ယခုလက်ရှိ ရန်ကုန်တိုင်းဦးစီးဌာနမှူးဖြစ်တဲ့ ဗိုလ်မှူးကြည်လင်ကတော့ လ၀က မှာ နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်..တခြားတစမ/ ပနမ တို့ ဆိုးတာက လက်မပါပေမဲ့ သူကတော့ လက်ပါလို့ နာမည်ကြီးတာပါ....သူက တစမ/ပနမ ဖြစ်ပီးတော့ ကိုယ့်တိုင်းတွေကိုပြောင်းလာမှာကိုလ၀က တိုင်းက ကြောက်ကြတယ်.....သူ ကရင်ပြည်နယ်မှာ ပြည်နယ်မှူးလုပ်တုန်းက ပန်ကာကြည်လင်/လက်သီးကြည်လင် ဆိုပီးတော့နာမည်ကြီးပါတယ်....သူဒေါသထွက်လာပီဆိုယင်...တစ်ခုခုကိုအလိုမကျဘူးဆိုယင် အနီးအနားမှာရှိတဲ့ ဖန်ခွက်တွေ....နာရီတွေ....ရှိတာတွေနဲ့ ၀န်ထမ်းတွေကိုကောက်ပေါက်ပစ်တယ်မိန်းမ..ယောက်ကျား မရှောင်ပါဘူး....ပန်ကာနဲ့ပစ်လို့လည်း ပန်ကာကြည်လင်/လက်သီးကြည်လင် ဆိုပိးတော့နာမည်ကြီးတာပါ...၀န်ထမ်းတွေကို ထိုးဖို့ ကြိတ်ဖို့ကိုလည်းဝန်မလေး သလို..သူအလိုမကျဘူးဆိုယင် လ/ထလ၀ကမှူးအဆင့်မှုဦးစီးအရာရှိအဆင့်ကို ထိုးကြိတ်ခဲ့တာပါ..သင်္ကြန်ပွဲတစ်ခုမှာ ကရင်ပြည့်သူ့ဆေးရုံကြီးက ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင် ကိုလည်း လူအများရဲ့ရှေ့မှာ ဆွဲထိုးခဲ့တာလည်း သူပါပဲ...
.ဒါဆိုယင်ဝန်ထမ်းလောက်ဆိုယင်တော့ လာမပြောနေနဲ့တော့နော်....သူရုံးတက်နေတဲ့ အချိန်ဆိုယင် သူ့ရုံးမှာ ၀န်ထမ်းတွေဆိုယင် စကားတောင်မပြောရဲပါဘူး....သုသာန်တစ်စပြင်လို တိတ်ဆိတ်နေပီဆိုယင်သူရုံးမှာ ရှိနေပီလို့အားလုံးက သဘောပေါက်ခဲ့ပါတယ်...ကရင်ပြည်နယ်မှာ မကဖ(၁၁)ဘားအံ ဆိုတာရှိပေမဲ့ သူ ပနမ လုပ်ခဲ့တဲ့ အချိန်တုန်းက မကဖ ၀န်ထမ်းတွေကိုတော့ မကောင်းတဲ့ဂိတ်တွေမှာ တာဝန်ထမ်းဆောင်စေခိုင်းခဲ့ပီးတကယ်ကောင်းတဲ့...အချက်အခြာ ကျတဲ့ ဂိတ်တွေ(ဥပမာ...သံလွင်တံတား)... ကိုကျတော့ ပြည်နယ်ရုံးက သူ့လူတွေ ကို အလှည့်ကျ ဆင်းစေခဲ့ပါတယ်....သူ့ရဲ့ လူယုံ.....တပည့်ရင်းတွေက တော့ ဒီလိုမျိုးတံတားတွေကို တပတ်သွား....တပတ်နား လုပ်ခိုင်းထားပါတယ်....ဒီလိုမျိုး တပတ်နားရတဲ့ အချိန်မှာ အဲဒီဝန်ထမ်းလေးတွေဟာဘီးလင်းမှာရှိတဲ့ သူ့ရဲ့ ရော်ဘာခြံထဲကို သွားပီး အလုပ်လုပ်ပေးရတာပါ...သူ့ရဲ့လုပ်ဆောင်သွားတဲ့လုပ်ရပ်က ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်ပြန်ကြော်လိုက်တဲ့သဘောပါ....သဘောကတော့ ဂိတ်ကရတဲ့ပိုက်ဆံနဲ့ သူ့ရော်ဘာခြံကို သွားအလုပ်လုပ်ခိုင်းတာပါ....ဒီလိုမျိုးးလုပ်ခိုင်းတဲ့အတွက် သူလည်းပိုက်ဆံမပေးရတော့ဘူး...ဒီလိုမျိုးတပတ်သွားလုပ်ပီးသွားယင် နောက်တပတ်ကျယင် ဂိတ်ကိုပြန်ဆင်း ဆိုပီးတော့ သံသရာလည်နေပီးတော့ ဆရာ့ရဲ့တီးကွက်တွေနဲ့တပည့်တွေရဲ့ ကကွက်တွေနဲ့ကမြိုင်မြိုင်ဆိုင်ဆိုင် ရှိနေတာပေါ့....တပည့်တွေကလည်းပျော်တာပေါ့....ရုံးမတက်ရဘူး..ခြံထဲမှာသွားနေရတယ်......တစ်ရာလောက်ရင်းပီးယင် တစ်ထောင်လောက်ပြန်ရနေတယ်ဆိုတော့ ဆရာလည်းအဆင်ပြေ...တပည့်တွေလည်းအဆင်ပြေနဲ့ ဟုတ်လို့ကိုနေရော....နောက်တစ်ခုလည်းရှိသေးတယ်
ကရင်ပြည်နယ်ကနေပီးတော့ တခြား ပြည်နယ်တိုင်း တခုကိုပြောင်းသွားပိးတော့ မြို့နယ်ခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့တပည့်တစ်ယောက် ခွင့်နဲ့ပြန်လာတာကို သံလွင်တံတားကိုသွားဆင်းခိုင်းလိုက်သေးတယ်...သူ့ရဲ့ဒီလိုမျိုးလုပ်ဆောင်ချက်ကိုအားလုံးက မကြိုက်ကြပေမယ့် သူ့ကိုကြောက်ပီးဘယ်သူမှမပြောရဲဘူး...မဝေဖန်ရဲကြဘူး...
..အဲဒီတုန်းက ပနမရုံးမှာ ရှိတဲ့ တကယ်တမ်းဂိတ်တွေကို တာဝန်ယူထမ်းရွက်ရမယ့် မကဖ(၁၁)၀န်ထမ်းလေးတွေခမျာမှာတော့ တကယ့်ဂိတ်ကြီးတွေဖြစ်တဲ့ သံလွင်တံတားလိုဂိတ်မျိုးကို အနားတောင်သီလို့မရခဲ့ပါဘူး....မကဖ၀န်ထမ်းတွေကိုတော့ ဂိတ်မဆင်းခိုင်းပဲ ပနမရုံးအဖွဲ့ဝန်ထမ်းတွေနဲ့ပဲ ချယ်လှယ်စိုးမိုးထားတာပါ...ပြည်နယ်ဦးစီးဌာနမှူးတစ်ယောက်ရဲ့ ရာထူး...အာဏာ...လုပ်ပိုင်ခွင့် ကို အလွဲသုံးစားပြုလုပ်ထားပီးတော့ တကယ်တမ်းတာဝန်ပေးအပ်ရမယ့် မကဖ၀န်ထမ်းလေးတွေအပေါ်မှာ ကိုယ်ချင်းစာနာ...သနားညှာတာစိတ်မရှိပဲကိုယ့်ရဲ့ ရလိုမှုအတ္တကိုပဲ ရှေ့တန်းတင်ဆောင်ရွက်သွားခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်...
ပီးတော့.ကရင်ပြည်နယ်မှာ နာမည်အရမ်းကြီးတဲ့ဘုရားသုံးဆူမြို့နယ်ခွဲဆိုတာရှိပါတယ်...အဲဒီဘုရားသုံးဆူမြို့နယ်ခွဲကိုလိုချင်လို့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က တစ်ချိန်တုန်းကအသဲအသန်လုကြပါသေးတယ်.....ဒါပေမယ့် နောက်ဆုံးတော့ အဲဒီမနခွဲကိုကရင်ပြည်နယ်ကပဲရရှိသွားခဲ့တယ်.....အဲဒီ မနခွဲကို ၆ လတစ်ကြိမ် သွားရောက်တာဝန်ထမ်းဆောင်ရပါတယ်...အားလုံးပေါင်း(၁၀)ယောက်လို့ထင်ပါတယ်.....လ၀ကမှူးတစ်ယောက်က ဦးဆောင်ပီး ဦးစီးရုံးချုပ်က တာဝန်အေးအပ်တဲ့ ( ၄)ဦးပါဝင်ခဲ့ပါတယ်..ကရင်ပြည်နယ်က ၀န်ထမ်းတိုင်းလိုလိုက အဲဒီမြို့နယ်ခွဲကိုသွားချင်ကြပါတယ်....အဲဒီကိုသွားယင် အားလုံးက အဆင်ပြေကြလို့ပါ....အဲဒီကိုသွားချင်တဲ့သူတွေကို ပနမရဲ့တပည့်ရင်းတစ်ယောက်က တစ်ယောက်ကိုသိန်းဘယ်နှစ်ဆယ်ဆိုပီးတော့ လိုက်ကောက်ပေးပီးတော့ သူ့ဆီကိုဝင်ပေးရပါတယ်...ဒီလိုမျိုးလမ်းကြောင်းဝင်ထားမှ ဘုရားသုံးဆူမနခွဲမှာ (၆)လသွားရောက်တာဝန်ထမ်းဆောင်ရမှာပါ....ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေကို အလှည့်ကျသွားရောက်တာဝန်ထမ်းဆောင်ဖို့ စေလွှတ်တယ်ဆိုပေမယ့် ဒီလိုမျိုးလမ်းကြောင်းနဲ့ဝင်ထားနိုင်လို့ရှိယင် သွားပီးလည်း ထပ်မံသွားရောက်လို့ရပါတယ်.......ပြည်နယ်အတွင်းက သွားချင်တဲ့ ၀န်ထမ်းက သူ့ကို အဲဒိအချိန်က တစ်ယောက်ကို သိန်း( ၂၀ )လောက်ပေးရပါတယ်....ပီးတော့ ပနမ က အဲဒီ.မနခွဲကနေပီးတော့ ခွဲတမ်း(၁)ပုံရပါတယ်....သဘောက၀န်ထမ်း(၁၀)ယောက်ရှိယင် ခွဲတမ်းခွဲတဲ့အချိန်ကျယင်(၁၁)ပုံခွဲရပါတယ်....အဲဒီ(၁)ပုံက ပနမ အတွက်ပါ....ဒါကြောင့်ပြောတာ...သူ့အတွက် တခြားဂိတ်ကနေပီးရတဲ့ခွဲတမ်းမပါသေးဘူး....ဒီဘုရားသုံးဆူမနခွဲကနေပီးတော့(၂)သီးစားနေရတယ်လေ..
ဝန်ထမ်းတွေဆီကသွားချင်လို့ပေးရတဲ့ ငွေတွေရယ်....မနခွဲကရတဲ့ငွေတွေရယ်....ပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိယင် သူ့ရဲ့ လူမသိ...သူမသိဝင်ငွေတွေဘယ်လောက်များတယ်ဆိုတာ သူ့တပည့်ရင်းတွေသိပါတယ်...
ပီးတော့ သူဟာ ဒေါသအပြင် လောဘလည်းကြီးသူတစ်ဦးဖြစ်ပီးတော့သူ့ကို....လက်ဆောင်လာပေးတဲ့ အသီးအရွက်တို့ဆိုယင်လည်းအောက် ၀န်ထမ်းတွေကို ပေးကမ်းကျွေးမွေးတာတွေ မရှိပါဘူး.....ပုပ်လာမှပဲ အမှိုက်ပုံးထဲ ကိုလွှင့်ပစ်စေတဲ့သူဖြစ်ပါတယ်.....အောက်လက်ငယ်သား ၀န်ထမ်းတွေကို ပေးကမ်း...ကျွေးမွေးရမယ်ဆိုတာကိုနားလည်မှု မရှိသူတစ်ဦးဖြစ်ပီးတော့ အောက်လက်ငယ်သားတွေဆီကပဲ ရလိုမှုကို အမြဲတမ်းမျှော်လင့်နေခဲ့သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်....သူ့လက်ထက်မှာ မြ၀တီ တံတားကြီးကိုကွန်ပြူတာတာဝန်ထမ်းဆောင်ဖို့ (၁၅)ရက်တကြိမ်စေလွှတ်ခံရတဲ့ သူ့တပည့်တွေဟာဆိုယင်လည်း ဟိုရောက်သွားယင် ခရမရဲ့ အုပ်ချုပ်မှု...ဆိုဆုံးမမှုကိုလက်မခံပဲ ပနမကိုပြန်တိုင်ကြလို့ ခရမပဲ သူတို့ကိုပြန်ကြောက်နေခဲ့ရပီး အလုပ်လုပ်ကိုင်ရာမှာ အဆင်မပြေမှုအခက်အခဲတွေ မျိုးစုံတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်.....
.သူ ကရင်ပြည်နယ်ကနေပီးတော့ရှမ်းမြောက် ကိုပြောင်းသွားရတဲ့ အချိန်မှာသူ့ဒဏ်ကို ကရင်ပြည်နယ်က ၀န်ထမ်းတွေ မခံစားရတော့ပဲ အားလုံးဝမ်းသာသွားပေမဲ့....ရှမ်းမြောက်ဝန်ထမ်းတွေ ကတော့ ရေရေလည်လည်ကိုခံစားရတော့တာပဲ.....ဘယ်ပြည်နယ်မှူးအဆင့်ဆင့်လက်ထက်မှာမှ မရှိခဲ့တဲ့...မလုပ်ခဲ့တဲ့...ပြည်နယ်ရုံးအ၀င်ဝမှာ မောင်းတံကြီးနဲ့အ၀င်(ဂိတ်ကြီးလုပ်ပီးတော့ ၀န်ထမ်းတွေကို အလှည့်ကျ ဂိတ်စောင့်လုပ်ခိုင်းပါတယ်..သူလာပီဆိုယင်တာဝန်ကျတဲ့ ဂိတ်စောင့်ဝန်ထမ်းက မောင်းတံကိုမတင်ပီးတော့ အလေးပြုရပါတယ်....သူ့ကားကိုမောင်းပေးနေခဲ့တဲ့ယာဉ်မောင်း စိုင်းစံအေး ဆိုတဲ့ တစ်ယောက်ဆိုယင် ပိုက်ဆံပျောက်လို့ဆိုပီးတော့သူဆွဲထိုးလိုက်တာနားတစ်ဘက်ပင်းသွားခဲ့ပါတယ်...အဲဒီယာဉ်မောင်းစိုင်းစံအေးဟာဆိုယင် ပြည်နယ်မှူးအစဉ်အဆက် ကားမောင်းပေးလာခဲ့သူတစ်ဦးဖြစ်ပီးတော့ အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦးလည်းဖြစ်ပါတယ်....ပြည်နယ်အတွင်းမှာရှိတဲ့ဝန်ထမ်းတွေအားလုံးက
စံအေးရဲ့ ရိုးသားမှုအကြောင်းကိုအားလုံးသိကြပါတယ်....ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပီးတော့ ခိုင်းသမျှကို ပေါ့ပါးစွာလုပ်ဆောင်ပေးတဲ့သူတစ်ဥိးဖြစ်ပါတယ်....ပိး သူမူဆယ်တို့ ခရီးထွက်ပီဆိုယင်သူ့ခရီးစဉ်ကိုပနမရုံးက၀န်ထမ်းတစ်ယောက်ကကားလိုက်မောင်းပို့ပေးရပါတယ်...အဲဒီလူက ပနမအစဉ်အဆက်ခရီးထွက်တိုင်းကားမောင်းလိုက်ပို့ပေးတဲ့ထွေ/အုပ်ကနေ လ၀ကကိုကြီးရေးနဲ့ပြောင်းလာခဲ့တဲ့ ကိုကျော်စိုးလှိုင်ပဲဖြစ်ပါတယ်....ုသူဟာဆိုယင်လည်း ပနမအစဉ်အဆက်အားကိုးခဲ့ရသူတစ်ဦးဖြစ်ပီးတော့ ပနမခရီးထွက်တဲ့အချိန်တိုင်း ကားမောင်းပို့ပေးနေခဲ့ရသူတစ်ဦးဖြစ်ပါတယ်....ပနမအစဉ်အဆက်သူ့နဲ့အဆင်ပြေစွာကားမောင်းပို့ပေးနိုင်ခဲ့ပေမယ့်သူနဲ့တွေ့တဲ့အခါတခါတည်းကိုလက်လန်သွားခဲ့ပါတယ်...တစ်ခါ ခရီးထွက်နေယင်း စိတ်ဆိုးပီးတော့ ကားကို ချောက်ထဲတစ်ခါထဲမောင်းချပစ်လိုက်မယ် လို့ပြောပိးကတည်းက နောက်ထပ် သူ့ကို မမောင်းခိုင်းရဲတော့ပါဘူး....တစ်ခါကလည်း တရုတ်တစ်ယောက်သု့အခန်းထဲကို ခွင့်မတောင်းပဲ ၀င်လို့ဆိုပီးတော့ ပြည်နယ်ရုံးဝန်ထမ်းတွေအားလုံးကို ရုံးခန်းထဲခေါ်ပီးတော့ အင်္ဂတေပေါ်မှာ အားလုံးကို ဒူးထောက်ပီးတော့ မလှုပ်မယက် ထိုင်ခိုင်းထားပါတယ်....ရုံးခန်းထဲက မှန်တွေကိုလည်း ထိုးခွဲလို့ ရုံးက ပြန်လုပ်ပေးရတာလည်း ခန ခနပါပဲ...ပနမရုံးဝန်ထမ်း အမျိုးသမီးတစ်ယောက်ကို ဖန်ခွက်နဲ့ကောက်ပစ်လိုက်တာ မျက်နှာကို မထိလို့တော်ပါသေးတယ်.....၀န်ထမ်းတွေရဲ့ရပိုင်ခွင့်ဖြစ်တဲ့ ခွင့်တို့...အပြောင်းအရွှေ့တို့တင်ယင်လည်း မပေးပါဘူး....လိုချင်ယင်တော့ ထုံးစံအတိုင်းဝင်ပေါ့....မုံးဝန်း...ကိုးကန့်...ခုံလုံလီရှောတွေ ကြားမှာဆိုယင်လည်း အရမ်းနာမည်ကြီးပါတယ်....ကတ်တစ်ကတ် ကို သိန်းကျော် လို့လေ....
.အငြိုးအတေးဆိုယင်လည်း အရမ်းကြီးတယ်ဆိုတဲ့သူ့ရဲ့စိတ်ဓါတ်တွေကို အောက်ပါဖြစ်စဉ်လေးတစ်ခုက သက်သေပြခဲ့ပါတယ်....
သုရှမ်းမြောက် ကို စပီးပြောင်းရပီလို့ အော်ဒါထွက်လာပီး သူလားရှိုးကိုရောက်လာတဲ့ အခါမှာ လားရှိုးမနမရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့တဲ့ မြို့နယ်မှူးဖြစ်သူ ဦးထွန်းနိုင် ဟာ သူ့ကိုကြောက်လို့ မိသားစုကိုပါ ခေါ်ယူပီး...ခွင့်မဲ့ နဲ့ထွက်ပြေးသွားပီး တခါတည်း အလုပ်ကနေနုတ်ထွက်သွားပါတယ်....လားရှိုးမနမ နေရာဆိုယင်လ၀ကမှာ လိုချင်တဲ့သူတွေ အများကြိးပါ...အရမ်းကိုလည်း အဆင်ပြေပါတယ်....တစ်ခါကြုံကြိုက်လို့ အဲဒီ မနမကိုဖြစ်စဉ်လေး ကိုမေးကြည့်တော့ "" သူ့နဲ့ တိုင်းတစ်ခုမှာ ဆုံခဲဖူးကြောင်း.....သူ က အဲဒီတိုင်းရဲ့ မြို့နယ်တစ်ခုမှာ မနမ နဲ့ တာဝန်ထမ်းဆောင်နေခဲ့တဲ့ အချိန်မှာ သူတို့မြို့နယ်ကို ၀ါးလုံးနှစ်ရာလား
မှာပါတယ်....သူတို့မြို့နယ်ရုံးလေးကလည်း ပိုက်ဆံမ၀င်တဲ့ရုံးလေးလေ.....သူက ၀ယ်ပီးလို့ ပို့ပေးပီးတဲ့ အချိန်မှာ ၀ါးလုံးတစ်ရာဖိုးကိုတော့ သူက စိုက်ပေးလိုက်ပီး ကျန်တစ်ရာဖိုးကို ပိုက်ဆံတောင်းလို့ ဆိုပီးတော့ သူ့ကိုအငြိုးအတေးထားထားတာတဲ့....သူ ရှမ်းမြောက်ကိုစရောက်တာနဲ့ ကျနော့်ကိုလည်းစ တွေ့ရော မင်းကို စုံခုံဖွဲ့ပီး စစ်ဆေးမယ် လို့ပြောတယ်ဗျ....သူကအငြိုးအတေးတော်တော်ကြိးတာဗျ...သူ့အကြောင်းကို ကျနော်ကောင်းကောင်းသိတယ်.....သူုတကယ်လုပ်မှာ ဆိုပိးတော့ ကျနော့်မိသားစု ကိုခေါ်ပီးတော့ ကျနော်ကြောက်ပီး ဆင်းပြေးလာခဲ့ရတာ....ရုံးချုပ်ကတောင်ဒီကိစ္စကိုတိုင်အုံးမလား လို့မေးသေးတယ်....ကျနော်လည်း မတိုင်တော့ပါဘူးဗျာ."" ဆိုပီးတော့ ရင်ဖွင့်ပြောပြသွားခဲ့ပါတယ်.......
အောက်ဝန်ထမ်းတွေကိုလည်း နည်းမျိုးစုံနဲ့ညစ်တာဗျ...တစ်ခါတုန်းကလည်း မူဆယ် နကသ အင်တာနက်မှာ ပါလို့ ဆိုပီး စုံခုံဖွဲ့စစ်ခိုင်းတာ ဘာမှ မဆိုင်ပဲ ရေပူ နကသ ကိုပါ စုံခုံဖွဲ့ပီးစစ်ခိုင်းတယ်...သူကဒီလိုမျိုးစုံခုံဖွဲ့စစ်ခိုင်းတော့ အဲဒီဂိတ်မှာရှိတဲ့ တခြားအဖွဲ့အစည်းတွေရဲ့ကြားမှာ လ၀က တစ်ဖွဲ့လုံး သိက္ခာကျဆင်းခဲ့ရတာပေါ့.....အားလုံးရဲ့အမြင်မှာ လ၀ကကပဲ မဟုတ်တာတွေလုပ်ထားလို့ ပြည်နယ်က ဆင်းစစ်ခိုင်းသလို.....တကယ်တမ်းက တခြားမဟုတ်ပါဘူး...ရေပူဂိတ်ကအဖွဲ့တွေက သူ့ဆီကို မ၀င်ထွက်တော့ အငြိုးအတေးကြီးစွာနဲ့ငြိုးထားခဲ့တာကို ရေပူဂိတ်မှာရှိတဲ့အဖွဲ့တွေက မသိရှာပါဘူး....သူဒီလိုမျိုး ငြိုးထားခဲ့တာကို ပြည်နယ်ရုံးမှာ ရှိတဲ့ ၀န်ထမ်းတွေက တော့သိနေခဲ့ပါပီ...ဘာကြောင့်သိနေသလဲဆိုတာက သူက ဒီအဖွဲ့ကို မကြည်ဘူးဆိုတာကို သူ့ရုံးကအဖွဲ့တွေကို ပေါ်တင်ပြောထားခဲ့ပိးသားလေ....သူ့စိတ်ထဲမှာတော့ ရေပူအဖွဲ့တွေနေနှင့်အုံးပေါ့....ငါနဲ့တွေ့အုံးမယ်ဆိုပီးတော့ ကျိန်းထားရှာမှာပေါ့....အဲဒီအချိန်မှာ မူဆယ်နကသ ကအင်တာနက်ပါပါလေရော....အဲဒီအချိန်မှာ ပနမက ဘယ်ကိုရောက်နေသဲဆိုယင် လောက်ကိုင်မှာ ဖုန်ကြားရှင် အရေးအခင်းဖြစ်လို့ သူက လောက်ကိုင်မှာ ရုံးထိုင်နေရတာပါ....သူက ကြေးနန်းနဲ့နေပီးတော့ ဘာမှမဆိုင်တဲ့ ရေပူ နကသဂိတ်ကိုပါ စုံ/ခုံဖွဲ့စစ်ဆေးခိုင်းဖို့ ညွှန်ကြားခဲ့ပီးတော့ အဲဒီအချိန်က လ၀ကအဖွဲ့ခေါင်းဆောင် ဦးစီးအရာရှိ ဗိုလ်ကြီးသိန်းရွှေဝင်း (ယခုလ/ထညွှန်မှူး)ကို လောက်ကိုင်တက်လာပီးတော့ သူနဲ့လာတွေ့ဖို့ ချက်ခြင်းခေါ်ခဲ့ပါတယ်..ခေါ်ပီးတော့ထုံးစံအတိုင်း သူက နည်းမျိုးစုံနဲ့ ချိန်းခြောက်တာပေါ့ဗျာ.......အဓိကအကြောင်းကတော့သူ့ဆီကို လာပီး မကာ လို့.....ခေါ်ညစ်တာ.....အဲဒါတောင် တပ်က အစ်ကိုကြီး...ညိလေး မို့လို့ ဒီလောက်ပဲရှိတာ....အရပ်သား ၀န်ထမ်းဆိုယင် တော့ သေဖို့သာပြင်ထားပေတော့....အဲဒီတုန်းကလာစစ်သွားတဲ့ ခရိုင်မှူးဦးဌေးအောင်ကျော်ဆိုယင်လာစစ်ခိုင်းလို့သာလာစစ်ရတာပါ.ဆိုပီးတော့ တောင်းတောင်းပန်ပန်နဲ့ကိုယ့်လ၀ကတွေသိက္ခာမကျရအောင်ဆိုပီးတော့ တိုးတိုးတိတ်တိတ်လေးလာစစ်သွားရှာပါတယ်.....ပြောရမယ်ဆိုယင်တော့ သူံရဲ့ ဆိုးသွန်းချက်တွေ...ညစ်ချက်တွေကတော့ အများကြိးပါဗျာ...ပြောယင်တောင်ကုန်တော့မှာ မဟုတ်ဘူး..
အခုဒီနှစ်အစောပိုင်းလောက်က ပြည်နယ်/တိုင်းတွေက ပနမ/တစမ တွေ အတော်များများ ဂျာမဏီ ကို လေ့လာရေးသွားခဲ့ရပါသေးတယ်....အဲဒီလိုမျိုး သွားခဲ့ရတဲ့အထဲမှာ သူလည်းပါသွားခဲ့ပါတယ်....အဲဒီပါသွားခဲ့တဲ့အဖွဲ့ထဲမှာ မန္တလေးတိုင်းဦးစိးမှူး ဦးသောင်းဇော်လည်းပါပါတယ်.....သူက အင်္ဂလိပ်စကားပြောလည်းကောင်းပီးတော့ သူ့နာမည်ကလည်း patrick zawဆိုပီးပေးထားတော့ နိုင်ငံခြားသားတွေရဲ့ ပါးစပ်မှာ ခေါ်ရတာကလွယ်ပီး သူ့ကိုပဲ ခန ....ခန ခေါ်....သူ့ကိုချည်းပဲပြောပြောနေတော့ ဦးသောင်းဇော်ကို ဦးကြည်လွင်က တော့်တော့်ကို jealous ဖြစ်ခဲ့ပါသေးတယ်....ဦးသောင်းဇော်ကတော့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦးဖြစ်ပီးတော့ စိတ်သဘောထားပြည့်ဝကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်....အောက်လက်ငယ်သားတွေရဲ့ ချစ်မြတ်နိုး ယုံကြည်...အားကိုးခြင်းကိုခံရသူတစ်ဥိးဖြစ်ပီးတော့ သူ့တပည့်...ငါ့တပြည့် ခွဲခြားခြင်းမရှိပဲ အားလုံးကို တပြေးညီ ဆက်ဆံတဲ့သူတစ်ဥိးလည်းဖြစ်ပါတယ်....ဒိလိုမျိုး စိတ်ထားမြင့်မြတ်ကောင်းမွန်တဲ့သူတစ်ဦးအပေါ် သူ့ရဲ့ ဒိလိုမျိုး မနာလိုဝန်တိုမှုဖြစ်ခဲ့ရတာတွေဟာ ညွှန်မှူးအဆင့်တွေအားလုံးရဲ့အလယ်မှာ ဖုံးလို့မရ...ဖိလို့မရနဲ့ ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်.....
ယခုလက်ရှိ ရန်ကုန်တိုင်းဦးစီးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ဦးကြည်လွင်ဟာ သူ့နဲ့အဆင့်တူဖြစ်တဲ့ တခြားညွှန်မှူးတွေ အပေါ်မှာလည်း မန္ဆိရိယစိတ်တွေနဲ့ အမြဲတမ်းရန်လိုနေခဲ့သူတစ်ဥိးဖြစ်ပီးတော့.....တခြား ပြည်နယ်/တိုင်းဦးစီးမှူးတွေကတော့ သူ့အပေါ်မှာဘယ်လိုမှ သဘောမထားပေမယ့် သူကတော့ နောက်ကွယ်မှာ ရန်သူလိုသတ်မှတ်ထားရှိပါတယ်..သူနဲ့ မကြည်ဖြူတဲ့...မတည့်တဲ့ ပြည်နယ်တိုင်းမှူးတွေရဲ့ တပည့်တစ်ယောက်ယောက် သူ့တိုင်းထဲကိုရောက်လာပီဆိုယင်တော့ အဲဒီအကောင်သေဖို့သာပြင်ထားပေတော့....အငြိုးအတေးလည်းအရမ်းကြီးမားသူတစ်ဦးဖြစ်ပီးတော့ အရမ်းကိုလည်း ရက်စက်ယုတ်မာသူတစ်ဦးလည်း်ဖြစ်ပါတယ်.....
သူရဲ့ဒီလိုမျိုး စိတ်ဓါတ်....စိတ်နေစိတ်ထား...အမူအကျင့်သိက္ခာတွေ ရှိနေပေမယ့်လည်း သူတာဝန်ထမ်းဆောင်သွားခဲ့တဲ့ နေရာတွေအားလုံးကိုပြန်ကြည့်မယ်ဆိုယင် အားလုံးဟာ နေရာကောင်းတွေချည်းပဲဖြစ်နေခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်...ကောသလမင်းကြီးရဲ့ အိမ်မက်တရားတွေနဲ့ညီညွှတ်နေခဲ့တဲ့ မြန်မာပြည်ရဲ့ လ၀က ဌာနကြီးမှာ သဘောထားပြည့်ဝကောင်းမွန်ခဲ့တဲ့စိတ်နေစိတ်ထားလည်းမြင့်မြတ်လှတဲ့ ညွှန်မှူးအဆင့်တွေက ချောင်ဂလောင်မှာ ချောင်ထိုးထားခံနေခဲ့ရတဲ့ အချိန်မှာ ဒီလိုမျိုး စိတ်ထားရှိတဲ့...ဆိုးဝါးလှတဲ့...လုပ်စားကိုင်စားဖို့အခွင့်အရေးတွေကိုသာချောင်းနေခဲ့တဲ့သူ့လိုလူမျိုးဟာနေရာကောင်းတွေချည်းပဲ ရယူနိုင်တာဟာ အဆန်းတော့မဟုတ်ပါဘူး.....လူကောင်းသူကောင်းတွေကျတော့ အောက်ကိုလည်း မဖိသလို....အထက်ကိုလည်းမဖားတော့ နေရာကောင်းမရပဲ ချောင်ထိုးခံရတာဟာ ထုံးစံဖြစ်နေပေမယ့်...သု့လိုလူမျိုးကျတော့ အောက်ဆိုယင်အသေဖိ....အထက်ဆိုယင် အသေဖားနဲ့ နေရာကောင်းတွေကိုပဲ ရနေခဲ့တာဟာ အဆန်းမဟုတ်တော့ပါဘူး....ပီးတော့ ရန်ကုန်မှာနေရတဲ့တစမ ကလည်း ရန်ကုန်မှာရှိတဲ့ ၀န်ကြီးအိမ်ရဲ့ ဝေယျာဝစ္စ အစစ ကိုတာဝန်ယူပေးထားနေမှတော့ အားလုံးနေမြဲပေါ့ဗျာ....ဒါကြောင့်မို့ ဒီနေရာမှာ ပြည်နယ်တိုင်းအဆင့်တွေကို တာဝန်ပေးမယ်ဆိုယင် ၀န်ကြီးအနေနဲ့ သူ့ရဲ့စိတ်နေစိတ်ထား...အကျင့်စာရိတ္တ.....အောက်ဝန်ထမ်းငယ်တွေအပေါ် ဆက်ဆံမှုအကြောင်းအရာအ၀၀အားလုံးကို သေခြာစွာ လေ့လာစူးစမ်းပီးမှပဲ သင့်တော်တဲ့လူစားမျိုးကိုပဲ တာဝန်ပေးအပ်သင့်ပါတယ်....ဒါမှမဟုတ်ပဲ ငါ့ဆီဝင်ထွက်နေလို့ ဆိုပီးတော့ သိတတ်မှုတစ်ခုကိုချည်းပဲကြည့်ပီးတာဝန်ပေးအပ်မယ်ဆိုယင်တော့ ကြာလာယင် လ၀က ဌာနကြီးငါးပါးမှောက်ပါလိမ့်မယ်.....အထက်ဖား..အောက်ဖိတွေချည်းပဲသာ နေရာတွေရနေမယ်ဆိုယင် ကြာလာယင် အောက်လက်ငယ်သားတွေ ပဲ ဒီဒဏ်ရာ...ဒဏ်ချက်တွေကို ခံစားနေရမှာပါ.....အားလုံးဟာ ကိုယ့်သမိုင်း..ကိုယ်ရေးနေတယ်ဆိုပေမယ့် ဒိလူတွေရဲ့ လက်ချက်ကြောင့် လ၀က ဌာနကြီး ရေစုန်မျောပျက်စီးသွားမှာ ကို မကြည့်ရက်နိုင်ပါဘူး...ဒါကြောင့် မို့ အားလုံးကို သေခြာစွာ စူးစမ်းလေ့လာ သုံးသပ်ပီးတော့မှ လူမှန်...နေရာမှန်ပဲဖြစ်စေချင်ပါတယ်......ဘက်လိုက်မှုမရှိပဲ အဂတီတရားကင်းရှင်းစွာနဲ့ သင့်တော်တဲ့သူကိုပဲ သင့်တော်တဲ့နေရာပေးစေချင်ပါတယ်.....တကယ်လို့
သိသိကြီးနဲ့ ဆက်ထားမယ်ဆိုယင် ကိုယ့်လဲ အလိုတူပါဖြစ်ပီးတော့ သမိုင်းရဲ့ တရားခံထဲမှာပါသွားမှာဖြစ်ပါတယ်....
.နောက်ပီးတော့ ခရိုင်မှူးအဆင့်မှာ ဆိုယင် ဗိုလ်ကြီးခင်မောင်ကျော်ဆိုတာတစ်ယောက်ရှိသေးတယ်...သူလည်းဒီလိုမျိုးပဲဒီပုတ်ထဲက ဒိပဲပေါ့....လူငယ် ၄၀ ကျော်ပဲရှိသေးပီး ဒုညွှန်မှူးရာထူးရထားတော့ မောက်မာရိုင်းစိုင်းနေတာ...တောင်ငူခရိုင်မှာတုန်းကအောက်က၀န်ထမ်းတွေနဲ့လည်းအဆင်မပြေ...မြို့နယ်မှူးတွေနဲ့လည်းအဆင်မပြေ....လ/ထ ခရမနဲ့ဆိုယင် ထိုးဖို့..ကြိတ်ဖို့အဆင့်တောင်ရောက်ခဲ့သေးတယ်.....
No comments:
Post a Comment