တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၂၀ )
=================================================================
..ဦးစောထွန်းရဲ့ထင်ရာစိုင်းပီးတော့ လုပ်ချင်ရာလုပ်သွားခဲ့တဲ့ လုပ်ပေါက်တွေကိုပြောပြရမယ်ဆိုယင်တော့ ပီးနိုင်တော့မှာ မဟုတ်ဘူး....ဒဲီအရူးရဲ့လက်ချက်ကို ၀န်ထမ်းတွေ
နာလန် မထူနိုင်အောင်ကို ခံစားခဲ့ရတာပါ....ဖြုတ်...ထုတ်...သတ် စောထွန်း ဆိုပီးတော့လည်း နာမည်ကြီးပါတယ်....နှာဘူးလည်းထပါတယ်
တစ်ခါ သူ ထားဝယ်ကိုသွားတော့ လေဆိပ်မှာ ကျောင်းဆရာမ လေး သုံးယောက်က သူ့ကိုပန်းဆီးဆက်ပီးတော့ ကြိုဆိုပါတယ်...ဆရာမ
ချောချောလေး တစ်ယောက်ကို သမီး...ဘယ်မှာလုပ်သလဲ ဆိုတော့ ကျောင်းဆရာမ လုပ်ပါတယ် ပေါ့....ဒါနဲ့ သမီး....လ၀က ထဲဝင်မလား
ဆိုတော့ ဟိုကလည်း ၀မ်းသာအားရနဲ့ပေါ့ ....၀င်မှာပေါ့ လို့ပြန်ဖြေတယ်.....ဒါနဲ့ ၀န်ကြီးက ကျန်တဲ့ နှစ်ယောက်ကိုဆက်မေးတယ်..သမီး
တို့ရော ဘာလုပ်လဲ ဆိုတော့ သူတို့နှစ်ယောက်ကလည်း ၀မ်းသာအားရနဲ့ သူတို့ကိုလည်း လ၀ကထဲ ခန့်မယ် ထင်ပီးတော့ ကျောင်းဆရာ
မ လုပ်တယ် လို့လည်းဖြေရော.....၀န်ကြီး ကနေပီးတော့.....အေး...ကောင်းတယ် လို့လည်း ဆိုလိုက်တော့....အဲဒီနှစ်ယောက်လည်းဂွကျ
သွားလေရော....အဲဒါနဲ့ မပီးသေးဘူးဗျ.....၀န်ကြီးကနေပီးတော့ ငါ့မွေးစားသမီး ကို တစ်ပွင့်တန်းပေးလိုက်ဆိုပီး တော့ တစမ ကိုမှာပါလေ
ရော.....အဲဒီမှာ ၀န်ကြီးက ဘယ်မှာပဲအစည်းအဝေးလုပ်လုပ် သူ့ကိုယ်သူဂုဏ်ဖော်တဲ့ စကားတွေချည်းသာပြောတာဗျာ.....ကျန်းမာရေးမှာသူ
ဘယ်လောက်ဖြုတ်ခဲ့တဲ့အကြောင်း....သူ့သားသမီးတွေအကြောင်း...ဒါတွေံကိုပဲပြောနေတာပေါ့ဗျာ....အဲဒီမှာ ဘာပြသနာတက်သလဲဆိုယင်
လ၀ကထဲကို မဟာဘွဲ့ရလာပိး ၀င်လာတဲ့ ခယက ဥက္ကဌရဲ့သမီးကတော့ လ/ထလ၀ကမှူးပဲရပီးတော့ ကျောင်းမပီးသေးတဲ့ ဆရာမလေးကို
တော့ တပွင့်ပေးရမလား ဆိုပီးတော့ တစမ ကိုပြသာနာရှာလို့လေ....အဲဒီကိစ္စ ကိုတစမ က မနည်းရှင်းလိုက်ရတယ်....ပီးတော့ သူ့လက်ထဲ
မှာ လုပ်ထုံးလုပ်နည်းနဲ့အညီထုတ်ပေးရမယ့် ဧည့်ပြုကတ်တွေကိုလည်းမ ထုတ်ပေးပဲထားခဲ့လို့ နောက်ဝန်ကြီးလက်ထက်မှာ ဒီပြသနာတွေ
ကိုလည်း မနည်းရှင်းလိုက်ရပါတယ်.ဦးစောထွန်းလက်ထက်ထဲ အပြောင်းအရွှေ့တွေအားလုံးကိုချုပ်ကိုင်ထားတာကတော့ ကျန်းမာရေးကနေ
ခေါ်လာပီးတော့ ဒုညွှန်ချုပ်ရာထူးပေးထားတဲ့ ဗိုလ်မှူးဇော်ထွန်းပါ....ညွှန်ချုပ်ရှိပေမဲ့လည်း ဘာမှလုပ်ပိုင်ခွင့်တွေမရှိပါဘူး...ပြောင်းရွှေ့ချင်တယ်
ဆိုယင် ဒုချုပ်ဆီကိုဝင်ရပါတယ်...ကျုပ်တောင်တစ်ခါ အပြောင်းအရွှေ့ကိစ္စအတွက်သူ့ဆီသွားဖူးသေးတယ်..ငါတို့က မူနဲ့လုပ်တာကွ..နှစ်နှစ်
ပြည့်မှပြောင်းပေးတာ ဆိုလို့ပြောတော့ ကျုပ်မှာ မနည်းအောင့်အီးသိးခံပီးတော့ ပြန်ထွက်လာရတာ...ကျုပ်မျက်စိရှေ့မှာတင်..နှစ်ချီမပြောနဲ့
မကဖကနေ တခြားနေရာကိုပြောင်းရတော့ ၆ လတောင်မပြည့်သေးဘူး..နောက်ထပ်မကဖ တစ်ခုကိုပြန်ပီးတော့ပြောင်းပေးတဲ့ အော်ဒါကို
ကျုပ်တွေ့ထားပီးသားလေ....ဒါကြောင့်ပြောတာ လူကိုခင်ယင်မူကိုပြင်တယ်...လူကိုမုန်းယင်မူကိုသုံးတယ်လို့ပြောတာ...ဦးစောထွန်းပြုတ်သွား
ပိးတော့ နောက်ရောက်လာတဲ့ ဗိုလ်ချုပ် စိန်ထွားလက်ထက်မှာ သူကိုယ်တိုင်..သူ့ပါးစပ်ကနေပီးတော့ စောထွန်းအရူးဆိုပီး ထုတ်
ပြောခဲ့ပါတယ်.....ဒီဝန်ကြိးရူး လုပ်သွားခဲ့တာတွေကို မနည်းလိုက်ရှင်းနေရတယ် ဆိုပီး...အစည်းအဝေးမှာကိုပြောသွားခဲ့ပါတယ်...လ၀ကတွေ
အများကြီးကိုလည်းဖြုတ်ပစ်ခဲ့တာ မနည်းပါဘူး....နောက်ဆုံး....တစ်ယောက်လုပ်....တစ်ရုံးလုံးဖြုတ် ဆိုတဲ့ မူကိုလည်း သူ့လက်ထက်ကျမှ
ထွင်ခဲ့တာပါ..အဲဒီတုန်းက လ၀က၀န်ထမ်း ၈၀၀ ကျော်လောက်ရှိမယ်ထင်ပါတယ်...ဖြုတ်..ထုတ်..သတ်လုပ်သွားခဲ့တာလေ..ဒါကြောင့်
မို့ သူ့ကို ဖြုတ်..ထုတ်..သတ်စောထွန်းလို့ ခေါ်ခဲ့တာပါ...သူ့ကို နောက်ကွယ်မှာ မောင်စောထွန်းလို့ ခေါ်လို့ဆိုပီးတော့ အပြစ်ပေးခံခဲ့ရတဲ့
ဝန်ထမ်းလည်း ရှိခဲ့ပါတယ်......သူ့လက်ထက်မှာ ဗိုလ်ကြီးတင်မောင်လွင် ဆိုတဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ရှိပါတယ်.....တပ်ကပြောင်းလာပေမယ့်..
သဘောထားကလည်းအရမ်းကိုပြည့်ဝပါတယ်.....တော်လည်း အရမ်းကိုပဲတော်ပါတယ်.....လုပ်ရည်ကိုင်ရည်လည်း အရမ်းကိုကောင်းပါတယ်..
အောက်လက်ငယ်သားတွေအပေါ်မှာလည်း အရမ်းကိုမှ ညှာတာပါတယ်....၀န်ထမ်းတွေအားလုံးက ဆိုယင် သူ့ကို အရမ်းလည်းလေးစား....အရမ်း
လည်း ချစ်ကြပါတယ်.....၀န်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို အရမ်းလည်း လုပ်ပေးပါတယ်....ဒီလိုမျိုးသူ့ရဲ့ ကောင်းသတင်းတွေ...တော်
တဲ့ သတင်းတွေကို ၀န်ကြီးဦးစောထွန်းကြားတော့ သူက လုံးဝ မနာလိုဘူးလေ......ဒါနဲ့အဲဒီညွှန်မှူးကို ဦးစောထွန်းက အလုပ်ကဖြုတ်လိုက်ပါ
တယ်....ပီးတော့ အစည်းအဝေးမှာ ဦးစောထွန်းက ပေါ်တင်ပြောပါတယ်.....မင်းတို့အားလုံးက တော်တယ်...ကောင်းတယ်....ပြည့်ဝတယ်လို့
ပြောတဲ့ အဲဒီညွှန်မှူး ကိုငါအလုပ်ဖြုတ်ပစ်လိုက်တယ်.....မင်းတို့ဘာလုပ်ချင်လို့လဲ ဆိုပီးအားလုံးကိုလည်း စိန်ခေါ်ခဲ့ပါတယ်....သူပြုတ်သွား
ပီးတော့ သူဲ့ရဲ့မွေးစားသမီးအပါအ၀င်သူ့ လူ အယောက် ၂၀ ကျော်ပါ အဖြုတ်ခံလိုက်ရပါတယ်....နောက်ဝန်ကြီးလက်ထက်မှာ သူဖြုတ်သွားခဲ့တဲ့ တစ်ချို့ဝန်ထမ်းတွေ
ကိုပြန်လည်ခေါ်ယူပီးတော့ ပြန်ခန့်ထားပေးခဲ့ပါတယ်..ဒီနေရာမှာကျုပ် ဦးစီးအရာရှိတစ်ယောက်ကိုသွားတွေ့ဖူးတယ်ဗျာ....နာမည်နဲ့လိုက်
အောင်ကို ကံကောင်းတာဗျ....ဦးစောထွန်းလက်ထက်မှာအဖြုတ်ခံရပီးတော့ နောက်ဝန်ကြီးလက်ထက်မှာပြန်ခန့်ပေးခဲ့တာ...နာမည်ကလည်း
ဦးကံကောင်းတဲ့...ကံကောင်းစွာနဲ့ပဲ ဦးစီးအရာရှိရာထူးကိုပြန်ရခဲ့တာပါ...ဦးစောထွန်းအတွက် သူ့စေတနာကသူ့ကိုအကျိုးပေးသွားပါတယ်..
အဖြုတ်ခံရပီးတော့ သိပ်မကြာပါဘူးကွယ်လွန်သွားခဲ့ရှာပါတယ်..အဲဒီတုန်းက ၀န်ထမ်းတွေအားလုံးက ဦးစောထွန်းကိုဘယ်လောက်တောင်
စိတ်နာနေသလဲ ဆိုယင် သူပြုတ်သွားပီဆိုတာကိုကြားတာနဲ့ အားလုံးထကကြပါတယ်...၀မ်းသာလွန်းလို့...ပျော်လွန်းလို့ ဆိုပီးတော့လေ...ကျန်
မာရေး ၀န်ကြီးဌာနက သူနာပြုတွေ ဆိုယင် ငိုတောင်ငိုကြတယ်...ဘာဖြစ်လို့ငိုတာလဲ...ခင်ဗျားတို့နဲ့ဘာဆိုင်လို့ငိုရတာလဲဆိုတော့...တကယ်
လို့မပြုတ်ပဲ ဆက်ရှိနေမယ်ဆိုယင် ကျန်းမာရေး-၀န်ကြီးဌာနကိုပြန်မရောက်လာဘူးလို့မပြောနိုင်ဘူးလေ...အခုပြုတ်သွားပီဆိုတော့ ၀မ်းသာ
လွန်းလို့ ဆိုပီး ငိုနေတာကိုယ်တွေ့ဗျာ.....လ၀က ၀န်ကြိး ဦးစောထွန်းပြုတ်သွားတာကို ကျန်းမာရေးဝန်ကြီးဌာနက ၀န်ထမ်းတွေကအစပျော်လွန်း
လို့ဆိုပီးငိုကြတာ...ကျုပ်တောင် အဲဒိတုန်းကပျော်လွန်းလို့ဆိုပီး ရုံးမှာ ဇာတ်ပွဲဌားပီးပွဲခံမလို့ဟာ ပွဲဌားတာ မရလိုက်ဘူးဖြစ်သွားလို့...
...သမိုင်းမှာလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပီးနာမည်ပျက်ခဲ့တာပဲအဖတ်တင်
ခဲ့ပါတယ်..အရူးဆိုပီးတော့....နောက် ၀န်ကြီးကနေပီး ညွှန်မှူး ဗိုလ်ကြီး တင်မောင်လွင် ကိုပြန်ခေါ်ခဲ့ပေမယ့်သူက
ပြန်မလုပ်တော့ပါဘူး....တစ်ချိန်က လ၀က ဌာနကြီးအတွက် စိတ်ကောင်း....စေတနာကောင်းတွေများစွာနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ ညွှန်မှူး
ဗိုလ်ကြီး တင်မောင်လွင်ကိုလည်း ဒီနေရာကနေပီးတော့ လ၀က အားလုံးတွေရဲ့ ကိုယ်စား ဦးညွှတ်အလေးပြုလိုက်ပါတယ်.....အခုလည်းဦးစော
ထွန်းကိုဥပမာပေးပီးတော့ အခုဒီဝန်ကြီးလက်ထက်မှာ မတရားအပြစ်ပေးခံခဲ့ရတယ်...ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဘူး....တရားမျတမှု မရှိဘူး
ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အပြစ်ဒဏ်ပေးခြင်းခံထားရတဲ့ ၀န်ထမ်းလေးများ(အထူးးသဖြင့် ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်းများ)ဟာ
ကိုယ့်ရဲ့သက်သေခံ အထောက်အထားများ...ဖြစ်စဉ်မှတ်တမ်းမှတ်ရာ များ...အပြစ်ပေးခြင်းခံထားရတဲ့ ရုံးတွင်းအမိန့်စာများကိုလက်ဝယ်
သေသေခြာခြာ သိမ်းဆည်းထားပီးတော့ နောက်ဝန်ကြီးလက်ထက်ကျယင် ပြန်လည်တင်ပြအသနားခံပီးတော့ အယင်ဝန်ကြီးလုပ်ထားခဲ့..
မှားထားခဲ့တာတွေကိုပြန်ပီးပြန်လည်ပြင်ဆင်လို့ရပါတယ်....မတရား ရာထူးအချခံရတာတို့....ရာထူးတိုးရပ်ဆိုင်းခံရတာတို့...ကိုပြန်လည်
လျှောက်ထားလို့၇ပါတယ်....ဒါမှာ နောက်ဝန်ကြီးကလည်း ဒီလိုမျိုးကိစ္စတွေ ရှိခဲ့ပါလား...အယင်ဝန်ကြီးဘာတွေလုပ်သွားခဲ့တာပဲဆိုပီးတော့
သိရှိနားလည်ပီးတော့ ပျောက်ဆုံးသွားခဲ့ရတဲ့...ပျောက်ကွယ်နေခဲ့ရတဲ့....ဖုံးအုပ်ထားခြင်းခံနေရတဲ့...အမှန်တရားတွေလည်းပြန်လည်
ထွက်ပေါ်လာမှာဖြစ်ပီးတော့ မိမိရဲ့ကျဆုံးသွားခဲ့ရတဲ့ မိမိရဲ့ ဂုဏ်သိက္ခာ တရား ကို မိမိကိုယ်တိုင်ပြန်လည်ရရှိအောင်ပြန်လည်ဆည်ယူရမှာဖြစ်ပါတယ်....
ဂုဏ်သိက္ခာ....အတွက် အသက် ဆိုတာလည်းရှိပါတယ်....ဂုဏ်သိက္ခာ အတွက် အသက်ကိုပဲလှဲရ...လှဲရ ဆိုတဲ့သဘောပါ....ဘယ်တော့မှ
စိတ်ဆင်းရဲပီးတော့ စိတ်ဒဏ်ရာရပီးတော့ အနာခံနေစရာမလိုပါဘူး....လောကကြီးမှာ အမှန်တရားဆိုတာကြာရှည် ဖုံးကွယ်ထားလို့မရပါဘူး...ပတ္တမြား
မှန်ယင် နွံမနစ်ပါဘူး....ဒီကနေ့ ဒီနေရာမှာ ဒီဝန်ကြီး မဟုတ်တာလုပ်သွားခဲ့တယ်....နောင်တစ်ချိန်....ဒီနေရာ...နောက်ဝန်ကြီးလက်ထက်မှာ
အမှန်တရားဆိုတာပေါ်ထွက်လာမှာပါ....အားလုံးဟာ ကိုယ့်သမိုင်း..ကိုယ်ရေးနေကြတယ်ဆိုတာကို အမြဲတမ်းမှတ်ယူထားဖို့တော့လိုပါတယ်..
No comments:
Post a Comment