တပ်ထွက် ကြောင်ခံတွင်းပျက်.....ဆက်ရက်တောင်ပံကျိုးများနဲ့.....အဖျက်ဆီးခံလိုက်ရသော လ၀က.....အပိုင်း ( ၄ )
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အလုပ်သင် (၁၇) ဆင်းတစ်ယောက်ဖြစ်တဲ့ဗိုလ်ကြီးစိုးပိုင်မြင့်ဆိုသူကတော့ ရှမ်းအရှေ့မှာ တစမ နဲ့ တာဝန်ကျတုန်းက အရမ်းကိုမှ ဆိုးလွန်းတော့အောက်
ဝန်ထမ်းတွေက မခံနိုင်တော့ပဲ သူ့အကြောင်းတွေကို အင်တာနက်မှာ ခန...ခန တင်နဲ့..လ၀ကမှာ နာမည်ကြီးတဲ့ အင်တာနက်မင်းသားလေးတစ်ပါးဖြစ်ခဲ့တဲ့သူပါ.....သူတစ်ယောက်ထဲနာမည်ကြီးတာ မဟုတ်ပါဘူး...သူ့မိန်းမပါရော နာမည်ကြီးခဲ့တာပါ.....အင်တာနက်ပေါ်မှာ လ၀ကတွေအတွက် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ....ရှေ့သွား နောက်လိုက်အတွဲညီခဲ့တဲ့ လင်ရော....မယားပါ ဆိုးခဲ့ကြလို့ နှစ်ယောက်စလုံး အင်တာနက်မှာ ခန ခန ပါခံခဲ့ရတဲ့ အင်တာနက် မင်းသား မင်းသမီးတွေအဖြစ်နဲ့ ရှမ်း(အရှေ့) မှာ ကောင်းကောင်း နာမည်ကြီး ရမ်းကားသူအဖြစ်နဲ့ လ၀က သမိုင်းမှာ ရေးထိုးထားခြင်းခံရတဲ့သူတစ်ဦးဖြစ်ပါတယ်...တစ်ချို့သော ပြည်နယ်မှူး / တိုင်းဦးစီးမှူး ဆိုးတယ် ဆိုတာက သူတို့ဟာ သူတို့ပဲ ဆိုးပီး လုပ်ငန်းမှာ မိန်းမဖြစ်သူက ၀င်ရောက်စွတ်ဖက်ခြင်းမရှိခဲ့ပါဘူး....အခု သူ့မိန်းမက ယောက်ကျားရဲ့ရုံးလုပ်ငန်းကိစ္စ အ၀၀ မှန်သမျှ ကို ၀င်ရောက်စွတ်ဖက်ခြယ်လှယ်ခဲ့တော့ ရှမ်း အရှေု့ မှာ ( ဆိုးပိုင်မြင့် နဲ့ သီတာ ဆိုး ) ဆိုပီးတော့ လိုက်ဖက်ညီလှတဲ့ ....အဆိုးတကာ့ထိပ်ခေါင် ဘွဲ့ထူး....ဂုဏ်ထူး တွေကို ပိုင်ဆိုင်ခဲ့ရတဲ့သူပဲဖြစ်ပါတယ်....
အဲဒီအချိန်က အင်တာနက်မှာ ဘယ်လောက်ပါပါ သူရော...သူ့မိန်းမ ရောက ဂရုမစိုက်ခဲ့ပါဘူး....အဲဒီအချိန်က ပြည်ထဲရေး ၀န်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဦး က ဆရာသမား အရင်းခေါက်ခေါက် ဆိုတော့ ငါ့မြင်းငါ့စိုင်း..စစ်ကိုင်းရောက်ရောက် ဆိုသလိုပုံစံမျိုး နဲ့ လုပ်ချင်တိုင်းလုပ်....ကိုင်ချင်ရာကိုင်နဲ့ ထင်ရာစိုင်းခဲ့သူလည်းဖြစ်ပါတယ်......နောက်ဆုံး သူံရဲ့ပိုင်ဆိုင်မှုတွေအ၀၀ကိုလည်း အင်တာနက်
ပေါါ်တင်လိုက်မှပဲ ရုံးချုပ်ကတာ/စစ်ဌာနခွဲကိုပဲပြန်ခေါ်လိုက်ရတယ်လေ...
.....အဲဒီအချိန်တုန်းက တာချီလိတ်ခရိုင်မှူးကတော့ တပ်ကနေပြောင်းလာတဲ့ ဒုဗိုလ်မှူးကြိးသောင်းဇော် ပါ..
.......သူက အရမ်းလည်းစိတ်ကောင်းရှိပီး သဘောထားပြည့်ဝပါတယ်....တပည့်တွေကလည်း သူ့ကိုချစ်ကြပါတယ်...ဗိုလ်ကြီးကတိုင်းဦးစီးမှူး.....ဒုဗိုလ်မှူးကြီးက ခရိုင်ဦးစီးမှူး ဆိုတော့ သူက အထက်ကနေပီးတော့ ကောင်းကောင်းနှိပ်ကွပ်ခဲ့ ပညာပြခဲ့သေးတာလေ......ဒါပေမဲ့ ဘယ်လိုပဲ ပညာပြခဲ့....ပြခဲ့..... ကျီးကန်းဟာ ဒေါင်းယောင်ဆောင်လို့ မရပါဘူး....မကြာပါဘူး......ညွှန်ကြားရေးမှူးဖြစ်ပိးတော့ ကရင်ပြည်နယ် ကိုပြောင်းရွှေ့သွားခဲ့၇ပါတယ်...
.ဗိုလ်ကြီး ဘ၀နဲ့ လ၀က ထဲကို လက်ညွှန် နဲ့ စတင်ရောက်ရှိလာပီးတော့ ဒုညွှန်မှူး ရာထူးနဲ့ တိုင်းဦးစီးမှူး တာဝန် ကို ထမ်းဆောင်ရတဲ့ အချိန်မှာ ပုတ်သင်ညို ကို ရွှေတပဲသား ဆွဲပေးလိုက်သလို မျိုး ဖြစ်သွားပီးတော့ မိုးမမြင်...လေမမြင်နဲ့ အောက်ခြေစလွတ်ပီးတော့........သူ့လက်အောက်က ၀န်ထမ်းတွေကို ကျေးကျွန်သဖွယ်ပဲပြောဆိုဆက်ဆံပါတယ်....ပြည်နယ်တိုင်းတစ်ခုလုံး
က ၀န်ထမ်းတွေဆိုယင် သူလာပီဆိုယင်တုန်နေအောင်ကိုကြောက်နေရတာပါ.....မပြည့်တဲ့ အိုး ဘောင်ဘင်ခတ်သလို...ဗီဇ မမှန် အပင်က မသန် ဆိုသလိုမျိုးနဲ့ မရဘူးတဲ့ ရာထူး...လုပ်ပိုင်ခွင့်..တွေ....အာဏာပါဝါတွေ ကို ရလိုက်တော့ ငါလို လူမျိုး ဇမ္မူ မှာ ရှိသေးရဲ့လား ဆိုပီးတော့ သူ့လက်အောက်ကိုရောက်လာယင် တပ်ထဲမှာတုန်းက ဗိုလ်မှူး ပဲဖြစ်ဖြစ်....ဒုမှူးကြီးပဲဖြစ်ဖြစ် နှိပ်ကွပ်လိုက်မယ် ဆိုတဲ့ ယုတ်မာတဲ့ စိတ်ဓါတ်တွေနဲ့ သေးသိမ်ညှုံဖျင်းတဲ့ အကျင့်စာရိတ္တ တွေ ကို တွေ့ရှိခဲ့ရလို့ပါပဲ....သူ့အကြောင်းကိုတော့ သူ့နဲ့ဆုံဖူးတဲ့....လက်တွဲဖူးတဲ့ သူတိုင်းအားလုံးသိရှိပါတယ်....
သူနဲ့ တပတ်စဉ်တဲ့ တစ်ယောက်နဲ့တွေ့ဖြစ်လို့ သူ့အကြောင်းကိုပြောပြဖြစ်တော့ ငါတို့အပတ်စဉ်က သူတွေက သူ့ကို လူရာကိုသွင်းတာမဟုတ်ဘူးကွ....ငါတို့ ဂက်သရင်း လုပ်တာတောင် သူ့ကို ချန် ထားခဲ့တာကွ....ငါတို့ အပတ်စဉ်က သူတွေ အားလုံးက သူ့စိတ်ဓါတ်တွေကို သိလို့ အရောကိုမ၀င်တာကွ...သူ့ကို အားလုံးက" ချီးပဲ့ " လို့ပဲခေါ်တာ ဆိုပီးတော့ ပြောပြခဲ့ဘူးပါတယ်.....သူ့ရဲ့စိတ်ဓါတ်က ၀န်ထမ်းတွေကို အနိုင်ကျင့်နေရမှ..၀န်ထမ်းတွေ
စိတ်ဆင်းရဲနေ...စိတ်ဒဏ်ရာရရှိနေမှ သူကပျော်နေတာပါ....သူ့ကိုယ်သူလည်း အာဏာရှင်လေးတစ်ပါးလိုထင်မြင်နေပီးတော့ ဗိုလ်ကြီးလို့
ခေါ်လို့ရှိယင် အရမ်းကိုစိတ်ဆိုးပါတယ်တဲ့...တိုင်းမှူးကြီး(သို့)ညွှန်မှူးကြီး....ဆိုပီးတော့ခေါ်ခိုင်းပါတယ်.
.ပင်စင်သွားပီဖြစ်တဲ့ DSA (16) ဆင်း ဗိုလ်ကြီး ကျော်ကျော်ကို ကျုပ် တို့ တသက်လုံး ဗိုလ်ကြီး လို့ပဲ ခေါ်လာခဲ့ တာ ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပါဘူး.....သူ့လက်ထက်ကျမှပဲ ဗိုလ်ကြီး နဲ့ပြောင်းလာလို့ ဗိုလ်ကြီး လို့ ခေါ်တာ ကို စိတ်ဆိုးတယ်တဲ့ဗျား.....ကြားလို့မှ ကောင်းသေးရဲ့လား.....အရပ်ကတို့....
ဒီလိုမျိုး တပ်ထွက် အရာရှိ ဆိုးတွေ ကြောင့် ငါခုံးမ တစ်ကောင်ကြောင့် ကျန်တဲ့ ကောင်းတဲ့ တပ်ထွက်အရာရှိတွေ ပါ ရောယောင်ပီး နာမည်တွေ ပျက်ခဲ့ရတာ သူ့လို လူမျိုးတွေ ကြောင့်ပါ.....ဖွတ်ကနေ မိကျောင်း ဖြစ်လာမှတော့ မြစ် မချမ်းသာနိုင်တော့ဘူးလေ....
..ကျုပ်တာချီလိတ်ကိုတာဝန်
ကျတော့ သူ့ဆီကိုသတင်းသွားပို့၇ပါတယ်...တိုင်းရုံးကိုသွားသတင်းပို့တော့ အောက်ဝန်ထမ်းတွေက သူ့ကိုဘယ်လိုခေါ်ရမယ်..ဆောင်ရန်.
ရှောင်ရန်တွေကို အများကြီးသင်ပေးပါတယ်...သူနဲ့ကျုပ်နဲ့က တစ်ချိန်တုန်းကအတူလက်တွဲခဲ့ဘူးပီးတော့ ခင်လည်းခင်ခဲ့ပါတယ်..သူနဲ့တွေ့
တော့ ကျုပ်လည်း အောက်က၀န်ထမ်းတွေမှာထားသလို ရိုရိုသေသေ လေးလေး စားစားနဲ့ "" တိုင်းမှူးကြီး...ကျနော်...ဘယ်သူဘယ်ဝါပါ..
ဘယ်တုန်းကဘယ်နေရာမှာ အတူတူဆုံခဲ့ဘူးပါတယ်ပေါ့"" ဆိုပီးမိတ်ဆက်တော့"" မင်းကိုငါမသိဘူးတဲ့.""...အဲဒီကတည်းကစပီးတော့ ကျုပ်လည်း
သူနဲ့ နေပြည်တော် ၀န်ကြီးရုံးမှာ အတူတူတွေ့တာတောင် ကျုပ်သူ့ကို ကြည့်လည်းမကြည့်တော့ဘူး...နုတ်လည်းမဆက်တော့ဘူး.ကျုပ်တို့
ကျိုင်းတုံကိုရောက်ပီး နောက်တစ်ရက်ကျတော့ ရုံးပိတ်ရက်ဆိုတော့ မနက်အစောကြီးသူ့အိမ်ကိုသွားပီး တစ်ဖွဲ့လုံး သွားသတင်းပို့ကြတယ်....အဲဒါကို..သူ့ကို
တွေ့ဖို့မနက် (၉) နာရီကတည်းစောင့်ခိုင်းထားတာ ညနေ (၄)နာရီမှတွေ့ရတယ်..တကယ်ဆိုအိမ်မှာပဲတွေ့လိုက်ပီး မှာစရာရှိတာမှာ..ပြောစရာ
ရှိတာပြောပီး သွားတော့ဆိုယင်ကျုပ်တို့လည်း မပင်ပန်းတော့ဘူး...ပိုက်ဆံလည်းမကုန်တော့ဘူးပေါ့....မနက်ကတည်းကထိုင်စောင့်နေလိုက်ရ
တာ ညနေမှ တွေ့ရတာကို အောက်ကရုံးအဖွဲ့တွေက ဘယ်လိုပြောသလဲဆိုယင်"" ဆရာတို့အရမ်းကိုကံကောင်းတာပဲတဲ့..သူ့ကို ဒီလိုမျိုး တစ်ရက်တည်းနဲ့တွေ့ရတာ....တစ်ချို့ဝန်ထမ်းတွေ
ဆိုယင် သူနဲ့တွေ့ရဖို့ကို (၃)ရက်လောက်စောင့်ရတာတဲ့.""...ကျုပ်တို့မှာလည်း သူ့ကိုစောင့်နေယင်းနဲ့ပဲအောက်ဝန်ထမ်းတွေပြောတဲ့သူနဲ့သူ့
မိန်းမရဲ့ဆိုးသွန်းချက်တွေကိုနားထောင်နေရတာနဲ့ဗိုက်ပြည့်သွားပီး ထမင်းတောင် မစားနိုင်တော့ဘူးဖြစ်သွားတယ်...
.ပီးတော့ ၀န်ထမ်းတွေ
အပေါ်မှာ အုပ်ချုပ်ရေးကလည်း သူ့တပည့်ရင်းတွေဆိုယင်တစ်မျိုး....ကျန်တဲ့သူဆိုယင်တစ်မျိုး....ခွဲခြားပီး မညီမျှတဲ့အုပ်ချုပ်ရေး..ဘက်လိုက်
မှုတွေနဲ့အုပ်ချုပ်တယ် ဆိုတော့ အောက်က ၀န်ထမ်းတွေကလည်း သူ့ကိုဆိုယင်လုံးဝမကျေနပ်ဘူးဖြစ်နေတာ.....သူ့တပည့်အရင်းခေါက်
ခေါက်တွေဆိုယင် ရုံးတောင်တက်စရာမလိုဘူး....အမြဲတမ်း ဂိတ်မှာချည်းပဲနေနေရတာလေ.....
.....သူကျတော့ သူ့လူတပည့်ရင်းတွေကိုပဲ ဂိတ်မှာအမြဲတမ်းချထားတော့ ကျန်တဲ့သူတွေက မခံစားနိုင်တော့ဘူးလေ
လူကပုတက်တက်နဲ့ .......ပစ်တုတ်တုတ်သာသာ ရှိပေမဲ့ ၀န်ထမ်းတွေအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ ဆက်ဆံရေးက မောက်မာရိုင်းစိုင်းလွန်းလှပါ
တယ်...သူ့လက်အောက်က၀န်ထမ်းတွေကိုလည်းမော်ကြည့်လို့မရဲအောင်ကိုပဲအကြောက်တရားတွေနဲ့ အုပ်ချုပ်ထားပါတယ်...လူကလည်းလူငယ်
အသက် ၄၀ ကျော်လေးနဲ့ တိုင်းဦးစီးမှူးဆိုတဲ့ ရာထူးကိုရထားတော့ သူ့ကိုယ်သူ မိုးမမြင်...လေမမြင်ဖြစ်ပီးတော့ ရှမ်းအရှေ့က၀န်ထမ်းလေး
တွေကို အမျိုးမျိုးပညာပြနှိပ်စက်နေတာကို အားလုံးက ခံခဲ့ရတာ....ဘယ်သူကမှပြန်မပြောရဲဘူး...ပြန်မလှန်ရဲဘူး..သူနဲ့တွေ့တဲ့ ၀န်ထမ်းမှန်သမျ ကို တစ်ချိန်လုံး ညစ်နေတာ....အဆင်ပြေသွားအောင်....ရှောရှောရှူ ရှူဖြစ်သွားအောင် လုပ်ပေးလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး လုံးဝ မရှိပဲ အောက်လက်ဝန်ထမ်းငယ်တွေ အပေါ်မှာအမြဲတမ်း ညစ်ဖို့...ရစ်ဖို့ပဲ စိတ်ကူးနေတဲ့သူပါ.....
.အဲဒီတုန်းက ဗိုလ်ချုပ်မောင်ဦး
ကို အိပ်ကပ်ထဲထည့်ထားပီး အပေါ်ကိုတော့ အသေဖား..အောက်ကို အသေနှိပ်ထားတားးးးးအဖေအရွယ်...သူ့ထက်အသက်အရွယ်ကြီးတဲ့သူ
တွေကိုလည်း လေးစားရမှန်းမသိဘူး..ရာထူးနဲ့အုပ်ချုပ်တာ...အသက်နဲ့အုပ်ချုပ်တာမဟုတ်ဘူးဆိုဘူးတဲ့စကားတွေကတော့သူတို့လက်စွဲတွေ
ပေါ့..သူကအသက်ဘယ်လောက်ကြီးကြီး...မင်းနဲ့ငါနဲ့ပဲပြောတာလေ....ဒီလိုမျိုးမပြည့်ဝတဲ့...စိတ်သဘောထားယုတ်မာတဲ့....မကောင်းတဲ့
အရည်အချင်းမရှိတဲ့သူလ၀က ထဲရောက်မှတော့ လ၀က မပျက်ဆီးပဲဘယ်ခံနိုင်မှာလဲ.....တစ်ခုခုဖြစ်လာပီဆိုယင်လည်း သူတို့က တာဝန်ခံမှု...
တာဝန်ယူမှုဆိုတာလည်းမရှိဘူး....အောက်လူတွေကိုပဲထိုးကျွှေးတော့တာပဲ.....၀န်ထမ်းငယ်လေးတွေအင်တာနက်ပါကြည့်ကြည့်ပါလား...
ပြစ်မှုကအရမ်းကိုကြီးသွားပီ....ချက်ခြင်းစုံခုံဖွဲ့စစ်ဆေး....ချက်ခြင်းအပြစ်ဒဏ်ပေးနဲ့....သူတို့အဆင့်အင်တာနက်ပါတယ်ဆိုယင်တော့ဘာမှ
မဖြစ်ပါဘူး..
.ကျုပ် မကဖ(ဂ) မှာနေတုန်းကဆိုယင် အဖွဲံ့ခေါင်းဆောင်က လကုန်ပီဆိုတာနဲ့ချက်ခြင်းသူ့ဆီကိုအပြေးအလွှားသွားပီးခွဲတမ်းသွား
ပို့ပေးရတာ...အလုပ်တွေများလို့မသွားဖြစ်ဘူးဆိုတာနဲ့တာချီလိတ်ကိုဆင်းလာပီးတော့ အကြောင်းတစ်ခုမဟုတ်...တစ်ခုပြပီးတော့ လာစစ်
တော့တာပဲ.....သူမှာတာတွေကိုလည်း ဘယ်လောက်ပဲတန်ဖိုးကြီးကြီး မကဖကပဲ ၀ယ်ပေးနေရတာပါ( နောက်ဆုံး တာချီလိတ်ကအပြန် နေပြည်တော်မှာ စတိုး
ဆိုင် တစ်ဆိုင်ဖွင့်နိုင်သွားခဲ့ပါတယ်).....လ၀က ထဲကိုရောက်လာတဲ့ အထဲမှာ ဗိုလ်မှူးအဆင့်တွေက အတော်များများပြည့်ဝမှု..နားလည်မှုတွေရှိပေမဲ့...တပ်ကနေပြောင်းလာ
တဲ့ အထဲမှာ အဲဒီဗိုလ်ကြီး အဆင့်ကနေ၀င်လာပီးတော့ လ၀ကထဲမှာ ရာထူးအကြီးကြီးတွေကို အသက်ငယ်ငယ်လေးနဲ့ ရလာတဲ့ သူတို့လိုလူ
မျိုးတွေဟာ အဆိုးဆုံးပါ....စစ်တပ်ထဲမှာ နေတုန်းက သူတို့နှိပ်ကွပ်ခံခဲ့ရတာ ကို လ၀က ထဲရောက်မှ အောက်လက်ငယ်သားဝန်ထမ်းတွေကို
နည်းမျိုးစုံနဲ့ကို နှိပ်စက်နေတော့တာပဲ...ဒီလိုမျိုး အကျင့်စာရိတ္တရော....စိတ်ဓါတ်ရော မကောင်းတဲ့သူကို ပြည်နယ်/တိုင်းတွေ မပို့သင့်ပါဘူး....ခွေးမြီးကောက် ကျည်တောက်စွပ်သလို မျိုးပြန်ဖြစ်လာမှာပဲ....
မြ၀တီ မှာ ခရိုင်ဦးစီးဌာနမှူး လုပ်ခဲ့တုန်းကလည်း နာမည်ကြီးတာပဲ.....ဟိုမှာက မာဆတ်တွေ က အရမ်းပေါတော့ သူက ခန ခန သွားတယ်လေ.....မာဆတ်ပိုင်ရှင်တွေ က ဆိုယင် သူ့ကို ဆိုယင်ရွှုံ့ကြောက်ကြီးဖြစ်လို့... ခန ခန လာပီ.းတော့ ဖရီးကစ် တွေ လာလာကန်လွန်းလို့အရမ်းကိုကြောက်တာ....တစ်ခါတစ်လေ ကျတော့ မြ၀တီ ကိုရောက်နေတဲ့ သူ့ထက် ဂျူနီယာ ကျတဲ့ ဗိုလ်ကြီးတွေ ခေါ်ခေါ်သွားပီး ဆရာကြီး သွားလုပ်ပြလိုက်တာ နောက်ပိုင်းကျတော့ သူတို့တွေပါ သူ့ဆိုယင် ဝေးဝေးကတောင် လက်ရှောင်နေကြပါလေရော....မြ၀တီ မှာ သူနဲ့ အတူတူဆုံဖူးခဲ့တဲ့ ဗိုလ်ကြီးတစ်ယောက်ဆိုယင် အကျင့်ကတော့ လုံးဝမကောင်းဘူး....သူနဲ့ ဂေါက်အတူတူရိုက်တာ ဗျာ....ုသူရှူံးတာနဲ့ ဆက်မရိုက်တော့ပဲ ပွဲဖျက်ပီးတော့ ပြန်သွားတာ.....ဒီလိုလူစားမျိုးနဲ့ နောက်ထပ်ဘယ်တော့မှ တွဲမရိုက်တော့ဘူး ဗျာ....ဆိုပီးပြောပြခဲ့ဖူးသေးတယ်...
.အခုလက်ရှိလည်း လ၀က မှာ ဒီလိုမျိုး လူမျိုးတွေ ရှိနေဆဲပါ......ပိးတော့ ဗိုလ်မှူးတွေထဲ
မှာ ဆိုယင် လည်း နာမည်ကြီး မင်းသားတစ်ယောက်ရှိပါတယ်..သူကတော့ ယခုလက်ရှိရန်ကုန်တိုင်းဦးစီးဌာန..တိုင်းဦးစီးမှူးဖြစ်တဲ့ဗိုလ်မှူး
ကြည်လင်ပါ....သူ့အကြောင်းတွေကိုဆက်ပြောပြပါမယ်.....
ဆက်လက်ဖော်ပြပါမည်......
No comments:
Post a Comment