Monday, 23 June 2014

လ၀က အပိုင်း(၄၄)

တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့်အဖျက်ဆီးခံလိုက်ရသော လ၀က...အပိုင်း(၄၄)
=================================
လ၀က ၀န်ကြီးဌာနရဲ့ အဖြစ်အပျက် တွေကို ကျုပ်က အရှိကို အရှိတိုင်း....အမှန်ကို အမှန်တိုင်းရေးပြ....ချပြလိုက်တောက မဟုတ်တာတွေ...
မမှန်တာတွေ လုပ်ထား...ကိုင်ထားတာတဲ့သူတွေအားလုံးတုန်လှုပ်သွားကြတယ်လေ....သူတို့တွေရဲ့ စိတ်ထဲမှာ ဒီလိုမျိုး သူတို့လုပ်ထားခဲ့
တာတွေကို အစဖော်ပီးတော့ ပြန်ဆွဲထုတ်ခံရလိမ့်မယ်လို့လည်း ထင်ထားခဲ့မှာမဟုတ်ဘူး....ဒါကြောင့် သမိုင်းကြောင်းဆိုတာ ဖျောက်ဖျက်
လို့ရတာမဟုတ်ပါဘူး....ကိုယ်ဘာတွေလုပ်သွားခဲ့တယ်ဆိုတာ တစ်နေ့ကျယင် ပြန်ပေါ်မှာပဲလေ.....ဘယ်သူကျတော့ ကောင်းတယ်....ဘယ်
သူကျတော့ ဆိုးတယ် ဆိုတာက လူ့သတင်းကို လူချင်းဆောင်သွားတာပဲလေ....ကျုပ်ရေးထားခဲ့တာတွေအားလုံးဟာ အမှန်တရားတွေချည်းပဲ
ရေးသားဖော်ထုတ်ပြသွားတာ....ကောင်းတဲ့သူတွေကျတော့ ကောင်းတာရေးတယ်...ဆိုးတဲ့သူတွေကျတော့ ဆိုးတာရေးတယ်....ရွှေတံခါးမှူး
ချစ်သူ ဆိုတဲ့အကောင်က အမှန်တရားကိုပဲချစ်မြတ်နိုးတာ.....ကျုပ်ဒီလိုမျိုးမှ မရေးထားဘူး....မှတ်တမ်းမှတ်၇ာ လုပ်မထားဘူးဆိုယင် သမိုင်း
ကြောင်းတွေပျောက်သွားနိုင်ခဲ့တယ်လေ.......ဒါကြောင့် နောက်ပိုင်းလ၀က ထဲကို ရောက်လာခဲ့တဲ့သူတွေ အခြေအနေမှန်အားလုံးကိုသိရှိနိုင်
အောင်ဆိုပီးတော့ ရေးသားဖော်ပြနေရတာလေ.....သူတို့တွေရဲ့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးခေါင်းတွေကိုကျုပ်က ဆွဲချွတ်ပေးနေရတာ
ကျုပ်တို့ဝန်ထမ်းတွေအားလုံးကလည်း အရမ်းကိုပဲ သနားဖို့ကောင်းတာဗျ...သူတို့လုပ်နေတာ...ကိုင်နေတာတွေ ကို မှားနေမှန်းသိလည်းမှား
နေတယ် လို့မပြောရဲတဲ့ဘ၀....တကယ်လို့များ ငါတို့များပြောလိုက်ယင် ငါတို့ကို နှိပ်ကွပ်လိုက်ယင်..အရေးယူလိုက်ယင် ဒုက္ခဆိုတဲ့အတွေး
တွေလည်းရှိနေတယ်ဗျာ....တကယ်လည်း သွားထောက်ပြ..ပြောခဲ့ယင်လည်း အငြိုးနဲ့ကိုတွယ်တော့တာပဲ...မှားတဲ့လူကြီးကဘာမှမဖြစ်ဘူး.
အမှန်ကိုသွားထောက်ပြတဲ့လူပဲ အရေးယူအပြစ်ပေးခံရတဲ့ဖြစ်စဉ်တွေကလည်းရှိဘူးတော့ ဘယ်သူကမှလည်း ကိုယ့်ဘ၀အပျက်ခံပီးတော့
သွားမပြောရဲ ..မတိုင်ရဲကြဘူးလေ....ဒီလိုမျိုး သူတို့ လုပ်နေတာ...ကိုင်နေတာတွေကိုပဲ ခါးစည်းပီးတော့ ကြိတ်မှိတ်ခံပီးတော့  ခိုင်းတာလုပ်..
ခံမပြောနဲ့ ဆိုတဲ့စကားကိုချည်းပဲ နားထောင်နေခဲ့ရတာ....သူတို့တပ်ကလာတဲ့သူတွေအချင်းချင်းက တော့ အရမ်းကိုစည်းလုံးကြတာလေ
တစ်ခုခုဖြစ်ယင်လည်း သူတို့အချင်းချင်း...အစ်ကိုကြီး...ညီလေး  ဆိုယင် ပီးသွားကြပီလေ...ဒီနေရာမှာ အရပ်သားဝန်ထမ်းဆိုယင်တော့သေဖို့
သာပြင်ထားပေတော့....ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတတဲ့ပြစ်ဒဏ်တွေနဲ့....ရယ် အခုပဲ ကျုပ်တို့လုပ်လို့ တိုင်းပြည်ကြီးနစ်နာပျက်စီးသွားတော့မယ့်
ပုံစံတွေမျိုးနဲ့   တဆိတ်ကို တအိတ်လုပ်နဲ့ ငယ်တဲ့အမှုကို မကြီးကြီးအောင် လုပ်ပိးတော့ နည်းအမျိုးမျိုးနဲ့ ပြသနာအမျိုးမျိုးကို မီးခွက်ထွန်းပီး
ရှာပါလိမ့်မယ်....ကျုပ်တို့တွေကလည်း ၁၉၆၂ ခုနှစ်ကစပီးတော့ တစ်ပါတီ အာဏာရှင်တွေရဲ့ လက်အောက်မှာ နေခဲ့ရတယ်ဆို
တော့  အကြောက်တရားတွေက ငယ်ငယ်လေးကထည်းကရှိနေခဲ့ရတာ....ဒီကနေစပီးတော့ စစ်အစိုးရလက်အောက်ကိုရောက်သွားတော့
ပိုဆိုးတာပေါ့ဗျာ....အပေါ်ပိုင်း ဥိးစီးအရာရှိနဲ့အထက်တွေအားလုံ့းနီးပါးလောက်က တပ်ကပဲပြောင်းလာတဲ့ လူတွေချည်းပဲဆိုတော့ ပိုဆိုးတာ
ပေါ့ဗျာ....၀န်ထမ်းတွေအားလုံးကိုလည်း ဆရာမွေး...တပည့်မွေးလုပ်ပီးတော့ ၀န်ထမ်းအချင်းချင်းကိုလည်း သွေးကွဲအောင်လုပ်ပေးထားသေး
တယ်....သူတို့တွေက မဟုတ်တဲ့နေရာမှာ တော့ ညဏ်နီညဏ်နက် အစုံထွက်တယ်....ကျုပ်တို့လူမျိုးတွေကလည်း ကြောက်ရတဲ့နေရာမှာ
ဆိုလည်း နှစ်ယောက်မရှိတုန်နေအောင်ကိုကြောက်တယ်....အခုကဘယ်လိုဖြစ်နေသလဲဆိုယင် မှားတဲ့ကောင်က မကြောက်ရဘူး...မစိုးရိမ်ရ
ဘူး...ဘာမှမဖြစ်ဘူး..မှန်ကန်တဲ့ ကောင်တွေက ပြန်ကြောက်နေရတာ....ငါမှန်တာပြောလိုက်ယင်...ငါတိုင်လိုက်ယင် ငါ့ကိုများအရေးယူမလား
ဆိုပီးတော့.....နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောရယင် ကိုယ့်ဘက်က မှန်နေ၇က်သားနဲ့ကို အမှန်တရားကိုပြန်ကြောက်နေရတာ....
ဘာလို့လည်းဆိုတော့ မှန်ကန်ယင်ကွဲတယ် ဆိုတဲ့ စကားလည်းရှိတယ်လေ.....ကျုပ်ဒါနဲ့ပက်သက်ပီးတော့ အနီးကပ်ဆုံးဥပမာပေးရယင်
လ၀က ၀န်ကြီးဌာနရဲ့အပျိုဆောင်မှာနေတဲ့ ခလေးမလေးတစ်ယောက်က အဆောင်မှာ ဖြစ်နေတဲ့ ကိစ္စလေးတွေကို သူ့ဝေါပေါ်မှာရေးပီးတော့
တင်လိုက်တယ်....သူဒီလိုမျိုးဖြစ်ပျက်နေတာကို သက်ဆိုင်တဲ့ အဆောင်မှူးတွေ...လူကြီးတွေ ကိုတင်ပြပေမယ့်လည်း ဘယ်သူမှအရေးယူ
ဆောင်ရွက်ပေးခြင်းမျိုးမရှိတဲ့အပြင် သူနဲ့ မဆိုင်သလိုမျိုးနေနေကြတဲ့ အဖြစ်တွေကို ရေးတင်လိုက်တာပါ....ပီးတော့ ဒီခလေးမလေးကိုလည်း
ကျုပ်နဲ့ မျက်မှန်းတမ်းမိပီးသားပါ...ကျုပ်ရဲ့ သမီးအရွယ်...တူမအရွယ်လေးတွေဆိုတော့ ကျုပ်ဖတ်လိုက်ရတော့ အရမ်းကိုစိတ်မကောင်းဖြစ်
သွားတယ်....ပီးတော့လည်း ဒီကိစ္စနဲ့ပက်သက်ပီးတော့အလုပ်ကလည်း ထွက်တော့မယ် ဆိုပီးရေးထားတော့ ကျုပ်တော်တော်လေးစိတ်မေ
ကာင်းဖြစ်သွားတယ်.....ပီးတော့ ကျုပ်တော်တော်လေး နှာတင်းသွားတယ်....ဒီလိုမျိုးဖြစ်နေတာကို အားလုံးက မျက်နှာလွဲ ခဲပစ် ကိုယ့်နဲ့မဆိုင်
သလို နေနိုင်ကြတာရယ်...ဒီနေရာမှာသာငါ့သားသမီးတွေဖြစ်နေယင်ဘယ်လိုနေမလဲ ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေများနေတာတွေ
ကို သိရှိနိုင်အောင်.ဒီလို ပြောမှသိ ...ထိမှ နာ လူမျိုးတွေကိုတော့ ဒီလိုမျိုးလွှတ်ထားလို့ရမှာမဟုတ်ဘူး....အင်တာနက်ကနေရေးတင်ပီး
တော့ မသိသေးတဲ့ လူကြီးတွေ သိသွားပီး တစ်ခုခု အရေးယူဆောင်ရွက်မှုတွေလုပ်ပေးလိုက်ယင် ဒီခလေးမလေးရဲ့ ဘ၀လုံခြုံမှုတွေရှိသွား
အောင်လို့ရယ်....သားသမီးချင်းကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေ ကိုယ်ချင်းစာနာ နားလည်သွားအောင်ဆိုပီးတော့ ကျုပ်က သူ့ဝေါပေါ်ကစာ
ကိုကူးယူပီးတော့ သူ့လင့်ကိုလည်း ပေးထားလိုက်ပါတယ်....ပီးတော့ လ၀က ၀န်ကြီးဌာနအဆောင်မှာ ငယ်ငယ်ရွယ်ရွယ်ချောချောလေးတွေ
ရှိနေပီးတော့ သူတို့ရဲ့ မလုံမခြုံနေရတဲ့ဘ၀ကို မြင်သွားနိုင်အောင် ဆိုပီးတော့ သူတို့ရဲ့ ဂရုပုံလေးတစ်ပုံတင်ပေးလိုက်မိတယ်...ကျုပ်က
"နေပြည်တော် ၀န်ကြီးဌာနအဆောင်တွေမှာ မင်းမဲ့တိုင်းပြည်ဖြစ်နေပီလား"  ဆိုတဲ့ခေါင်းစဉ်လေးနဲ့ရေးတင်လိုက်ပါတယ်....ကျုပ်ရေးတင်လိုက်တဲ့
စာဟာ ၀န်ကြီးဌာနအဆောင်တွေမှာ တော်တော်လေး ဂယက်ထသွားခဲ့ပါတယ်....ကျုပ်ရေးတဲ့စာ အင်တာနက်မှာ ပါသွားပီးတဲ့နောက်ပိုင်းမှာ
အဲဒီခလေးမလေးက ကိုယ့်ဘက်ကမှန်နေတယ်ဆိုပေမယ့်လည်း လူကြီးတွေ အေ၇းယူခံရမှာကိုလည်းကြောက်ပီးတော့ သူ့ရဲ့ပရိုဖိုင်တွေကို
ချက်ခြင်းချိန်း....သူတင်ထားခဲ့တဲ့ status တွေကိုပြန်ဖျက်နဲ့.....ကျုပ်ကိုတောင်အင်တာနက်ပေါ်ကနေပီးတော့ဖွလို့
 တရားစွဲလို့ရတယ်ဆိုပီးရေးလိုက်သေးတယ်....ကျုပ်ကတော့ ကျုပ်မျက်စီရှေမှာ မတရားဖြစ်နေတာကို မြင်လိုက်ရတော့ ကိုယ်ချင်းစာနာစိတ်
တွေ များစွာနဲ့ ဖွချင်တဲ့စိတ်မရှိပဲ လူကြီးတွေသိသွားပီး အကာအကွယ်လေးရသွားအောင်ဆိုပီးတော့ ကျုပ်ကရေးပေးလိုက်တာပါ...ဒါဟာ
ကျုပ်ရဲ့ စေတနာပါသော အမှားတစ်ခုဖြစ်သွားခဲ့ပါတယ်.....ဒါကြောင့်မို့လောကကြီးထဲမှာ အမှားတွေ များနေတော့ အမှန် ဆိုတဲ့သူတွေက
တောင် ပြန်ကြောက်ပီးတော့ ငြိမ်ခံနေရတော့တာ....နောက်ဆုံးတော့လည်း ရေများရေနိုင်....မီးများမီးနိုင်ဖြစ်သွားတာပေါ့ဗျာ....ဒီလိုမျိုးဖြစ်လို့
ဆိုပီးတော့လည်း ၀န်ထမ်းတွေ ကိုလည်းအပြစ်ပြောလို့လည်းမရပါဘူးဗျာ....ဒီလိုမျိုးအကြောက်တရားတွေနဲ့ နေနေရအောင်ဆိုပီးတော့ပဲ စနစ်
ဆိုးကြီးတစ်ခုဖြစ်တဲ့ စစ်အစိုးရကပဲ ပုံဖော်ဆောင်ရွက် ထားခဲ့လို့ပဲလေ....

No comments:

Post a Comment