တပ်ထွက်ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် ....အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၂၁ )
================================================================
ကျုပ်ဒီနေရာကနေပီးတော့ ဌာနအတွက်...၀န်ထမ်းတွေအတွက် စိတ်ကောင်း...စေတနာကောင်း.....တွေ အရင်းခံပီးတော့ ၀န်ထမ်းငယ်တွေ
ပေါ်မှာလည်း မိဘက သားသမီးလိုထားတဲ့ မေတ္တာတရား..အပြည့်အ၀..စေတနာ သဒ္ဒါတရားအပြည့်အ၀နဲ့ ကာကွယ်စောင့်ရှောက်ပေးခဲ့ပီး
ဝန်ထမ်းအားလု့းတွေရဲ့ ကံဆိုးမိုးမှောင်ကျတော့မယ့်ဘ၀ ကို ကိုယ်ကျိုးမငဲ့ပဲ ရဲရဲဝံ့ဝံ့နဲ့ကာကွယ်ပေးခဲ့တဲ့ တပ်ထွက် ဗိုလ်မှူးတစ်ယောက်
အကြောင်းကိုပြောပြပါမယ်....ကျုပ်တွေ့ဘူးသမျှ...ဆုံဘူးသမျှ ပနမ/တစမတွေအားလုံးထဲမှာ ဒီလိုလူမျိုးရှာလို့မတွေ့ခဲ့ပါဘူး..ကျုပ်တွေ့ဘူး
ခဲ့တဲ့ ညွန်ကြားရေးမှူးတွေထဲမှာလည်း သူဟာ လုပ်ရည်ကိုင်ရည်အရှိဆုံးတစ်ယောက်ဖြစ်ခဲ့ပီးတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုအရမ်းကို
သဘောကျပီးတော့ အားကျ ဂုဏ်ယူခဲ့ရပါတယ်.....ဒါက တပ်ထွက်
အရာရှိဆိုးတွေရဲ့ ကြားမှာ ထူးထူးခြားခြားပေါ်ထွက်လာခဲ့တဲ့...သူ့ရဲ့ အပြုအမု...လုပ်ရည်ကိုင်ရည်ရှိမှု...ပါးနပ်မှု
သူ့ရဲ့ စိတ်နေစိတ်ထား....သဘောထားပြည့်ဝမှု...လူငယ်ဆိုပေမယ့်လည်း လူကြီးပီသမှု...နားလည်...ညှာတာ..ကိုယ်ချင်း...စာနာ...သနားမှု
တွေဟာ မိဘကောင်းခဲ့လို့ သားသမီးကောင်းခဲ့တယ်လို့လည်း မှတ်ယူရပါလိမ့်မယ်....ဗီဇ မမှန်...ပင်မသန်တွေရဲ့ ကြားထဲမှာ မျိုးရိုးဗီဇမှန်
ကန်စွာနဲ့ မိဘနှစ်ပါးရဲ့ ကောင်းမွန်တဲ့ သွန်သင်ဆုံးမမှုတွေ နဲ့ကြီးပြင်းလာခဲ့ရတဲ့ ဒီဗိုလ်မှူးရဲ့ လုပ်ဆောင်ချက်တွေဟာ သူကိုယ်တိုင်အတွက်..သူ့
သမိုင်းကြောင်းကိုလည်း ကောင်းစေခဲ့ရုံမျှ မက...မိဘနှစ်ပါးရဲ့ သမိုင်းကြောင်းကိုလည်းကောင်းစေခဲ့ပါတယ်....ကျုပ်နဲ့ ရှမ်းပြည်နယ်(မြောက်
ပိုင်း) မှာ အတူတူဆုံတွေ့...ကြုံတွေ့ခဲ့ရတာဖြစ်ပီးတော့ သူ့လိုမျိုး စိတ်ဓါတ်...သူ့လိုမျိုးအပြုအမူ....သူ့လိုမျိုးအကျင့်စရိုက်..သူ့လိုမျိုး ရဲဝံ့
စွာခေါင်းခံပေးမှု....သူ့လိုမျိုးအကာကွယ်ပေးမှု...သူ့လိုမျိုးငွေနောက်မလိုက်မှု....သူ့လိုမျိုးဌာနအတွက် စေတနာထားရှိမှု ဆိုတဲ့ကောင်းမွန်
မှုတွေကို အခုလက်ရှိလုပ်နေတဲ့ ပနမတို့/ တစမ တွေအားလုံး အတုယူသင့်ပါတယ်.....လုပ်ဆောင်သင့်ပါတယ်...အဲဒီဗိုလ်မှူးဟာဆိုယင်
တပ်မတော်လေ့ကျင့်ရေးးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့ပီးတော့ လ၀က ဌာနထဲကိုရောက်လာခဲ့တာပါ
ရုပ်ကခပ်ဖြောင့်ဖြောင့် ချောချောနဲ့နေပီး ရှမ်းမြောက်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက လူမင်း လို့ခေါ်ပါတယ်....သူ့အမျိုးသမီးကတော့
လေယာဉ်မယ်တစ်ဦးဖြစ်ခဲ့ပီးတော့ ရုပ်ရည်ချောမောလှပါ ပါတယ်...သူတို့နှစ်ဦးစလုံးဟာ စိတ်သဘောထားလည်းကောင်းမွန်ပီးတော့ အောက
လက်ဝန်ထမ်းအငယ်တွေအပေါ်မှာလည်း အရမ်းကိုပဲ ..သနား.ကြင်နာညှာတာစွာနဲ့ ဆက်ဆံခဲ့ပါတယ်....အဲဒီဗိုလ်မှူးနာမည်ကတော့ ဗိုလ်မှူး
ထွန်းထွန်းစိုး လို့ခေါ်ပါတယ်.....အဲဒိဗိုလ်မှူးရှမ်းမြောက်ကိုပြောင်းလာတဲ့ အချိန်မှာ ရှမ်းမြောက် လ၀က ကို တွင်ကျယ်စိုးမိုးနေတာက လားရှူိး
မနမဖြစ်တဲ့ ဦးဌေးအောင်ကျော်ပါ.....အဲဒီမနမဟာ အယင်က ကျောင်းဆ၇ာတစ်ဦးဖြစ်ပီး psc ကနေလ၀က ဌာနထဲကို ဦးစီးအရာရှိနဲ့ရောက်
ရှိလာပီးတော့ ကျောက်မဲ မနမ ရုံးကို ရောက်ရှိလာပါတယ်....ကျောက်မဲ မနမ ရုံးမှာ အနေကြာပီးတော့မှ လားရှိုးမနမ ကိုရောက်ရှိလာခဲ့တာပါ..
မြို့နယ်၇ုံးမှာရှိတဲ့ ၀န်ထမ်းငယ်တွေအားလုံးကလည်း သူ့ ကိုကြောက်ရပါတယ်....ကျုပ်တောင် တစ်ခါမှတ်မိပါသေးတယ်....၀န်ထမ်းတွေအား
လုံးကို သူ့ရှေ့မှာ ထိုင်ခိုင်းပီးတော့ သူ့စားပွဲပေါါ်မှာလည်း ခြောက်လုံးပြူးသေနတ်ကြီးကိုတင်ထားပီးတော့ သေနတ်ကြီးကို ဟိုဘက်ရွှေ့လိုက်
ဒီဘက်ရွှေ့လိုက်နဲ့ မင်းတို့ကောင်တွေ ဘာဖြစ်သွားမယ်...ညာဖြစ်သွားမယ် ဆိုပီးခြိမ်းခြောက်ခံရလို့....ကျုပ်တို့မှာ ကြောက်လိုက်ရတာဗျာ..
ပနမ အစဉ်ဆက်ကလည်း သူ့ကို ကြောက်နေရတာပါ...သူဘာကိုပဲ လုပ်လုပ် မပြောရဲ...မဆိုရဲကြပါဘူး....ဒီအတိုင်းကိုပဲလွှတ်ပေးထားရတာပါ
ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့အစ်ကိုဖြစ်တဲ့ ဗိုလ်မှူးကြီး မြင့်အောင်ကျော်က ထောက်လှမ်းရေး တပ်မှာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အနီးကပ်တာ
ဝန်ထမ်းဆောင်နေခဲ့လို့ပါပဲ...ထလရ အဖွဲ့ကလည်း သူ့ကိုဆိုယင် ဖိန့်ဖိန့်တုန်အောင်ကြောက်နေရသလို သူ့ရုံးရှေ့ ကိုတောင် ဖြတ်မလျှောက်
ရဲပါဘူး....လားရှိုး မနမအနေနဲ့ နှစ်ကာလ များစွာ တာဝန်ထမ်းဆောင်ပီးသွားတဲ့ အချိန်မှာ လ/ထ ညွှန်မှူးအဖြစ်ရာထူးတိုးသွားခဲ့ပီးတော့
လားရှိုးမှာ ခရိုင်ဦးစီးဌာနမှူး ပြန်ဖြစ်ခဲ့ပါတယ်....ဗိုလ်မှူးရောက်ကာစမှာ တာဝန်တစ်ခုပေးအပ်တဲ့ အချိန်မှာ ပြန်ပီးတော့ ကလန်ကဆန်လုပ်
ခဲ့ပေမယ့်လည်း အဲဒီ ပနမ ဟာ သူလုပ်ချင်သလိုလုပ်လို့မရဘူးမှန်းသိသွားတဲ့ အခါမှာ သူဟာ ငြိမ်ကုပ်သွားခဲ့ပါတယ်....အဲဒီတုန်းက လားရှိုး
အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ စစ်တိုင်းမှူးက တော့ ဗိုလ်ချုပ်မြင့်လှိုင်ဖြစ်ပါတယ်....ဗိုလ်ချုပ်ခင်ညွှန့်ဥိးစီးတဲ့ ထလရ တစ်ဖွဲ့လုံးကို နောက်
ကောက်ထိသွားအောင်ြ့ပုတ်သွားစေခဲ့ပီးတော့ ထောင်ထဲရောက်သွာေးအာင် အထိ အစွမ်းပြခဲ့တာက ဗိုလ်ချုပ်မြင့်လှိုင်ပါ....ဘယ်လိုအကြောင်း
တရားမျိုးကြောင့် ဘယ်လိုတွယ်ခဲ့တာ ဆိုတာကို ပြည့်ပြည့်စုံစုံသိချင်ယင်တော့ ငယ်လေးညီ ရေးသားခဲ့တဲ့ ၁၁-၂-၂၀၁၄ ..ရက်နေ့ထုတ်စောင့်ကြည့်
ဂျာနယ် အတွဲ(၈).အမှတ်(၃၆)မှာ"" စစ်အစိုးရလက်ထက် ထောက်လှမ်းရေးအဖွဲ့ဆိုးသွမ်းရမ်းကားခဲ့သမျှ"" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားခဲတာကို
ရှာဖွေဖတ်ကြည့်ယင်သိနိုင်ပါတယ်.....အဲဒီဖြစ်စဉ်ဖြစ်ပိးတဲ့ နောက်ပိုင်းမှာ ကျားကြီးမြင့်
လှိုင် ဆိုပီးတော့ နာမည်ကြီးလာခဲ့ပါတယ်...
No comments:
Post a Comment