Saturday, 21 June 2014

လ၀က အပိုင်း(၄၀)

တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့်အဖျက်ဆီးခံလိုက်ရသော လ၀က....အပိုင်း( ၄၀) ================ လ၀က၀န်ကြီးဌာနရဲ့ဝန်ထမ်းတွေအပေါ်မှာမမှန်မကန်လုပ်ဆောင်မှုတွေအပေါ် FACEBOOK ပေါ်မှာေ၇းသားရင်ဖွင့်မိခဲ့လို့အရေးယူအပြစ်ပေးခြင်းခံလိုက်ရတဲ့ ဒု-လ၀ကမှူး ကျော်သက်ဟန်အတွက်သန်းခေါင်စာရင်းကောက်ယူနေစဉ်အတွင်း သူတာဝန်ယူခဲ့ရတဲ့ ဖောင်း ပြင်မြို့နယ်အတွင်းမှာလိုအပ်ချက်တွေ များစွာနဲ့ပြည့်စုံမှုတွေမရှိခဲ့ပေမယ့်လည်းသူတတ်နိုင်တဲ့ဘက်က စွမ်းစွူမ်းတမံအားထုတ်ကြိုးပမ်း ဆောင်ရွက်မှုတွေကိုအဲဒီအချိန်လေးက ကျုပ်ကိုယ်တိုင်ရေးသားခဲ့ပီးတော့အင်တာနက် ၀က်ဆိုဒ်တွေမှာ ဖော်ပြခဲ့တာကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်..... လ၀ကဌာနမှ....သူလိုလူ(သို့)ဒုလ၀ကမှူး.... ကျော်သက်ဟန် ++++++++++++++++++++++++++++++ 

ဌာနရဲ့မမှန်ကန်ခြင်း.......အုပ်ချုပ်မှုမညီမျှခြင်း
မျက်နှာကြီးရာ.....ဟင်းဖတ်ပါတဲ့
မှားယွင်းတဲ့......လုပ်ဆောင်မှုများ
ဒု-လ၀ကမှူးရဲ့....လုပ်သက်(၁၂)နှစ်မှာ
မခံစားနိုင်တော့......ရင်ဖွင့်ဖို့အတွက်
FACEBOOKရဲ့.....စာမျက်နှာမှာ
CARETAKERဆိုတဲ့....အမည်လေးနဲ့
ဖွဲ့ဆိုရေးသီ.....ခံစားခဲ့သည့်
ညီငယ်လေး......ကျော်သက်ဟန်.................
ဒီလိုရေးသားဖွဲ့ဆို.......စကားလုံးများက
အနာပေါ်တုတ်ကျ......ခံရခက်သည့်
ဦးခင်ရီ ရဲ့.....အမျက်ဒေါသ
ရေးတဲ့သူကို.....ပေါ်အောင်ဖေါ်
အောက်လူများက.....လုပ်ဆောင်ရသည်
ကူညီတောင်းခံ.....MPTဆီသို့
သုံးစွဲသည့်အိုင်ပီ.....နေရပ်သိဖို့
ဆက်သွယ်ရေးမှ.....အများသူတွေရဲ့
privacyကိုချိုးဖောက်.....အကြောင်းပြန်တော့
ရေးသားတဲ့သူ.....မနှေးမမြန်
ပေါ်ပေါက်ခဲ့သည်......မဟုတ်မခံ
အမှန်တရားကို....ချစ်မြတ်နိုးခဲ့တဲ့
ဒု-လ၀ကမှူးလေး......ကျော်သက်ဟန်...........
အကျိုးဆက်ကား.......နေပြည်တော်ရှိ
ဝန်ကြီးရုံးတွင်.....သူသာမက
LIKEလုပ်မိသူ.....သူငယ်ချင်းအဖြစ်
လက်ခံထားတဲ့....အနယ်နယ်အရပ်ရပ်
ဝန်ထမ်းအစုံလည်း.....စုံခုံအရှေ့တွင်
အစစ်ဆေးခံရန်....လာရောက်ရသည်
စုံခုံအဖွဲ့ရဲ့....တွေ့ရှိချက်က
FACEBOOK ပေါ်တွင်.....ရင်ဖွင့်ရေးသား
ကျော်သက်ဟန်နှင့်.....LIKEလုပ်မိသူ
ဝန်ထမ်း(၄)ဦး......အပြစ်ရှိသည်
အဓိကတ၇ားခံ.....ကျော်သက်ဟန်အား
ရာထူးတိုး(၂)နှစ်.....ရပ်ဆိုင်းအပြစ်ဒဏ်
ဝေးလံခေါင်ဖျား......ပြောင်းရွှေ့ဒဏ်ပေး
စစ်ကိုင်းတိုင်းရဲ့.....ဖောင်းပြင်ဆီသို့
LIKEလုပ်မိသူ....အလိုတူပါ
ထို လေးဦးမှာ.....၀န်ကြီးရုံး(၄)လ
တွဲဘက်ထားရန်.....အပြစ်ဒဏ်ချသည်
ပြစ်မှုနဲ့ ပြစ်ဒဏ်.....မမျှပေမယ့်လည်း
သူ့ရဲ့ဆန်ကိုစား......သူ့ဝန်ကိုထမ်းထားမှတော့
ထားရာနေ....စေရာသို့သွားကာ
ကြိုးပမ်းရွက်ဆောင်....ထမ်းဆောင်သွားသည့်
ရွှေတံခါးမှူးလေး.....ကျော်သက်ဟန်.........
သမ္မတကြီးမှ.....ဦးဆောင်ပီး
ပွင့်လင်းမြင်သာ.....ဒီမိုကရေစီ
ခေတ်ကြီးဆီသို့........ချီတက်နေချိန်
မြန်မာနိုင်ငံတွင်.....လွပ်လပ်စွာ
ရေးသားနိုင်သည်.....ပြောဆိုနိုင်သည်
သမ္မတကြီး......မသိလိုက်ရတဲ့
လ၀ကဆိုတဲ့....၀န်ကြီးဌာနရဲ့
ရွှေရည်စိမ်ခြင်းကို.....ခံလိုက်ရတဲ့
ဌာနတွင်းရဲ့.....ဒီမိုကရေစီ
သမ္မတကြီးရဲ့....လက်နဲ့ရေးတာကို
ဝန်ကြီးဦးခင်ရီရဲ့.....ခြေနဲ့ဖျက်လိုက်တဲ့
ငယ်သားအားလုံး....ကြောက်ရွှုံသွားအောင်
စံပြအဖြစ်.....အရေးယူပြစ်ပေး
လုပ်ဆောင်ခြင်းကို.....ခံစားလိုက်ရတဲ့
အပြစ်မဲ့တဲ့....သားကောင်အဖြစ်
မြေ၀ယ်ချကာ....အနင်းခံလိုက်ရတဲ့
ဝန်ထမ်းငယ်လေး.....ကျော်သက်ဟန်...........
သို့ပေသော်လည်း.....ဘယ်လိုပဲဖြစ်ခဲ့
ခံစားမှုတွေဖယ်.....နာကျည်းမှုတွေ ဖျောက်
နာကျင်မှုတွေဖယ်ရှား...တကွဲတပြားဖြစ်နေတဲ့
မိသားစုအရေးကိုလည်း....စိတ်ဝယ်မထား
တရားခြင်း....မတရားခြင်းတွေထက်
မြေမျိုရ်ျ....လူမျိုးမပြုတ်
လူမျိုမှ.....လူမျိုးပြုတ်မည်
ဆောင်ပုဒ်အား....ရင်ဝယ်ထားလို့
တို့လူမျိုးများ......အစဉ်အဆက်
မပျက်မသုန်း......အမြဲတည်ဖို့
ရည်မှန်းဦးတည်......အားထုတ်ရည်သန်
ကြိုးစားကာကွယ်....သံဓိဌာန်ချပီး
နှစ်(၃၀)ကြာမှ.....ပြန်လည်ကောက်တဲ့
သန်းခေါင်စာရင်းမှာ....ကိုယ်ရောစိတ်ပါ
နှစ်မြှပ်လို့ထား.....တိုင်းပြည်အတွက်
ကျရာတာဝန်.....တဖက်လမ်းမှသာ
ကိုယ်ကြိုးမဖက်.....ပြည့်ကျိုးတွက်သာ
ဦးလည်မသုံ....ဦးဆွေးဆံမြည့်
အခက်အခဲမျိုးစုံ.....ကျော်ကာဖြတ်လို့
မညီးမညူပဲ......ရွက်ထမ်းနေသည့်
စေတနာမှန်....အနစ်နာခံတဲ့
ဒီလိုလူမျိုး......LIKE လေးတချက်
SHARE ပေးခြင်းက....သူ့အတွက်ကို
ဂုဏ်ပြုပေးခြင်း.....အားပေးခြင်းဖြင့်
ဝိုင်းဝန်းကူညီ....ထောက်ပံ့ပေးကြပါစို့..........
(FACEBOOK ပေါ်တွင်၇င်ဖွင့်ခံစားမိသည့်အတွက် အရေးယူအပြစ်ပေးခြင်းခံလိုက်ရတဲ့ လ၀က၀န်ကြီးဌာနမှညီငယ်လေး..
ဒုလ၀ကမှူး ကျော်သက်ဟန်အတွက် ရေးသား ဖွဲ့ဆိုသည်)
shwetahkarhmu chitthu
အရေးယူအပြစ်ပေးခြင်းခံလိုက်ရတဲ့ လ၀က ၀န်ကြီးဌာနမှညီငယ်လေး.. ဒုလ၀ကမှူး ကျော်သက်ဟန်အတွက် ရေးသား ဖွဲ့ဆိုသည်) shwetahkarhmu chitthu (ကာယကံရှင်ရဲ့ https://www.facebook.com/cry.feel.1?ref=ts&fref=ts လင့်ကနေကူးယူဖော်ပြထားတဲ့ရာထူးတိုးမဖြေဆိုလိုက်ရတဲ့သူ့အတွက် တယ်လီဖုန်းဖြင့်အားပေးကြတဲ့သူငယ်ချင်းတွေကို သူ့စာမျက်နှာပေါ်ကနေ ပြန်လည်ရှင်းပြထားတာလေးကို ကျုပ်သဘောကျလို့ကူးယူဖော်ပြပေးလိုက်ပါတယ်....ဒါပေမယ့် ကျုပ်သူ့အတွက်တော့စိတ်မကောင်းပါဘူး....သူရေးထားတာလေးကို အောက်မှာဖတ်ကြည့် လိုက်ကြပါအုံး.....) တယ်လီဖုန်းဖြင့်အားပေးကြသောရဲဘော်ရဲဘက်သူငယ်ချင်းများခင်ဗျာ ကျွန်တော်ဖြေဆိုခွင့်မရတဲ့အတွက်စိတ်မကောင်းမဖြစ်ကြပါနဲ့ ခင်ဗျားတို့အားလုံးဖြေဆိုခွင့်ရတာ ကျွန်တော်ဖြေဆိုခွင့်ရတာနဲ့အတူတူပါဘဲ ဘုရားဟောခဲ့တယ်လေ အတိတ်ကံက ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်ဆိုရင်ဘယ်သူမှရှောင်လွှဲလို့မရပါဘူး...ကမ္ဘာကျော်ကဗျာဆရာကြီးရာဘင်နတ်တဂိုးကပြော
ဘူးတယ် "နေမင်းကြီးဝင်သွားပါပြီကောဟု မျက်ရည်ကျနေမည်ဆိုလျှင် နောင်ထွက်လာမည့် ကြယ်ရောင်လရောင်တို့ကို မြင်တွေ့နိုင်မည်မဟုတ်ချေ"တဲ့ အဲဒီတော့ နောင်ထွက်လာမယ့် ကြယ်ရောင်,လရောင်တွေကြည့်ဘို့ ငါမျက်ရည်ကျလို့မဖြစ်သေးဘူးလေ...ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ငါ့အတွက်ကတော့ခင်ရာဆွေမျိုးမိန်ရာဟင်းကောင်းပါ ကျရာဇတ်ခုံမှာ
သရုပ်စုံကပြဖျော်ဖြေနိုင်ပါတယ်.. .ကဗျာဆရာဘုတလင်ချစ်လေးရဲ့ကချေသည်ကဗျာထဲကစာသားလေးလည်းဒီလိုဆိုထားပါတယ်.... "ပရိယျေသန၀မ်းခါးလှဘို့ ကျွန်မကရပါသည်ရှင် ဒါဟာအနုပညာလား တစ်ခါတစ်ခါငိုချင်လျှက်နဲ့ ဇတ်ကွက်နဲ့ဆက်ရယ်လိုက်ရ တစ်ခါတစ်ခါရယ်ချင်လျှက်နဲ့ ဇတ်ကွက်နဲ့ဆက်ငိုလိုက်ရ တစ်ခါတစ်ခါချစ်နေသူလည်း မုန်းဟန်စွဲ၍မုန်းလိုက်ရ တစ်ခါတစ်ခါမုန်းနေသူလည်း ချစ်ဟန်စွဲ၍ချစ်လိုက်ရ ရွှေပွဲလာများရွှင်အားရဘို့ ကျွန်မကရပါသည်ရှင် ပရိယျေသန၀မ်းခါးလှဘို့ ကျွန်မကရပါသည်ရှင်" ဒါဟာ.....အနုပညာလား (တစ်ခါကတစ်ဘ)

No comments:

Post a Comment