တပ်ထွက် ကြောင်ခံတွင်းပျက် ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိး ခံလိုက်ရသော လ၀က အပိုင်း(၂)
=====================
သူ ရှမ်း(အရှေ့) ကျိုင်းတုံကို
ပြည်နယ်မှူးအဖြစ်နဲ့ပြန်ပြောင်းသွားပိးတော့ နောက်ရောက်လာတဲ့ သူကတော့ ဗိုလ်ကြီးမျိုးခန့်ကြူဆိုတာဖြစ်ပါတယ်....ဗက မျိုးခန့်ကြူဆို
တာကလည်း လ၀က မှာ နာမည်ကြီးပါ.....သူဟာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ တစ်ပည်းရင်းတစ်ယောက်ဖြစ်ခဲ့ပီးတော့ ဗိုလ်ချုပ်ခင်ညွှန့်အိမ်ကို အရှေ့
ပေါက်က၀င်ဝင်...အနောက်ပေါက်ကပဲဝင်ဝင်....အချိန်အခါမရွေး ၀င်ထွက်သွားလာခွင့်ရထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်...၀န်ကြီးက
အစ သူ့ကိုကြောက်နေခဲ့ရတာပါ...အဘဒေါင်းနဲ့ သူနဲ့ကလည်း ရန်ဘက်တွေပါ....သူ တနသာင်္ရီတိုင်းကိုစရောက်ပီးတော့ အဘဒေါင်းလုပ်
သွားခဲ့တဲ့...ကိုင်သွားခဲ့တဲ့....အကွက်တွေ အားလုံးကို ရုံးချုပ်တင်ဖို့ အတွက် လုပ်ဆောင်နေစဉ်အတွင်းမှာ ဗိုလ်ချုပ်ခင်ညွှန်ပြုတ်သွားခဲ့ပီးတာ
နဲ့ တပြိုင်နက်တည်း သူလည်း ချက်ခြင်းအဖြုတ်ခံလိုက်ရပါတယ်....လ၀ကဌာနထဲမှာ ပထမဆုံးအဖြုတ်ခံလိုက်ရတဲ့ သူဖြစ်ပါတယ်....နောက်မှ
သာ ထလရ နဲ့ပက်သက်တဲ့ ၀န်ထမ်းတွေအားလုံးကို အလုပ်မှ ရပ်ဆဲခဲ့တာပါ....ဒီလိုမျိုးပြုတ်သွားစေခဲ့တာဟာလည်း အဘဒေါင်းကို ကံကောင်း
သွားစေခဲ့ပါတယ်..သူရှမ်းအရှေ့မှာဝာာဝန်ကျနေတဲ့ အချိန်မှာ ဗိုလ်ကြီးမျိုးခန့်ကြူရဲ့ တပည့်အရင်းလေးတစ်ယောက်က မြိတ်ကနေပီးတော့
မကဖ( ၈)တာချီလိတ်ကိုပြောင်းရွှေ့ရပါတယ်....မကဖ(၈)ကိုရောက်တာနဲ့ အဲဒိဝန်ထမ်းလေးကို နစက ကိုထည့်လိုက်ပါတယ်..အငြိုးအတေး
ကြီးမားလွန်းတော့ ၀န်ထမ်းငယ်တွေအရမ်းကြောက်ခဲ့ရတဲ့ အာဏာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်....ရှမ်းအရှေ့ ပြည်နယ်မှူးအဖြစ်နဲ့နှစ်အတော်ကြာ
တာဝန်ထမ်းဆောင်ပီးတဲ့ အချိန်မှာ ရန်ကုန်တိုင်းကို တစမ အဖြစ်နဲ့ပြန်
လည်ရောက်ရှိလာခဲ့ပါတယ်.....ရန်ကုန်တိုင်းမှာလည်း အကြာကြီးနေသွားခဲ့ဖူးပါတယ်....အဲဒီအချိန်မှာ သွေးနှောလူမျိုးတွေရဲ့ နငသကတ်တွေ
ကို ပြည်နယ်တိုင်းမှူးများက လက်မှတ်ထိုးရတဲ့ ခေတ်ဆိုတော့ အိမ်ကိုတောင်ပြန်မအိပ်တော့ပဲ လက်မှတ်တွေပဲုနင်းကန်ဇွတ်ထိုးနေပါတော့
တယ်.....သူက အခြေအနေနဲ့ အချိန်အခါကို နားလည်ခဲ့တဲ့ သူတစ်ယောက်ဆိုတော့ မနားမနေကို ပဲအလုပ်တွေလုပ်ခဲ့တာပါ....သွေးနှောတွေ
ရဲ့ ကတ်တစ်ချပ် ဆိုယင် သူ့အတွက် ဘယ်လောက် ဆိုတဲ့ ခွဲတမ်းက ရှိနေပီးသားလေ....မိုးရွာတုန်းရေခံတာပေါ့ဗျာ.....နောက်ဆုံး ရန်ကုန်ဆို
တဲ့ မြို့လယ်ကောင်ကြီး တစ်နေရာမှာ တည်းခိုခန်းကြီးတစ်ခုကိုဖွင့်နိုင်ခဲ့ပါတယ်.....အဲဒီတည်းခိုခန်းကလည်း ရေ....မီး....အပြည့်အစုံရပါတယ်
အားလုံးလည်း သဘောပေါက်ကြလိမ့်မယ်လို့လည်း ထင်ပါတယ်.....နာမည်ကိုတော့ ကျုပ်မပြောတော့ပါဘူး...သွားချင်ယင်တော့ သိတဲ့..ခင်
တဲ့ လ၀က တစ်ယောက်ယောက် ကိုလက်ကုတ်ပီးတော့ မေးကြည့်လိုက်ပေါ့ဗျာ....လ၀က က လူတိုင်း အဲဒီတည်းခိုခန်း ကိုသိကြပါတယ်....ကျန်တဲ့
ပြည်နယ်တိုင်းမှာ ရှိခဲ့တဲ့ သူံရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ကျုပ်မပြောပြတော့ဘူးဗျာ.ဒီလို
မျိုး တပ်ထဲကနေပီးတော့ အရပ်ဘက် လ၀က ကို ပြောင်းလာတဲ့ အချိန်မှာ ဘာမှ မရှိသေး...မပြည့်စုံသေးတဲ့ ဗိုလ်ကြီးတစ်ယောက်က ယခု
အချိန်မှာ ပိုင်ဆိုင်မှုတွေ အများကြီးနဲ့ ကြွယ်ဝချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်သွားခဲ့ပီ....ဒါဟာ ကျုပ်အနီးကပ်ဆုံးဥပမာတစ်ခုပေးခဲ့တာပါ.
သူတို့ရဲ့ စစ်တပ်ထဲမှာ ဗိုလ်ကြီးအဆင့် ဆိုတာဟာ ရာထူးအငယ်ဆုံးတွေပါ.....ဗျူဟာမှူးလောက်...တပ်ရင်းမှူးလောက်ဆိုယင် သူတို့ကဖင်
ုတုန်အောင်ကြောက်နေခဲ့ရပါတယ်.....သူတို့အဆင့်လောက်နဲ့က မော်ကြည့်လို့တောင် မရဲပါဘူး....သူတို့ဘ၀ထဲမှာ အဲဒီ ဗိုလ်မှူးကြီးတို့...
ဒုဗိုလ်မှူးကြီးတို့က သူတို့ကို နှိပ်ကွပ်ခဲ့တာ....နှီပ်စက်ခဲ့တာတွေ ရှိခဲ့မှာပေါ့.....အရပ်ဘက်ထဲကိုရောက်လာပီးတဲ့ အချိန်ကျတော့
စစ်တပ်ထဲမှာ သူတို့ နေရာမရခဲ့တာတွေ....အနှီပ်စက်ခံခဲ့ရတာတွေကို.....စိတ်အငြိုးတေးတွေ ကြီးစွာနဲ့ ......စိတ္တဇ ဖြစ်သွားခဲ့တယ်လို့ပဲ
ပြောရမှာပေါ့ဗျာ....ငယ်မွေးခြံပေါက် လ၀က ၀န်ထမ်းတွေ အပေါ်မှာ ပါဝါ အမျိုးအမျိုးပြပီးတော့ ခြိမ်းခြောက်....အာဏာ အမျိုးမျိုးတွေနဲ့ခြိမ်း
ခြောက်....နည်းလမ်းမျိုးစုံတွေနဲ့ အနိုင်ကျင့်တော့တာပဲ....သူတို့ကို တပ်ကထွက်လာခဲ့တဲ့ရာထူးအတိုင်း ဗိုလ်ကြီး လို့ခေါ်ယင် အရမ်းကိုစိတ်ဆိုးတော့တာ
ပဲ....ဗိုလ်ကြီး လို့ခေါ်လို့ဆိုပီးတော့ ဆွဲထိုးခံခဲ့ရတဲ့ ၀န်ထမ်းတွေလည်း ရှိခဲ့ပါတယ်....သူတို့ ကို ခေါ်တယ် ဆိုယင်....ညွှန်မှူးကြီး..
တိုင်းမှူးကြီး....ပြည်နယ်မှူးကြီး.....ခရိုင်မှူးကြီး.....ဆိုပီးတော့ ခေါ်ဆိုရပါတယ်....သူတို့တွေရဲ့ လက်သုံးစကားတွေကတော့ ရေဗူးပေါက်တာ
မလိုချင်ဘူး....ရေပါတာပဲ လိုချင်တယ် ဆိုတဲ့စကားက သူတို့တွေရဲ့ အမြဲတမ်းလက်ကိုင်ထားသုံးစွဲတဲ့ စကားတွေပါ....သူတို့တွေထက်အသက်
ကြီးတဲ့ သူတို့ အဖေအရွယ်လောက်ရှိတဲ့ မြို့နယ်မှူးတွေကိုလည်း မင်းနဲ့....ငါနဲ့...ပြောလိုပြော.....ဆဲလိုဆဲ....မောက်မောက်မာမာဆက်ဆံ..
ရိုင်းရိုင်းပျပျတွေပြောပီးတော့ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို ဌာနအတွင်းမှာ စတင်ဖန်တီးခဲ့တာ သူတို့တွေပဲလေ....
အထက်ကိုဆိုယင် အသေဖား....အောက်ကိုဆိုယင် အသေနှိပ် ဆိုတဲ့ ဖားနည်းမျိုးစုံ....ညစ်နည်းမျိုးစုံ.စားနည်းမျိုးစုံ....မျိုနည်းမျိုးစုံ(..ဆိုတဲ့ ကလိမ်ကကျစ်အဌာသရနည်း
လမ်းမျိုးစုံတွေကိုလည်း တတ်ကျွမ်းကြပါတယ်.(မျိုတဲ့ နေရာမှာတော့ စပါးကြီးမြွေတောင် သူတို့ကိုလိုက်လို့မှီမယ်မထင်ပါဘူး..)...သူတို့ရောက်
လာပီးတဲ့ အချိန်ကျမှ လ၀က မှာ လူတန်းစား နှစ်ရပ်ကွဲထွက်သွားတယ်.....လူနပ်ချမ်းသာ ဆိုတဲ့ လူတန်းစား တစ်မျိုးနဲ့ လူမနပ်ဆင်းရဲ..ဆို
ပီးတော့ ပေါ်ထွက်လာခဲ့တယ်
No comments:
Post a Comment