Friday, 20 June 2014

လ၀က အပိုင်း(၂၄)

တပ်ထွက်ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် ....အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၂၄ )
=================================================
သူတို့ကို
ကြည့်ပီးတော့ ပြည်နယ်ရုံးဝန်ထမ်းလေးတွေက အရမ်းကိုပဲ စိတ်မကောင်းဖြစ်နေကြပီလေ....ဖြစ်သွားပီဆိုယင် ထောင်ကျ...အလုပ်ပြုတ်တော့
မယ်လေ....သူတို့အားလုံးရဲ့ မျက်နှာလေးတွေ ဆိုယင် ဇီးစေ့သာသာလေးတွေပဲရှိတော့တယ်.....ဒီလိုမျိုးဖြစ်စဉ်ဖြစ်ပီးတော့ နောက်တစ်ရက်
မနက်အစောကြီးမှာ ဗိုလ်မှူးဟာ ယူနီဖောင်းအပြည့်အစုံ ၀တ်ပီးတော့ ခယက ဥက္ကဌဖြစ်နေခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးကျော်ရွှေကိုခေါ်သွားပီး
တော့ တိုင်းမှူးအိမ်ကို ချီတက်သွားခဲ့ပါတယ်....သူဟာ အခြေအနေနဲ့ အချိန်အခါ ကိုကောင်းကောင်းနားလည်သဘောပေါက်သူတစ်ဦးဖြစ်ခဲ့
ပါတယ်.....တိုင်းမှူး မနက်အစော အိပ်ယာထ ဘုရားရှိခိုးပီးလို့ စိတ်ကြည်လင်နေတဲ့ အချိန်..စိတ်ကောင်းဝင်နေခဲ့တဲ့ အချိနှ်မှာ ဂိတ်မှာဖြစ်ပွား
ခဲ့တဲ့ ဖြစ်စဉ်နဲ့ပက်သက်ပီးတော့ သူကရှင်းပြခဲ့ပါတယ်...".ဂိတ်မှာ တာဝန်ကျနေတဲ့ဝန်ထမ်းတွေဟာ  မနက် (၆)နာရီကနေပီးညနေ(၆)နာရီ
အထိ တာဝန်ထမ်းဆောင်နေရကြောင်း...ဒီလိုမျိုး တာဝန်ထမ်းဆောင်နိုင်ရေးအတွက်ထမင်း..ဟင်းမချက်နိုင်ပဲအပြင်ကနေပီးတော့ ၀ယ်စားရပါ
ကြောင်း...ဂိတ်မှာ အစစအရာရာဈေးနုနုးကြီးမြင့်ပါကြောင်း...ဒါ့အပြင်...ရေ..လျှပ်စစ်မီး...သန့်ရှင်းရေးကိစ္စတွေကိုအပြင်မှ...၀ယ်ယူသုံးစွဲရကြောင်း
ဒီလိုမျိုးတာဝန်ထမ်းဆောင်နေရသည့်အတွက် ဂိတ်တာဝန်ကျအဖွဲ့များမှ ကားသမားများမှစေတနာအလျောက်ပေးသွားခဲ့သည့် ငွေများထဲမှ သုံးစွဲရပါကြောင်း
ကားသမားများပေးသွားသည့်ငွေမှာလည်း များများစားစားမဟုတ်ကြောင်း...နှစ်ထောင်သုံးထောင်ခန့်သာဖြစ်ကြောင်း "နဲ့ရှင်း
ပြပိးတဲ့ အချိန်မှာ စစ်တိုင်းမှူး ရဲ့ နှလုံးသား ကို ထိသွားစေတဲ့ စကားတစ်ခွန်းကို ထည့်ပေးလိုက်ပါတယ်...".အခု အဘ တရားစွဲ ထောင်ချခိုင်း
ထားတဲ့ ၀န်ထမ်းတွေ ဟာ  အဘစိုက်ခိုင်းထားတဲ့ ဆင်းရွှေလီ...စပါးကို လယ်ထဲဆင်းပီးတော့ စိုက်နေတဲ့ ၀န်ထမ်းလေးတွေဖြစ်ပါတယ်..
အခုသူတို့လေးတွေ....အလှည့်ကျလို့ ဂိတ်ကိုသွားရောက် တာဝန်ထမ်းဆောင်ခိုင်းခဲ့တာပါ" လို့လည်းပြောလိုက်ရော....တိုင်းမှူးက သနားသွား
ပီးတော့" အေး...ဒါဆိုယင် ငါ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ် ...နောက်တစ်ခါဆိုယင် တော့ မရဘူး"ဆိုပီးတော့ ပြောလိုက်တော့
ကျန်တဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေအားလုံးလည်း လျွှတ်သွားခဲ့ပါတယ်...အဲဒီအထဲမှာ ဘာအဖွဲ့တွေပါသလဲ ဆိုတော့  ပို့ဆက်...ကညန....
ပြည်တွင်းအခွန်...ရဲ.. မူးယစ်တပ်ဖွဲ့...စစစ...အကောက်ခွန်တွေ အားလုံးပါဝင်ပါတယ်...အဲဒိတိုင်းမှူးက လည်းဆင်းရွှေလီစပါးရူးနေတာလေ..
နောက်ဆုံးပြည်နယ်ထဲမှာရှိတဲ့ ဌာနဆိုင်ရာတွေအားလုံးကို ဆင်းရွှေလီစပ်မျိုးစပါး ကိုစိုက်ခိုင်းတာ....အသစ်ဆောက်တဲ့ ဘိုးဘွားရိပ်သာကိုမှ
ဆင်းရွှေလီ ဘိုးဘွားရိပ်သာဆိုပီးတော့နာမည်ပေးထားတာ...ပီးတော့ လားရှိုးမြို့အ၀င်မှာ ဘုရားတည်သေးတယ်လေ...အဲဒီဘုရားဘွဲ့တော်ကို
ဆင်းရွှေလီပါအောင်မပေးခဲ့တာကိုပဲ သူ့ကိုကျေးဇူးတင်နေရသေးတယ်.....အဲဒီတုန်းက လားရှိုးမှာ ရှိနေတဲ့ ၀န်ထမ်းတွေအားလုံး
လယ်ထဲဆင်းပီးတော့ ဆင်းရွှေလီ စပါးစိုက်ရပါတယ်....နေ့တ၀က် လယ်ထဲဆင်းပီးတော့ စပါးစိုက်...ညနေပိုင်းရုံးတက် ဒီလိုမျိုးလုပ်ရတာပါ
တိုင်းမှူးက ဆင်းရွှေလီ စပါး ရူးနေတော့ ၀န်ထမ်းတွေ အားလုံးကို စပါးမစိုက်မနေရ ဧကတွေ ပေးပီးစိုက်ခိုင်းတာပါ....သူစိုက်ခိုင်းလို့ မအောင်
ြ့မင်ဘူးဆိုယင်လည်း ပြန်လျော်ပေးရပါတယ်.....အဲဒိအချိန်က ဆိုယင် ဒီလိုမျိုး တရားစွဲ အရေးယူခိုင်းတာကို ဘယ်အဖွဲ့အစည်း
...ဘယ်ဌာနဆိုင်ရာ အကြီးအကဲတွေ အားလုံးက တိုင်းမှူးကိုသွားမပြော
ရဲကြပါဘူး.....လ၀က ပြည်နယ်မှူးကသာ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားသွားပြောပေးခဲ့လို့သာ ဌာနပေါင်းစုံဝန်ထမ်းတွေအားလုံး..ထောင်ကျ...အလုပ်
ပြုတ်မယ့် ကိန်းကနေပီးတော့ လွတ်ခဲ့ကြတာပါ....အဲဒီကိစ္စမှာ လ၀က ပနမ သွားပြောပေးလို့အားလုံးလွတ်သွားကြပေမယ့်  ကြားထဲကနေပီး
တော့  ဇာတ်တူသား စားသွားတဲ့ သူတစ်ဥိးရှိပါတယ်....အဲဒီသူကတော့   လားရှိုးပြည်နယ်ရဲတပ်ဖွဲ့မှူးကြီး ရဲမှူးကြီး ၀င်းနိုင်ဖြစ်ပါတယ်....အဲဒီမှာ
မူးယစ်အထူးတပ်ဖွဲ့ က ရဲအရာရှိတစ်ဦးက ဘယ်လိုပြောပြသွားသလဲ ဆိုယင်""  ကျုပ်တို့အားလုံးလွတ်သွားကြတာ ခင်ဗျားတို့ လ၀ကပနမကြီး
သွားပြောပေးလို့လွတ်သွားကြတာ....အဲဒါကိုဗျာ....ကျုပ်တို့ ပနမကြီးက ရဲခုံရုံးတင်ပီးတော့ တရားစွဲမယ်လုပ်လို့ ကျနော်တို့တစ်ဖွဲ့လုံးသူ့ကို
ပိုက်ဆံ သိန်း( ၈၀) ပေးပီးတော့ ၀ိုင်းကန်တော့ပီးတော့ ခြေသလုံးဖက်ပီးတော့ မနည်းကိုတောင်းပန်ရတာဗျာ....သူ့မို့လို့ မကူညီနိုင်တဲ့အပြင် သူများကူညီပေးလို့လွတ်လာ
တာကို ဇာတ်တူသားကို မရရအောင် စားတယ်ဗျာ"" လို့ပြောပြသွားသေးတယ်......အဲဒိ ပနမရဲမှူးကြီးဟာ ရန်ကုန်တိုင်းမှာ ရဲတပ်ဖွဲ့မှူးကြီးဖြစ်သွား
ပီးတော့ သူက အနှိပ်ခန်းနဲ့အလှပြင်ခန်းထောင်ပီးတော့ သူ့ရန်ကုန်တိုင်းတွင်းက ရဲတွေ မလာမနေရ ဆိုပီးတော့ လုပ်တော့ နောက်ဆုံး မြန်
မာနိုင်ငံရဲတပ်ဖွဲကနေပီးတော့  ရန်ကုန်တိုင်းရဲမှူးကြီးဘ၀မှာ ရဲပြေးအဖြစ်နဲ့ ယိုးဒယားဘက်ကို ထွက်ပြေးသွားရပါတယ်....အဲဒိရဲမှူးကြီးဟာ
လည်း တပ်ထွက်အရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်.....လားရှိုးမှာ တုန်းကဆိုယင် အောက်ကရဲတွေ သူ့ကိုဆိုယင် ဖိန့်ဖိန်တုန်အောင်ကိုကြောက်ခဲ့
၇တာပါ..
..အဲဒီနေရာမှ ဘာတစ်ခုကိုသွားတွေ့သလဲ ဆိုယင်"" မင်းတို့ရ ..မင်းတို့ယူ...ငါ့ကိုလည်း...ပေးစရာမလိုဘူး....မင်းတို့ဖြစ်...မင်းတို့ခံ""
ဆိုပေမယ့်လည်း တကယ်တမ်းဖြစ်လာတဲ့ အချိန်ခါကျတော့  ခေါင်ဆောင်ကောင်းပီပီ ရှေ့ကနေပီးတော့ ၀န်ထမ်းတွေ အတွက်  စွမ်းစွမ်းတမံ
ကာကွယ်ကြိုးစားအားထုတ်သွားခဲ့တယ် ဆိုတာကိုတွေ့ခဲ့ရမှာပါ.....အဲဒိနေရာမှာ ကြုံကြိုက်လို့ ခေါင်းဆောင်ဖြစ်ပေမယ့်လည်း  အကြောက်
လွန်မှု....စိုးရိမ်မှု....ပါးမနပ်မှု..တာဝန်ယူမှု...တာဝန်ခံမှုမရှိမှု.....ုလုပ်ရည်ကိုင်ရည်ညှုံဖျင်းမှုတွေကြောင့် မိမိဝန်ထမ်းလေးတွေ အပြစ်ပေးအရေး
ယူခံလိုက်ရတဲ့ဖြစ်စဉ်လေး တစ်ခုကိုလည်း ထပ်ပီးပြောပြချင်ပါသေးတယ်......ဒါက တနုသာင်္ရီတိုင်းမှာဖြစ်ပွားခဲ့တာပါ....အဲဒီအချိန် တိုင်းဥိးစိးမှူး
က ဘယ်သူလဲ ဆိုတော့ ဦးထွန်းဝေပါ....သူဟာ psc ကနေပီးတော့ ဦးစီးအရာရှိ တစ်ဦးဖြစ်ခဲ့ပီးတော့ ဌာနမှာလည်း အရပ်သားတစ်ဦးအနေနဲ့
ပထမဆုံးဖြစ်ခဲ့တဲ့ ညွှန်ကြားရေးမှူးတစ်ဦးလည်းဖြစ်ခဲ့ပါတယ်...အဲဒီအချိန်က တနင်္သာရီတိုင်း တိုင်းမှူးကတော့ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး
ဖြစ်ပါတယ်....သူ့လက်ထက်မှာ ဘာဖြစ်သလဲ ဆိုယင်  ရားဖူးစစ်ဆေးရေး (ဂိတ်မှာ ရဲတပ်ဖွဲ့တွေ က ဆိုင်ကယ်ကယ်ရီ သယ်တဲ့သူတွေကို
ဖမ်းလိုက်တဲ့ အထဲမှာ စစ်တိုင်းမှူးရဲ့ တူတစ်ယောက်ပါသွားခဲ့ပါတယ်....စစ်တိုင်းမှူးရဲ့တူက အပြောအဆိုမတတ်တော့ ရဲက သောက်မြင်ကတ်
လို့ဖမးလိုက်တာပါ....တိုင်းမှူးကလည်း သူ့တူကိုဖမ်းလိုက်တော့ အစာမကျေဘူးဖြစ်သွားတယ်....အဲဒိမှာ ဆိုင်ကယ်ကယ်ရီသယ်တဲ့လမ်း
ကြောင်းတွေကို လိုက်စ်ုံစမ်းခိုင်းပီးတော့ လမ်းကြောင်းတလျှောက်မှာ တာဝန်ကျတဲ့ သူတွေ ကိုအရေးယူပေးဖို့ဆိုပီးတော့ စာထုတ်ပါတယ်...
ဒီလိုနေရာမျိုးမှာ ရဲက အရမ်းလည်ပါတယ်...တကယ်တမ်းဒီပြသနာက သူတို့ပြသနာ ရှာလို့ဖြစ်တာလေ.....ဖြစ်စဉ်မှာပါတဲ့ သူတွေအားလုံးကို
ပြည်နယ်ရုံးကိုတွဲထားလိုက်ပါတယ်......လ၀က တိုင်းမှူးကတော့ စစ်တိုင်းက ခိုင်းတယ်ဆိုပီးတော့ အကြောက်လွန်ပီးတော့ ရုံးချုပ်ကိုစာတွေ
တင်....ရုံးချုပ်က စုံခုံဖွဲ့ခိုင်းစစ်ပီးတော့ ၀န်ထမ်းပေါင်း ( ၂၀) ကျော်ကို ရာထူးတဆင့်လျှော့ချပီးတော့ ဝေးလံခေါင်ဖျာိး ကိုပြောင်းရွှေ့ခိုင်းလိုက်
ပါတယ်....ဘ၀ပျက်တဲ့သူတွေ ပျက်...ထွက်တဲ့သူတွေ ထွက်နဲ့....ရုံးချုပ်က အမိန့်စာလည်းထွက်ရော....တစမ လုပ်တဲ့သူက တိုင်းမှူးဆီကို
ဒီအမိန့်စာယူသွားပီးတော့  အားရ၀မ်းသာနဲ့မျက်နှာလို မျက်နှာရသွားလုပ်ပါတယ်.....ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ၀န်ထမ်းအားလုံးကို ဒီလိုမျိုးအရေး
ယူလိုက်တဲ့အကြောင်းကို သွားသတင်းပို့ပါတယ်.....သူ့စိတ်ထဲမှာက ဒီလိုမျိုးကြားလိုက်ယင် တိုင်းမှူးးအားရကျေနပ်သွားမယ်ထင်ထားပါလိမ့်
မယ်.....အဲဒီအချိန်မှာ တိုင်းမှူးက သူ့ကိုဘာပြန်ပြောလိုက်သလဲ ဆိုယင်"" ငါဒီလောက်ဖြစ်လိမ့်မယ်လို့မထင်ထားဘူး....ငါစိတ်တောင်မကောင်း
ဘူး"" ဆိုပီးတော့ သူ့ကိုပြန်ပြောလိုက်ပါတယ်.....နောက်ဆုံး နိဂုံးချုပ်လိုက်မယ်ဆိုယင် ပြသနာရှာတဲ့ရဲတွေ က တိုင်းရုံးမှာ တစ်လလောက်ပဲတွဲထား
ခံလိုက်ရပီးတော့ ဘာမှလည်းမဖြစ်ပဲ နောက်ဆုံး ဂိတ်ပြန်ဆင်းမြဲ...ပြန်ဆင်းလျက်ပါပဲ....နောက်ဆုံး လ၀က အဖွဲ့တွေကျတော့ တစမရဲ့
လုပ်ရည်...ကိုင်ရည်ညံှု့ဖျင်းမှုတွေကြောင့်   ဘာမှ မဆီမဆိုင်ကြားညှပ်တာခံလိုက်ရပီး မိမိတို့အဖွဲ့တွေပဲ ထိုးကျွေးတာခံလိုက်ရတာပါ....ဒါ
ကြောင့်မို့ ခေါင်းဆောင်ဟာ အရမ်းကိုအရေးကြီးတာပါ....ရှမ်းမြောက် ပနမဖြစ်ခဲ့တဲ့ ဗိုလ်မှူးထွန်းထွန်းစိုးကတော့ ၀န်ထမ်းတွေအတွက်အစွမ်း
ကုန်ကာကွယ်ပေးနိုင်ခဲ့ပီး မိမိတို့လ၀က ၀န်ထမ်းများသာမက အခြားဌာနဆိုင်ရာ ၀န်ထမ်းများတွေကိုပါ ကယ်တင်နိုင်ခဲ့တာကိုတွေ့ရှိခဲ့ရပီး
တော့  တနသာင်္ရီတိုင်းဦးစီးမှူးဖြစ်ခဲ့တဲ့ ဦးထွန်းဝေ ကတော့ မိမိတို့ ၀န်ထမ်းတွေကို မကယ်တင်နိုင်ခဲ့ပဲ မိမိရာထူးအာဏာ တည်မြဲနိုင်ရေး
အတွက် မိမိလက်အောက်က ၀န်ထမ်း ၂၀ ကျော်ကို စတေးခံခိုင်းခဲ့တာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်

No comments:

Post a Comment