Friday, 27 June 2014

လ၀က၏မိုးပွင့်စီမံချက်ပြန်လည်စတင်မည်

ပြည်သူလူထုထံအသိပေးအကြောင်းကြားခြင်း
====================================
(၁) မွေးရာပါနိုင်ငံသားများအတွက် မိုးပွင့်စီမံချက်များဖြင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း
ထုတ်ပေးခြင်းအားတစ်နေရာတည်းတွင် ဖြေလျော့ခြင်းများဖြင့် ၁.၇.၂၀၁၁မှ
၃၁.၅.၂၀၁၃ထိမိုးပွင့်စီမံချက်အဆင့်(၁)မှအဆင့်(၅)ထိနိုင်ငံတစ်ဝန်း ကွင်းဆင်း
ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
(၂) ယခုအခါပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း၏
ဒုတိယအဆင့်ဖြစ်သော မြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း
ပြီးစီးပြီဖြစ်၍မိုးပွင့်အဆင့်(၆)စီမံချက်အား (၁၇.၇.၂၀၁၄)
ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ပြီးတစ်လတွင်(၂)ရက်သတ်မှတ်
ကွင်းဆင်းဆောင်ရွက် မည်ဖြစ်၍ ကျန်ရက်များအားမြို့နယ်ရုံး၌
ဆောင်ရွက်ပေးသွားပါမည်။
(၃) သွေးနှောပြည်သူများအတွက် အခြေခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ရန်
လိုအပ်ချက်အရ မြို့နယ်ရုံးများတွင်သာဆောင်ရွက်ပေးနေပါသည်။
  (၄) မိမိဝန်ထမ်းများနှင့်အတူနော်ဝေနိုင်ငံအခြေစိုက်(Norwegian Refugee
Council – NRC) အဖွဲ့မှလည်းကရင်ပြည်နယ်(၇)မြို့နယ်၊
ကယားပြည်နယ်(၇)မြို့နယ်၊ ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသ(၃)မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)ကျောက်ကြီးနှင့်ရွှေကျင်
ရှိစီမံကိန်းစမ်းသပ်နယ်မြေဒေသ၊မွန်ပြည်နယ်(၃)မြို့နယ်၊
တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ်တို့တွင် စာချုပ် ချုပ်ဆိုပြီး သည့်နေ့မှစ၍
One Stop Service ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက် ပေးလျှက်ရှိပါသည်။
(၅) ဤဝန်ကြီးဌာန၏ကွင်းဆင်းဆောင်ရွက်မှုများအပေါ်သိရှိလိုသည်များ၊
ကျေလည်မှုမရှိသည် များ လွဲချော်နေသည်များရှိပါကနေပြည်တော်ဦးစီး(ရုံးချုပ်)
ဖုန်းနံပါတ် ဝ၆၇ - ၄၃၁၀၁၆ နှင့် ဝ၆၇ - ၄၃၁၀၄၅ သို့ လူကိုယ်တိုင်
တိုက်ရိုက်တိုင်ကြားနိုင်ပါသည်။ ကာယကံရှင်အားပြန်လည်
ရှင်းလင်းအသိပေးနိုင်ရန်အတွက် တိုင်ကြားသူ၏လိပ်စာအပြည့်အစုံအာ
တစ်ပါတည်း ထည့်သွင်း ဖော်ပြပေးစေလိုပါသည်။
အကြံပြုချက်များကိုလည်းလေးစားစွာလက်ခံပါသည်။
(၆) ကြားပွဲစားလုံးဝမလို(မလို)ပါ။ ကြားပွဲစားများအားဝိုင်းဝန်းသတင်းပေး
ဖော်ထုတ်ပေးစေလိုပါသည်။
(၇) အသေးစိတ်သိရှိလိုပါကသက်ဆိုင်ရာမြို့နယ်ရုံးများတွင်
စုံစမ်းမေးမြန်းနိုင်ပါသည်။
(၈)ဤဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများအပေါ်
ပြည်သူ့လိုအပ်ချက်များပြည့်မီနိုင်စေ ရေးအတွက်
စွမ်းအားပြည့်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမည်။
(၉) နိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်း
တစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက်မပြည့်စုံပါကစိစစ်ရန်
လိုအပ်သည့်အချိန်ရယူရပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။
======================================================
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

No comments:

Post a Comment