Friday, 20 June 2014

လ၀က အပိုင်း(၂၂)

တပ်ထွက်ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် ....အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၂၂ )
================================================================

.အဲဒီဗိုလ်မှူးဟာ အငြိုးအတေးမထားတတ်ဘူးဆိုတဲ့ သူ့ရဲ့ စိတ်ဓါတ်ကိုဖော်ပြတဲ့ဖြစ်စဉ်ကတော့
ထလရတစ်ဖွဲ့လုံးပြုတ်သွားပီးတဲ့ အခိျန်မှာ ဌာနထဲမှာလည်း  ထလရနဲ့ပက်သက်တဲ့ သူတွေ အကုန်လုံးအဖြုတ်ခံခဲ့ရပါတယ်....အဲဒီအချိန်မှာ
ဒုဝန်ကြီးဖြစ်နေတဲ့ ဦးမောင်အောင်က ပနမဆီ ဖုန်းဆက်ပီးတော့ ဦးဌေးအောင်ကျော် ကိုဖြုတ်ဖို့အတွက် လှမ်းပြောတဲ့ အခါမှာ သူ့အပေါ်မှာ
ကလန်ကဆန်လုပ်ခဲ့ပေမယ့်လည်း အငြိုးအတေးထားရှိခဲ့ခြင်းလုံးဝမရှိပဲ ဦးဌေးအောင်ကျော်ဟာ အားကိုးရတဲ့သူတစ်ဦးဖြစ်ကြောင်း...တိုင်းမှူး
အကောင်အထည်ဖော်လုပ်ခိုင်းနေတဲ့ ဆင်းရွှေလီ စပါး စိုက်ကွင်းတွေကိုလည်းအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း...သူ အစစ အရာရာတာ
ဝန်ယူပါကြောင်း ပြန်ပြောပြတဲ့အခါမှာ သူ့ကို မဖြုတ်တော့ပဲ ချင်းပြည်နယ် ကိုပဲ ပြောင်းရွှေ့ ပေးလိုက်ပါတယ်....ဒါက ဗိုလ်မှူးရဲ့ အငြိုးအတေး
မထားတတ်ပဲ  လက်အောက်ငယ်သားကို ကာကွယ်ပေးထားခဲ့တဲ့  ပထမဆုံးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်....တကယ်လို့သာ အဲဒိနေရာမှာ အငြိုး
အတေးကြီးမားလွန်းတဲ့ တစ်ယောက်ယောက်ကသာ ဆိုယင် အချွန်အတွန်းနဲ့မပေးလိုက်မယ်ဆိုယင်ြ့ပုတ်တာကြာပီပေါ့...ဒါဟာ သူ့မိသားစု
ဘ၀မပျက်သွားအောင် ဆိုပီးတော့ လူကြီးလူကောင်းစိတ်ဓါတ်နဲ့ကာကွယ်စောင့်ရှောက်ပေးခဲ့တာပါ... ဗိုလ်မှူး ပြောင်းလာတဲ့အချိန်မှာ အယင်
အစဉ်အဆက် ပနမတွေဟာ  သစ်သားတန်းလျားတွဲကြီးမှာသာ နေနေရပါတယ်....ဘယ်သူကမှ ပနမအတွက် သီးသန့်နေအိမ် ဆိုပီးတော့
ဆောက်လုပ်သွားခဲ့တာ မရှိပါဘူး....သူ့လက်ထက်ကျမှ ရုံးဝင်းထဲမှာ ပနမ အစဉ်အဆက် အဆင်ပြေချောမောစွာ နေနိုင်ရေးအတွက် ဆိုပီးတော့
တထပ်တိုက်လေး တစ်လုံးကိုဆောက်လုပ်ပေးသွားခဲ့ပါတယ်....နယ်စပ်မြို့လေးဖြစ်တဲ့ မူဆယ်မနမရုံးကို လှပခန့်ညားအောင်လည်းဆောက်
လုပ်ပေးခဲ့ပါတယ်...သိရသလောက်ဆိုယင်  ကျောက်မဲခရိုင်/ မြို့နယ်ရုံး...မဘိမ်းမြို့နယ်ရုံးတွေကိုလည်း  ကိုယ်ပိုင်မြေမှာ ကိုယ့်ဌာနအဆောက်
အဦးဖြစ်လာအောင် ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်...
..လက်ဆောင်အဖြစ်လာပေးသွားတဲ့ ပန်းသီး...လိမ္မော်သီး...သစ်တော်သီး တွေကိုဘယ်တော့မှ
အိမ်ပြန်သယ်သွားတယ် ဆိုတာမရှိဘူး....ပြည်နယ်ရုံးအဖွဲ့တွေ ကို အကုန်ခွဲဝေပေးတယ်....နောက်ဆုံးလားရှိုး မနမရုံးဝန်ထမ်းတွေတောင်အသီး
ခွဲတမ်းရသေးတယ်...ပီးတော့ ပြည်နယ်အတွင်းမှာရှိတဲ့ မနမရုံးက ၀န်ထမ်းတွေ အားလုံးအတွက် ယူနီဖောင်းအစတွေကို တာချီလိတ်ကနေမှာ
ယူပီးတော့ အားလုံးကို အခမဲ့ပေးခဲ့တယ်..ကျုပ်သူ့ရဲ့ လောဘ...ဒေါသ ...မောဟ နည်းမှုတွေ ကိုဘယ်အချိန်မှာ သိလိုက်ရသလဲဆိုယင် တစ်နေ့ကျုပ် ကိုးကန့်လူ
မျိုး မိသားစု တစ်စု နငသကတ်လက်မှတ်ထိုးပေးဖို့ ဆိုပီးတော့ ပြည်နယ်ရုံးကိုလာပို့ပေးဖူးတယ်...ညစ်တာ...ပြုတာ လုံးဝမရှိပါဘူး..ချက်ခြင်း
လက်မှတ်ကို တန်းထိုးပေးပါတယ်....ငွေရေး...ကြေးရေး ကိစ္စကို လုံးဝမပြောပါဘူး....လက်မှတ်လည်း ထိုးပိးသွားရော...ကာယကံရှင် မိသားစု
က ပိုက်ဆံ ၃ သိန်းလားမသိဘူး စားပွဲပေါ်တင်ပီးတော့ ကန်တော့ပါတယ် ဆိုပီးပေးတာနဲ့ သူကမေးပါတယ်....ကျုပ်တောင်းလို့လား...ဆိုတော့
ဟိုက မတောင်းပါဘူး.....သူစေတနာရှိလို့ပေးတာပါတဲ့.....ဒါနဲ့ ဗိုလ်မှူးက ခင်ဗျား တကယ်စေတနာရှိလား....ဆိုတော့ ဟိုကရှိပါတယ် ဆိုတာ
နဲ့ သူ့ပြည်နယ်ရုံးက ဦးစီးအရာရှိ ဦးစိန်ဝင်း ကိုလှမ်းခေါ်လိုက်ပါတယ်....ပီးတော့ ဗိုလ်မှူးက လှမ်းပြောလိုက်ပါတယ်...ခင်ဗျား စေတနာရှိယင်
(၁)သိန်းကို ရုံးရန်ပုံငွေထဲကိုထည့်လိုက်တဲ့....ကျန်တဲ့ (၂) သိန်းကို ခင်ဗျားပြန်ယူသွားတော့တဲ့....ပီးယင် လကုန်ယင် ရုံးကအဖွဲ့တွေကို
ခွဲဝေပေးလိုက်တဲ့...သူ့ ဦးစီးအရာရှိ ကိုလှမ်းမှာလိုက်တာ....ကျုပ် အရမ်းကိုလေးစားသွားတယ်ဗျာ....တောင်းလည်းမတောင်းဘူး...ပေးတာကို
မှ မယူတဲ့အပြင် ရုံးရန်ပုံငွေတွေထဲပဲထည့်ခိုင်းပီး ကျန် ၂ သိန်းကိုပြန်ပေးလိုက်တာ...ဒီနေရာမှာကျုပ်ဘာကိုသွားသတိရလိုက်သလဲဆိုယင်
ကျု့ပ်တို့ လ၀က ၀န်ကြီးဗိုလ်ချုပ်စိန်ထွားပြောသွားတဲ့ စကားတစ်ခွန်းကိုသွားမှတ်မိတယ်...မရစ်နဲ့..မညစ်နဲ့..စေတနာရှိလို့ အိမ်တိုင်ပါချွတ်ပေး
ယင် ယုသာယူ ဆိုတဲ့ စကားလေးတစ်ခွန်း....ဟိုက စေတနာရှိလို့ပေးတာကို မယူတဲ့အပြင် ပြန်ပေးလိုက်တဲ့ ဗိုလ်မှူး....တကယ်တမ်း သူကောက်ပီးအိတ်ထဲထည့်သွားလည်း
ဘယ်သူမှပြောလို့မရဘူးလေ...ဒါက သူ့ရဲ့လုပ်ပိုင်ခွင့်လေ....ပြောတာ ဆိုတာတွေကလည်း အရမ်းကိုယဉ်ကျေးတယ်ဗျာ....ရုံးမှာပဲ ရန်ပုံငွေ
တွေထားခိုင်းပီးတော့ မြို့နယ်ရုံးလေးတွေ ကိုရုံးစစ်သွားတဲ့အခါ  ကောင်းတဲ့ မနမရုံးပဲဖြစ်ဖြစ်....မကောင်းတဲ့ မနမ ရုံးပဲဖြစ်ဖြစ် ၀န်ထမ်းအားလုံးကို
မုန့်ဖိုးပေးပါတယ်.....သွားရေး..လာရေး...ခက်ခဲတဲ့ မြို့နယ်ရုံးတွေအတွက်ဆို ဆန်...ဆီ...ကြက်သွန်ဖြူနီ...အာလုး တွေ ကိုဝယ်သွားပီးတော့ ၀န်
ထမ်း မိသားစုတွေ ကိုခွဲဝေပေးတယ်......ဘယ် ပနမ ကမှ ဒီလိုမျိုးလုပ်ပေးတာမရှိဘူး...ဒီပနမ လက်ထက်မှာပဲ ဒီလိုမျိုးပေးတာ ရဖူးတယ်ဆိုပီး
တော့ ပြောကြပါတယ်.....

No comments:

Post a Comment