Friday, 20 June 2014

လ၀က အပိုင်း(၂၅)

တပ်ထွက်ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် ....အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၂၅ )
===========================================
..ရှမ်းမြောက် ပနမဖြစ်နေစဉ်အတွင်းမှာ
လည်း လ၀က ဌာနအပေါ်မှာ လုပ်စားသွားတာမျိုးမရှိပဲ ပြင်ပ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အရောင်းအ၀ယ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တာပဲရှိပါတယ်
ဝန်ထမ်းတွေအပေါ်မှာ ညစ်ခြင်း...ပြုခြင်းလုံးဝ မရှိပဲ ခွင့်ကိစ္စ...တောင်းခံခြင်းများရှိပါက ချက်ခြင်းဆောင်ရွက်ပေးပါတယ်..၀န်ထမ်းများ
..အပြောင်းအရွှေ့တင်ပါကလည်း" ငါက ပြောင်းပေးလို့တော့မရဘူး...ထောက်ခံပီးတော့ တင်ပေးလို့ပဲရတယ်" ဆိုပီးတော့ ချက်ခြင်းအပေါ်ကို
တင်ပြပေးလေ့ရှိပါတယ်...၀န်ထမ်းမိသားစုများ အကျိုးအတွက် ကိုယ်စွမ်းရှိသရွှေ့....ညဏ်စွမ်းရှိသရွှေ့ အကုန်လုံးလုပ်ဆောင်ပေးခဲ့တဲ့ ပနမ
တစ်ဦးဖြစ်ပါတယ်.....ဒိပနမဟာ ၀န်ထမ်းတွေ အားလုံးရဲ့အပေါ်မှာ တာဝန်ခံမှု...တာဝန်ယူမှုရှိခဲ့ပေမယ့်လည်း  အဲဒီအချိန်က အပေါ်ကနေ
ပီးတော့ ဒုချုပ်ဖြစ်နေတဲ့ ဦးဇော်ထွန်းကနေပီးတော့ သွေးနှော တရုတ်လူမျိုးတစ်ယောက်ရဲ့ နငသကတ်ပြား တစ်ခုကို မိတ္တူ ထုတ်ပေးဖို့ ဆောင်ရွက်
ခိုင်းခဲ့ပါတယ်...အဲဒီလိုမျိုးဆောင်ရွက်ပေးခဲ့ရတဲ့ သူဟာ နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါးအမြောက်အမြားနဲ့ ဖမ်းမိခဲ့ပါတယ်....အဲဒီဖြစ်စဉ်အေ
ပ်ါမှာ စုံစမ်းစစ်ဆေးခဲ့တဲ့ အချိန်မှာ အဲဒိအချိန်က ဒုချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးဇော်ထွန်းက သူမခိုင်းခဲ့ပါဘူးဆိုပီး တာဝန်မဲ့စွာ ခေါင်းရှောင်သွားခဲ့
ပါတယ်...အဲဒီ သွေးနှော လူမျိုးရဲ့ မိဘနှစ်ပါး ဆိုယင်လည်း နငသကတ်ပြားများရရှိထားပီးတော့ ဘိုးသွားများအားလုံးမှာလည်း အမတကတ်
ပြားများရရှိကိုင်ဆောင်ထားကြပါတယ်.....သူကိုယ်တိုင်လည်း နငသကတ်ပြားရရှိထားပီးတော့ ပျောက်ဆုံးသွားတဲ့ အချိန်မှာ မိတ္တူပြန်လည်
လျှောက်ထားခဲ့ခြင်းဖြစ်ပါတယ်....အယင်အစဉ်အဆက်က မှတ်ပုံတင် ထုတ်ပေးထားခဲ့သူတွေကတော့ ဘာမှမဖြစ်ခဲ့ပဲဥပဒေနဲ့အညီ မိတ္တူပြန်လည်
ထုတ်ပေးခဲ့တဲ့ ပနမကို အရေးယူပေးဖို့ အဲဒီိအချိန်က စစ်အစိုးရကနေပီးတော့ ၀န်ကြီးဌာနကိုဖိအားပေးခဲ့ပါတယ်...အဲဒီအချိန်က ၀န်ကြီးကလည်း
ကိုယ့်ဘက်က ကိုယ့်လူ မှန်နေတယ် ဆိုတာကိုသိပေမဲ့ ဖိအားတွေကိုမလွန်ဆန်နိုင်ခဲ့ပဲ အရေးယူမှုပြုလုပ်ခဲ့ရပါတယ်..ဒါကြောင့်မို့ လ၀က
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ...ပျောက်ဆုံးမိတ္တူ ထုတ်ပေးခဲ့တဲ့ ပနမ ကို ဒု.ညွှန်ကြားရေးမှူးအပြစ်(၂)် နှစ်ရာထူးလျှော့ချမှုအပြစ်ဒဏ်
ကိုပေးခဲ့ပါတယ်...ဒါကြောင့်မို့ လ၀က ဌာနမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်တယ်ဆိုပေမယ့်လည်းသူတို့အပြစ်ပေးချင်တဲ့အခါမှန်နေ
ပေမယ့်လည်း မရပါဘူး... အပြစ်မရှိအပြစ်ရှာပီးအရေးယူခံရ
နိုင်တယ် ဆိုတာကို ဒိဖြစ်စဉ်က ဥပမာတွေပေးနေခဲ့ပါတယ် (စစ်အစိုးရလက်ထက်မို့လည်းဖြစ်နိုင်ပါသည် )..နောက်ထပ်တစ်ခုတွေ့ဖူးတာကတော့
ထောက်လှမ်းရေးလက်ထက်မှာပဲဖြစ်ပါတယ်....မှတ်ပုံတင်လာလုပ်တဲ့လူက လာလုပ်တဲ့ အချိန်မှာကျောင်းသားပဲရှိသေးတယ်...နောက်ပိုင်းမှ
သောင်းကျန်းသူတွေထဲဝင်သွားပီးတော့သောင်းကျန်းသူဖြစ်သွားရော..အဲဒီသူပုန်ကို ထလရ ကဖမ်းမိတဲ့အခါမှာမှတ်ပုံတင်နဲ့တကွသွားမိတယ်..
အဲဒိသူပုန်ဆီကနေပီးတော့ မှတ်ပုံတင် မိလို့ဆိုပီးတော့ မှတ်ပုံတင်ထုတ်ပေးတဲ့ လ၀က တွေကိုအရေးယူတယ်..တကယ်တမ်းကျတော့ဘာမှ
မဆိုင်ဘူးလေ....လာလျှောက်တဲ့ အချိန်က လူကောင်း...နောက်ပိုင်းမှသူ့ဟာသူသောင်းကျန်းသူဖြစ်သွားတာ....မိတဲ့အခါကျ မှ လ၀က ကိုလာ
အရေးယူတယ်....နောက်ဆိုယင် လ၀က၀န်ထမ်းတွေက အမြဲဆုတောင်းနေရတော့မယ်..မေတ္တာပို့ပေးနေရတော့မယ်.
.ကိုယ့်ဆီကနေပီးတော့ မှတ်ပုံတင်လာလုပ်သွားတဲ့
သူဟာသောင်းကျန်းသူမဖြစ်သွားပါစေနဲ့....မူးယစ်ဆေးဝါးကုန်သည်ကြီးတွေမဖြစ်သွားပါစေနဲ့...လူဆိုးသူခိုးကြီးတွေမဖြစ်သွားပါစေနဲ့ ဆိုပီး
တော့ အမြဲဆုတောင်းပေးနေရတော့မှာ...လ၀က ကတော့ ကိုယ့်ရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ညီညွတ်ယင်..မှန်ကန်နေတယ်ဆိုယင်ပဲ နငသ
ကတ်ထုတ်ပေးရမှာပဲလေ....ကိုယ်လုပ်ပေးလိုက်တဲ့ အချိန်က သူက လူကောင်း...နောက်ပိုင်းမှ ဆိုးသွားတာကတော့ ဘယ်တတ်နိုင်မလဲ...လ၀ကဌာနတွင်းမှာ
ဒါမျိုးတွေက ခန ခန ကိုဖြစ်နေတာ..ထလရ လက်ထက်ကဆိုယင် ပိုတောင်ဆိုးသေးတယ်...သူတို့ဆီက နေပီး ဒီဝန်ထမ်းကိုအရေးယူပေးပါ
ဆိုယင်...ကိုယ့်လူမှန်နေတယ် ဆိုပေမယ့်လည်း ချက်ခြင်းအရေးယူရတာပဲ...၀န်ကြီးဌာနကလည်း ကကလှမ်းဆိုယင် တုန်နေအောင်ကိုကြောက်
နေရတာကိုး....ဒါမျိုးနဲ့ မဆီမဆိုင် ကြားညှပ်ခံလိုက်ရတဲ့ လ၀ကတွေ အများကြီး....ယခုလည်းဒီလိုပဲလေ..မှန်မှန်ကန်ကန် လုပ်ဆောင်နေခဲ့တဲ့
ပြည်နယ်မှူးတစ်ယောက်ကို မဟုတ်မမှန်ပဲ
အရေးယူအပြစ်ပေးခံလိုက်ရခြင်းသည် ဌာနကောင်းကျိုးအတွက်.....အမှန်တကယ် အားထုတ်လုပ်ဆောင်ပေးခဲ့သော သူ့အတွက်များစွာနစ်နာ
ခဲ့ရပါသည်.....၀န်ထမ်းငယ်လေးတွေအပြစ်တစ်စုံတစ်ရာ ရှိခဲ့ယင်လည်း ဆူစရာရှိတာ ဆူပိးယင်ပီးသွားပီ..ပီးတော့ အငြိုးအတေးမထားတတ်
တာမို့ ၀န်ထမ်းတွေအားလုံးက ချစ်ကြောက်ရိုသေကြပါတယ်....သူ့လက်ထက်မှာ လုပ်သွားခဲ့တဲ့ကောင်းတဲ့လုပ်ဆောင်ချက်တွေက အများကြီး
ပါပဲ.....၀န်ထမ်းငယ်များအတွက်ရော.....ဌာနအတွက်ေ၇ာ အများကြီးလုပ်ပေးသွားခဲ့တာပါ....နောက်ဆုံး ၀န်ထမ်းငယ်လေးတွေနေနေရတဲ့
သစ်သားအိမ်ယာလေးတွေ ဆွေးမြေ့နေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်ပီးတော့ အုတ်တွေနဲ့ သွပ်မိုး ၀န်ထမ်းအိမ်ယာဆောက်လုပ်ပေးဖို့
စီစဉ်နေချိန်မှာပဲ ပြောင်းရွှေ့သွားခှဲု့ရပါတယ်....အခုအချိန်ထိလည်း ဗိုလ်မှူး ထွန်းထွန်းစိုးကို ရှမ်းမြောက်ပြည်နယ်အတွင်းမှာရှိတဲ့ လ၀က ၀န်
ထမ်းတွေ က နှမြောတသစွာနဲ့ လွမ်းဆွတ်နေတုန်းပါပဲ......အခုတော့ ၀န်ထမ်းတွေ ချစ်မြတ်နိုးခဲ့ရတဲ့ ဗိုလ်မှူးထွန်းးထွန်းစိုးတယောက် စီမံ
ညွန်မှူးဘ၀ ကနေ အလုပ်ထွက်သွားခဲ့ပါပီ.....ယခုလိုမျိုးဌာနအတွက် များစွာလုပ်ဆောင်ပေးခဲ့တဲ့...တာဝန်ကျေပြွန်ခဲ့တဲ့...မှန်ကန်ပီးတော့
ရိုးသားဖြောင့်မတ်မှုရှိတဲ့.....၀န်ထမ်းလေးတွေ
ချစ်မြတ်နိုးခဲ့တဲ့ ဗိုလ်မှူးတစ်ယောက်အလုပ်ကထွက်သွားခဲ့တာဟာ ဌာနအတွက် များစွာ နစ်နာခဲ့ပါတယ်...ဌာနအတွက် တာဝန်ကျေပြွန်စွာ
ထမ်းဆောင်ပေးသွားခဲ့တဲ့ လ၀က ဌာနရဲ့ အရာရှိကောင်းတစ်ယောက် ကို ဒီနေရာကနေပီးတော့ ဂုဏ်ယူလှိုက်လဲစွာနဲ့ အလေးပြုလိုက်ပါတယ်
လ၀က ၀န်ကြီးဦးခင်ရီရဲ့လက်ထက်မှာ ဒုတိယကြိမ်မြောက်နုတ်ထွက်သွားခဲ့တဲ့ ညွှန်ကြားရေးမှူးတစ်ဦးလည်းဖြစ်ပါတယ်....ကျုပ်စိတ်အထင်
ပြောရယင်တော့ဗျာ....လူဆိုးတွေ ကြားထဲမှာ လူကောင်းမနေနိုင်လို့များလားလို့ပေါ့ဗျာ.....မှန်ပါတယ်...ကောင်းပါတယ်ဗိုလ်မှူးရယ်...ဒီလို
လူမျိုးတွေနဲ့ဒိလိုမျိုးအကျင့်စရိုက်တွေနဲ့  ဗိုလ်မှူးလို စိတ်ဓါတ်မျိုးနဲ့လည်း ကိုက်မှာမဟုတ်ပါဘူးဗျာ....မှန်ကန်ယင်ကွဲတတ်တယ်ဆိုတဲ့ စကားပုံ
လေးဟာ လ၀ကဌာနကြီးအတွက် ဖြစ်တည်နေခဲ့သလားတော့မသိဘူး..လ၀ကမှာ မှန်မှန်ကန်ကန်လုပ်သွားခဲ့တဲ့ ပနမ/တစမတွေလည်းရှိကြ
ပါတယ်...ဒါပေမဲ့ ကျုပ်သိရသလောက်တော့ အဲဒါမျိုး မှန်မှန်ကန်ကန်လုပ်တတ်တဲ့သူတွေ....အောက်လက်ငယ်သားအပေါ်မှာကောင်းခဲ့တဲ့သူ
တွေ....ဌာနအပေါ်မှာ တကယ်ကိုစေတနာရှိခဲ့ကြပီး ဌာနအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေအားလုံးဟာ တစ်ခုမဟုတ်တစ်ခုနဲ့
အေ၇းယူခံကြ၇..နေရာမပေးပဲနဲ့.ချောင်ထိုးခံရနဲ့ ဖြစ်ကုန်ကြရတယ်...ပီးတော့ ကိုယ်လုပ်လို့ဘယ်လောက်ပဲမှန်မှန်ဘယ်သူမှမချီးကျူးပဲတစ်ခု
ခုနည်းနည်းလေး လုပ်လို့ကိုင်လို့မှားခဲ့တယ်(စေတနာအမှားလိုမျိုး) မှားခဲ့တယ်ဆိုယင်တော့ တွယ်ပြပါလိမ့်မယ်..အဲဒါပေမယ့် အောက်ဝန်ထမ်းတွေအပေါ်မှာဆိုးတယ် ....ရက်စက်တယ်
မိုက်ရိုင်းတယ်....ဌာနအကျိုးအတွက် မကြည့်ပဲ ကိုယ့်အကျိုးတွက်သာကြည့်တတ်တဲ့ နာမည်ကြီး တစမ/ပနမ တွေကတော့ ဗျာ....တစ်နေရာက တစ်နေ
ရာ ကိုပြောင်းလိုက်ပီဆိုယင်  နေရာကောင်းတူ...နေရာကောင်းချည်းပဲ....နောက်ဆုံးတော့လည်း စကားပုံရဲ့အလိုအရ မှန်တဲ့သူကတော့...ကွဲ
ပီးတော့   မမှန်တဲ့သူကတော့ ....မကွဲူဘူးပေါ့ဗျ......လူမှန်တွေကတော့ အောက်ကိုလည်း မနင်းဘူး...အထက်ကိုလည်းမဖားဘူး....မမှန်တဲ့
သူတွေကတော့ အောက်ဆိုယင် အသေကိုနင်းတယ်...အထက်ကိုဆိုယင် အသေဖားတယ်....၀န်ကြီးအဆက်ဆက်တွေကလည်း အရည်အချင်း
ကိုမကြည့်တော့ပဲ အရည်အသွေးကိုပဲကြည့်တော့တယ်....ငါ့ဆီကို ဘယ်လိုများ အနေအထားတွေနဲ့ ၀င်လာမလဲ ဆိုတဲ့ အရည်အသွေးတွေ
လေ......

No comments:

Post a Comment