Thursday, 19 June 2014

လ၀က အပိုင်း(၁၆)

 တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၆)
===============================================================
 ပဲခူးတိုင်းတိုင်းဦးစီးမှူးကို လ/ထ လ၀ကမှူးပြန်တိုင်တဲ့ဖြစ်စဉ်မှာ ၀န်ကြီး
က သူ့ရုံးခန်းထဲမှာ ဒုဝန်ကြီး...ညွှန်ချုပ်...စီမံညွှန်မှူး ( ဗမက မျိုးမင်းဇော်) တို့ကို ခေါ်ယူပီးတော့ ဒီကိစ္စနဲ့ပက်သက်ပီးပြောပြသွားတာလေး
ကို အများသိအောင်တင်ပြလိုက်ပါအုံးမယ်...ဒါတွေက ဘယ်ဝန်ထမ်းမှ မသိလိုက်ရသေးတဲ့ ၀န်ကြီးရဲ့ နုတ်ထွက်စကားတွေပါ...
" မိဘ ဆိုးသည်ဖြစ်စေ...ကောင်းသည်ဖြစ်စေ  သားသမီးများသည် မိဘ၏ဆုံးမစကားကိုသာ နားထောင်ရမယ်..ဘယ်တော့မှ သားသမီးသည်
မိဘ ကို ကလန်ကဆန်မ ပြုလုပ်ရ......တပ်ထဲတွင် အရာရှိဆိုးသည်ဆို
တာ မရှိ.....ရဲဘော် ဆိုးသည်သာ ရှိတယ်.(ချွင်းချက်...ဒီနေရာကျုပ်ကြားဘူးခဲ့တာ ရဲဘော်ဆိုးတယ်ဆိုတာမရှိဘူး..အရာရှိဆိုးတယ်ဆိုတာပဲ
ရှိတယ်)...တပ်ထဲတွင် ဗျုဟာမှူးအဆင့်လောက်ကို ရဲဘော်ပြန်တိုင်တယ် ဆိုတာ မရှိဘူး...ကျုပ်ရဲချုပ်ဘဝ
မှာ နေလာတုန်းက အထက်အရာရှိကို ပြန်တိုင်တယ် ဆိုတာ မရှိဘူး..လ၀က ထဲကိုရောက်လာမှ ဒီလိုဖြစ်စဉ်မျိုးတွေ့ရှိရခြင်းဖြစ်...
မှားတယ်..မှန်တယ် ဆိုတာထက်..ဒိလိုမျိုး အောက်ခြေအဆင့်က အထက်လူကြီးကိုပြန်တိုင်တာ ကို လက်
ခံ နိုင်စရာ အကြောင်းလုံးဝ မရှိဘူး....နောက်ထပ် နောက်နောင် ဒိလိုမျိုး မဖြစ်ရလေအောင်...ပြန်မတိုင်ရဲရလေအောင်အောက်ဝန်ထမ်းတွေလည်း
အားလုံးသိသွားအောင်  စံပြအဖြစ်နဲ့ တိုင်ကြားတဲ့သူကို ထိရောက်တဲ့အပြစ်ဒဏ်ပေးပီး အရေးယူပြရမယ်" ဒါက အားလုံး မသိသေးတဲ့ ကိစ္စ အားလုံးသိသွားအောင် အကျဉ်းချုံးဖော်ပြပေးလိုက်
တာပါ.....ဒါတွေကို သိထားမှ ၀န်ထမ်းငယ်လေးတွေ  ရှေ့ ကိုဘာဆက်လုပ်ရမယ်ဆိုတာကို သဘောပေါက်သွားမှာလေ......
ဒါကလည်း အောက်လက်ဝန်ထမ်းငယ်တွေ ကို ဦးကျိုးသွားအောင် ချိုးပြလိုက်တာပါ.....မင်းတို့ဘက်က ဘယ်လိုပဲတိုင်တိုင်...ဘယ်လိုပဲမှန်မှန်
ကိုယ့်အထက် လူကြီးကိုပြန်တိုင်ယင် တိုင်တဲ့ သူကိုပဲ အရေးယူခံရမယ် ဆိုတာကိုလုပ်ပြလိုက်တော့   အထက်လူကြီးတွေ ဘယ်လောက်ပဲ
ဆိုးဆိုး....မမှန်တာ...မဟုတ်တာ လုပ်နေတာတွေ  ကို ၀န်ထမ်းငယ်တွေ က ဘယ်သူ့ကိုသွားတိုင်လို့ရတော့မှာလဲ....၀န်ကြီးကအစ အမှန်
အမှားကိုမကြည့်တော့ပဲ  အရာရှိကြီးတွေ ဘက်က နေပီးပဲရပ်တည်ကာကွယ်ပေးထားတော့  ဆိုးတဲ့..ပေတဲ့....ရမ်းကားတတ်တဲ့...မိုက်ရိုင်း
တတ်တဲ့....ကိုယ်ချင်းစာနာ နားလည်မှု မရှိတဲ့ တစမ/ ပနမ/ခရမ တွေ အတွက်တော့  ဖိုးကျိုင်းတုတ်ပေါ့....လုပ်ချင်သလိုလုပ်..ရမ်းကားချင်
သလိုရမ်းကား....မိုက်ရိုင်းချင်သလောက် မိုက်ရိုင်း တော့ ဆိုတဲ့လုပ်ပိုင်ခွင့် ကို တရားဝင်ရထားသလိုဖြစ်ပိး   ကျားကို အတောင်တပ်ပေးလိုက်
သလိုမျိုးဖြစ်ပီး ကျားပျံ ဖြစ်သွားတော့  တောထဲက သားကောင်တွေ ဘယ်လိုမှ ပြေးလို့မရသလိုမျိုးဖြစ်ပီးတော့  ၀န်ထမ်းငယ်တွေအဖို့တော့
သေပီပေါ့ဗျာ....
ကျုပ်ရေးစရာရှိတာတွေ ဆက်ရေးလိုက်ပါအုံးမယ်....နောက်မှပဲ လ၀က ၀န်ကြိး ဦးခင်ရီအကြောင်းကို ကျုပ်ဆက်ရေးပါဥိးမယ်....တပ်ကပြောင်း
လာတဲ့ အရာရှိဆိုးတွေ အကြောင်းကို ဆက်လိုက်ပါအုံးမယ်...ကျုပ်ရေးခဲ့တဲ့ အထဲမှာ ဦးလှဒေါင်း....ဦးစိုးပိုင်မြင့်...ဦးကြည်လွင်တို့ (၃)
ယောက်ကိုပဲ ရေးထားတော့ ကျန်တဲ့ သူတွေရော မဆိုးဘူးလားလို့ မေးစရာ ရှိလာပြန်တယ်.....သူတို့ ( ၃) ယောက်ကတော့ အရမ်းကိုဆိုး
လွန်းလို့ ကျုပ်က အဲဒီ (၃)ယောက်ကိုပဲ အဓိက ထားပီးတော့ ရေးခဲ့တာပါ....များများဆိုးတာနဲ့ နည်းနည်း ဆိုးတာပဲကွာပါတယ်...နည်းနည်း
လေးပဲ ဆိုးတဲ့သူတွေ ကိုတော့ ကျုပ်မရေးသေးပါဘူး....သူတို့နဲ့ပက်သက်တဲ့ အချက်အလက်အထောက်အထားတွေ အားလုံးကလည်း
ကျုပ်ဆီမှာ ရှိတယ်လေ.....ကျုပ်ရေးခဲ့တဲ့ စာတွေ ကိုဖတ်ပီးယင်  ကိုယ့်ဟာ ကိုယ်ဆင်ခြင်နေထိုင်ကြပါ...အောက်လက်ငယ်သားဝန်ထမ်းတွေ
ကို အနိုင်မကျင့်ကြပါနဲ့....မနှိပ်စက်ကြပါနဲ့...မညှင်းပန်းကြပါနဲ့   ဆိုပီး မှာပါရစေ....ကျုပ်အခု ရေးထားတဲ့ စာလေးတွေက ခင်ဗျားတို့ကို
စာမြည်းအဖြစ်ပေးထားတာလေးတွေပဲ ရှိသေးတယ်....ကျုပ်က ၂၀၁၅ ကျယင် "" လ၀က သမိုင်းကြောင်းနဲ့ အဆိုး..အကောင်းများ "" ဆိုတဲ့စာအုပ်
ထုတ်ဖို့ လုပ်ထားတယ် ဆိုတာ ကြိုတင်သတင်းကောင်းလေး ပေးထားချင်ပါတယ်....ဒီစာအုပ်ထဲမှာကျတော့ အချက်အလက်...အထောက်အထား
တွေအားလုံးနဲ့ တိတိကျကျ ရေးသားထုတ်ဝေသွားမှာပါ....ဒီစာအုပ်ထဲမှာ ပါစေချင်တယ် ဆိုယင်တော့ ဆက်လုပ်ပေါ့ဗျာ....ကျုပ်ကတော့
စေတနာကောင်းနဲ့ပဲ ကြိုတင်သတိပေးထားတာပါဗျာ.....လိုက်နာတာ ...မလိုက်နာတာကတော့ ခင်ဗျား တို့အပိုင်းပေါ့ဗျာ....ကျုပ်ကတော့
တာဝန်ကျေသွားခဲ့ပါပီဗျာ....အစကတော့ ကျုပ်ရေးထားတာလေးတွေတော့ရှိတာပေါ့ဗျာ...အင်တာနက်ပေါ်တင်ဖို့ဆိုပီးတော့၇ည်ရွယ်ချက်
မရှိသေးပါဘူး....ကျုပ်ဟာကျုပ်ပင်စင်ယူပီးတဲ့ အချိန်မှ စာအုပ်လေးဘာလေး ထုတ်မယ်ဆိုပီးတော့ ရည်ရွှယ်ထားတာ...ဒါပေမဲ့ဘယ်လိုဖြစ်လာ
သလဲဆိုယင်  ၀န်ကြိးဟာ ၀န်ကြီးဘယ်သူကိုပဲအပြစ်ရှိရှိမရှိရှိ.....အရေးယူယူ မယူယူ ကျုပ်စိတ်မ၀င်စားဘူး....ဘယ်နဲ့ဗျာ....ဒီမိုကရေစီခေတ်ကြီးမှာ
fb ပေါ်ရေးတဲ့သူနဲ့ like လုပ်တဲ့သူကို အရေးယူတယ် ဆိုတာ မဟုတ်တော့ဘူးလေ....အဲဒီအခါမှ ကျုပ်ကပေါက်ကွဲတော့တာ....သူ့ကိုဒီတိုင်း
လွှတ်ထားပေးလို့မရတော့ဘူး.....အကြေးခွံ့လေးတော့ နည်းနည်းလှန်ပေးမှရတော့မယ် ဆိုပီး....လူဆိုတာကလည်း မှားမှန်းသိရက်နဲ့မှားနေ
တာ ကိုမထောက်ပြဘူးဆိုယင် ကြာလာယင် မှားတာကိုပဲ အမှန်ထင်လာတတ်ပါတယ်.....တခြားမကြည့်နဲ့....တစ်ချို့သော တစမ/ပနပတို့
အောက်ဝန်-ထမ်းတွေကိုနည်းမျိုးစုံတွေနဲ့ အနိုင်ကျင့်တယ်....နှိပ်စက်တယ်...ပညာအမျိုးမျိုးပြတယ်....ညစ်တယ်...အောက်က၀န်ထမ်းလေးတွေက
ကြောက်ပီးဘာမှ ပြန်မပြောရဲကျတော့ ကြာလာတော့ သူတို့စိတ်ထဲမှာ ငါလုပ်တာ သမျှ မှန်တယ် ထင်သွားရော.မှန်တယ်ထင်ပီးတော့အမှားတွေ
ကိုဆက်လုပ်......မှားနေလို့ပြန်ပြောတာကို
လက်မခံတော့ပဲနဲ့ပြန်တင်ပြတဲ့ ၀န်ထမ်းတွေကိုပဲ အငြိုးအတေးကြီးစွာနဲ့ တွယ်တော့တာပဲ....
..ဒီလိုမျိုးနဲ့ ကြာလာယင် လ၀က ဌာနကြီး ပျက်စီးသွားမှာပေါ့....

No comments:

Post a Comment