Friday, 20 June 2014

လ၀က အပိုင်း(၃၅)

တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့်...အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၃၅)
==========================================================
.တကယ်တမ်းကျတော့ ဒီလိုမျိုး FACEBOOK ပေါ်မှာ၇င်ဖွင့်ေ၇းသား ထားခဲ့မှုအပေါ်မှာ အရေး
ယူမှုဖြစ်စဉ်ဟာ လုံးဝ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်...သူမဆိုထားနှင့် သူ့ထက်ကြီးသည့် သမ္မတကြီးအပါဝင်ဝန်ကြီးအဆင့်
တော်တော်များဟာအင်တာနက်ပေါ်နဲ့ ဂျာနယ်တွေမှာ နေ့စဉ်နေ့တိုင်း အရေးခံရ...အပြောခံရ....အဆိုခံရ...အပြစ်တင်ခံရ..ကာတွန်းဆွဲပီးလည်း
အရေးခံရနဲ့ မီဒီယာတွေက မှားတာတွေကို အမှန်ဖြစ်စေဖို့ နည်းလမ်းပေါင်းမျိုးစုံနဲ့ ထောက်ပြနေခဲ့တာ ကို ၀န်ကြီးလည်း သိရှိမှာဖြစ်ပါတယ်..
ဒီလိုမျိုး အဖက်ဖက်ကနေပီးတော့ အပြုသဘောဆောင်တဲ့ အပြုအမူမျိုးတွေနဲ့ ရေးသားပြောဆို ဆွေးနွေးနေကြတာကို ၀န်ကြီးအနေနဲ့
အရှိကို အရှိတိုင်း  အမှန်ကို အမှန်တိုင်း သိရှိနားလည်ဖို့လိုပါတယ်.....နွားခြေရာခွက်ထဲက ဖားသူငယ်လိုမျိုး နဲ့ ၀ါးလုံးခေါင်းပေါက်ထဲမှာ လသာ
နေတဲ့ အဖြစ်မျိုးနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးပီး အပြင်လောကမှာဘာတွေဖြစ်နေသလဲ ဆိုတာကို မသိရှိ..နားမလည် နိုင်တဲ့ လူတစ်ယောက်
လည်း မဟုတ်ပါဘူး....၀န်ကြီးဟာ နားလည်းကြီးတယ်...မျက်စီလည်းကြီးတယ်...အရာရာတိုင်းကို သူများတွေထက်ပိုလျင်တယ်...ပိုပါးနပ်တယ်
ဘယ်လိုအကွက်မျိုးမှာ ဘယ်လိုကရမယ် ဆိုတဲ့ အခြေအနေနဲ့ အချိန်အခါ ကို ကောင်းကောင်းကြီးနားလည်သဘောပေါက်တဲ့..ဘယ်သူ့ကို
ဘယ်လိုလုပ်ပီး လဲ  မြှောက်..ထိုး...ပင့်...ကော်လုပ်ရမယ်ဆိုတဲ့ အထာနပ်တဲ့ ဆရာ့ ဆရာကြီးထဲက ဆရာကြီးတစ်ဆူမို့ကျုပ်ပြောရယင်လည်း
ကျုပ်အဖြစ်က မိချောင်းမင်း ကို  ရေကင်းပြသလိုမျိုးနဲ့ ဖျံကို များသွားပီး ရေကူးသင်ပေးနေတာများ ဖြစ်နေမလားမသိပါဘူး...တိရိစ္တာန်ရုံမှာရှိတဲ့
ဖျံတွေကတောင်  ၀န်ကြီးမင်းကို တွေ့ယင်  အဘ လို့ခေါ်ပီး ဆလံပေးရလောက်အောင် တော်လွန်းတဲ့သူတွေမို့ ပညာရှိ..သတိဖြစ်ခဲဆိုသလို
မျိုးမဖြစ်ရလေအောင် ကျုပ်က ၀န်မင်း ကို စေတနာရှေ့ထားပီးတော့ နာမည်ကောင်းရစေဖို့ မမှားသင့်တာတွေ မမှားအောင်....မလုပ်သင့်တာ
တွေ မလုပ်မိစေအောင် ဆိုပီးတော့ ရေးသားတင်ပြနေခဲ့ရတာပါ....တကယ်တမ်းဝန်ကြီးလုပ်ဆောင်ပေးရမှာက....ကြီးတဲ့အမှုကို ငယ်အောင်...
.ငယ်တဲ့အမှုကို ပပျောက်အောင်ပဲလုပ်ဆောင်
သွားရမှာဖြစ်ပါတယ်. အုပ်ချုပ်တဲ့လူတန်းစားရဲ့ မမှန်မကန်လုပ်ဆောင်ပီးအုပ်ချုပ်နေသရွှေ့ အုပ်ချုပ်ခံရတဲ့ဝန်ထမ်းတွေဘက်ကလည်း အုပ်ချုပ်
တဲ့လူတန်းစားအပေါ် ဘယ်တော့မှ အမြင်ကြည်လင်မှာမဟုတ်သလို ဘယ်တော့မှလည်း ချစ်ခင်မြတ်နိုးပီးတော့ ချစ်ကြောက်ရိုသေမှုတွေကို
ရရှိနိုင်မှာ မဟုတ်ပါဘူး.....အောက်ခြေ၀န်ထမ်းတွေအနေနဲ့အထက်က တာဝန်ပေးတဲ့အတိုင်း...ခိုင်းတဲ့အတိုင်း ပြန်မပြောရဲပဲ မှားသည်ဖြစ်စေ..
မှန်သည်ဖြစ်စေ လိုက်နာရမှာပဲ....လက်ခုပ်ဆိုတာဟာ ဘယ်တော့မှ တဖက်တည်း တီးလို့မရပါဘူး....နှစ်ဖက်စလုံးတီးမှ အသံမြည်တာပါ...
မတရားတဲ့...ဘက်လိုက်တဲ့....မျှတမှုမရှိတဲ့...မညီမျှတဲ့....မမှန်ကန်တဲ့...လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး
အင်တာနက် FACEBOOK  ပေါ်မှာ ရင်ဖွင့်ေ၇းသားခဲ့တာဟာ သူ့ဘက်က မမှားသလို ၀န်ကြီးဘက်ကလည်း ဒီလိုမျိုးဘယ်လိုဖြစ်လို့ရေးသားရ
သလဲဆိုတဲ့ အကြောင်းရင်းဇစ်မြစ် ကို လိုက်မရှာခဲ့ပဲနဲ့ ဥပမာပေးရယင် ခဲပစ်တဲ့သူကိုလိုက်မရှာပဲ ခဲကိုပဲ လိုက်ပီးအပြစ်ရှာနေသလိုမျိုးနဲ့ကိုယ့်
မျက်ချေးကို ကိုယ်မမြင်နိုင်ပဲ သူတစ်ပါးမျက်ချေးကိုပဲ လိုက်အပြစ်ရှာနေတဲ့ပုံစံမျိုးလုပ်သွားခဲ့တဲ့ ၀န်ကြီးရဲ့ လုပ်ဆောင်ချက်တွေဟာ အပြစ်မရှိ
အပြစ်ရှာတဲ့ လုပ်ရပ်ပုံစံမျိုးဖြစ်ခဲ့ပီးတော့ ငါတကောကော နေတဲ့ ငါဆိုတဲ့ အတ္တအစွဲတွေနဲ့ ငါလုပ်ချင်သလိုလုပ်မယ်...ငါအပြစ်ပေးချင်သလို
အပြစ်ပေးမယ်  ဆိုတဲ့ နိုင်ငံတော် အစိုးရရဲ့ အပ်နှင်းထားခဲ့တဲ့ ၀န်ကြီးရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့် ကို အလွဲသုံးစားပြုလုပ်ခဲ့ပီးတော့ ပါးရိုက်ယင်
နားပြန်ကိုက်မယ် ဆိုတဲ့ သေးသိမ်တဲ့ စိတ်ဓါတ်အတွေးတွေနဲ့ အရေးယူလိုက်တဲ့ဖြစ်စဉ်ဟာ ငယ်တဲ့အမှုကြီးအောင်...ကြီးတဲ့အမှုပိုကြီးအောင်
ဆိုပီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကျင့်သုံးခဲ့တဲ့ အောက်တန်းကျတဲ့ အတွေးအခေါ်တွေကို လ၀က ထဲအထိ သယ်ယူလာခဲ့တဲ့အပြင် မိဘက
သားသမီးအပေါ် ထားရှိရမယ့် မေတ္တာလိုမျိုးဖြစ်တဲ့ သီးခံ....နားလည်...ခွင့်လွှတ်...သနား...ကြင်နာ...ညှာတာ ..ဂရုဏာ ...မိုဒိတာ...ဥပက္ခာဆိုတဲ့
မေတ္တာတရားတွေကို ၀န်ထမ်းငယ်တွေအပေါ်မှာ ထားရှိနိုင်ခဲ့ခြင်းအလျဉ်း မရှိပဲ လောဘ...ဒေါသ..မောဟ...အတ္တ...မာန်မာန..
..အ၀ိဇ္ဖာ တရားတွေနဲ့ပြည့်နှက်နေပီးတော့ သားသမီးအပေါ်မှာ မမှန်မကန်အနိုင်ထက်ပြု အနိုင်ကျင်နေခဲ့တဲ့မိဘကိုဘယ်သားသမီးက ဘယ်လိုလုပ်ပီးတော့ချစ်
မြတ်နိုးကြင်နာနိုင်မလဲ....ဒီဖြစ်စဉ်လေးးတွေကို သာဓက ကြည့်လိုက်မယ်ဆိုယင် အယင်စစ်အစိုးရလက်ထက် ကိုယ်လုပ်ချင်သလိုလုပ်လို့ရတဲ့
ခေတ်မှာ ရဲချုပ်လုပ်ခဲ့စဉ်ဘ၀တုန်းက  ရဲတပ်ဖွဲ့ဝင်တွေဟာ ဦးခင်ရီရဲ့ဒဏ်ရာ..ဒဏ်ချက်တွေ ဘယ်လောက်တောင်ခံခဲ့ရမလဲဆိုတာကိုတွေး
ကြည့်ရုံနဲ့တောင် သိနိုင်ပါတယ်....နောက်တစ်ခုက စစ်ယူနီဖောင်းကနေပီးတော့ ပုဆိုးနဲ့တိုက်ပုံပြောင်းဝတ်လိုက်ပီး အ၀တ်အစားသာပြောင်း
သွားပေမယ့် စိတ်ဓါတ်နဲ့ အကျင့်စရိုက်တွေကတော့ အယင်စစ်အစိုးရလက်ထက်ကအတိုင်းပဲတည်ရှိလျက်ရှိနေတာကို တွေ့မြင်ရမှာဖြစ်ပီးတော့
 အကျင့်ဆုံး..အမွေဆိုးတွေကို ယခုထက်ထိတိုင်လက်ခံ
ကျင့်သုံးလျက်ရှိနေတယ် ဆိုတာကို ဒီလိုမျိုးဖြစ်စဉ်တွေက မီးမောင်းထိုးပြလိုက်ပိးဖြစ်ပါတယ်...ဒါကြောင့်မို့လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ဝန်ကြီးတွေအားလုံးနီးပါး ပြောချင်သလိုပြော...လုပ်ချင်သလိုလုပ် ဗရမ်းဗတာတွေနဲ့ အရူးဇာတ်ကနေတာကို ဘယ်သူတွေက ဘယ်လိုပဲရေးရေး
ဘယ်လိုပဲပြောပြော...ဂရုလည်းမစိုက်..ပြုတ်လည်းမပြုတ်...မဖြုံရေးချမဖြုံ..ဘာမှလည်းဖြစ်မသွားဘူး(အရူးလက်မှတ်ရထားတာကိုး)ဆိုတာကို
သိပေမဲ့လည်း မင်းသားခေါင်းစွပ်ထားတဲ့ ဘီးလူးမင်း
သားလေး ဖြစ်တဲ့ ဦးခင်ရီရဲ့ အကြောင်းတွေကို မသိသေးတဲ့သူတွေ ....၀န်ထမ်းငယ်လေးတွေ သိရှိသွားအောင်ဆိုပီးတော့ရေးပြနေရတာပါ..
ကျုပ်ဘယ်လောက်ပဲ သူမဟုတ်တာတွေ...မမှန်တာတွေလုပ်ထားတာကိုဘယ်လောက်ပဲရေးရေး  သူဘာမှဖြစ်မသွားဘူး..မပြုတ်ဘူးဆိုတာကိုသိပေမယ့်.
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့ ဒီမိုကရေစီအစိုးရလို့ပြောပြောနေခဲ့တဲ့ မြန်မာနိုင်ငံအစိုးရအဖွဲ့ထဲက ၀န်ကြီးတစ်ပါး လ၀က မှာ
သူ ဒီလိုမျိုးတွေ လုပ်သွားခဲ့တာပါလား ဆိုတဲ့
အသိလေးတွေ ပြည်သူတွေနဲ့ ၀န်ထမ်းတွေရဲ့နှလုံးသားလေးထဲမှာ စွဲထင်ကျန်ရစ်ခဲ့မယ် ဆိုယင်ကိုပဲ ကျုပ်ရေးရကြိုးနပ်ပါပီဗျာ....လူယုတ်မာ
ဟာ ဘယ်လောက်ပဲ သူတော်ကောင်းဟန်ဆောင်ပေမယ့်လည်း တစ်ချိန်ချိန်ကျယင်တော့ ဇာတိရုပ်ပေါ်ပေါက်လာတာပဲလေ....ဒီပုတ်တွေထဲက
ဒီပဲတွေဆိုတော့ ဘယ်လိုလုပ်ပီးတော့ ကောင်းနိုင်ပါ့မလဲ....အားလုံးဟာ အတူတူနဲ့အနုနူ ဆိုပေမယ်ကလည်း ဦးခင်ရီကတော့ ကောင်းချင်
ဟန်ဆောင်ပီးတော့ ၀န်ကြီးတွေ အားလုံးထက်
ပိုပီးတော့ တစ်မူး..တစ်ပဲလေး ပိုရှူချင်လိုက်သေးတယ်....လ၀က ၀န်ကြိးဖြစ်ပီး FIGHTER CARE TAKER နဲ့တွေ့မှပဲ သူ့ရဲ့ စရိုက်ဆိုး..အကျင့်
ဆိုး...ညဉ်ဆိုးတွေကိုတွေ့ရတော့တယ်....ဒါကြောင့်ပြောတာ  လူဆိုတာ အကျင့်စရိုက်ကို ဖျောက်လို့မရဘူးဆိုတာ အရမ်းကိုမှန်ပါတယ်..၀န်ကြီး
တစ်ယောက်ဖြစ်ပိးတော့မှ လူကြီးလူကောင်းတစ်ယောက်လို မကျင့်သုံးပဲ  ဒုလ၀ကမှူးဆိုတဲ့ ၀န်ထမ်းငယ်တစ်ယောက်ကို ဒီလိုမျိုး သူ့အပေါ်
မှာရေးသားရမလားဆိုပီး ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဲ့ အပြစ်ဒဏ်ပေးလိုက်ခြင်းသည် ဆင်နှင့်ဆိတ် ပမာ အင်အားချင်းမမျှသော သတ္တ၀ါငယ်လေး
တစ်ကောင်အပေါ် မိမိ၏ အင်အားကို အလွဲသုံးစားပြုပီး အနိုင်ကျင့်...ဗိုလ်ကျခဲ့သည့် အာဏာရှင်လက်ဟောင်းတစ်ဦး၏မင်းမဲ့စရိုက်ဆန်ဆန်
မိမိရရှိထားခဲ့သည့် လ၀က ၀န်ကြီးဆိုသည့် ရာထူးကိုမှ အားမနာနိုင်ပဲ မိမိ၏အတ္တနှင့်မာန်မာန နှင့် ရာထူး...အာဏာပါဝါ တို့ကိုဗန်းပြကာ
အနိုင်ထက်ပြုကျင့်လိုက်ခြင်းသည် ကိုယ်ချင်းစာနာစိတ်မရှိသော....သနား ကြင်နာခြင်းမရှိသော...မင်းသားခေါင်းစွပ်ထားသည့် နောက်ကွယ်မှ
ဘီးလူးမင်း၏ ဆိုးဝါး ရက်စက် ကြမ်းကြုတ်လှသော မူလဇာတိကိုပြသခဲ့သည့်
 လူမဆန်လွန်းသော အပြုအမူများပင်ဖြစ်နေပေတော့သည်...၀န်ကြီးတွင်လည်း သားသမီး(၃)ဦးရှိသည့်အနက် ပင်လယ်ပြင်တွင်ခရီးသွားနေသည့် သင်္ဘောသား
အရာရှိလုပ်နေသည့် သားတစ်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဌာနစုမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည့် သမီးတစ်ဦးရှိသဖြင့် သားသမီး
ချင်း ကိုယ်ချင်းစာနာသင့်ပါသည်.....၀ဋ်ဆိုသည်မှာ လည်တတ်သည့်သဘောရှိပါတယ်...သူများအပေါ် မကောင်းတာလုပ်ထားယင် တစ်ချိန်ချိန်
မှာ မိမိအပေါ် မကောင်းမှုများပြန်လည်ကျရောက်လာမည်ဖြစ်ပါတယ်... သူများရဲ့ မိသားစု အသိုက်အမြုံ ကိုသွားဖြိုခွဲယင် ကိုယ့်မိသားစုရဲ့အသိုက်
အမြုံလည်းဖြိုခွဲခံရတတ်ပါတယ်....ဗုဒ္ဒဘာသာ ဗမာ လူမျိုးမှန်တယ် ဆိုယင်တော့ ကံကံ၏အကြောင်းတရား ကိုနားလည် လက်ခံနိုင်လိမ့်မယ်
လို့လည်း ယုံကြည်ပါတယ်...၀ဋ်ကြွေးကံကြမ္မာ...မပြေးသာဆိုသလို facebook ပေါ်မှာရေးသားမိတဲ့ သူတစ်ဦးနဲ့ like လုပ်မိသူ (၄)ဦးဟာ
မိမိတို့ ကံကြမ္မာကိုပဲ အပြစ်ပုံချယိုးမယ်ဖွဲ့နေသော်လည်းပဲ ၀န်မင်းအနေနဲ့ကတော့. ပြုသူအသစ်....ဖြစ်သူအဟောင်း ဆိုတဲ့အတိုင်း.
ကံကြမ္မာရဟတ် တပတ်လည်ပီးတော့ သူ့အချိန်ကျလာယင် ဒီအကြွေးတွေကို ပြန်လည်ပေးဆပ်ရမယ် ဆိုတာကိုလည်း သိထားစေချင်ပါတယ်
အယင်ဝန်ကြီးဟောင်းဦးစောထွန်းလက်ထက်က သတင်းစာတို့မှာ မောင်စောထွန်း(ဓနူဖြူ)ဆိုပီးတော့ ဆောင်းပါးတွေရေးလို့ ၀န်ထမ်းငယ်
တစ်ယောက် က  နောက်ကွယ်မှာ မောင်စောထွန်းလို့ဆိုပီး ခေါ်မိတာကို ၀န်ကြီးက ရာထူးတဆင့်လျှော့ချပီး အပြစ်ဒဏ်ပေးခဲ့တာနဲ့ အခုလ
ဝက ၀န်ကြီးဦးခင်ရီရဲ့ facebook ပေါ်မှာရေးလို့ အရေးယူတဲ့ ဖြစ်စဉ်လုပ်ရပ်ဟာ သဘောသဘာဝချင်းတူညီနေတာ ကိုတွေ့ရှိရပီးတော့
လ၀က ဌာန သမိုင်းကြောင်းမှာတော့ ၀န်ကြီးရူး ဦးစောထွန်းလို့ သမိုင်းမှာ နာမည်ဆိုးနဲ့ နာမည်ကျော်ကြားခဲ့ပီးတော့ ..ပြုတ်ပီးတာနဲ့မကြာ
ခင်မှာ သေသွားခဲ့ရှာပါတယ်....နောက်ဆုံးပြောရယင် သူ့စေတနာ နဲ့ သူအကျိုးပေးသွားတယ် လို့ပြောရမှာပေါ့လေ....၀န်ထမ်းများတွေရဲ့
ပို့သတဲ့ မေတ္တာတရားတွေ ကြောင့်လဲပါချင်ပါမှာပေါ့....ဒါကြောင့် မသိသေးတဲ့ လ၀က သမိုင်းကြောင်းမှာ ဒီလိုမျိုးဖြစ်စဉ်တွေရှိခဲ့တယ်ဆို
တာကို မသိသေးပဲ လျှောက်လုပ်နေတဲ့ ၀န်ကြီးဦးခင်ရီသိအောင်ဆိုပီးတော့ ကျုပ်ကရေးပြနေခဲ့ရတာပေါ့ဗျာ....လ၀က သမိုင်းမှာလည်း
လ၀ကတိုင်းက သူမကောင်း...ငါမကောင်းဘူးဆိုယင် သိပ်ကြာကြာမခံတတ်ဘူး....သူမကောင်း..ငါမကောင်းဘူးဆိုယင် ပြည်ညောင်ပင်ကြီး
တောင်ပြိုလဲတတ်သေးတာပဲဗျာ....လ၀က ၀န်ကြီးဌာနမှာ အရူးချီးပန်းဆိုသလိုမျိုး လျှောက်လုပ်ပီးယင် ပြုတ်သွားပီးတယ်ဆိုယင်တောင်မှ
သိပ်မကြာဘူးနော်....ရှေ့မှာ အစဉ်အလာ ရှိခဲ့လို့ ကျုပ်က စေတနာတရားတွေများစွာနဲ့သတိပေးနေရတာ...

No comments:

Post a Comment