Sunday, 29 June 2014

ခံစားချက်များ ဖွင့်ဟကြပါစို့

ဝန်ထမ်းများနှင့် ပြည်သူများသို့အသိပေးကြေငြာခြင်း

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရမှ နိုင်ငံတော်အာဏာ ကိုသိမ်းယူပြိးသည့်နောက်ပိုင်းတွင် ၀န်ကြီးဌာနများလက်အောက်ရှိ ဥိးစီးဌာန
အသီးသီးသို့ စစ်တပ်မှအရပ်ဘက်ဌာနများသို့အသွင်ပြောင်းပြီး  အထက်အဆင့်ဆင့်တွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ယူကွပ်ကဲအုပ်ချုပ်ခဲ့ကြ
သော စစ်ထွက်များအနက် အများစုမှာ ၀န်ထမ်းငယ်များအပေါ် နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြင်း...အနိုင်ကျင့်ခြင်း.....သွေးခွဲအုပ်ချုပ်ခြင်း....
ဆရာတပည့် မွေးခြင်း...ရာထူးနှင့်အာဏာ ကိုအလွဲသုံးစားပြုလုပ်ပီး မိမိလုပ်ပိုင်ခွင့်အတွင်းမှ ပါဝါ...အာဏာများဖြင့် ကိုယ်ကျိုးအတွက်ဆောင်
ရွက်ခဲ့ခြင်းများနှင့် အရပ်ဘက် ၀န်ထမ်းများအားငယ်ကျွန်များပမာ နိုင်ထက်စီးနင်းလုပ်ပီး မတရားလုပ်ဆောင်ထားရှိခဲ့သည်မှာ  ဆယ်စုနှစ် ၂ စု
ကို ကျော်လွန်ခဲ့ပြီးဖြစ်ပါသည်....စစ်အစိုးရ၏ အသွင်ပြောင်းဖြစ်လာခဲ့သည့် အရပ်သား ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ယခင်အကျင့်
စရိုက်ဆိုးများ ကို ထားခဲ့ခြင်းမရှိပဲ ယနေ့ထိတိုင်အောင် အချို့မှာ ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်ကိုတွေ့ရှိရပါသည်....မိမိ၏ အာဏာနှင့်
လုပ်ပိုင်ခွင့် ကိုအကြောင်းပြုပီး ၀န်ထမ်းများအပေါ် အကြောက်တရားများဖြင့် အုပ်ချုပ်ထားခဲ့သည့်အတွက် ၀န်ထမ်းများမှာ ဘာပဲလုပ်လုပ်
မှားသည်...မှန်သည်ဟုပင် ပြန်လည် မဝေဖန်ရဲပဲ ခေါင်းငုံ့လည်စင်းခံနေခဲ့ရပါသည်...မိမိ တို့ လ၀က ၀န်ကြီးဌာနအတွင်းတွင်လည်း အာဏာနှင့်
ပါဝါ ကိုအလွဲသုံးစားပြုလုပ်ခဲ့သည့့် ဖြစ်ရပ်များစွာရှိသည့်အနက် အင်တာနက် facebook သုံးစွဲခဲ့ပီး ခံစားချက်များရေးသားရင်ဖွင့်ခဲ့သည့်
ဒုလ၀ကမှူး ၀န်ထမ်း(၁)ဦးနှင့် like လုပ်မိသူ အပေါင်းအပါ ၀န်ထမ်းငယ် (၄)ဦးအား အရေးယူအပြစ်ပေးခဲ့သည့်ဖြစ်စဉ်လည်းပေါ်ပေါက်လာ
ခဲ့ပီး အနယ်နယ်အရပ်ရပ်ရှိ ၀န်ထမ်းများအားလည်း ထိုဖြစ်စဉ်နဲ့ပက်သက်ပီး လက်မှတ်ရေးထိုးစေခဲ့ပါသည်...စစ်အစိုးရလက်အောက်မှလွတ်
မြောက်ပီး ပွင့်လင်းမြင်သာစွာဖြင့် ဒီမိုကရေစီအစိုးရသစ်တရပ်ဆီသို့ ချီတက်နေသည့်အချိန်အခါတွင် ၀န်ကြီးအား caretakerအမည်ဖြင့်ထိ
ခိုက်ရေးသားမှုအပေါ် လိမ္မာပါးနပ်စွာဖြင့် ညင်သာစွာကိုင်တွယ်ဖြေရှင်းရမည့်အစား စုံခုံဖွဲ့စစ်ဆေးခဲ့ပီး အပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်စဉ်သည်
ကြီးသည့်အမှုငယ်အောင်.....ငယ်သည့်အမှုပပျောက်သွားအောင်ဆိုသည့်ဆောင်ပုဒ်အားမျက်ကွယ်ပြုခဲ့ပီး လူ့အခွင့်အရေးများကိုချိုးဖောက်
ကာ ၀န်ထမ်းငယ်များ နောက်ထပ်နောက်နောင် မရေးရဲအောင်...မသုံးစွဲရဲအောင်...မဝေဖန်ရဲအောင် အကြောက်တရားရရှိသွားစေရန်အတွက်
နောက်ထပ်နောက်နောင် မလုပ်ရဲအောင် ဦးကျိုးသွားအောင်လုပ်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်တစ်ခုအဖြစ်မှတ်ယူမိခဲ့ပါသည်....လူသားတိုင်း
သည် ပုထုဇဉ်လူသားများဖြစ်သည့်အတွက် မည်သူမျှ အမှားနဲ့ကင်းနိုင်မည်မဟုတ်ပါ.....ရေးသားဝေဖန်သူမှလည်း သူခံစားရသည့်သူ့အမြင်
ဖြင့် ရေးသားဝေဖန်သလို အဝေဖန်ခံရသည့်ပု၈္ဂိုလ်မှလည်း မှားသည်/မှန်သည်ဆိုတာကို ပြန်လည်တုန့်ပြန်ပြုသွားရန်မလိုအပ်ပဲ လက်တွေ့
လုပ်ကိုင်မှုဖြင့်သာ သက်သေပြသွားရန်လိုအပ်ပေသည်.....အမြင့်သို့ရောက်နေသည့် မည်သည့်ပု၈္ဂိုလ်မဆို ဝေဖန်တိုက်ခိုက်ခြင်းခံရမည်မှာ
လောက၏ ဓမ္မတာ တရားတခုပင်ဖြစ်ပါသည်.....ထိုသို့တိုက်ခိုက်ဝေဖန်ခြင်းကို ခံနိုင်ရည်ရှိရန်လိုအပ်ပါသည်.....ထိုသို့ ဝေဖန်တိုက်ခိုက်ခြင်းကို
ခံနိုင်ရည်မရှိပဲ အထိမခံရွှေပန်းကန် လုပ်မည်ဆိုပါက နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာရမည်ဖြစ်ပါသည်.. မိမိနှင့် ၀ါဒမတူညီသူ ငါ့ရန်သူဟုသဘော
ထားမည့်အစား ရာထူးအားဖြင့်အငယ်ဆုံးပင်ဖြစ်နေပါစေ သူ၏ ဝေဖန်တိုက်ခိုက်ခြင်း၏ပင်ရင်းဇစ်မြစ်ဖြစ်စေသည့်အကြောင်းတရားကို
 တွေ့ရှိအောင်ရှာဖွေသွားရန်လိုအပ်ပီး မူလအကြောင်းတရားကိုဖြစ်စေသည့် အကျိုးတရားကိုသာဖော်ထုတ်သွားရန်လိုအပ်ပေသည်....စစ်တပ်
တွင် စကားပုံတစ်ခုရှိပါသည်.....ရဲဘော်ဆိုးတယ် ဆိုတာ မရှိဘူး....အရာရှိ ဆိုးတယ် ဆိုတာပဲရှိတယ်..စကားပုံအတိုင်း အုပ်ချုပ်နေခဲ့သည့်မိမိ
အထက်လူကြိးများ၏လုပ်ဆောင်ချက်များသည် မှားနေသလား...မှန်နေသလား ဟု ပြန်လည်ဆန်းစစ်သွားရန်လိုအပ်ပါသည်...သားသမီး
မကောင်း မိဘခေါင်း ဆိုသည့် အတိုင်းမိဘနေရာယူထားသည် မိမိအထက်လူကြီးများ၏ လုပ်ငန်းလုပ်ကိုင်ဆောင်၇ွက်နိုင်မှု အားနည်းချက်များ..
မှားယွင်းချက်များအပေါ် သားသမီးများဖြစ်သည့် ၀န်ထမ်းငယ်များမှ ဝေဖန်ထောက်ပြခြင်းအား လက်ခံနိုင်ခြင်းမရှိပဲ အရေးယူအပြစ်ပေး
လိုက်ခြင်းသည်  တာဝန်ယူမှု...တာဝန်ခံမှုမရှိပဲ မိဘအပြစ်များအား သားသမီးအပေါ်သို့ အပြစ်ပုံချလိုက်သကဲ့သို့ပုံစံလိုမျိုးဖြစ်သွားခဲ့ရပါသည်..
..ဝေဖန်တိုက်ခိုက်ခြင်းဆိုသည့် လက်နက်
သည် နောက်ဆုံးသီးမခံနိုင်တော့သည့်အဆုံးစွန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည့်အတွက် မည်သည့်အရာက ထိုသို့သည်းမခံနိုင်အောင်ပြုလုပ်
ခဲ့သည်ကို စူးစမ်းရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပဲ ရေးသားသူကိုသာ တဖက်သတ်စုံခုံဖွဲ့စစ်ဆေး အရေးယူအပြစ်ပေးလိုက်ခြင်းသည် လ၀ကသ
မိုင်းတလျှောက်တွင်လည်း အရုပ်ဆိုးအကျည်းတန်မှုကိုဖြစ်ပွားစေခဲ့ပါသည်....၀န်ကြီးဌာန၏ သမိုင်းကိုလည်း ရိုင်းစေခဲ့ပါသည်..ယခင်ပြည်ထဲ
ရေး ၀န်ကြီးဗိုလ်ချုပ်မောင်ဦးလက်ထက်တွင် အပြောင်းအေ၇ွှ့ကိစ္စများနှင့်ရာထူးတိုးကိစ္စရပ်များတွင် လေလံဆွဲသည့်ပမာ အမြင့်ဆုံးပေးနိုင်သည့်
ငွေကြေးပမာဏ  ဖြင့်နေရာ..ရာထူးများကို ၀ယ်ယူနေရသည့်ဖြစ်ရပ်များ ...ဖြစ်စဉ်များ တွင် ပါဝင်ပက်သက်ခဲ့သည့် ဌာနဆိုင်ရာ အကြီးအကဲ
များအား တစ်စုံတစ်ရာ အရေးယူနိုင်ခြင်းမရှိပဲ ထိုဖြစ်စဉ်အပေါ် ထောက်ပြ...ရေးသား....ဝေဖန်သည့် ၀န်ထမ်းအားသာလျင် အရေးယူမှုပြုလုပ်
ခြင်းသည် ငွေများ ...တရားနိုင်ဆိုသလို မျက်နှာမွဲဖြစ်သည့် ၀န်ထမ်းငယ်များအပေါ် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းတစ်ရပ်ဟု
လည်း ထင်မြင်မိပါသည်.....
.၄င်းအပြင်..ထိုဖြစ်စဉ်သည် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ၊ အခန်း(၈)၊ ပုဒ် မ ၃၅၄ (က)
ဖြစ်သည့် မိမိယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့်နှင့်အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေ ညာ စာတမ်း ပါ အပုဒ် ၁၉ ဖြစ်သည့် လူတိုင်းတွင်
 လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့်
လွတ်လပ်စွာ ထုတ်ဖော် ခွင့် ရှိသည်
ဆိုသော အချက်အား အား ပြောင်ပြောင်
တင်းတင်းချိုးဖောက်လိုက်ခြင်းပင်ဖြစ်ပါသည်....မိမိ တို့ အနေဖြင့် တခြားဝန်ထမ်းမှုခင်းဖြစ်စဉ်များအား အရေးယူအပြစ်ပေးမှုတွင် မှားသည်..
မှန်သည်ဟု ဝေဖန်မပြောကြားလိုပဲ အင်တာနက်သုံးစွဲသည့် ကိစ္စဖြစ်စဉ်အရေးယူမှုသည် ပွင့်လင်းမြင်သာစွာဖြင့် ဒီမိုကရေစီအစိုးရတခုတည်
ဆောက်နေပါသည် ဟုပြောဆိုညွှန်းခဲ့သည့် နိုင်ငံတော်သမ္မတကြီး၏ အစိုးရအဖွဲ့အပေါ် တာဝန်ခံထားသည့် ၀န်ကြီး၏လုပ်ဆောင်ချက်
သည် အစိုးရအဖွဲ့အား အိုးမည်းသုတ်လိုက်သလိုမျိုးဖြစ်ခဲ့ရပါသည်...လုပ်ပိုင်ခွင့်အာဏာကို လိုအပ်သည်ထက်ပိုမိုသုံးစွဲပီး အာဏာပြ ဖိနှိပ်အနိုင်
ကျင့်သည့်မည့်သည့်ဖြစ်စဉ်မျိုးမဆို နောက်ဆုံးမခံနိုင်တော့သည့် အဆုံးတွင် အတိုက်အခံဆိုသည့်အင်အားစုတစ်ရပ်ပေါ်ထွက်မွေးဖွားလာ
တတ်သည်မှာ အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည့် ဖြစ်စဉ်တိုင်းတွင် သက်သေပြခဲ့ပီးဖြစ်ပါသည်....မကြာသေးခင်ကာလအတွင်းက ပညာရေး
ဝန်ကြီးဌာနမှ စိတ်ပညာဌာနမှ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရ အငြိမ်းစားပေးခဲ့ခြင်းနှင့်ပက်သက်ပီး ကာယကံရှင်မှ ၀န်ကြီးဌာန
အား တရားစွဲဆိုခဲ့ရာတွင် ၀န်ကြီးဌာနမှ ရှူံးနိမ့်သွားခဲ့ပီး ဒေါက်တာဒေါ်ကျင်ဌေးအား အနိုင်ပေးလိုက်သည့်ဖြစ်စဉ်လည်း ထွက်ပေါ်လာခဲ့ပီးဖြစ်
ပါသည်...ထိုဖြစ်စဉ်သည် ၀န်ကြီးဌာနများအနေဖြင့် မိမိဝန်ထမ်းများအပေါ် ပြစ်မှုနှင့်ပြစ်ဒဏ်မမျှတပဲ အပြစ်ပေးစီရင်ခံရပါက မကျေနပ်သည့်
ဝန်ထမ်းများက တရားစွဲဆိုသွားပါက အမှန်တရားများသည် မှန်ကန်သည့် ဘက်သာရပ်တည်နေပိဖြစ်ကြောင်းကို မီးမောင်းထိုးပြလိုက်သည့်
ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါသည်....ထိုကြောင့် ခေတ်ကာလ အနေအထားကိုလည်း သိရှိထားနိုင်ရန်လိုအပ်ပီး.ယခင့်ယခင် စစ်အစိုးရလက်ထက်
ုတုန်းကလို ကိုယ်လုပ်ချင်သလို လုပ်လို့မရသည့် အနေအထားမျိုးကိုလည်း သိရှိ သဘောပေါက် ထားရန်လိုအပ်ပါသည်...သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဆိုသည့်စကား
အတိုင်း ထိုကဲ့သို့ အင်တာနက် မီဒီယာ သုံးစွဲမှုအပေါ် အရေးယူပြခဲ့သည့်ဖြစ်စဉ်အား ပြန်လည် တုံ့ပြန်နိုင်ရေးအတွက်
http://shwetahkarhmuchitthu.blogspot.com/ အား အခြေအနေနှင့်အချိန်အခါရ ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပါသည်.....မိမိတို့ ရွှေတံခါးမှူး ချစ်သူ အဖွဲ့သားများမှ အထက်လူ
ကြီးများ၏လုပ်ဆောင်ချက်များအား ကောငိးယင် ကောင်းသလို .....ဆိုးယင် ဆိုးသလို မည်သူ့၏မျက်နှာမှ မထောက်ပဲ အမှန်တရားဘက်မှ
ရပ်တည်ပီး ရေးသားဆောင်ရွက်သွားမည်ဖြစ်ပါသည်....ရည်ရွယ်ချက်မှာ မတရားလုပ်ဆောင်နေခဲ့သည့် အထက်လူကြီးများ၏ အနိုင်ကျင့်
ဗိုလ်ကျမှုများအင်တာနက် ၀က်ဆိုဒ်စာမျက်နှာများတွင် အသီးသီးပါရှိလာပီး ၄င်းတို့၏ ဆိုးသွမ်းယုတ်မာမှုများ ရပ်တန့်သွားနိုင်အောင်နှင့်
အမှန်တရား များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပါသည်.....တစ်ချိန်သောအခါက လ၀က ဌာနတွင် အထက်လူကြီးများ အပြောင်းအရွှေ့
ကိစ္စများတွင် မည်ကဲ့သို့ တရားလက်လွတ်လုပ်ဆောင်ခဲ့ကြသည်ကို လ၀က ၀န်ထမ်းတိုင်း သိရှိ...နားလည်...သဘောပေါက်ကြပီးဖြစ်ပါလိမ့်
မည်....ထိုကဲ့သို့ မတရားလုပ်ဆောင်ခဲ့မှုများကြောင့် ၀န်ထမ်းများအချင်းချင်းစည်းလုံးညီညွှတ်မှုပြိုကွဲခဲ့ရပီး အမြီးကျက် အမြီးစား...ခေါင်း
ကျက်ခေါင်းစားဖြင့် ဌာနသိက္ခာကျဆင်းခဲ့ရပါသည်....ထိုကဲ့သို့ မတရားသောဖြစ်စဉ်ဖြစ်ရပ်များ ဆက်လက်မဖြစ်ပွားနိုင်စေရေးနှင့် ၀န်ထမ်း
တိုင်း၏နှလုံးသားထဲတွင် အမြဲတမ်းကိန်းဝပ်နေခဲ့ရသော အကြောက်တရားများဖြင့် အမှန်ကိုအမှန်တိုင်းမပြောရဲသော ဘ၀များမှ ကင်းလွတ်
နိုင်စေရေး..၀န်ထမ်းများ အချင်းချင်းစည်းလုံးညီညွှတ်ရေး နှင့် ၀န်ထမ်းတိုင်း စိတ်ချမ်းသာ..ကိုယ်ကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်များကို အေးချမ်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက်ကို
ရည်ရွှယ်ပိး အင်တာနက်စာမျက်နှာများပေါ်မှ စမ်းသပ်ဖွင့်လှစ်ထားခဲ့ရခြင်းဖြစ်ပါသည်.....သို့ဖြစ်ပါရှ်ျ  မည်သည့်လ၀က ၀န်ထမ်း မဆို
 မိမိတို့ အထက်လူကြီးများ၏ အနိုင်ကျင့်ဗိုလ်ကျမှုများ...မတရားလုပ်ဆောင်မှုများအား နှင့် မိမိခံစားချက်များနှင့်ရင်ဖွင့်လိုသည်များအား
 shwetahkahmuchitthu@gmail.com နှင့်https://www.facebook.com/profile.php?id=100005990475894 များသို့ ဆက်သွယ်စာရေး
သားပေးပို့နိုင်ပီး မိမိဖော်ပြပေးစေလိုသည့် ကလောင်နာမည်များဖြင့် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...
( http://shwetahkarhmuchitthu.blogspot.com/ သို့ဝင်ရောက်ဖတ်ရှူအားပေးသည့် ၀န်ထမ်းများနှင့် မိဘပြည်သူများအား အထူး
ကျေးဇူးဥပကာရ တင်ရှိပါသည်)
ရွှေတံခါးမှူးချစ်သူ အဖွဲ့သားများ

No comments:

Post a Comment