Monday, 23 June 2014

လ၀က အပိုင်း(၄၃)

တပ်ထွက်ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း (၄၃)
=====================================
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(က)နှင့်အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေ ညာ စာတမ်း ပါ အပုဒ် ၁၉ အား ဖောက်ဖျက်ကျူးလွန်ခဲ့
သည့် လ၀က ၀န်ကြီး ဦးခင်ရီ

=============
မနေ့က ကျုပ် စာရေးနေယင်းနဲ့ အင်တာနက်ပေါ်မှာတက်နေခဲ့တဲ့ ဟော့ဖြစ်နေခဲ့တဲ့ သတင်းလေးတွေကို ဖတ်ရှူမိခဲ့ပါတယ်....ကျုပ်အဲဒီ
မှာ သတင်းလေး နှစ်ခုကို အထူးသတိပြုမိလိုက်ပါတယ်.....သတင်းလေး တစ်ခု ကမလ ၁၈ ရက်နေ့ မန္တလေးတိုင်း ဒေသကြီး အောင်ပင်လယ်
ကွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောစဉ် တပ်မတော်သားတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့နဲ့
ပြောဆို မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ ဘောင်ကို ကျော်လွန်ရာ ရောက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး မေလ ၂၂ ရက်နေ့ နေ့စွဲနဲ့ အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ် ဆိုတဲ့
သတင်းလေးတစ်ခုရယ်...နောက်တစ်ခုက လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ပြည်ထောင်စု
မြန်မာနိုင်ငံသူ/သား များဧ။် အခြေခံ အခွင့်အရေးတစ်ခုဖြစ်သည့် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့်အား ပြောင်ပြောင် တင်းတင်းချိုးဖောက်သည့်အနေဖြင့် ၂၆.၅. ၂၀၁၄ ရက်နေ့ 
ရုံး အမှတ် (၁၅) လယ်/ဆည်နေပြည်တော်တွင် အရေးပေါ် အစည်း
အဝေး တရပ်ခေါ်ယူကျင်းပခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနပေါင်းစုံ အရာရှိများအား အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း တို့ မှ ၂၇.၅.၂၀၁၄ တွင် ကျင်းပမည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ
ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးးလက်မှတ်ရေးထိုးပွဲတွင်၊ ၀င်ရောက် လက်မှတ် ရေးထိုးခြင်းမပြုရန် တားမြစ်ခဲ့ကြောင်း ဆိုတဲ့သတင်းလေးတို့ပဲ
ဖြစ်ပါတယ်...... ရွေးကောက်ပွဲကော်မရှင် ကနေပီးတော့ဒေါ်အောင်ဆန်းစုကြည်ထံ ဒီလိုမျိုး သတိပေးတဲ့စာပေးပို့တဲ့ ဆိုလိုရင်းကိုကြည့်မယ်
ဆိုယင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက် ကျူးလွန်နေခဲ့တယ် ဆိုတဲ့ ဆိုလိုရင်းဖြစ်ပါတယ်....
...ပေးပို့တဲ့စာကို အကျဉ်းချုံးလိုက်မယ်ဆိုယင် အဓိက ဆိုလိုရင်းကတော့..ဒေါ်အောင်ဆန်းစုကြည်ဟာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်နှုင့်အညီ လွှတ်တော်ဥက္ကဌ၏ရှေ့
မှောက်တွင် ....ဖွဲ့စည်းပုံအခြေခံဥပဒေ ဖယား(၄) အတိုင်း ကတိသစ္စာပြုထားသူတစ်ဦးလည်း်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
လိုက်နာဆောင်ရွက်ဖို့ဆိုပိးတော့ သတိပေးအကြောင်းကြားတဲ့ စာလည်းဖြစ်ပါတယ်.....ဒီဖြစ်စဉ်လေးနှစ်ခုကို သွားတွေ့မိတော့မှ ကျုပ်
ဗမာ စကားပုံလေး တစ်ခုကိုသွားသတိရလိုက်တယ်....ဒါကဘာလဲဆိုတော့ သူခိုးက လူဟစ်တယ်ဆိုတာလေ....ဒိဖွဲ့စည်းပုံကြီးအကြောင်းက
လည်း လူတိုင်းသိပီးသားဆိုတော့ ထပ်မပြောတော့ပါဘူး....ဒိကော်မရှင်နဲ့အစိုးရက ဘာနဲ့တူသလဲဆိုယင် ကိုယ့်မျက်ချေးကျတော့ ကိုယ်
မမြင်ဘူး...သူများမျက်ချေးကျတော့ လိုက်မြင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်...သူတို့လုပ်နေတဲ့အပေါက်က ဘာလဲဆိုတော့ ငါတို့ကတော့လုပ်ချင်
သလိုလုပ်မယ်....ကျန်တဲ့သူများလိုက်မလုပ်နဲ့ဆိုတဲ့ ပုံစံမျိုးကိုဖြစ်နေတာ....ဒိဖွဲ့စည်းပုံ အခြေခံဥပဒေ ကို တခြားဘယ်သူမှ မချိုးဖောက်ခင်
ကတည်းက သူတို့အစိုးရမင်းရဲ့ ၀န်ကြီးတွေ ကိုယ်တိုင်ပဲ ချိုးဖောက်နေကြတာ.....အဲဒီဝန်ကြီးမင်းများကိုယ်တိုင် ပြည်သူ့လွှတ်တော်ဥက္ကဌရှေ့
မှောက်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို ထိန်းသိမ်းစောင့်ရှောက်ပါ့မယ်....လိုက်နာပါ့မယ် လို့ ကျမ်းကျိန်သစ္စာ ဆိုခဲ့ပီးမှ သူတို့ကိုယ်
တိုင်က မှ စပီးချိုးဖောက်တာ.....ဒီဖွဲ့စည်းပုံပါ ဥပဒေ ထဲမှာ ဘယ်လိုမျိုး အချက်အလက်တွေပါဝင်တယ်ဆိုတာကိုရော ဒီဝန်ကြီးတွေကိုယ်တိုင်က
သိမှသိပါ့မလားလို့တောင်ကျုပ်သံသယ၀င်မိတယ်လေ....ကျုပ်တို့ နားလည် သိရှိထားတာက ဥပဒေကို သိထားတဲ့သူက ဥပဒေကိုမချိုးဖောက်
ဘူး....ဥပဒေကိုမသိတဲ့သူက သာ ဥပဒေ ကိုချိုးဖောက်တာလေ.....ဒီလိုမျိုး အစိုးရရဲ့တိုက်ရိုက်ခန့်အပ်ထားခြင်းကိုခံရတဲ့ ၀န်ကြီးမင်းတွေကိုယ်
တိုင်က ချိုးဖောက်နေကြတော့ မသိလို့ ချိုးဖောက်နေတာလား.....သိရက်နဲ့ ချိုးဖောက်နေတာလား ဆိုပီးတော့ ပိုပီးသံသယ၀င်မိတယ်လေ
ဒါမှမဟုတ်ယင်လည်း ဒိဖွဲ့စည်းပုံဥပဒေ ကြီးကို ဂရုစိုက်စရာမလိုပါဘူး...ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ အပေါက်မျိုးကိုချိုးနေယင်တော့
ကျုပ်ပြောစရာ မလိုတော့ဘူးလေ....ဒီနေရာမှာ လယ်/ဆယ်ဝန်ကြီးဦးမြင့်လှိုင်က ဖွဲ့စည်းပုံကြီးကို ချိုးဖောက်တယ် ဆိုတာက ကာယကံမြောက်
ကျူးလွန်ခဲ့တာ မဟုတ်သေးဘူး...၀စီကံအဆင့်လောက်ပဲရှိသေးတယ်......ကျုပ်တို့ လ၀က ၀န်ထမ်းတွေအားလုံးရဲ့ ချစ်မြတ်နိုးယုံကြည်အား
ကိုးခြင်းခံရတဲ့ လ၀က ၀န်ကြီးမင်း ဦးခင်ရီ ကတော့ ၀စီကံအဆင့်တောင်မဟုတ်တော့ဘူး....ကာယကံမြောက်ကျူးလွန်ခဲ့ပီးတော့ အသေကို
ဆော်ထည့်လိုက်တာ ကာယကံရှင် ၀န်ထမ်းငယ်လေးတွေ ခမျာ မသေရုံတမည်နဲ့ ဆန့်တငင်ငင်ကိုဖြစ်နေလေရော....
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ၊ အခန်း(၈)၊ ပုဒ် မ ၃၅၄ (က)ဖြစ်သည့် မိမိယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့်နှင့်အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေ ညာ စာတမ်း ပါ အပုဒ် ၁၉ ဖြစ်သည့် လူတိုင်းတွင်
လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့်လွတ်လပ်စွာ ထုတ်ဖော် ခွင့် ရှိသည် ဆိုသော အချက်အား အား ပြောင်ပြောင်
တင်းတင်းချိုးဖောက်ကျူးလွန်ပီးတော့ FACEBOOK ပေါ်မှာ ရေးသားမိတဲ့ ၀န်ထမ်း(၁)ဦးနဲ့ LIKE လုပ်မိသူ ၀န်ထမ်း(၄)ဦးကို အရေးယူအပြစ်
ပေးလိုက်တဲ့ဖြစ်စဉ်ကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ကြီးကရော....ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ရော ဘာလို့ မသိချင်ယောင်ဆောင်နေရတာလဲ.....ဘာလို့မမြင်ချင်ယောင်ဆောင်နေရတာလဲ.....နိုင်ငံတော်အစိုးရကနေပီးတော့ ယုံကြည်
စိတ်ချမှုရှိလို့ဆိုပီး သူတို့ကိုယ်စားအုပ်ချုပ်ဖို့ဆိုပီးတော့ ၀န်ကြီးတွေ ကိုခန့်ထားတာ...၀န်ကြီးတွေကလည်း အစိုးရအဖွဲ့ကို တာဝန်ခံပီးလုပ်
နေကြရတာ ၀န်ကြီးတွေ မဟုတ်တာလုပ်ယင် အစိုးရကလုပ်တာနဲ့အတူတူပါပဲ....၀န်ကြီးတွေ မဟုတ်တာလုပ်တာ...အခုလိုမျိုး ၀န်ကြီး
တွေ ကိုယ်တိုင်က အခြေခံဥပဒေ ကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကို မသိချင်ယောင်....မမြင်ချင်ယောင်နေတာဟာ အစိုးရအဖွဲ့ကပါ အလိုတူ
အလိုပါ တယ် ဆိုပီး ကောက်ချက်ဆွဲယူလို့ရပါတယ်.....ကိုင်း...အခု ဒေါ်စု ကို အခြေခံဥပဒေ ကိုဖောက်ဖျက်ကျူးလွန်တယ် လို့စွပ်ဆွဲနေမယ့်
အစား ကာယကံမြောက် လက်တွေ့ ကျူးလွန်ထားခဲ့တဲ့....၀န်ကြီးရဲ့ အာဏာနဲ့ပါဝါ ကိုအလွဲသုံးစားပြုလုပ်ခဲ့တဲ့ လ၀က ၀န်ကြီး ဦးခင်ရီကို
ဘယ်လို အရေးယူပေးမလဲ....ဘယ်လိုမျိုးဆောင်၇ွက်ပေးမလဲ.....ဒါကြောင့်ပြောတာ....ရွှေသမင်တွေဘယ်ကထွက်သလဲ ဆိုယင် အားလုံး
မင်းကြီးတာက ထွက်နေတာချည်းပဲ.....ဒါကြောင့်မို့ အခုကျုပ်တို့နိုင်ငံမှာ ရရှိနေခဲ့တဲ့ ဒီမိုကရေစီက လိုယင်တစ်မျိုး...မလိုယင်တစ်မျိုးလုပ်တဲ့
ဒီမိုကရေစိပဲ....၀န်ကြီးတွေကိုယ်တိုင်မှ မလိုက်နာပဲ ချိုးဖောက် ကျူးလွန်ပီးတော့မှ ကျန်တဲ့သူတွေ ကို လိုက်နာရမယ်ဆိုတော့ ဒီဖွဲ့စည်းပုံ
ပေါ်မှာ ၀န်ကြီးတွေ ကိုယ်တိုင် ခွထိုင်ထားပီး (၀န်ကြီးတွေ မပါရှိပဲ)ကျန်တဲ့သူတွေကိုပဲ လိုက်နာစေချင်လွန်းတာနဲ့တူပါတယ်...ဒါကြောင့်မို့ပြော
တာ.....ပြောတော့လည်း မကြိုက်ဘူး.....လုပ်လိုက်ယင်လည်း သောက်တလွဲကြီးပဲ....ကိုင်း...ဒီလိုပုံစံမျိုးနဲ့ ဒီလိုမျိုး ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထား
တဲ့ အစိုးရအဖွဲ့ကို ဘယ်သူတွေက ယုံကြည် အားထား ကိုးစားလို့ရတော့မှာလဲ.....ကိုယ့်...မျက်ချေးမှ ကိုယ်မမြင်နိုင်တဲ့လူတွေ....ဒီမိုး...ဒီရေ
...ဒီလူတွေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့ရေးတွေနဲ့ ၀န်ထမ်းတွေရဲ့ နောင်ရေး ကိုပဲ ရင်လေးမိတော့တယ်....

No comments:

Post a Comment