တပ်ထွက် ကြောင်ခံတွုင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က ...အပိုင်း(၃၈)
===========================================
စစ်အစိုးရအသွင်ပြောင်းဖြစ်တဲ့ အရပ်သားအစိုးရလက်လက်ထက်မှာ ပထမ ဆုံး လ၀က ၀န်ကြီးဖြစ်လာခဲ့တဲ့သူကတော့ ရဲချုပ် ဘ၀ကနေ
လ၀က ၀န်ကြီးအဖြစ် ဦးခင်ရီ ကို နိုင်ငံတော် သမ္မတက ရွေးချယ် ခန့်ထားပေးခဲ့ပါတယ်....အယင် ဆိုရှယ်လစ်ခေတ်တုန်းက လ၀က ဟာ ဦးစီး
ဌာနတစ်ခုအဖြစ်ပဲ တည်ရှိနေပီးတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံဖြစ်ခဲ့ပါတယ်.....၁၉၈၈ ခုနှစ် စစ်တပ်ကနေ အာဏာသိမ်းပီး
တဲ့ နောက်ပိုင်းမှာ ၁၉၉၆ ခုနှစ်မှာ လ၀က ၀န်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပီးတော့ ဒုတိယဗိုလ်ချုပ်ကြီးမောင်လှ ကို ၀န်ကြီးအဖြစ်
တာ ၀န်ထမ်းဆောင်စေခိုင်းခဲ့ပါတယ်......အယင် ဆိုရှယ်လစ်ခေတ်တုန်းက ပြည်ထဲရေးလက်အောက်ခံဖြစ်ခဲ့တဲ့ လ၀က ဦးစီးဌာနမှာ ဆိုယင်
လည်း အဲဒီအချိန်က စစ်တပ်ကနေပီးတော့ ပြောင်းလာတဲ့သူဆိုလို့ရှိယင် နည်းနည်းပါးပါးလေးပဲ ရှိပါသေးတယ်....အဲဒီအချိန်တုန်းက ဌာန
အတွင်းမှာ ရာထူးတိုးတို့...အပြောင်းအရွှေ့တို့မှာ လုပ်စားတယ် ဆိုတာ သိပ်မရှိပါဘူး....အားလုံးကို ၉၀ ရာခိုင်နုန်းလောက် မှန်မှန်ကန်ကန်
ဆာင်၇ွက်နိုင်ခဲ့တယ် လို့ ပြောယင် ရနိုင်ပါတယ်.....အဲဒီစစ်အစိုးရလက်ထက် ၀န်ကြီးဌာနဖွဲ့စည်းတည်ထောင်ပီးတဲ့ အချိန်ကျမှ စစ်တပ်ကနေ
ပီးတော့ အရပ်ဘက်ကိုပြောင်းရွှေ့လာခဲ့တဲ့ မိုးကျရွှေကိုယ်တော်တွေ များစွာ ၀င်ရောက်လာခဲ့ပီးတဲ့နောက်ပိုင်း နေရာတကာ
မှာ အထက်ပိုင်းဖြစ်တဲ့လူကြီးတွေ အတော်များများကလုပ်စားလာကြပါတယ်....ဂွင်တွေ အမျိုးမျိုး ဖန်တီးပိးတော့ လုပ်စားလာခဲ့ကြပါတယ်..
အစကတော့ မသိမသာလေးနဲ့ တဖြည်းဖြည်း လေးစလာခဲ့ပေမယ့် နောက်ပိုင်းကျတော့ ပေါ်တင်လုပ်စားလာခဲ့ကြပါတယ်....ဆန်ပေးမှပဲ
ဆီရမယ် ဆိုတဲ့ပုံစံလိုမျိုးကိုဖြစ်လာခဲ့ကြပါတယ်....ဒီလိုမျိုး တဖြည်းဖြည်းကနေပီးတော့ နောက်ဆုံးပေါ်တင်ဖြစ်လာခဲ့ကြတာ ဗိုလ်ချုပ်မောင်ဦး
လက်ထက်မှာကျတော့ အဆုံးဝါးဆုံးအခြေနေတွေကို ကြုံတွေ့လာခဲ့ရတော့တယ်.....နေရာတကာမှာ ပေးနိုင်...ကျွေးနိုင်...မွေးနိုင်...၀င်နိုင်..
ထွက်နိုင်တဲ့သူတွေကပဲ အရာရာတိုင်းကို ခြယ်လှယ်ချုပ်ကိုင်နိုင်ခဲ့တာတွေကို တွေ့ရှိလာရပါတယ်.....ကိုယ့်ရဲ့ ဂုဏ်သိက္ခာ....ကိုယ်ကျင့်တရား
ကိုယ့်ရဲ့တန်ဖိုး....ကိုယ့်ရဲ့ ရာထူး တွေကိုမှ မထောက်မထား...အားမနာနိုင်တော့ပဲ ငွေနောက်ကိုပဲ အပြိုင်းအရိုင်းလိုက်ပီးတော့ လုပ်ချင်သလို
တွေလုပ်နေကြ....ဖြစ်နေကြ.....နာမည်သေသွားယင် သေသွားပါစေ...ငွေရယင်ပီးရော ဆိုပီးတော့ ဂုဏ်သိက္ခာနဲ့ငွေ တွေကို လဲလှယ်ခဲ့တဲ့
သူတွေလည်း အများကြီးရှိခဲ့ကြပါတယ်......ပြည်နယ်/တိုင်းဦးစီးမှူးတွေကလည်း သူ့ဂွင်တွေနဲ့ သူ့ဂွင်အလျောက်.....၀န်ကြီးဌာနကတာဝန်ရှိ
သူတွေလည်း သူ့ဂွင်တွေနဲ့ သူ့ဂွင်ကိုဖန်တီးပီးတော့ ဟုတ်နေကြတာ....ဒီလိုအချိန်မျိုးမှာ ဒီလိုမျိုးဖြစ်တွေကို မခံစားနိုင်တဲ့ မျက်နှာမွဲဝန်ထမ်းတွေ
ုအားလုံးက အပြောင်းအလဲတစ်ခုကို စောင့်မျှော်နေခဲ့ကြပါတယ်.....ဒီလိုအချိန်မျိုးမှ ဦးခင်ရီကနေပီးတော့ ၀န်ကြီးအဖြစ်နဲ့စတင်ရောက်ရှိလာ
ခဲ့တာပါ.....၀န်ကြီးဌာန အတွင်းကို စတင်ရောက်ရှိလာခဲ့တဲ့ အချိန်မှာ ဦးခင်ရီဟာ ပြုပြင်ပြောင်းလဲရေးကိုစတင်လုပ်ကိုင်လာခဲ့တာကိုတွေ့ရှိ
ခဲ့ရပါတယ်.....ယူနီဖောင်းကာလာကအစ အရောင်အသွေးတပြေးညီ ဖြစ်စေရေးအျတွက် သတ်မှတ်ပေးခဲ့ပါတယ်.....သူ့လက်ထက်မှာ ၀န်
ထမ်းတွေရဲ့ ရင်ဘတ်မှာတပ်ဆင်ဖို့အတွက် ရွှေတံခါးမှူး တံဆိပ်တွေကို စတင်ပြုလုပ်ပေးခဲ့ပါတယ်.....ရွှေတံခါးမှူးတံဆိပ်တွေပါတဲ့ ခါးပတ်
ခေါင်း....၀န်ထမ်းကတ်ထည့်တဲ့အိတ်တွေ......နာမည်တံဆိပ်ကြေးပြားတွေကို ပြုလုပ်ပေးခဲ့ပါတယ်.....ဒိလိုမျိုးလုပ်ပေးတဲ့ ဟာတွေအားလုံးကို
မသိသေးတဲ့အပြင်လူတွေက ၀န်ထမ်းတွေအားလုံးကို အလကားလုပ်ပေးခဲ့တယ် လို့ ထင်နေပါလိမ့်မယ်.....ဟုတ်ကဲ့...လ၀က ဌာနထဲမှာ
ဘာတစ်ခုမှ အလကားမရပါဘူး...အားလုံးကို ပိုက်ဆံပေးပီးတော့ ၀ယ်ရတာပါ....အပြင်မှာ ကိုယ့်ဟာကိုယ် လုပ်ယင်တောင်မှ ဒီလောက်မကျ
မယ့်ဟာတွေကို ဈေးကြီးပေးပီးတော့ ၀န်ကြီးဌာနမှာ ၀ယ်ယူရတာပါ.....တစ်နိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းအင်အား တစ်သောင်းလောက်ပဲထားပါ
အုံး.....ဒီဟာတွေပြုလုပ်ရောင်းချတဲ့ စီးပွာရေးသမားလုပ်ငန်းရှင်တွေဆီက ကော်မရှင်ခ ဘယ်လောက်တောင်ရလိုက်မလဲ ဆိုတာကိုတွေးသာ
ကြည့်တော့ဗျ.....ဒါကြောင့်မို့ အပေါ်လူကြီးတွေကလည်း အောက် ၀န်ထမ်းတွေဆီက ရသလောက်ကို ခွာနေတော့တာပဲ....၀န်ထမ်းတွေရဲ့
အကျိုးကို မကြည့်တော့ပဲ မိမိကိုယ်ကျိုးတွေကိုပဲ ကြည့်နေတော့တာပဲ.....ဒီလိုမျိုး တချိန်တည်းမှာပဲ အပြောင်းအရွှေ့ကိစ္စတွေမှာလည်း
တပြိုင်တည်း လုပ်စားခဲ့တာပဲ.....သူနဲ့အတူတူရဲကနေပီးတော့ပြောင်းလဲလိုက်ပါလာတဲ့ အရာရှိကြီးတွေက အဆိုးဆုံးပါ....ဒီလိုမျိုးလုပ်စားနေ
တဲ့ ကိစ္စတွေကို ၀န်ကြီးကပဲ မသိတာလား.....မသိချင်ယောင်ဆောင်နေတာလား ဆိုတာကတော့ သူကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ....စစ်အစိုး
ရလက်ထက်မှာလည်း ဒီလိုမျိုး ဒဏ်ရာဒဏ်ချက်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ခံလာရပီးမှ ဒီမိုကရေစီအစိုးရလို့ပြောတဲ့ အရပ်သားအစိုးရ
လက်ထက်မှာလည်း ဒီလိုမျိုး ဆက်ဖြစ်နေတော့ ၀န်ထမ်းတွေ အားလုံးက ပေါက်ကွဲချင်နေကြပီလေ...ဒီလိုမျိုး ကိစ္စတွေကို ဖောက်ခွဲပြလိုက်တာ
က ဒုလ၀ကမှူးကျော်သက်ဟန်ဆိုတဲ့ တစ်ယောက် က CARETAKER ဆိုတဲ့နာမည်နဲ့ FACEBOOK ပေါ်မှာ ပေါက်ကွဲပီး တော့ စတင်ေ၇းသား
လာခဲ့ပါတယ်....ဒီလိုမျိုးရေးသားမှုအပေါ်မှာ ၀န်ကြီးက မရရအောင် ဖော်ထုတ်ပီးတော့ သူနဲ့ like လုပ်ခဲ့တဲ့အပေါင်းပါတစ်စု ကိုအပြစ်ဒဏ်
ချမှတ်ခဲ့ပါတယ်....ဒီလိုမျိုးအရေးယူမှုတွေဟာ အင်တာနက် ၀က်ဆိုဒ်စာမျက်နှာအသီးသီးမှာ ဖော်ပြပါရှိလာခဲ့တာဟာ အင်တာနက်မှာအရေး
ခံရမှာကိုကြောက်တဲ့ ဦးခင်ရီအတွက် အူနု ကို ကျွဲခတ်ခံရသလိုမျိုးခံစားရရှိစေခဲ့ပါတယ်..
ဝန်ကြီးဌာနအတွင်းမှာလည်း ဒုဝန်ကြီး..ုအပါဝင်ညွှန်
ချုပ်တွေအားလုံးဟာုဘာတစ်ခုမှလုပ်ပိုင်ခွင့်မရှိပဲ အရာရာအားလုံးကို ၀န်ကြီးကပဲချုပ်ကိုင်ထားပါတယ်....၀န်ကြီးမသိပဲ ရုံးအကူ....ရုံးစောင့်
တစ်ဦးကိုတောင်ပြောင်းပေးလို့မရပါဘူး....ရုံးစောင့်အဆင့်လေးတောင် ၀န်ကြီးစားပွဲပေါ်ကိုတင်ရတာပါ...ဒီလိုမျိုး အရာရာအားလုံးကိုဝန်ကြိး
က ချုပ်ကိုင်ထားတော့ အပြောင်းအရွှေ့ကိစ္စတွေမှုာ ၀န်ထမ်းတွေဟာ အခက်အခဲများစွာနဲ့ကို ကြုံဆုံရင်ဆိုင်တွေ့ဆုံခဲ့၇ပါတယ်....၀န်ကြီး
ကလည်း အချိန်တိုင်းအမြဲတမ်းခရီးထွက်နေရတော့ သူ့စားပွဲပေါ်တင်ထားတဲ့ အပြောင်းအရွှေ့တွေဟာ သုံးလ....လေးလလောက်ကြာမြင့်ပါ
တယ်....၀န်ကြီးမအားသေးလို့...အလုပ်တွေများနေလို့ဆိုပီးတော့ အကြောင်းပြချက်တွေနဲ့ ထွက်မလာတာကများပါတယ်..အယင်တုန်းက
ဆိုယင် လ၀ကမှူးအောက်ဆိုယင် ညွှန်ချုပ်ဆီက ခွင့်ပြုလိုက်ယင်ပီးသွားပါပီ....ဦးစီးအရာရှိနှင့်အထက်မှ ၀န်ကြီးဆီကိုတင်ပြရတာပါ...ဒီမူတွေ
အားလုံးကိုသူ့လက်ထက်ရောက်မှပဲ အားလုံးချုပ်ကိုင် မောင်ပိုင်စီးထားလိုက်တော့ ကျန်တဲ့ ဒုဝန်ကြီး..ညွှန်ချုပ်တို့ဟာ ဘာတစ်ခုမှလုပ်ပိုင်ခွင့်
တွေ မရှိတော့ပဲ သူကြိုးဆွဲရာ ကနေရတော့တဲ့ အရုပ်တွေပဲဖြစ်သွားတော့တာပေါ့....
No comments:
Post a Comment