တပ်ထွက်ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၂၇)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
.....အခုအချိန်အထိ လ၀က ၀န်ထမ်းတွေအားလုံးရဲ့ ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ၀န်ကြီးနှစ်ပါးကတော့
ဒုဗိုလ်ချုပ်ကြီးမောင်လှနဲ့ ဗိုလ်ချုပ်စိန်ထွားပဲဖြစ်ပါတယ်....လ၀က ၀န်ကြီး ဦးစောထွန်းလက်ထက်မှာ လ၀ကတွေ အထိနာခဲ့ရသလို...နောက်ဖြစ်
လာတဲ့လ၀က ၀န်ကြီးဗိုလ်ချုပ်စောထွန်းလက်ထက်မှာလည်း လ၀က ဌာနကြီးဟာ တစ်ခါပျက်စီးခဲ့ရပါတယ်...သူဝန်ကြီးဖြစ်နေတဲ့အချိန်မှာ
ဘာအလုပ်မှကိုမှမလုပ်ပဲ ရုံးစစ်ဆိုချည်းပဲသွားနေတာ....ပြုတ်တာတောင် အလုပ်မလုပ်လို့ပြုတ်တဲ့ ၀န်ကြီးဆိုပီးနာမည်ကြီးပီး သူလဲပြုတ်ပီးရော
လ၀က ၀န်ကြီးအဖြစ် ဗိုလ်ချုပ်မောင်ဦးလက်ထဲကိုအပ်လိုက်ပြန်တော့မှ ပိုလို့ကိုဆိုးသွားပြန်ရော...လ၀ကမှာတာဝန်ထမ်းဆောင်နေခဲ့တဲ့
ဝန်ထမ်းတိုင်းနစက (မောင်တော)ကိုအလှည့်ကျတစ်နှစ်ဆီသွားရောက်တာဝန်ထမ်းဆောင်ရပါတယ်......
....သူ့လက်ထက်ကျမှ နှစ်နှစ်နီးပါးလောက်
ကြာခဲ့ရတယ်.....နစက ကပြန်ပီးတော့လည်း လစာလည်းမရ....အပြောင်းအရွှေ့လည်း ချမပေးပဲံ ၀န်ထမ်းတွေကို တစ်နှစ်လောက်ဒီအတိုင်းပဲ
ပစ်ထားခဲ့တယ်....တစ်ချို့လူတွေ ဆိုယင် နစက ကပြန်ပီး အလုပ်တောင်ပြုတ်သွားပီလို့တောင်ထင်နေကြတာ.ကျုပ်တို့မှာလာလာမေးတဲ့လူတွေကို
ပြန်ပြန်ရှင်းပြနေရတာ ဖတ်ဖတ်ကိုမောရော....တောကဦးကြီးတစ်ယောက်က ဒီလိုမျိုးလည်းရှင်းပြပီးရော....ခင်ဗျားတို့အလုပ်ပြုတ်နေကြတာကိုး
လို့ ပြန်ပြောသွားတော့ ကျုပ်မှာ ငိုရအခက်..ရယ်ရအခက်နဲ့.....တစ်ချို့ ၀န်ထမ်းကိုပဲမှီခိုနေရတဲ့
မိသားစုတွေ ဆိုယင်တော်တော်လေး ကို ကသီလင်တတွေ ဖြစ်သွားခဲ့ရတယ်.....ထင်မယ်ဆိုယင်လည်း ထင်စရာပဲလေ....တစ်လ လည်းရုံးမတက်
ရ.....နှစ်လလည်းရု့းမတက်ရ.....သုံးလေးလလည်းမဟုတ်ဆိုတော့.....ပတ်ဝန်းကျင်ကလည်း သံသယတွေနဲ့ပဲကြည့်ကြ...ဒါပေမဲ့သူ့လက်
ထက်မှာလည်း ကောင်းစားတဲ့သူတွေ ကောင်းစားသွားကြပါတယ်.....အလှည့်ကျလွှတ်နေခဲ့တဲ့ နကသ တွေကိုလည်း မချိန်းပဲနဲ့ဒီအတိုင်းထား
တော့ သူတို့တွေကတော့ ရွှေတွေပေါ့ဗျာ.အဲဒီအချိန်က မကဖ(၈)တာချီလိတ်တာဝန်ကျဝန်ထမ်းတွေဆိုယင်လည်း တစ်နှစ်ပဲတာဝန်ချထားတာ
လေ....သူ့လက်ထက်ကျမှ နစကလည်းမချိန်း....နကသလည်းမချိန်း....မကဖလည်းမချိန်းပဲဒီအတိုင်းထားတဲ့မူကိုလုပ်ထားလိုက်တော့ မကဖ
(၈)က၀န်ထမ်းတွေဆိုယင် (၃) နှစ်လောက်မချိန်းရပဲနဲ့ အဆင်တွေကိုပြေလို့...သူတို့ဆိုယင် ၀န်ကြီးဗိုလ်ချုပ်စောထွန်း ကိုကျေးဇူးတင်လွန်းလို့
ဆိုပီးတော့ နေ့တိုင်းကိုမေတ္တာပို့နေတော့တာလေ...ပီးတော့ဘာလုပ်သလဲဆိုယင် နစက ပြန်ပီးတဲ့ ၀န်ထမ်းကို သူ့ရဲ့မူလတာဝန်ထမ်းဆောင်
ခဲ့တဲ့ မူလရုံးကိုပြန်လွှတ်ဆိုပီးတော့ မူကိုချခဲ့တာလည်းသူပဲလေ..တစ်ချို့ဝန်ထမ်းတွေက အပြောင်းအရွှေ့တင်လို့လည်းမပေး...ဆိုးတဲ့နေရာ
တွေမှာကလည်းအနေကြာဆိုတော့ စိတ်ညစ်ပီးတော့ နစက ကိုလိုက်ရော..နစကပြန်ယင် ကိုယ်လိုချင်တဲ့နေရာကိုပြန်လျှောက်ခိုင်းတယ်ဆို
တော့လေ.....အပြန်လည်းကျရောဒီမူနဲ့တိုးတော့ ကိုယ်အယင်နေခဲ့တဲ့ နေရာတွေကိုပဲပြန်ရောက်တော့ စိတ်ညစ်ပီးအရက်တွေနင်းကန်သောက်
....မိသားစုတွေနဲ့လည်းခွဲခွာနေရတယ်ဆိုတော့ ကိုယ်ချင်းသာစာကြည့်ပေတော့....မူဆယ်...တာချီလိတ်...လားရှိုး...လိုမျိုးနေရာက နစကသွား
တဲ့သူတွေကျတော့ သူ့မြို့နယ်ရုံးကိုပြန်ရတာဟာငါးခြောက်ပုံပေါ်ပြန်ကျတယ်ဆိုတော့ပြသနာမရှိပေမယ့်..အရမ်းကိုဆိုးဝါးတဲ့မြို့နယ်ခွဲကလူတွေ
ကျတော့ ဘ၀ကိုပျက်သွားတော့တာပါပဲ..ဒါကြောင့်မို့ ၀န်ကြီးဗိုလ်ချုပ်စောထွန်းလက်ထက်မှာ ကောင်းစားသွားတဲ့ သူတွေ အရမ်းကောင်းစား
သွားခဲ့သလို ဘ၀ပျက်သွားခဲ့ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ..ဒါကြောင့်မို့ လ၀ကမှာ အစဉ်အဆက်ဝန်ကြီးလုပ်သွားခဲ့ ၀န်ကြီးတွေအတော်များ
များဟာ အရူးတွေလို့ပြောယင်လည်းမမှားဘူး....လုပ်ချင်ရာတွေကိုဇွတ်လုပ်...အမှားနဲ့အမှန်ကိုလည်းမသိ....အရည်အချင်းတွေကလည်းဘာမှ
မရှိ..ဘယ်လိုမျိုးအုပ်ချုပ်ရမယ်ဆိုတာကိုလည်း နားမလည်မှတော့ ၀န်ကြီးဌာနကြီးပျက်ပီပေါ့...ဒီလိုမျိုး မအုပ်ချုပ်တတ်.မလုပ်တတ်..
.မကိုင်တတ်ပဲနဲ့ဘယ်လိုလုပ်ပီး ဗိုလ်ချုပ်တွေဖြစ်ခဲ့ကြသလဲမသိဘူး....ကြည့်ရတာ တပ်ထဲမှာ ဒီလိုမျိုး ဗိုလ်ချုပ်တွေဘာတွေဖြစ်မှ ရူးနေမှန်း..သုံး
စားလို့မရမှန်းသိတော့မှ အရပ်ဘက်တွေကို ၀န်ကြီးသွားလု့ပ်တော့ ဆိုပီးမကောင်း..ကျောင်းပို့ဆိုသလို မကောင်းတဲ့အကောင်တွေ
အရပ်ဘက် ၀န်ကြီးဌာနကိုပို့ပီး ၀န်ကြီးလုပ်ခိုင်းမှတော့ ...သုံးစားလို့မရတဲ့...ရူးနေတဲ့သူတွေကို ၀န်ကြီးလုပ်ခိုင်းမှတော့ ၀န်ကြိးဌာနပျက်
ဆီးသွားရပီးပေါ့....၀န်ထမ်းတွေ ခမျာမှာလည်း အရူးမ ကိုလင်လုပ်ထားသလိုမျိုးနဲ့ တော်ကြာတစ်မျိုး....ခနနေတစ်မျိုးနဲ့ ဘာတွေကိုဘယ်လို
လုပ်ရမှန်းတောင် မသိဘူးဖြစ်နေရတာ.....၀န်ကြီးဦးစောထွန်းရယ်.....၀န်ကြီးဗိုလ်ချုပ်စောထွန်းရယ်.....၀န်ကြိးဗိုလ်ချုပ်မောင်ဦးရယ်ဆိုတဲ့ အရူး
ကြီး (၃)ယောက်အုပ်ချုပ်တာကိုခံလိုက်ရတော့မှပဲ လ၀က ၀န်ကြီးဌာနလည်း အဖတ်ကိုဆယ်မရလောက်အောင်ကိုပျက်ထွက်သွားတော့တာပဲ
.ဗိုလ်ချုပ်စောထွန်းပြုတ်သွားပိးတော့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးလက်ထဲရောက်သွား
တော့ပိုလို့ကိုဆိုးတော့တာပေါ့ဗျာ.....လ၀က အပေါ်မှာ ကိုနေမျိုး တို့ လုပ်စားချက်ကတော့....ကမ်းကုန်သွားတယ်ဗျာ.....အဲဒီမှာဌာနရဲ့
လူနပ်တွေက အကုန်ဝင်ပိးတော့ လှုပ်ရှားကြတာပေါ့ဗျာ.....သူတို့ရဲ့ ကြိမ်ချက်တွေက လည်း ပြင်းတယ်လေဗျာ.....လ၀က ၀န်ကြီးရုံးအဖွဲ့မှူးနဲ့
ညွှန်ချုပ်ကိုတောင် သူတို့စိတ်ထဲမှာလည်း ရှိတယ်လို့တောင် မထင်တော့ဘူး....မောင်ဦးမသိပဲ ရုံးစောင့်တစ်ယောက်ကိုတောင်ပြောင်းပေး
လို့မရတော့ပါဘူး...ဒီလိုမျိုးလည်းဖြစ်ရော...လ၀ကရဲ့ မဟာ့ မဟာ လူစွမ်းကောင်းကြီးတွေဖြစ်ကြတဲ့ လူနပ်ချမ်းသာတွေက ကိုယ့်မိဘအရင်း
ကိုလှည့်တောင်မကြည့်တော့ပဲ (ဒီအချိန်မှာ မိဘအရင်းက ဘာမှလည်းမလုပ်ပေးနိုင်တော့ဘူးလေ) ပထွေးဆီကို ပြေးသွားပီးတော့ သွားကပ်
ကြပြန်လေရော.....ကိုနေမျိုးတို့ရိုက်ချက်ပြင်းပုံကတော့ အပြောင်းအရွှေ့တွေနဲ့ ရာထူးတိုးတွေမှာ လုပ်စားသွားတာ သိန်းတောင်ထောင်ချီ
သွားလောက်တယ်....ဘယ်ရာထူးကနေ...ဘယ်ရာထူးကို ဘယ်လောက်ဆိုပိးတော့.....ရာထူးတိုးမယ့်သူတွေရဲ့ တန်းစီဇယားမှာ ဘယ်သူတွေ
ပါတယ်....ဘယ်သူတွေမပါဘူးဆိုတာကို လည်းအားလုံးက သိနေကြတယ်.....တန်းစီဇယားမှာ မပါတဲ့သူတွေကတော့ ငွေထုပ်ပိုက်ပီးတော့
နေပြည်တော်ကို တက်ပြေးကြတာပေါ့ဗျာ.....ရာထူးတိုးအမိန့််စာထွက်ပေးတာတောင် ဟ ထားပီးတော့ ကိုထွက်ပေးတာ...တစ်နေ့ကိုနည်း
နည်းချင်းနဲ့ ဆယ်ယောက်တစ်အုပ်စုထွက်ပေးခဲ့တာ.....လုပ်စားချက်တွေ...ရိုက်စားချက်တွေက ပြင်းတယ်ဗျာ....ကိုယ့်ရဲ့ ဂုဏ်သိက္ခာတွေ
အားလုံးကို ငွေနဲ့ အားလုံးအရောင်းအ၀ယ်လုပ်သွားးခဲ့တာ....လူကသာ ရှင်သန်နေပေမယ့် ဘ၀မှာရှိရမယ့် ဂုဏ်သိက္ခာတရားတွေကတော့
အကုန်လုံး သေဆုံးသွားခဲ့၇ပါပီ.....
No comments:
Post a Comment