Thursday, 19 June 2014

လ၀က အပိုင်း(၆)

တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့်...အဖျက်ဆီးခံလိုက်ရသော လ၀က ..အပိုင်း( ၆ )
========================================================
တောင်ငူခ၇ိုင်၇ုံးမှာ ခရိုင်မှူးအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တဲ့ ဗိုလ်ကြီးခင်မောင်ကျော်ဆိုတာကတော့ သူနဲ့အဆင်မပြေတဲ့ ၀န်ထမ်းတွေဆို
သူ့ခရိုင်တွင်းက မြို့နယ်တွေဖြစ်တဲ့  ကျောက်ကြီးရုံးတို့လိုမျိုးကို သောင်မြင်ကတ်ပုဒ်မတွေနဲ့ လုပ်ငန်းလိုအပ်ချက်အရဟုဆိုကာတွဲဘက်တာ
ဝန်ချထားတာတွေလည်းလုပ်လေ့ရှိပါတယ်.....ဒီနေရာမှာ တစ်ခုပြောပြချင်တာက  ခရိုင်မှူးအဆင့်တွေက ဒီလိုမျိုး တွဲဘက်ထားတာကိုသိပ်
လုပ်လေ့ လုပ်ထ မရှိပေမဲ့....တိုင်းဦးစီးမှူး/ပြည်နယ်မှူးတော်တော်များများက သူတို့သောက်မြင်ကတ်တဲ့....သူတို့ မကြည်တဲ့...သူတို့နဲ့
မတည့်တဲ့.....သူတို့ကြည့်မရတဲ့ ၀န်ထမ်းတွေဆို "လုပ်ငန်းလိုအပ်ချက်အရ"ဟုဆိုကာ တွဲဘက်တာဝန်ချထားလိုက်သည် ဆိုပီးတော့ တိုင်းရုံးတို့..
.ဆိုးတဲ့မြို့နယ်တွေကို လှမ်းတွဲထားလိုက်တာပါ...စစ်ဆေးရေးဂိတ်တွေရှိတဲ့ .တစ်ချို့ပြည်နယ်တိုင်းတွေမှာ ဆိုယင် တစမ/ပနမ တို့က သူတို့
ဆိ ၀င်ကာထားတဲ့သူမျိုး...သူတို့နဲ့ပလဲနံသင့်တဲ့ သူတွေမျိုးကိုဆိုယင်လည်း လုပ်ငန်းလိုအပ်ချက်အရ ဆိုပီးတော့ မကဖနဲ့တွဲချတာမျိုးလည်း
ရှိပါတယ်....တကယ်တမ်းကျတော့  ဒီလိုမျိုးဂိတ်တွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မကဖ အဖွဲ့ဆိုပီးတော့ သီးသန့်ထားရှိပီး ဥိးစီးရုံးချုပ်
ကနေပီး (၆)လ....(၁)နှစ်အစရှိသဖြင့်စေလွှတ်ပါတယ်.....စစ်ဆေးရေးဂိတ်တွေကို အဲဒီမကဖ ၀န်ထမ်းတွေကပဲ သီးသန့်တာဝန်ထမ်းဆောင်စေ
ပါတယ်....ဒါပေမဲ့လည်း တစမ/ပနမ တွေက သူတို့ပြည်နယ်တိုင်းအတွင်းမှာ ဆိုတော့ လုပ်စားကြတယ်လေ...မကဖ ကလူတွေကလည်း ဒီလို
မျိုး တွဲဘက် တွဲထားတာကို မကြိုက်ပေမယ့်လည်း  သူတို့ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေရတယ် ဆိုတော့ မချစ်သော်လည်း
အောင့်ကာနမ်း ဆိုပီးတော့ သီးငြီးခံပီးနေနေရတာပေါ့...ဒီနေရာမှာ နာမည်ကြီးတာ က ကချင်ပြည်နယ်မှာ ပနမ လုပ်သွားခဲ့ဘူးတဲ့ ဗိုလ်ကြီး
သန်းဝင်းပါ.....ကချင်ပြည်နယ်တွင်းမှာရှိတဲ့ အရမ်းကောင်းတယ်ဆိုတဲ့ နာမည်ကြီးတဲ့ ဂိတ်ကို သွားချင်တဲ့ ၀န်ထမ်းကို လပေးနဲ့ ရောင်းစား
တာပါ.....သွားချင်တဲ့ မြို့နယ်၇ုံးမှာ ရှိတဲ့ ၀န်ထမ်းက တစ်လ ကို သိန်းဘယ်နှစ်ဆယ် ဆိုပေးပီးတော့ ၀ယ်ရပါတယ်....အိုကေပီဆိုယင် ခုနက
ရေးပြ ထားသလိုပေါ့...လုပ်ငန်းလိုအပ်ချက်အရ...ဆိုပီးတော့ တွဲတော့တာပေါ့.....မကဖ တွေသာ လပြည့်...နှစ်ပြည့်လို့သာပြောင်းသွားမယ်
သူတို့ကတော့ နေမြဲပေါ့လေ....ဒါတွေက တစမ/ပနမ တွေရဲ့ လုပ်စားတဲ့ ဂွင်တွေပေါ့ဗျာ....ဒါနဲ့ စကားပြန်ဆက်ရမယ်ဆိုယင် အဲဒီအချိန်က
တောင်ငူမြို့နယ်ရုံး က မနမ ကတော့ ဦးဘခင်ပါ....တောင်ကြီးမှာ မနမ ဘ၀နဲ့အကြာကြီးနေခဲ့ဖူးပီးတော့ လ၀က မှာ ကျားကြီးဘခင် ဆိုယင်
လူတိုင်းသိပါတယ်....အဲဒိခရိုင်မှူးရဲ့ မောက်မာမှုကြောင့်တစ်နေ့မှာ ခရမ ရုံးခန်းထဲမှာ သူနဲ့ပြသနာ အကြီးအကျယ်တက်ခဲ့ကြပါတယ်...မနမ
က" မင်းငါမွေးယင် ငါ့သားလောက်ပဲရှိသေးတယ်..".ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့  မနမနဲ့ ခရမ ရော မင်းတွေ...ငါတွေဖြစ်ကုန်ခဲ့ကြတယ်...
အဲဒီအချိန်က နငသ ကတ်ပြားတွေ ကို ခရမ လက်မှတ်ထိုးပေးနေရတဲ့ အချိန်တွေဖြစ်ပါတယ်....အဲဒီမှာ မနမ နဲ့ မတည့်တော့ နငသကတ်
တွေ လက်မှတ်ထိုးဖို့တင်ယင် ခရမ ကညစ်ပါလေရော.....ကာယကံရှင် ကိုယ်တိုင် သူ့ဆီ ကိုလွှတ်.....တိုင်းရင်းသားတွေဖြစ်ပီး မိဘနှစ်ပါး
`စလုံး နငသ ကတ်တွေ ကိုင်ထားပေမယ့်လည်း ဘိုးဘွားတွေရဲ့ အမတ ပုံစံ(၁)တွေပါရော ....မတွေ့တွေ့အောင်ရှာပီးတင်ခိုင်းတာ တို့...ရှာ
လို့ မတွေ့ယင် လက်မှတ်မထိုးပေးတာ တို့.....သူလုပ်ခဲ့တဲ့ အကျိုးအဆက်က ကြားထဲက တိုင်းရင်းသားလူမျိုးတွေပဲ နစ်နာခဲ့တာပါ....
အချိန်တွေကုန်....ရက်တွေကြာနဲ့....လူတွေလည်းပင်ပန်းဖြစ်ပီးတော့ သူပဲနာမည်ပျက်ခဲ့တာပေါ့.....မနမ က သူ့ထက်ရာထူးသာငယ်ပေမဲ့
တကယ့် အိုးဆားဗစ်ကြီးလေ....မနမ က (၁၂) ကြိုးအဆင့်လောက်ရှိနေပီ....သူက အခုမှ စုန်း အဆင့်လောက်ပဲရှိသေးတာ....သွားယှဉ်လိုက်
တော့ နောက်ဆုံးသူပဲ ကွဲသွားတာပေါ့...ပီးတော့ သူ့ရဲ့ လက်ထောက် ခရိုင်မှူးက  လက်/ညွှန်ဦး  စောနိုင်     ရခိုင်လူမျိုးတစ်ဦးဖြစ်ပီး
တော့  ဌာန ထဲကို လ/ထလ၀ကမှူးနဲ့ စတင်ဝင်ရောက်လာပီးတော့ ပီအက်စ်စီ ဌာနက ခေါ်တဲ့ ဦးစီးအရာရှိ...စာမေးပွဲ ကိုဝင်ဖြေပီးတော့ ဦး
စီးအရာရှိဖြစ်လာတဲ့သူပါ...အင်္ဂလိပ်စကားပြော ကိုလည်း အရမ်းကျွမ်းကျင်သူတစ်ဦးဖြစ်ပီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်းကျွမ်းကျင်သူ
တစ်ဦးဖြစ်ပါတယ်....စိတ်သဘောထားလည်းကောင်းမွန်သူတစ်ဦးဖြစ်ပီးတော့  ခင်မင်ဖို့ကောင်းသူတစ်ဦးဖြစ်ပါတယ်...ယခုလက်ရှိ မောင်
တောခရိုင်မှာ ဒုညွှန်မှူးရာထူးနဲ့ ခရိုင်မှူးလုပ်နေပါတယ်....သူတို့နှစ်ယောက်လည်း ဘယ်ကနေပြသနာစဖြစ်ကြလည်းမသိဘူး...လက်ထောက်
က ခရမ အပေါ် တော်တော်လေး ကိုသိးခံတာပါ...နောက်ဆုံးဘယ်လိုမှ သီးမခံနိုင်တော့မှ " သတ္တိရှိယင် ...ယူနီဖောင်းချွတ်....ရုံးပြင်ထွက်ပီးထိုး
မယ်..ပြုမယ်"  ဆိုပီးတော့ ဖြစ်ကြပါလေရော.......

No comments:

Post a Comment