တပ်ထွက် ကြောင်ခံတွင်းပျက်..ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း ( ၉ )
=======================================
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ
အပြစ်ပေးခြင်း ခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးများ အပိုင်း (ခ)
--------------------------------------------------------------------------------------
.ဒီကြားထဲ...ဒီနား မှာ ခန နားထားပီးတော့ ကျောက်တံခါးရုံးရဲံ့ ၀န်ကြီးလမ်း ကြောင်းကြိုဆိုဧည့်ခံကျွေးမွေးရေးသွားလုပ်ပေးရတဲ့
အကြောင်းလေးတွေကိုပြောပြအုံးမယ်....ကျောက်တံခါးမြို့ကနေ အမြန်လမ်းမကြီးကို ထွက်မယ် ဆိုယင် ဖဒိုရွာကြီး ကိုဖြတ်ပီးသွားတော့မှ
သွားလို့ရပါတယ်....မြို့ကနေ သွားမယ်ဆိုလို့ရှိယင် မိုင်၃၀လောက်ဝေးပါတယ်...အဲဒီအမြန် လမ်းမကြီးပေါ်ကိုရောက်ပီိဆိုတာနဲ့ မိုင်တိုင
် ၈၃/၆ ဖာလုံမှာရှိတဲ့ ဆောက်လုပ်ရေးဧည့်ရိပိသာကြီး ကိုမြင်တွေ့ရပါလိမ့်မယ်.အဲဒီမှာ လ၀က ၀န်ကြီးနဲ့ အဖွဲ့ နေပြည်တော်ကနေ ရန်ကုန်
အတက်အဆင်းအတိုင်း ၀င်ဝင်နားပါတယ်..အဲဒီနေရာက ကျုပ်တို့မြို့နယ်ရုံးအပိုင် ဆိုတော့ကျုပ် တို့ မြို့နယ်ရုံးအဖွဲ့က ယောက်ကျားလေး
ဝန်ထမ်းမှန်သမျလာပီးတော့ ကြိုဆိုဧည့်ခံကျွေးမွေးရေးလုပ်ပေးရတယ်...အဲဒီအချိန်က တစ်လမှာ ဆိုယင် အနည်းဆုံး အသွားအပြန်
လေးခေါက်လောက်တော့ ရှိပါတယ်....ဒီကြားထဲ သမီးတော်ဖြတ်သွားလို့.....ယောက်ဖတော်ဖြတ်သွားလို့.. ဘွားတော်ဖြတ်သွားလို့
ဆိုပီးတော့ သွားပီးကြိုဆိုရေးလုပ်ပေးရတာရှိပါတယ်......နောက်ပိုင်းကျတော့ ၀န်ကြီိးအတက်အဆင်း ကို တစမ ပါ လာကြိုပါဆိုပီးတော
့ဖြစ်သွားရော...ကျုပ်တို့ ၀န်ကြီးကခရီးသွား ယင်လည်း ခမ်းခမ်းနားနားပဲသွားတာ.....တစ်ခါ သွားယင် အနည်းဆုံး ကား ၄စီးလောက်ပါတာ.
ရှေ့ကနေပွိုင့်ကားကနေလမ်းရှင်းပေးရတယ် ကျုပ်တို့က ...ရုံးမှာဆိုယင် အမြဲတမ်း stand by စောင့်နေ ရတာ....တစ်ရက်ကြိုပီးတော့
ဖုန်းဆက်ထားယင်တော်သေးတယ်....ဒီကြားမှာလုပ်ဖို့..ကိုင်ဖို့ ပြင်ဆင်ဖို့အချိန်ရတာပေါ့...ါဒါမှမဟုတ်ပဲ နပတ ကနေ အခုထွက်သွားပီ.
...သွားကြိုပါဆိုတာနဲ့ ကျုပ်တို့မှာပျာယာခတ်ရတော့တာပဲ....လူကြီးလမ်းကြောင်းတစ်ခေါက်ဆို ယင် ဆိုင်ကယ်၃ စီးလောက်နဲ့သွားရတာ....
.၀န်ထမ်းတစ်ယောက်လောက်ပဲ ဆိုင်ကယ်ရှိတော့ ကျန်တဲ့ ဆိုင်ကယ်နှစ်စီးကိုအပြေးအလွှားသွားဌား ရတာ.....ဆိုင်ကယ်တစ်စီးကိုတစ်နေ့
ဌားခ ၈၀၀၀ ပေးရတာဗျ...ကိုယ့်ဆီ ကိုယ်ထည့်...ပိးတော့ ဆောက်လုပ်ရေးဧည့်ရိပ်သာကအဖွဲ့တွေကို လည်း ကျုပ်တို့က
အောက်ကျို့ပီးတော့ တည့်အောင်ပေါင်းထားရသေးတယ်....တစ်ခါတစ်လေကျတော့ လည်း ရုံးချုပ်ကနေဖုန်းဆက်ပီးတော့ ဘာစားချင်တယ်.
..ဘာလုပ်ပေးထားပါဆိုပီးတော့ ကြိုမှာတာလည်းရှိတယ်....တစ်ခါတစ်လေကျတော့လည်း ကိုယ့်ဟာကိုယ်အဆင်ပြေသလို
စီစဉ်ထားရတာရှိတယ်....ပီးတော့ ကျုပ်တို့ကုသူတို့ဆိ ဖုန်းဆက်....ဘယ်အချိန်က နပတ ကထွက်လာပီ...လူအင်အားဘယ်နှစ်ယောက်ပါ
တယ်...ဘာတွေကိုလုပ်ပေးထားပါ ဆိုပီးတော့ လှမ်းအကူအညီတောင်းရတယ်.ကျုပ်တို့က ဒီနေ အချိုပွဲတွေအတွက်ပဲဝယ်သွားရတာ .
..တစ်ခေါက်ခရီးထွက်ယင်အင်အားက အနည်းဆုံး ၂၀ ကျော် ပါတယ်.....ပီးတော့ အားလုံးခရီးစဉ်ပီးတဲ့ အချိန်ကျယင် ကျုပ်တို့က
သူတို့စိုက်ထားတဲ့ ကုန်ကျစရိတ်ကိုပြန်ရှင်းပေးရတာပေါ့်ဗျာ....ပီး တော့ သူတို့ ၀န်ထမ်းလေးတွေကို မုန့်ဖို့ပေးရတယ်ဗျာ..
..အားလုံးတွက်ကြည့်လိုက်ယင် တစ်ခေါက် ကို လမ်းစရိတ်...ကျွေးမေးစရိတ် ခြောက်သောင်းလောက်ကျတာဗျ....အဲဒါ ဆိုင်ကယ်ဌားပီး
သွားတဲ့ စရိတ်ကိုပြောတာဗျ....မိုးတွေအကြီးအကျယ်ရွာတဲ့ အချိန်မျိုးကျယင်ကား ဌားပီးသွားရတယ်ဗျ....ကားဌားရတယ် ဆိုယင် ဒီထက်မက
အကုန်အကျ များတာပေါ့ဗျ.....အဲဒီအချိန်တုန်းကဆိုယင် လမ်းကလည်းဆိုး...တံတား တွေကလည်း မပီးသေးတော့ ချောင်းမြောင်းတွေ
ကိုဆိုင်ကယ်နဲ့ဖြတ်မောင်းသွားရတာ....လမ်းချော်ပီးတော့ ဆိုင်ကယ် ခန ခန မှောက်တာ ကလည်း မပြောနဲ့တော့လေ....မြို့ကနေ အဲဒီအထိ
ဆိုင်ကယ် ကို ၁ နာရီလောက်မောင်းရတာလေ.အသွားအပြန်ဆိုယင် ၂ နာရီလောက်ကြာ တယ်ဗျာ...တကယ်တမ်းဆိုယင်ဗျာ
..ဒီဆလရ ရိပ်သာလေးမှာ အပေါ့ အပါးသွားဖို့အတွက် ၁၅ မိနစ်လောက် ၀င်နားတာပါဗျာ...ဘာမှလည်းဖုန်း ဆက်ပီးတော့
လာကြိုခိုင်းစရာလည်းမလိုပါဘူး..တခြား ၀န်ကြီးတွေလည်း အားလုံးဝင်လာတာပဲ...သူတို့ဟာ သူတို့ သန့်စင်ခန်းဝင်ပီးယင်
ကားပေါ်တက်ပီး ပြန်ထွက်သွားတာပဲ...သူတို့ဝန်ကြီးဌာနတွေက ဘယ်တစ်ယောက်မှလဲလာကြိုတာမတွေ့ရပါဘူး ....အစတုန်းကတော့
တစမ ကပြောပါ တယ်....မင်းတို့ကုန်ကျစရိတ် ကို ပြန်တင်တောင်း..ငါတို့ မြို့နယ်တွေအားလုံးက အချိုးကျပြန်ကောက်ပေးမယ်ဆိုပီးတော့..
...တစ်ခါနှစ်ခါပဲ ပေးတယ်....နောက်ပိုင်းကျတော့ ဘယ်လိုပဲ တင်တောင်း...တင်တောင်း မပေးတော့ဘူး.
...အဲဒီအချိန်က သမ္မတကြီးရဲ့ လာဒ်ပေးလာဒ်ယူ ကင်းရှင်းရေးနဲ့ ကောင်းမွန်သော အစိုးရ ဆိုပိးတော့ မူဝါဒတွေနဲ့ စတင်နေပါပီ...
..ဒါပေမဲ့ဗျာ.....ကျုပ်တို့မှာ ၀န်ကြီးနဲ့ အဖွဲ့ဖွဲ့ အခေါက် ခေါက် အခါခါ လာတိုင်း သာသွားပီးကျွေးမွေးဧည့်ခံနေရတယ်....တစ်ခါမှ မင်းတို့
ငါတို့ကိုလာကျေွုးနေတာ ဘာပိုက်ဆံနဲ့လာကျွေးလဲ.... တစ်ခေါက် တစ်ခေါက် ကိုဘယ်လောက်ကုန်ကျသလဲ...
.ဘယ်လိုမျိုးနည်းလမ်းလေးတွေနဲ့လာကြလဲ...ဘာတွေအခက်အခဲရှိကြလဲ... .ဆိုတဲ့ မေးခွန်းလေးမျိုးကိုတစ်ယောက် မှ မမေးသွားကြပါဘူးဗျာ.
.....အစားအသောက်တွေကိုသာ အကုန်စားသွားတာဗျ....တစ်ခါတစ်လေကျယင် အောက်ကအဖွဲ့တွေက မင်းတို့ကျွေး တာတွေကဘာဖြစ်တယ်
...ညာဖြစ်တယ်...မကောင်းဘူးဆိုပီးတော့ ဂျီကျသွားသေးတယ်ဗျ....သိလျက်နဲ့ မသိချင်ယောင်ဆောင်နေကြတာလား တကယ်ပဲ မသိလို့လား
သိလျက်နဲ့ မသိချင်ယောင်ဆောင်နေကြတာလား မသိဘူး....နားမလည် ချင်ယောင်ဆောင်နေကြတာလား....ညဏ်မမှီတော့ ကျုပ်တို့က
မစဥင်္းစားတတ်ပါဘူးဗျ...
.၀န်ကြီး ဌာနတွေမှာ ဒီလိုမျိုးတွေ အများကြီးသာရှိယင် သမ္မကြီးလုပ်ဆောင်နေခဲ့တဲ့ ကောင်းမွန်သောအစိုးရ..သန့်ရှင်းတဲ့ အစိုးရ
လုပ်ငန်းကြီးဟာ အရမ်း အရမ်းကိုအောင်မြင်အုံးမှာမြင်ယောင်နေသေးတယ်ဗျာ..ကျောက်တံခါးမြို့နယ်ရုံးက ကျွေးထားတုန်းကတော့
စားပို့နင့်အောင်တစ်ဝတစ် ဗြဲကြီးစားထားကြပီးတော့ ပြသနာလည်းတက်ရော.....အားလုံးက ရူးချင်ယောင်ဆောင်နေကြပြန်ရော..
..ဒိကြား ထဲမှာ ကျုပ်တို့ရုံးက ကျွေးမွေးဧည့်ခံစရိတ် လုံးဝ ပြန်မရတဲ့အပြင် ၀န်ကြီးလမ်းကြောင်းအတွက် ကုန်ကျ စိရိတ်ကိုပါ
အချိုးကျပြန်ထည့်ရသေး တယ်ဗျ.....ကျုပ်တို့ မြို့နယ်ရုံး ပြုသနာ မတက်ခင် ကျုပ်တို့လုပ်ဆောင်နေရတဲ့ အပိုင်းလေးတွေ
ကိုပြောပြထားတာပါ..
No comments:
Post a Comment