တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၄)
=============================================================
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ
အပြစ်ပေးခြင်း ခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးများ အပိုင်း ဆက် (၆)ပိုင်းစလုံးကိုဖတ်ပီးတဲ့ အချိန်မှာတော့
ကာယကံရှင်တွေများ ဘယ်လောက်တောင်များခံစားခဲ့ကြရလိမ့်မယ် ဆိုတာကို စာဖတ်သူပရိသတ်ကြီးက သဘောပေါက်နားလည်နိုင်လိမ့်မယ်
လို့ထင်ပါတယ်......၀န်ကြီးလမ်းကြောင်းမှာ သူတို့ မြို့နယ်ရုံးလေးခမျာ လူတွေကလည်းအပင်ပန်းခံ....ငွေရေးကြေးရေးတွေလည်းအကုန်ကျခံ
ပီးတော့ တကယ့်ကိုစေတနာ...သဒ္ဒါတရားလေးတွေနဲ့ကျွေးမေးခဲ့တယ် ဆိုတာ ကိုပေါ်လွင်နေခဲ့ပါတယ်....ကျုပ်ကိုယ်တိုင်လည်း သူတို့လေး
တွေနဲ့ လမ်းကြောင်းမှာ တစ်ခေါက်ဆုံခဲ့ဘူးပါသေးတယ်....သူတို့ဘက်က နာကျည်းသွားတယ်....စိတ်နာသွားတယ် ဆိုတာလည်းဖြစ်လောက်
ပါတယ်.....ပိးတော့လည်း အပြစ်မရှိပဲနဲ့ အပြစ်ရှာပီးတော့ အပြစ်ပေးခံရတယ် ဆိုတော့လေ....အပေါ်ကခိုင်းလုပ်လည်း သူတို့ခမျာလုပ်ရရှာ
တယ်.....ငွေရေးကြေးရေးလည်း တစ်စုံတစ်ရာ ရယူထားတာတွေလည်း သူတို့မှာ မရှိဘူး.....တကယ်တမ်းကျတော့ သူတို့လေးတွေမှာအပြစ်
တစ်စုံတစ်ရာ မရှိခဲ့ပါဘူး....၀န်ကြီးပေးခဲ့တဲ့အပြစ်ဒဏ်တွေ ကိုပြန်ကြည့်မယ် ဆိုယင်လည်း ရယက ကနေပီးတော့ ကျပ်ငွေ နှစ်ထောင်ကျပ်
ကောက်တာကို လ၀ကအဖွဲ့က မသိရှိလို့ဆိုပိးတော့ ရာထူးတိုး (၃)နှစ်ရပ်ဆိုင်းပီးတော့ ဝေးလံခေါင်ဖျားဒေသတွေကို ပြောင်းရွှေ့ချထားပစ်
လိုက်တယ်...အဲဒီမှာ တစ်ခါ ဘာထပ်ပါသလဲ ဆိုယင် ဒီ(၃)နှစ်အတွင်း ဒီဝန်ထမ်းတွေကို အထက်ပါနေရာများမှ ပြောင်းရွှေ့ပေးခြင်းမပြုရ..ဆိုတော့
ဒီဝန်ထမ်းတွေ သေပီပေါ့ဗျာ....ပြောရယင်တော့ လည်း ပြစ်မှုနဲ့ကလည်းပြစ်ဒဏ်နဲ့က မမျှဘူးဖြစ်နေတယ်...တကယ်တမ်း မှတ်တမ်းတင်
သတိပေးတယ် ဆိုယင်လည်း ဟုတ်တုတ်တုတ်ရှိသေးတယ်....ဒီနေရာမှာ ကျုပ်ဘာကို သွားနိုင်းယှဉ်မိလဲ ဆိုတော့ ပဲခူးတိုင်း တိုင်းဦးစီးမှုးကို
အောက်က ၀န်ထမ်းဖြစ်တဲ့သူကပြန်တိုင်တဲ့အမှုမှာ မှားတဲ့သူကိုတစ်စုံတစ်ရာမှ အရေးယူအပြစ်ပေးခြင်းမရှိပဲ...အမှန်အကန် တိုင်ကြားခဲ့သူကို
တော့ မယူမနေရ အငြိမ်းစားပင်စင်ပေးပစ်လိုက်တယ်....ဒီဖြစ်စဉ်မှာကျတော့ အပြစ်မရှိတဲ့ ၀န်ထမ်းတွေကျတော့ ဘ၀ပျက်သွားအောင်
လောက်အထိ ပြင်းပြင်းထန်ထန်ကိုအပြစ်ပေးခဲ့တာကိုတွေ့ရတယ်...သူတို့လေးတွေကတော့ဝန်ထမ်းလေးတွေဆိုတော့ ဘယ်တတ်နိုင်မလဲ
မထွက်နိုင်သေးတော့လည်း ထားရာနေ...စေရာကိုသွားခဲ့ရတာပေါ့..၀န်ထမ်းလေးတွေကတော့....တလုတ်စားဖူး သူ့ကျေးဇူးကိုမှ နားမလည်ဘူး..အာခေါင်လှံစူးလိမ့်
မယ်တဲ့( ဒါကရဲက လာတာမို့ပါ...ရဲတွေမှာ ကျေးဇူးတရား ဆိုတာ မသိ..မရှိပါ)....ဒီလိုမျိုးပြောသံကြားတော့ ဖြစ်ရပ်တစ်ခုကိုသွားတွေ့မိတယ်
အာခေါင်တော့လှံမစူးဘူး...ရာထူးကပြုတ်သွားတာ...ဒါက တနသာင်္ရီ ၀န်ကြီးချုပ်လုပ်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ပါ....သူဝန်ကြီး
ချုပ်ဖြစ်ခါစမှာ သူတို့နေဖို့အိမ်ယာတွေဆောက်လုပ်မပီးသေးတော့ ထားဝယ်က ငါးဆရာအောင်ဝင်းဆိုတဲ့သူဌေးကြီးက မြို့လယ်မှာရှိတဲ့
သူ့ရဲ့ (၃) ထပ်တိုက်ကြီးမှာ အလကားနေခိုင်းခဲ့တယ်....ငါးဆရာအောင်ဝင်းဆိုတာက အခု လွှတ်တော်အမတ်တစ်ဦးဖြစ်နေပီးတော့ ကျုပ်ရေး
ထားခဲ့တဲ့ အပိုင်း(၁) ထဲမှာပါတဲ့ ဗိုလ်ကြီးလှဒေါင်းရဲ့ ပါတနာကြိးပေါ့...ဒီလိုမျိုးအလကားနေရတာကိုအားမရတဲ့အပြင် ငါးဆရာပိုင်တဲ့ ရော်
ဘာမြေကွက် ကိုလိုက်သိမ်းတယ်....တခြားကိစ္စတွေကိုပါပေါင်းပိးအားလုံးလက်မှတ်ထိုးတိုင်လိုက်တာ ၀န်ကြီးချုပ်ကနေပီးတော့ ပြုတ်ပါလေရော
ကျုပ်လည်း လုပ်သက် အနှစ်(၃၀)ကျော်ရှိသွားပီဖြစ်တဲ့ ပြန်တန်းဝင်အရာရှိတစ်ယောက်ပါ...၀န်ကြီးတွေအဆက်ဆက် အားလုံးနီးပါးလောက်ကို
လည်း မှီခဲ့....သိခဲ့တာပါ....ဒီဝန်ကြီးလက်ထက်ကျမှာပဲ " အပြစ်ရှိတာကိုကျတော့ အပြစ်မပေးပ"ဲ "အပြစ်မရှိတာကိုမှ အပြစ်ပေးတတ်တာ"ကိုတွေ့ဖူး
တော့တယ်....မှတ်သားလောက်စရာတွေချည်းပဲလေ....အထက်ပါဖြစ်စဉ်တွေ ကို ပြန်ကြည့်လိုက်မယ်ဆိုယင် အဓိက ပြစ်ချက်ကြီးတစ်ခုကိုပဲသွားရှာတွေ့မိတယ်..ဒါက
ဘာလဲ ဆိုတော့ သူတို့မြို့နယ်ရုံးရဲ့ အတွင်းစည်းပေါက်သွားခြင်းပါပဲ.....မြို့နယ်ရုံးအမျိုးသမီး တွေနဲ့ မြို့နယ်မှူးနဲ့ အဆင်မပြေဖြစ်တိုင်း
မနမအကြောင်း....ဘာတွေလုပ်နေခဲ့တယ်....ဘာတွေ ကိုင်နေခဲ့တယ် ဆိုတဲ့ အကြောင်းကို လွှတ်တော် အမတ် ဒေါက်တာ ခင်မောင်ဆွေကို
အားလုံးသွားသွားပိး ရင်ဖွင့်နေခဲ့တော့ အမတ်က မြို့နယ်ရုံးရဲ့ အတွင်းစည်းတွေ အားလုံးကိုလည်း သိထားတယ်....အမတ်က လည်း မနမ
ကို သူခေါ်တာ မလာတဲ့ ကိစ္စတွေ အတွက် နှာတင်းနေတာရယ်နဲ့ တွယ်ခိုင်းလိုက်တာပါ....ပီးတော့ ကျောက်တံခါးမနမရုံးဝန်ထမ်း
တွေ မသိလိုက်တဲ့ အချက်က အမတ်က နပတ မှာ လွှတ်တော် တက်နေယင်း ၀န်ကြီးနဲ့သွားတွေ့ပီးတော့ ဖြစ်နေခဲ့တဲ့ အတွင်းရေးတွေကို
ပြန်လည် ပြောပြလိုက်ခြင်းပါပဲ.....တကယ်တမ်း အမတ်ရဲ့ ရည်ရွယ်ချက်က ဘာကိုရည်ရွယ်သလဲ ဆိုယင် တကယ်လို့ ၀န်ကြီးသာသိသွားခဲ့
မယ်ဆိုယင် မနမ ကို ပြောင်းပစ်နိုင်အောင် သူက ပြောခဲ့ခြင်းဖြစ်တယ်......သူ့စိတ်ထဲမှာလည်း မနမ တစ်ယောက်ထဲပဲပြောင်းရွှေ့ခံရမယ်လို့
တွက်ချက် ထာ်းခဲ့တယ်....အမျိုးသမီးတွေကလည်း ဒီမှာ အနေကြာပီဆိုတော့ အမတ်မင်းနဲ့ က ရင်းနှီးကျွမ်းဝင်ပိးသားဖြစ်နေခဲ့တယ်လေ...
အဲဒီမှာ အမတ်မင်း မသိလိုက်တဲ့ အချက် ကျောက်တံခါး အမတ်က ကျောက်တံခါးကိစ္စ ကို ကျောက်တံခါး အမတ်က မတင်ပြပဲ....ရွာကျော်ရွက်
လွင့် ခိုင်းပီး ရမ်းဗြဲ လွှတ်တော် အမတ်ကို တင်ခိုင်းလိုက်တာရယ်.....တင်ပေးတဲ့ အမတ်ကလည်း လ၀က အငြိမ်းစားတစ်ဦးလည်းဖြစ်နေပီး
ဌာနရဲ့ အားနည်းချက်တွေနဲ့ ကတခ ကိစ္စတွေ ကို လွှတ်တော် အမတ်မင်း (၅၀၀)လောက်ရှေ့မှာ အတွယ်ခံလိုက်ရတော့ အရှက်တွေကွဲပိးတော့်တော့် ကို
အမျက်ဒေါသ ထွက်သွားခဲ့ပါတယ်......ဒါနဲ့ ချက်ခြင်းပဲ ရန်ကုန်တိုင်း....မြောက်ပိုင်းခရိုင်ဦးစီးဌာနမှူး ဦးယဉ်ထွေး ကိုချက်ခြင်းသူနဲ့လာတွေ့ဖို့
ခေါ်ပီးတော့ စုံခုံ ဖွဲ့ခိုင်းပိး ချက်ခြင်း ကျောက်တံခါး မနမ ရုံးကို သွားစစ်ဆေးဖို့ စေလွှတ်ခဲ့ပါတယ်.....ပီးတော့ ဘယ်နှစ်၇က်အတွင်း ချက်ခြင်း
ပြန်လည် တင်ပြရမယ် ဆိုလို့လည်း ညွှန်ကြားပေးလိုက်ပါတယ်..အခုအောက်မှာ ကျုပ်ပြောပြထားတာတွေက ၀န်ကြီးရဲ့လျို့ဝှက်ချက်တွေ
နော်...ဘယ်သူမှ မသိဘူး....ကြားထဲကနေပီးကျုပ်က စေတနာတရားနဲ့ဖော်ပြပေးလိုက်တာပါ....၀န်ကြီး ကနေပီးတော့ ခရမ ကို မှာ ကြားခဲ့တဲ့ စကားတွေထဲမှာတော့
""ဒီကိစ္စမှာ ၀န်ထမ်းတွေ အပြစ်မရှိဘူး ဆိုတာ ငါသိတယ်တဲ့....ရုံးတွင်းကိစ္စတွေ အားလုံးကို အမတ်သိနေခဲ့တာဟာ သူတို့တွေက အမတ်နဲ့သွား
သွားတွေ့ပီး သွားပြောပြနေလို့ သိတာ......အဲဒီမှာ ဘယ်သူ အမတ်မင်းနဲ့ သွားတွေ့တယ် ဆိုတာကို မင်းပေါ်အောင်စစ်....မင်းတို့
စစ်ဆေးတဲ့ အခါမှာ ငွေရေး..ကြေးရေးပေးတဲ့ ကိစ္စတွေက ပေါ်ပေါက်မှာ မဟုတ်ဘူး....ငါသိပီးသား....ဒါပေမယ့် မင်းသဘောပေါက်သွား
အောင်....မင်းနားလည် သွားအောင် မင်းကို ငါ ပုံပြင်လေး တစ်ပုဒ် ပြောပြလိုက်မယ်......ပီးယင် မင်းသွားလို့ရပီ "" ဆိုပိးတော့ ခရိုင်မှူးကို စေ
လွှတ် ခဲ့ပါတော့တယ်.....၀န်ကြီး ဦးခင်ရီ ကနေပီးတော့ မြောက်ပိုင်းခရိုင်မှူး ကိုပြောပြလိုက်တဲ့ ပုံပြင်လေး ကဘာလဲ ဆိုတာကို စာဖတ်သူ
ပရိသတ်ကြီးတွေးကြည့်စေချင်ပါတယ်.....ဘာပုံပြင်တွေများပြောပြလိုက်ပါလိမ့် ဆိုပိးတော့....မယုံမရှိနဲ့နော်......ကျုပ်တို့ရဲ့ လ၀က ၀န်ကြီး
က ပုံပြောလည်း တတ်ပါတယ်ဗျာ......ဘာပုံပြင်လေးလည်းမသိ ဆိုပီး သိချင်တယ် ဆိုယင်တော့ နောက်တစ်ပိုင်းမှပဲဝန်ကြီးပြောပြခဲ့တဲ့
ပုံပြင်လေး ကို ဆက်ရေး ပေးပါမယ်...၀န်ကြီးကနေပီး ပုံပြောခြငိးကိုခံလိုက်ရတဲ့ ဗက ယဉ်ထွေးက အခု ထားဝယ်မှာ ခရိုင်ဦးစီးမှူးဖြစ်နေပါပီ
သူ့ဆီကို ဖုန်းဆက်ပီးမေးကြည့်လိုက်ပါအုံး....သူဘယ်လိုဖြေပေးမလဲ ဆိုတာ ကျုပ်သိချင်လို့ပါ.....
No comments:
Post a Comment