Sunday, 22 June 2014

လ၀က အပိုင်း(၄၂)

 တပ်ထွက်  ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း( ၄၂)
--------------------------------------------
ဒီမိုကရေစီ အစိုးရလို့ပြောနေခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ လ၀က ၀န်ကြီးဖြစ်တဲ့ ဦးခင်ရီဟာ လိုယင်တစ်မျိုး...မလိုယင်တစ်မျိုး
လုပ်ဆောင်သွားခဲ့တဲ့ အချက်တွေ များစွာရှိခဲ့ပါတယ်....သူဟာယခင် ပြည်ထဲရေးဝန်ကြီးဌာ ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ အားကိုးရတဲ့ လက်ရုံး
တစ်ဆူဖြစ်ပီးတော့  တပည့်၇င်းတစ်ဦးလည်းဖြစ်ပီး ဆရာသမားဖြစ်သူရဲ့ ဆိုးမွေတွေဖြစ်တဲ့ အရည်အချင်းတွေအားလုံးကို ရရှိထားသူတစ်ဦး
ဖြစ်ပီးတော့ ဆရာထက် တပည့်လက်စောင်းထက်သူတစ်ဦးလို့လည်း ပြောမယ် ဆိုယင်ပြောနိုင်ပါတယ်.....စစ်အစိုးရလက်ထက်မှာဗိုလ်ချုပ်
မောင်ဦး ဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပီးတော့ စစ်အစိုးရရဲ့လက်သပ်မွေးထားခြင်းခံရတဲ့ လူမိုက် လက်ကိုင်တုတ်တစ်ယောက်
ဆိုယင်လည်း မမှားပါဘူး....ဗိုလ်ချုပ်မောင်ဦးရဲ့ စိတ်ရူးပေါက်ရာ...စိတ်ကူးပေါက်ရာ....အရူးချီးပန်း ဗရမ်းဗတာ လုပ်ဆောင်ချက်တွေကို ပြည်
ထဲရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်တဲ့ ဦးစီးဌာနတွေနဲ့ လ၀က ၀န်ကြီးဌာန ၀န်ထမ်းတွေ တော်တော် များများခံခဲ့ရပါတယ်....သူ့ကြောင့်
ဘ၀ ပျက်သွားတဲ့သူတွေလည်း များစွာရှိခဲ့ပါတယ်...လ၀က မှာ ဦးစီးအရာရှိ ရာထူးတိုးစာမေးပွဲဖြေခိုင်းတော့ ပြည်ထဲရေးဝန်ကြီးဌာနလက်
အောက်ခံဖြစ်တဲ့ စစစ..ရဲတပ်ဖွဲ့....ထွေအုပ်...အကျဉ်းဦးစီးဌာန က ဒုဦးစီးမှုးတွေကိုပါ ၀င်ဖြေခိုင်းတော့ လ၀က ထဲကို ဦးစီးအရာရှိနဲ့ ရောက်
လာခဲ့သူတွေများစွာရှိပါတယ်....ဗိုလ်ချုပ်မောင်ဦးရဲ့ မဆီမဆိုင် ဦးနှောက်မရှိတဲ့အတွေးအခေါ်တွေနဲ့လုပ်ဆောင်မှုတွေကြောင့် ဌာနတွင်း
အောက်ခြေကတက်လာခဲ့တဲ့ လုပ်သက်များစွာရှိပီး အနေကြာ လ၀ကမှူး ၀န်ထမ်းတွေအတွက် ဦးစီးအရာရှိဖြစ်တဲ့ အခွင့်အရေးတွေဆုံးရှူံး
သွားခဲ့ရသလို   လုပ်ငန်းသဘောသဘာဝချင်းမတူညီပဲ   ရောက်ရှိလာခဲ့တဲ့အတွက် ဌာနအတွင်းလုပ်ဆောင်မှုတွေမှာလည်း အဆင်မပြေမှုတွေ
နဲ့ ကြုံတွေ့ခဲ့ရပါတယ်....အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ ဆိုယင်လည်း ဒုဦးစီးမှူးကနေ ဦးစီးအရာရှိဖြေခိုင်းတဲ့ အချိန်မှာ အဝေးသင်
တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ သူတွေ ကိုဝင်ရောက် ဖြေဆိုခွင့်မပြုခဲ့ပါဘူး....ဒီလိုမျိုး နိုင်ငံတော်အစိုးရကနေပီးတော့ အဝေးသင်တက္ကသိုလ်ဆို
တာကြီးတည်ထောင်ထားပေးပီးတော့ တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူတွေရရှိခဲ့တဲ့ အဝေးသင်ဘွဲ့ကို ဦးစီးအရာရှိမပေးဘူးဆိုတော့
အဲဒီ ၀န်ကြီးရဲ့လုပ်ဆောင်ချက်တွေဟာ ဘယ်လိုဖြစ်သွားသလဲဆိုယင်.....အစိုးရရဲ့ လက်နဲ့ရေးထားတာကို ၀န်ကြိးအဆင့်င်္ရှိတဲ့ သူက ခြေ
ထောက်နဲ့ ဖျက်လိုက်သလိုမျိုးဖြစ်သွားခဲ့ပါတယ်....ဒီလိုမျိုး တက္ကသိုလ်ကနေပီးတော့ ဘွဲ့ရရှိတဲ့သူတွေကို မှ ရာထူးတိုးဖြေခိုင်းပီးတော့ အ
ဝေးသင်တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့သူကို ရာထူးတိုးမဖြေခိုင်းဘူးဆိုတဲ့ သူ့ရဲ့လုပ်ဆောင်ချက်ဟာ ၀န်ထမ်းတွေအတွက် နှလုံးသားတွေထဲမှာ
နာကျည်းချက်တွေ...ဒဏ်ရာဒဏ်ချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်.....ဒီကိစ္စတွေကို မှန်သလား...မမှန်ဘူးသလား ဆိုတာကိုသိချင်ယင်ထွေ
အုပ်မှာရှိတဲ့ ၀န်ထမ်းတွေကို မေးကြည့်လို့ရပါတယ်.....တကယ်တမ်း ၀န်ကြီးတွေ ဆိုတာကလည်း နိုင်ငံတော်အစိုးရရဲ့ကိုယ်စားသူတို့တွေကို
အုပ်ချုပ်မှုအတွက် တာဝန်ပေးအပ်ထားတာပါ....သူတို့ရဲ့ မမျှတတဲ့...လုပ်ဆောင်ချက်....မှားယွင်းမှုတွေဟာ အစိုးရအတွက် ဂုဏ်သိက္ခာ..
ယုံကြည်မှုတွေကိုကျဆင်းစေခဲ့ပါတယ်.....ယခု အစိုးရလက်ထက်မှာလည်း ဒီလိုမျိုး လုပ်ဆောင်ချက်တွေဟာ ရှိနေဆဲပါပဲ....ပြည်ခိုင်ဖြိုးပါတီက
နေပီးတော့ အစိုးရဖွဲ့စည်းထားတဲ့ ၀န်ကြီးတွေရဲ့လုပ်ဆောင်ချက်မှားယွင်းမှုတွေဟာ ၀န်ထမ်းတွေအတွက် နာကျည်းမှု ကိုဖြစ်ပေါ်စေပီးတော့
၂၀၁၅ ခုနှစ်ကျယင် သူတို့တွေရဲ့ နှလုံးသားထဲက မဲတစ်ပြားဟာ ဘယ်သူတွေအတွက် ဖြစ်သွားခဲ့မယ် ဆိုတာဟာ မေးစရာတောင်မလိုတော့
ပါဘူး.....နိုင်ငံတော်အစိုးရကနေပီးတော့ ယုံကြည်လို့အပ်နှံထားခဲ့တဲ့ ၀န်ကြီးဆိုတဲ့ လုပ်ပိုင်ခွင့် အာဏာ တွေကို အလွဲသုံးစားပြုလုပ်ခဲ့မယ်
ဆိုယင်အဲဒီ အကျိုးအဆက်တွေကိုတစ်နေ့ပြန်လည်ခံစားရမှာဖြစ်ပါတယ်.....ဒီလိုမျိုးမှားယွင်းတဲ့လုပ်ဆောင်ချက်တွေကို သာဆက်လက်လုပ်
ဆောင်သွားခဲ့မယ် ဆိုယင် ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကို နိုင်ငံရေးထဲ မရောက်ရောက်အောင် တွန်းပို့ပေး ထားခဲ့တဲ့လုပ်ရပ်တွေပဲဖြစ်ပါ
တယ်.....အားလုံးရဲ့စိတ်ထဲမှာကတော့ နေသေးသပ...ခြုံထဲက ဆိုပီးတော့ အခွင့်မသာသေးလို့ ကြည့်နေတာပါ....နိုင်ငံတော်အစိုးရကနေပီး
တော့ လုပ်ချင်သလိုလုပ်...ပြောချင်သလိုပြော.....နေခဲ့တဲ့ ၀န်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို ဒီအတိုင်းဆက်လက်ကြည့်ရှူနေမယ်ဆို
ယင်တော့    ဆေးမမှီတော့ပါဘူး.....ကိုယ့်ဟာကိုယ်ကြိုသိမယ်ဆိုယင် အားလုံးကို အခုကတည်းက တာ့တာ့  ဆိုပီးတော့ ကြိုတင်နုတ်ဆက်
ထားလို့ရနေပါပီ.....၂၀၀၈....ဖွဲ့စည်းပုံအခြေခံဥပေဒ ကို မဲပေးခိုင်းတဲ့ အချိန်တုန်းက ကျုပ် နစက(မောင်တော) မှာရှိပါတယ်...အဲဒီအချိန်က
ဝန်ထမ်းတွေ အားလုံးနဲ့ မိသားစုတွေ အားလုံးကို ကြိုတင်မဲပေးခိုင်ထားပါတယ်.....ကြိုတင်မဲပေးတာကို လျှီု့ဝှက်ပေးခိုင်းပီးတော့ စာအိတ်ကို
ချိတ်ပိတ်ထားရမယ်လို့ ဆိုထားပေမယ့်လည်း  လူကြီးတွေရဲ့ရှေ့မှောက်မှာ အမှန်ခြစ်သလား....အမှားခြစ်သလား ဆိုတာကိုစောင့်ကြည့်ခဲ့
ပါတယ်.....ကျုပ်တို့အားလုံး မဲပေးထားတဲ့ ကြိုတင်မဲကို ဌာနချုပ်ကိုပို့တော့ ကွပ်ကဲရေးမှူးက စာအိတ်တွေကိုဖွင့်ပီးပြန်စစ်ပါတယ်....ကိုင်း
ဘယ်သူ...ဘယ်ဝန်ထမ်း....ဘယ်မိသားစု  မကြိုက်ဘူးဆိုပီးတော့ အမှားခြစ်ရဲုသလား....တကယ်လို့ မကြိုက်လို့ဆိုပီးတော့ အမှားခြစ်လိုက်
ယင် ဘယ်လိုဖြစ်သွားမလဲ....၀န်ထမ်းတွေ ဆိုတာက နီးရာဓါးကိုကြောက်ရတယ်လေ.....ကျုပ်တို့မှာ နစက သက်တမ်း ပြည့်နေတာတောင်
ဒီ ဖွဲ့စည်းပုံကြီးကြောင့် မပြန်ရပဲ စစ်အစိုးရရဲ့ညွှန်ကြားချက်နဲ့ ဘဂါလီတွေကိုမဲပေးခိုင်းဖို့အတွက်  white card တွေကို အားချင်းလုပ်ပေးခဲ့
ရသေးတယ်.....ဒီဘဂါလီကုလားတွေက သူတို့ကုလားစကားကလွဲပီး  ဗမာစကားကိုပြောတတ်ဖို့နေနေသာ နားတောင်မလည်ဘူး...စာရေး
ဖို့နေနေသာသာ လက်မှတ်တောင် မထိုးတတ်မှတော့ မဲပေးခိုင်းတဲ့ အချိန်ကြတော့ တစ်ယောက်ကနေပီးတော့ အားလုံးရဲ့ကိုယ်စား အမှန်
ခြစ်ပေးတယ်လေ.....ဒါကြောင့်မို့ မောင်တောဟာ ထောက်ခံမဲ အများဆုံးရခဲ့တယ် ဆိုပီးတော့ နာမည်ကြီးခဲ့သေးတယ်.....တကယ်တမ်းဆို
ယင်တော့ ဒီလိုမျိုးအကွက်တွေကိုလိုချင်လို့ပဲ ကိုယ့်ဖဲကို ကိုကုလားဖန်ထိုးပီးတော့ ဒီဂွင်ကိုဖန်တီးထားခဲ့တာပါ....တနိုင်ငံလုံးမှာလည်းဒီလို
မျိုး ဂွင်တွေကို ဘယ်လောက်ဖန်တီးထားခဲ့မယ် ဆိုတာကို တွေးကြည့်ယုံနဲ့တောင်သိနိုင်ပါတယ်ဗျာ.....ဒါတောင် တစ်ခုခုဖြစ်တယ်ဆိုယင်
ဒီခြေဥ ကြီးကို ပြည်သူတွေ ၉၂ ရာခိုင်နနုးက အပြည့်အ၀ထောက်ခံထားပါတယ် လို့ ပြောပြောနေတော့ ဒီလိုမျိုးပြောသံကြားယင် ကျုပ်ရင်ထဲ
မှာ ဟားတိုက်ပီးတော့ ကိုရီလိုက်ချင်တယ်ဗျာ....အယင်စစ်အစိုးရလက်ထက်က သူတို့စကားတွေနဲ့ ပြန်ပြောရမယ်ဆိုယင် လိပ်ဖြစ်ယင်တောင်
ခေါင်းမပြူဝံ့ပါဘူး ဆိုသလိုဖြစ်နေပီဗျာ....ကျုပ်တို့ ၀န်ထမ်းတွေနဲ့ပြည်သူတွေခမျာ မှာ သူခိုးကနေပီးတော့...လူဟစ်တာကိုချည်းခံနေရတော့
ကြာလာတော့ဘယ်ခံချင်တော့မလဲဗျာ..နောက်ဆုံးဘယ်လိုမှကို သီးမခံနိုင်တော့လို့...မှားနေတာတွေကို ပြောတယ်...ထောက်ပြတယ်.
.ရေးပြတယ်  ဒါမျိုးလုပ်ပြန်တော့လည်း မကြိုက်ဘူး.....မှားနေတယ်လို့ပြောတော့လည်းလက်မခံဘူး.....ပြောတဲ့သူ...ရေးတဲ့သူနဲ့ like
လုပ်တဲ့သူတွေကို အရေးယူပြလိုက်တယ်.....ငါဝန်ကြီးလုပ်နေတာတွေ မှားနေတာ..မမှန်တာတွေရှိယင် မင်းတို့စိတ်ကြိုက်ရေးလို့ဖွင့်မပြောရဲပဲ
နဲ့ နောက်ထပ် နောက်နောက် မပြောရဲ...မဆိုရဲအောင် လုပ်ပြလိုက်တာဟာ ဒါဟာ လူကြီးလူကောင်း....၀န်ကြီးကောင်းတစ်ယောက်ရဲ့လုပ်ရပ်
လား....ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်ပဲ သူများမျက်ချေးကို သွားပီးလက်ညိုးထိုးပြနေတဲ့လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်....၀န်ကြီးတစ်ယောက်
လုပ်ပီးတော့ နိုင်ငံခြားတိုင်းပြည်တွေကိုလည်း ခန ခန မကြာ မကြာသွားရတယ်....သူများတိုင်းပြည်မှာ ဘယ်လိုမျိုးလုပ်ဆောင်နေတယ်...
ဝန်ထမ်းတွေအတွက်ဘယ်လိုများလုပ်ပေးထားတယ်....ဘယ်လိုများ.ကောင်းမွန်အောင်လုပ်ဆောင်ပေးထားတယ်ဆိုတဲ့ အရာတွေကိုကျတော့
ကိုယ့်တိုင်းပြည်ကို ပြန်ရောက်ယင် ၀န်ထမ်းတွေကို ဖွင့်မပြောပြရဲပဲ  အားလုံးကို မျက်စိပိတ်...နားပိတ်အောင် တမင်လုပ်ဆောင်ထားပီး
အကြောက်တရားတွေနဲ့ပဲ စိုးမိုးထားရှိပီးတော့  ထားရာနေ...စေရာသွား...ခိုင်းတာလုပ်...ခံမပြောနဲ့  ဆိုတဲ့လုပ်ဆောင်ချက်တွေကို ပြင်ဆင်
သင့်ပါပီ.....အင်တာနက် ခေတ်ကြီးမှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့မရပါဘူး....သြော်....ဦးခင်ရီ ....အယင်စစ်အစိုးရလက်ထက် ရဲချုပ်ဘဝ
မှာ သာလက်သံပြောင်လို့ရမယ်....ခေတ်ကာလ အခြေအနေ....အနေအထားကို လည်း မလေ့လာ မသိရှိပဲ အယင်ပုံစံအတိုင်းသာဆက်သွားမယ်ဆို
ယင် လ၀က သမိုင်းမှာ ရိုင်းစိုင်းတဲ့ ၀န်ကြီးတစ်ပါးဖြစ်သွားပီးတော့ မြောင်းထဲကို ရောက်သွားနိုင်တယ် ဆိုတာကိုလည်း သတိပြုထားဖို့လိုပါ
တယ်....

No comments:

Post a Comment