Thursday, 19 June 2014

လ၀က အပိုင်း(၁၉)

တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့်  အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၁၉  )
=================================================================
ကျုပ်ဒီလိုမျိုး ဌာနအတွင်းမှာ သူတို့ရဲ့ အကြောင်းတွေကိုရေးလိုက်တော့ ...အနာပေါ်တုတ်ကျပီးတော့ ဖျတ်ဖျတ်ကိုလူးနေတော့တာပဲ....တီ
ကောင် ဆားနဲ့တွေ့သလိုမျိးဖြစ်ပိးတော့  ထွန့်ထွန့်လူးသွားပီး တွန့်လိမ်နေတော့တာပဲ....သူတို့လုပ်ခဲ့တာ....ကိုင်ခဲ့တာတွေနဲ့ အနိုင်ကျင့်
ဗိုလ်ကျခဲ့တာတွေကို တစ်နေ့မှာ ဒီလိုမျိုးအရေးအသားခံ...ပြောခံရလိမ့်မယ်လို့ စိတ်ထဲမှာတောင် ထင်ထားခဲ့မှာမဟုတ်ပါဘူး...ကျုပ်ရေးထား
တာတွေဟာ မှန်သလား...ျမှားသလား ဆိုတာ သူတို့နဲ့ နဖူးတွေ့...ဒူးတွေ့ကြုံပီး သူတို့တွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုကောင်းကောင်းခံစား
ထားရတဲ့ ၀န်ထမ်းလေးတွေကိုမေးကြည့်လိုက်ပါ....ကျုပ်ရေးပြထားတာတွေဟာနည်းတောင် နည်းသေးတယ်လို့ပြောပြပါလိမ့်မယ်...အားလုံး
ဟာ ကိုယ့်သမိုင်းကို ကိုယ်ရေးတာကြီးပါပဲ....ကောင်းတာလုပ်ခဲ့ယင်တော့ ကောင်းတဲ့ သမိုင်းတင်ကျန်ခဲ့မှာဖြစ်ပီးတော့  ဆိုးတာလုပ်ခဲ့ယင်
တော့ ဆိုးတဲ့ သမိုင်းကြောင်းထင်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်.....ကိုယ်ပြုလုပ်ခဲ့တဲ့ ကောင်းမှု...မကောင်းမှုတွေက ကိုယ့်ထံကိုပဲပြန်မှာဖြစ်ပါ
တယ်....ကျုပ်က သူတို့လုပ်ခဲ့တာ....မိုက်ရိုင်းခဲ့တာ....ဆိုးခဲ့တာတွေကို  ပေထက်မှာ အက္ခရာ တင်သလိုမျိုးနဲ့ အင်တာနက်ပေါ်မှာ ရေးတင်ပီး
တော့ မှတ်ကျောက်တင်ခံခိုင်းလိုက်တော့  .....နုကိုဖျတ်ရိုက်ခံရသလိုမျိုးဖြစ်ပီးတော့ မခံစားနိုင်ဘူးဖြစ်သွားမယ်ဆိုတာကိုကျုပ်သိပါတယ်..သူများ
တွေကို အနိုင်ကျင့်....အနိုင်ယူခဲ့စဉ် အချိန်အခါနဲ့ ကိုယ်တိုင်ပြန်ခံရတဲ့ အချိန်မှာ ဘယ်လိုကွာခြားမှုတွေရှိအောင်ရယ်...ကိုယ်ချင်းစာစိတ်လေး
တွေဖြစ်သွားအောင်ဆိုပီးတော့ ကျုပ်သူတို့ကိုဆုံးမပဲ့ပြင်ပေးနေတာပါ....အမှန်တရားကိုသိအောင်....မှားနေတာတွေကိုပြင်ဖို့ရအောင်...မိုက်ရိုင်းမှုတွေ
ဖြစ်ပေါ်နေတဲ့ စိတ်တွေ လိမ္မာယဉ်ကျေးသွားအောင်   ...နောက်ထပ် နောက်နောင် မလုပ်ရဲအောင် ကျုပ်ကဆုံးမပေးနေတာပါ....သူတို့တွေရဲ့
မိဘ ဆရာသမားတွေက မဆုံးမ...မပဲ့ပြင်ပဲထားထားတာတွေကို ကျုပ်က လုပ်ပေးနေရတာပါ....ဒါတွေဟာ ကျုပ်ရဲ့စေတနာတွေပါ...ဒါတွေကို
အပင်ပန်းခံ..လက်ညောင်းခံပီးတော့ အချိန်တွေကုန်အောင်ရေးနေရတာ...ချစ်လွန်းလို့ေ၇းနေတာလို့မှတ်ယူထားပါ......သူတို့တွေနဲ့လည်း
ကျုပ်နဲ့လည်း ခင်ပါတယ်.....ဒါပေမဲ့ အများအတွက်နဲ့ တစ်ယောက်သမားနဲ့ယှဉ်လာခဲ့ယင်တော့ တစ်ယောက်သမားကတော့ အနစ်နာခံရမှာ
ပဲလေ....၀န်ထမ်းအများအကျိုးအတွက်  ကျုပ်ကတော့ရေးစရာရှိတာ ဆက်ရေးနေအုံးမှာပဲ...လုပ်နေတာ..ကိုင်နေတာတွေမှားယင် ကျုပ်က
တော့ ထောက်ပြနေအုံးမှာပဲ....
အမှန်တ၇ားတွေကိုရေးသားဖေါ်ထုတ်နေတဲ့ကျုပ်ကိုလည်း အမဲဖျက်ဖို့အတွက် အသည်းအသန်စုံစမ်းနေတာကိုလည်းကျုပ်သိပါတယ်...အခု
တော့ ကျုပ်ဆက်ပါအုံးမယ်....နောက်ပိုင်းမှ ကျုပ်ဆိုတဲ့ ရွှေထံခါးမှူးချစ်သူဟာ ဘယ်လိုလူစားမျိုးဆိုတာပြောပြပါမယ်...အမှန်တရားတွေကို
ချစ်မြတ်နိုးတဲ့ ကျုပ်တွက် အမှန်တရားတွေကို ဆက်ပီးဖော်ထုတ်သွားအုံးမှာပါ.....
ကျုပ်တို့ လ၀ကဌာနကြီးထဲကိုရောက်လာတဲ့ တပ်ထွက်တွေအထဲမှာ  အဆိုးဆုံးတွေကတော့ ဗိုလ်ကြီးအဆင့်တွေက အဆိုးဆုံးပေါ့ဗျာ...
ဗိုလ်မှူးအဆင့်တွေထဲကတော့  တစ်ချို့ကလွဲပီးတော့  ကျန်တဲ့ အတော်များများလည်း ဆိုးကြ...ပေကြ...မိုက်ကြပါတယ်...စစ်တပ်ထဲမှာ
နေတုန်းက သူတို့အဆင့်တွေက ခိုင်းဖတ်ဆိုတော့ လ၀ကထဲကိုရောက်လာပီးတဲ့ အချိန်မှာ ရာထူးကြီးတွေရ.ပီး တစမ/ပနမတွေလည်းဖြစ်ပီး
တော့  အယင်က မစားဘူးတဲ့...မကြုံဘူးတဲ့...မတွေ့ဘူးတဲ့ဟာတွေလည်းတွေ့ရ..စားရ..ပီးတော့...လုပ်ပိုင်ခွင့် ..ပါဝါအာဏာတွေလည်းရလာတဲ့ အချိန်မှာ
ဘ၀တွေ မေ့သွားခဲ့ပီးတော့ မိုးမမြင်...လေမမြင်ကို့ပဲလွတ်သွားပီးတော့ ငါလိုလူ ဇဗ္မူမှာ မရှိတော့ဘူးဆိုပီးတော့ စိတ်ထားတွေနဲ့အောက်က
ဝန်ထမ်းတွေကို အနိုင်ကျင့်တော့တာပဲ.......ကျုပ်ယောက်ဖ ဆီမှာ ကျုပ်နေခဲ့တုန်းကဆိုယင် ဗိုလ်ကြီး
အဆင့်လောက်ဆိုယင် ကျုပ်ယောက်ဖ ကိုတွေ့ယင် ကြောက်တာဖင်ကိုတုန်နေတာပဲ....တကယ်တော့ မပြည့်တဲ့ အိုးတွေဆိုတော့ဘောင်
ဘင်ခတ်တာပေါ့ဗျာ.....အမျိုးကလည်း မမှန်တော့ ...ဗီဇကလည်း မကောင်းတော့ ဒီလိုဖြစ်လာတာပေါ့ဗျာ..ဒီလိုမျိုးဆိုးတာ...မိုက်ရိုင်းတာဟာကိုယ်
တိုင်အတွက်သာမက မိဘတွေရဲ့ဂုဏ်သိက္ခာတွေကိုပါကျဆင်းစေပါတယ်...မိဘဆိုဆုံးမ မရှိလို့..မိဘမနိုင်ခဲ့လို့ဒီလိုသားတွေမျိုးဖြစ်ခဲ့တာပါ..
သားသမီးမကောင်း မိဘခေါင်းတဲ့....သူတို့မိဘတွေပါတာဝန်ရှိပါတယ်....အားလုံးရဲ့အလယ်မှာ သူတို့ရဲ့လုပ်ရပ်တွေက သူတို့ကိုယ်တိုင်အတွက်
သာမက သူတို့ရဲ့ မိဘတွေအတွက်ပါ သိက္ခာကျဆင်းစေပါတယ်.....မိမဆုံးမ...ဘမဆုံးမသားတွေ....မိမနိုင်...ဘမနိုင်သားတွေအဖြစ် မိဘမျက်
နှာကို အိုးမဲသုတ်တဲ့ သားဆိုးတွေပါ.....ငါအနိုင်ကျင့်လို့ရတယ် ဆိုပီး
တော့ ဘယ်တော့မှ အနိုင်ကျင့်ဖို့....အနိုင်ယူဖို့ဆိုပီးတော့ စိတ်မကူးပါနဲ့....တစ်ချိန်ချိန်မှာ ၀ဋ်ဆိုတာ ပြန်လည်တတ်ပါတယ်....ဒါကြောင့်
မို့ အမြဲတမ်း အနိုင်ကျင့်ဗိုလ်ကျ ခံနေရတဲ့ ၀န်ထမ်းငယ်လေးတွေဘက်ကနေပိးတော့  အထပ်တလဲလဲနဲ့ အဖန်ခါခါ ထပ်မံပီးတော့ သတိ
ပေးနေတာပါ...  ဆိုးတဲ့ ဗီဇတွေ.....မကောင်းတဲ့ အကျင့်တွေပြင်ဖို့.....အခုလဲကျုပ်ခင်ဗျားတို့ရဲ့ အကြောင်းတွေကို အမှန်အတိုင်းရေးလိုက်
တော့ ခင်ဗျားတို့စိတ်ထဲမှာ ၀ဋ်လည် တယ် လို့ သဘောမှတ်ယူယင်လည်းရပါတယ်.....ကျုပ်ဒီလိုမျိုး ရေးပြနေတာကို မနေ့က .......အပတ်
စဉ်ထုတ်ဝေနေခဲ့တဲ့...နာမည်ကြီးဂျာနယ် တိုက် ကနေပီးတော့ စိတ်ဝင်စားပိးတော့ မနေ့က ကျုပ်ပေးထားတဲ့  မေး ထဲကိုလှမ်းဆက်သွယ်
လာပါတယ်....သူတို့ အဓိက စိတ်ဝင်စားတာက ကျောက်တံခါးရုံးကိစ္စတွေနဲ့ ကျုပ်ရေးနေတဲ့ အပိုင်းဆက်တွေကို သူတို့၈ျာနယ်မှာထည့်
သွင်းဖော်ပြချင်ပါတယ် လို့ဆိုပီးတော့ ကျုပ်ဆီကိုလှမ်းဆက်သွယ်လာပါတယ်....ဒါက သိအောင်ပြောပြတာပါ...အင်တာနက်ပါတဲ့ အကျိုး
ကျေးဇူးတွေပေါ့ဗျာ....ပီးတော့ ကျုပ်ကလည်း အမှန်တရားတွေ ကို အမှန်အတိုင်းရေးပြထားတယ်..အလိမ်အညာတွေမပါဘူး ဆိုတာကို ဖတ်မိတဲ့သူတိုင်းကသိ
ပါတယ်....ဒါပေမယ့် ကျုပ်က ဂျာနယ်အထဲထိအောင်မထည့်သေးပါဘူး.....ကျုပ်က စာအုပ်ရေးဖို့ပဲ စိတ်ဝင်စားနေတယ်ဆိုတော့လေ...စာ
အုပ်ထုတ်ဖို့ပဲ စိတ်ကူးကရှိနေတော့လေ....ကျုပ်က ဆိုးတဲ့သူတွေချည်းပဲရေးပြနေတော့ လူကောင်း...သူကောင်းတွေရော မရှိဘူးလား
ဆိုတဲ့ အမေးကတော့ ရှိလာမှာပဲလေ....ဌာနထဲမှာ ရှိတယ်....ဒါပေမဲ့ရှားပါးလွန်းလှပါတယ်..
...ဒီလိုမျိုး  ကောင်းတဲ့သူ...တော်တဲ့သု ဆိုယင်  နေရာလည်း မပေးပါဘူး..အမျိုးမျိုးလည်းနှိပ်ကွပ်ခံရပါတယ်..ချောင်ထိုးထား
ခဲ့ပါတယ်.....ဒီလိုမျိုး လ၀က မှာ တကယ်တော်တဲ့သူ.....အရည်အချင်းရှိတဲ့သူ....ပြည့်ဝတဲ့သူမျိုး....ကောင်းတဲ့သူမျိုး ကို စပီးတွယ်ခဲ့တဲ့
လုပ်ငန်းကို စတင်ပီး လမ်းဖောက်ခဲ့တာက  လ၀က ကို ကျန်းမာရေးဝန်ကြီးကနေပီးတော့ ပြောင်းလာခဲ့တဲ့  ၀န်ကြီးရူး ဦးစောထွန်းလက်ထက်မှာ
စတင်ခဲ့တာပဲ...

No comments:

Post a Comment