မပြောနဲ့ နောက်ဆယ်သက်မက သားစဉ်မြေးဆက် တိုင်အောင် သုံးလို့မကုန်...ဖြုံးလို့မကုန်နိုင်တဲ့ ဒီ ဓနငွေကြေးဥစ္စာပစ္စည်းတွေဘယ်လောက်
တောင်ပေါများပြည့်လျှံနေတယ် ဆိုတာကို ကိုယ်တိုင်အသိဆုံးပါ...ဒီနေရာမှာ ၀န်ကြီးဦးအောင်သောင်းထင်ပါတယ်..သူပြောတဲ့စကားလေးတစ်
ခွန်းကိုသားသတိရမိတယ်..အခုဒီမိုကရေစီအစိုးရလက်ထက်မှာ..ကျုပ်တို့ဝန်ကြီးတွေ လာဒ်စားယင်ပြောပါတဲ့...ချက်ခြင်းအရေးယူပေးပါမယ့်
တဲ့...အခုဒီခေတ်ကြီးမှာ လာဒ်စားစရာမလိုတော့ဘူးလေ...အယင်စစ်အစိုးရလက်ထက်မှာ အပြိုင်အဆိုင်စားကြလွန်းလို့ ထားစရာကိုနေရာမရှိ
အောင် ကျိတ်ကျိတ်တက်ချမ်းသာပီးသွားပီပဲ...သူတို့တွေလုပ်စားသွားခဲ့တာကို ဒီတိုင်းပြည်တစ်ခုတည်းမဟုတ်ဘူး...ကမ္ဘာကပါသိတာ....
အခုမှ သူတော်ကောင်းဟန်ဆောင်ပီး မခုတ်တတ်တဲ့ကြောင်လိုလာလုပ်ပီးတော့ ခြောက်ပစ်ကင်း...သဲလည်းစင်လာလုပ်ပြနေတာကိုအားလုံးက
သိပီးသားချည်းပဲ....မပြောရဲလို့ ကြောက်လို့ အားလုံးကငြိမ်ခံနေကြရတာပါ.....ဒီလိုမျိုး FACEBOOK အသုံးပြုတာကို စြေံပြအဖြစ်နဲ့ အရေးယူပြလိုက်တော့ ဌာနတွင်းမှာရှိတဲ့
ဝန်ထမ်းတွေအားလုံးဟာ ကြောက်၇ွှံ့သွားကြပီး  ၀န်ကြီးနဲ့ပက်သက်တဲ့....အထက်လူကြီးနဲ့ပက်သက်တဲ့ ဟာတွေကိုဆိုယင် ရေးဖို့နေနေသာ
မပြောနဲ့....like လေးတစ်ချက်တောင် မလုပ်ရဲအောင်ကြောက်ရွှံ့သွားကြတယ်..လ၀ကထဲမှာလည်း စာအရေးအသားကောင်းတဲ့သူအတော်
များများရှိပါတယ်.....တစ်ချို့များ ခံစားချက်တွေ ရင်ဖွင့်ချင်တာတောင် မယုတ်မလွန်
လေးရေးပီး  မသိမသာလေး နဲ့ ရင်ဖွင့်ရေးကြရတယ်..တစ်ချို့ကတော့လည်း ကျိန်းဝါးကြပါတယ်....၂၀၁၅ ကျမှ ရင်ဖွင့်တော့မယ်တဲ့မ."".သြော်..
.သနားစရာ ကောင်းလှတဲ့ လ၀က ၀န်ထမ်းငယ်တွေရဲ့ဘ၀...ရေးချင်ရာရေး...
ပြောချင်ရာပြော....လွပ်လပ်နေပီ ဆိုတဲ့ ဒီမိုကရေစီခေတ်ကြိးကိုရောက်မှပဲလ၀က ၀န်ထမ်းတွေခမျာ ရေးချင်တာမရေးရဲ...ပြောချင်တာ မပြောရဲ.ပဲ အကြောက်
တရားတွေ နဲ့ သောက တရားတွေ ကို ရင်ဝယ်ပွေ့ဖက်ပီးတော့  စိုးတထိတ်ထိတ်...ရင်တဖိုဖိုနဲ့  ယခင်စစ်အစိုးရရဲ့ လက်သံပြောင်မြောက်လှတဲ့
ရဲချုပ်ဘ၀ ကနေ အရပ်ဝတ်ပြောင်းလိုက်တဲ့ ၀န်ကြီး ဦးခင်ရီ လက်ထက်ကျမှပဲ  မှတ်သားထားရလောက်အောင်ကိုပဲ  စိန်ဗေဒါ လိုလက်သံပြောင်
မြောက်လှတဲ့   မောင်ခင်ရီရဲ့  ဆိုတီးကကွက်တွေကြားမှာ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို  လူးလိမ့်ခံစားနေခဲ့ရတာ မပဋာ မြေလူး
တာကမှပဲ တော်အုံးမယ်   လ၀ကရဲ့ ဖြစ်ပျက်ပုံတွေများ  ၀န်ထမ်းများ ပဲလှော်ကြားမှာ ဆားထဲညှပ်ခံရသလိုပဲ  နင်မဟုတ်ယင်လည်း နင့်အဘပဲ
ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရမည်ရှာကာ အပြစ်တင်ချက်တွေနဲ့ ရက်စက်မှုအပေါင်းကို သရဖူဆောင်းထားခဲ့တာကတော့နောက်ဆုံးကျတော့ မင်းသားခေါင်းဆောင်း
ထားခဲ့တဲ့  ဘီးလူးမင်းသားလေးတစ်ပါးလို ဘွင်းဘွင်းရှင်းရှင်း မြင်လိုက် သိလိုက်ရတဲ့ အချိန်မှာ တော့ လ၀က ၀န်ထမ်းတွေရဲ့ ဘ၀မှာ နောက်
လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသလိုမျိုးပဲ....ရှေ့ဘုန်းကြီးတုန်းက တချက်ပဲအခေါက်ခံရတယ်...နောက်ဘုနုးကြီးလက်ထက်ကျမှပဲ
နှစ်ချက် ခေါက်တာခံလိုက်၇တယ်.....နာလည်းနာ နံလည်း နံဆိုသလိုမျိုး   မယ်အေး နှစ်ခါနာ ဘ၀မျိုးနဲ့ ဘုရားမှတ်လို့ကိုးကွယ်လိုက်မိတာ...
ဖွတ်ထွက်လာမှ တောင်ပို့မှန်းသိတော့တယ်...ဌာနတွင်းမှာ ပျော့ပျော့နဲ့နံနေတယ်....မခုတ်တတ်တဲ့ကြောင်လေးလိုမျိုးနဲ့ လက်သဲတွေဝှက်
ကာ ထားပီး ကွယ်ရာမှာ တွယ်ဖို့ရာလည်း ၀န်မလေးတတ်တဲ့  အမှန်တရားကိုမျက်ကွယ်ပြု ဘက်လိုက်မှုတွေများစွာနဲ့ စီရင်ချက်ကိုမျက်နှာ
လိုက်....မျက်နှာမွဲတွေက ကျောကော့အောင်ခံနေရ....သူလက်သပ်မွေးကာထားတဲ့ တပည့်ရင်းတွေကို နေရာပေး သူနဲ့မပြေတဲ့သူကို စိတ်
ကြိုက်နှိပ်ကွပ်   ကိုယ်လိုတဲ့ဖဲကို ကိုယ်တိုင်ချိုးအပေါက်မျိုးနဲ့ ကလိန်ဆင်ကာ သူရိုက်အုံးမယ်...နားလှည့်ပီး ပါးရိုက်တော်တဲ့နေရာမှာလည်း
နှစ်ယောက်မရှိ....မျိုးချစ်တဲ့နေရာမှာလည်း ဘယ်သူ့မှ လိုက်လို့မမှီ....သူ့ဘက်ကိုယ့်ဘက်( ၀န်ကြီးအမျိုး/မိန်းမအမျိုး)အကုန်ခန့်ကာထား
တယ်.....လ၀က အများ နာမည်ပေးကာထားတဲ့  မကွေးတိုင်း FC နဲ့ မြောင်းမြ FC   စံထားကာ နိုင်းယှဉ်မယ်ဆိုယင်တော့ ပြိုင်စံရှားတဲ့
ဝန်ကြီးရဲ့ လုပ်ရပ်   ဖြစ်ရပ်တွေက အကုန်မှားတယ်  ငါစွဲမပြုတ်....ငါတကောကောတဲ့    အတ္တနဲ့မာနတွေနဲ့ အပြစ်မရှိအပြစ်ရှာတယ် ယုန်သူ
ငယ်ခမျာ  နှာစေးနေပါတယ် ဆိုမှ စားဖို့ရယ်သူ ကြံရွယ်တယ်   စကောလောက်မှမနက်တဲ့ သူ့ရဲ့အကြံစည်   နင်မဟုတ်ယင်လည်း နင့်အဘပဲ
ရွှေကြိမ်နဲ့ဖော့ရိုက်မယ့်အစား ၀ါရင်းတုတ်နဲ့ အသေတွယ်မယ် ...ကျားကိုမှ ဥပုတ်စောင့်သက်သက်လွတ်စားခိုင်းမယ် ဖြစ်နိုင်ပါ့မလားလို့ ..
ငါးကြော်မကြိုက်....ကြောင်မိုက်ဖြစ်သွားမှာပေါ့   ခင်ရီဆိုတာ  နာမည်တလုံးနဲ့ လုပ်စားခဲ့တာ ကြာပါပကော   ဖျံတွေအလား လည်လွန်းလှတဲ့
ရဲတွေကိုမှ မလှန်နိုင်အောင် ချုပ်ကိုင်ခဲ့တဲ့ ငါလိုလူမျိုး လ၀က ထဲရောက်မှ နှပ်ပစ်ခံရတယ်ဆိုယင် ရာဇ၀င်ရိုင်းသွားမှာပေါ့  ခင်ရီကပဲ ဗိုလ်လုပ်
နိုင်မလား  လ၀က ကပဲ ပြန်လှန်နိုင်မလား တစ်ပွဲတလမ်းလောက် အားစမ်းချင်သေးတယ်  ယှဉ်လာယင် ဘက်မရွေးဘူး  အငယ်ဆုံး(ဒုလ၀ကမှူး)
နဲ့လည်း ယှဉ်ကိုက်ရဲတယ်   ငါလိုလူမျိုး ဇဗ္မူမှာ ရှိသေးလားလို့ စိန်ခေါ်သော်ငြား ကျွန်တော်မျိုးတို့ လ၀က များ အရှင်ဝန်ကြီးမင်းနှင့်ပြိုင်ကိုက်
ဖို့နေနေသာ မော့ကြည့်ဖို့တောင် မျက်တောင်မလှန်ဝံ့ပါ နာမည်ကြားယုံနဲ့တောင် အသည်းထဲမှာ စိမ့်အောင်ကြောက်လို့ ဝေးဝေးကပဲနေပီး
ရှောင်ရှားလို့သာ နေပါတော့မည်...ကျားသနားမှ နွားချမ်းသာရမယ့် ဘ၀မျိုးမို့လည်း  အရှင့်ရဲ့ ထားရာနေ....စေရာသွား...ခိုင်းတာကိုပဲလုပ်ပိး
ကျွေးတာလေးကိုပဲ စားကာ အသက်ဆက်နေရတဲ့ မိသားစုဘ၀လေးတွေများမို့  ၀န်မင်းကိုလည်းယှဉ်ပြိုင်ပီးလည်း ပြန်မကိုက်
ဝံ့ပါ  ပြိုင်လာသော်လည်း အရှူံးပေး နှလုံးအေးတဲ့ဆေးကို သာ သုံးစွဲပီး FACEBOOK မှာလည်း စာမရေး LIKE လည်းမလုပ်ပါပဲ
 အေးအေးဆေးဆေးပဲ နေပါတော့မည် အရှင်လ၀က ၀န်ကြီးမင်းဘုရား""
လို့ပဲပြောပီးတော့ ငိုချင်းသာ ချလိုက်ခြင်ပါတော့တယ်ဗျား.....

No comments:

Post a Comment