တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၁)
================================================================
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ
အပြစ်ပေးခြင်း ခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးများ အပိုင်း (ဃ)
..သူတို့အဖွဲ့လည်း ရုံးကို ရောက်တာနဲ့ ၀န်ထမ်းအားလုံးကိုခေါ်ပီးတော့
အမှုကိစ္စတွေ ကိုမမေးသေးပါဘူး.....ကဲလွှတ်တော် အမတ်နဲ့ သွားတွေ့တဲ့ သူတွေ လက်ထောင် ဆိုပိး စတော့တာ....
..ဒီလိုဖြစ်စဉ်တွေအား လုံးကိုလည်း ကျုပ်တို့က ကြားထားပီးသားလေ....၀န်ကြီးက အရမ်း ကိုမှ ပေါက်ကွဲနေပီဆိုတော့ တစ်နည်းမဟုတ်
တစ်နည်းနဲ့တော့အရေး ယူခံရတော့မယ် ဆိုတာကို သိနေပီလေ.....နင်မဟုတ်ယင်....နင့်အဘ ဆိုပီးတော့ ဆွဲထည့်တော့မှာလေ.
...စစ်တော့ ဦးသောင်းစိန်ကိုမေး တောု့သွားယူသလား ...ယူတယ်....ဟိုက လုံးဝ မငြင်းဘူးလေ.....၀န်ခံတယ်....နောက် ရယကအဖွဲ့တေ
ွ အားလုံး..ရယ်...တိုင်တဲ့သူတွေ အားလုံးကို ရင်းတိုက်ကုန်းရွာမှာ သွားစစ်တယ်.....ရယက တစ်ဖွဲ့လုံးရဲ့ အစစ်ခံချက်တွေအားလုံးမှာ လ၀က
ကိုလည်း တစ်ပြားမှမပေးရဘူး.. သူတို့ ဓါတ်ပုံ/ရိုက်..မိတ္တူကုူး ..လုပ်အားပေးဌားခတွေရယ်..အကုန်လုံးကိုစာရင်းဇယားနဲ့တင်ပြပါတယ်.
..အဲဒီက ပိုတဲ့ ပိုက်ဆံကို အရံမီးသတ်တပ်ဖွဲ့တွေ အတွက် မီးသတ်ဝတ်စုံချုပ်ပေးတယ်.....ကျုပ်တို့ က သူတို့ဆီမှာ သွားပိးမှတ်ပုံတင်လုပ်
်ပေးတော့သူတို့က ကျုပ်တို့ ကို ထမင်းကျွေးတယ်....အပြန်ကျတော့ ဆိုင်ကယ်ဌားပေးတယ်....ဒါလောက်လေးတော့ ရှိတာပေါ့ဗျာ...
..ရှိတာ မရှိတာ အသာထား... ကိုယ့်ဆီလာလည်တဲ့ ဧည့်သည်ကို ထမင်းကျွေး...ဧည့်ခံတာကတော့ ဗမာ လူမျိုး ရဲ့ စရိုက်ထုံးစံပဲလေဗျာ..
..အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ ၀န်ကြီးလိုချင်တာက လ၀က ကိုဘယ်လောက်ပေးရပါတယ် ဆိုပီးတော့ လိုချင်တာလေ...
.ဒါမျိုးပေါ်လွင်မှသာ ကျုပ်တို့ကိုအသေဆော်လို့ရ မှာလေ....ဒါနဲ့ မြှားဦးက ဘယ်ဘက် ကိုလှည့်သွားသလဲ ဆိုတော့ ရယက က
ပိုက်ဆံကောက်တဲ့ဘက်ကိုလှည့်သွားပြန်ရော....ရယကက ဒီလိုမျိုး ပိုက်ဆံကောက်နေတာကို မသိဘူးလားပေါ့....ကျုပ်တို့အဖွဲ့တွေက
မသိဘူးပေါ့လေ....အဲဒီအချိန်တုန်းက ကျုပ်တို့မှတ်ပုံတင်လုပ်အေပး တဲ့ နေရာက တစ်နေရာ....သူတို့ ပိုက်ဆံကောက်တာကတစ်နေရာ..
...လမ်းမကြီးကခြားထားတာလေ....လူအုပ်ကြီးက ကျုပ်တို့ကိုဝိုင်းထား ကြတာ...ယားလို့တောင် ကုတ်ဖို့ အချိန်မရှိဘူးလေ..
..နောက်ဆုံးရုံးမှာ လူမရှိတော့လို့ ရုံးစောင့် ကောင်လေး ကိုခေါ်ပီးတော့ တစ်ယောက်ကို ၆ ကျပ် ကောက်ခိုင်းထား၇တာ..
...အဲဒီအချိန်မှာ ရယကက ဘာတွေလုပ်နေမှန်းကျုပ်တို့မသိနိုင်ဘူးလေ...ပိးတော့ အဲဒီကတ်ပြားတွေကိုနေ့ချင်း ပီး ချက်ခြင်းထုတ်ပေးနေရတာ
လေ....ပီးတော့ နောက်ပိုင်း အချိန်ကျမှာသာ ရယက က ၂၀၀၀ကောက်တယ်ဆိုတာကျုပ်တို့သိတာ ....အဲဒီမှာ စစ်ဆေးရေးအဖွဲ့ က
ကျုပ်တို့အဖွဲ့က ရယက တွေ ပိုက်ဆံကောက်နေတာ ကို မသိဘူးဆိုတဲ့ အဖြေကို သုတို့က မလိုချင်ဘူး လေ....ဒါပေမဲ့ အားလုံးကလည်း
မသိတော့ မသိဘူးလို့ချည်းပဲဖြေတာလေ.....သူတို့လိုချင်တဲ့ အဖြေက သိတယ် ဆိုတဲ့ အဖြေကိုလိုချင် တာ.ဒီလိုမျိုးအဖြေရမှ သူတို့က
အမှုတွဲထဲကို ဆွဲသွင်းလို့ရမှာလေ.နောက် ခင်အင်းကြီး အထစ ကိစ္စကိုစစ်ဆေးတော့ အဲဒီအမှုကလည်းမပေါ် ပေါက်ခဲ့ပါဘူး....
.ကွင်းဆင်း ဒုတိယ်နေ့ကျတော့ ကျုပ်တို့ မနမက တိုင်းတို့..ခရိုင်တို့ ကိုသတင်းပို့ထားပါတယ်....ဒီလိုမျိုးပြသနာဖြစ်မှာစိုးလို့.
..တင်ပြ တော့ မင်းတို့ယူလား...တဲ့ ..မယူဘူးလို့....အေးမင်းတို့မယူယင်ပိးတာပဲတဲ့...ဖြစ်လာယင်ငါတို့ တာဝန်ယူတယ်တဲ့...
.တွေ့လား...ကျုပ်တို့ လူကြီးတွေက ကျုပ်တို့ကို အဲဒီလိုမျိုးတာဝန်ယူထားကြတာ...ဘယ်လောက်ချစ်ဖို့ကောင်းသလဲ ဆိုတာ.
....စုံခုံဖွဲ့စစ်ဆေးပီဆိုတာနဲ့ချက်ခြင်း ခရိုင်မှူးက ချက်ခြင်းဖုန်းဆက်ပီးတော့ အမှုနဲ့သက်ဆိုင်တဲ့ဟာသာဖြေဖို့နဲ့.....မဆိုင်တဲ့ဟာတွေ
မဖြေဖို့ လှမ်းပြောပါတယ်.....တိုင်းဦးစီး မှူးကတော့ နောက်တစ်နေ့မနက်အစေကြီးမှာ ကားနဲ့ပေါက်ချလာပါတယ်.....စိတ်ပူပီးတော့
ဆင်းပြေးချလာတာ.....အမှုတွဲထဲမှာ သူတို့လည်း ပါသွားမှာစိုးလို့လေ....သူတို့က ကျုပ်တို့ကိုစိတ်ပူရှာတယ်လေ.....ကျုပ်တို့
အဖြေမတတ်ယင် သူတို့ ကြားညှပ်သွားမှာစိုးလို့....သြော်...ဒီအချိန် က ငါတို့ တစမ ကြီး ငါတို့အတွက် စိတ်ပူပီးတော့
ချက်ခြင်းကိုပြေးဆင်းလာတာပါလား ဆိုပီးတော့...ဘယ်ဟုတ်မလဲဗျ...သူ့အတွက်သူုစိတ်ပူ ပိးတော့ ဆင်းပြေးလာတာ..
...မဖြစ်ခင်ကတော့ ငါတို့တာဝန်ယူတယ်...ဆိုပိး ခေါင်းဆောင်နေကြတာ.....ဖြစ်တာနဲ့ ခေါင်းရှောင်ကောင်း တွေဖြစ်သွားကြတာဗျ.
....အဲဒီနေရာမှာဖြတ်ပီးတော့ တစ်ခုတော့ ပြောပြရအုံးမယ်ဗျ....အဲဒီအချိန်က ပဲခူးတိုင်းတစမ ကတော့ ဗျူဟာမှူးဖြစ် ခါနီးမှ
အရပ်ဘက်ကိုပြောင်းလာရတော့ သူ့စိတ်ထဲမှာ သူ့ရဲ့ခံစားချက်လေးတွေရှိပါတယ်.....သူ့အမျိုးသမီးကတော့ မျက်စိအထူးကုဆရာဝန်
် မကြီးတစ်ဦးပါ....သူတို့ရဲ့ အိမ်ထောင်ရေးကလည်း အဆင်မပြေဘူးဆိုတော့ ခံစားချက်လေးတွေရှိတာပေါ့ဗျာ.....အဲဒီအချိန်က
သူ့နဲ့တိုင်း ရုံးဝန်ထမ်းတွေရဲ့ကြားမှာ မပြေလည်မှုတွေ အများကြီးရှိခဲ့ပါတယ်....အဲဒီတိုင်းရုံးမှာ ဗိုလ်ချုပ်မောင်မောင်ဆွေရဲ့အိမ်က
ရဲဘော်လေးကနေပီး တော့ လ၀က ကိုအသွင်ပြောင်းလာခဲ့တဲ့လ/ထ လ၀ကမှူး ဦးမောင်ကို ဆိုတာရှိပါတယ်.....တစမ ရဲ့ ကားကိုလည်း
သူက မောင်းပေးပါတယ် တစ်ရက်မှာတော့ တစမ ကနေပီးတော့ အဲဒီဦးမောင်ကို ကို မြ၀တီ ကိုလွှတ်ပီးတော့ ၀စ်သောက်ကားသယ်ဖို့
စေလွှတ်လိုက်ပါတယ်...ဦး မောင်ကိုက သူ့သမီးဖြစ်သူကို ဘယ်နှစ်ရက်လောက်ကြာမယ် ဆိုပီးတော့ပြောထားခဲ့ပေမယ့်....လမ်းခရီးမှာ
ဒီထက်ပိုပီးရက်ကကြာသွားပါ တယ်...သူ့သမီးကလည်း သူ့အဖေ ပြောထားတဲ့ရက်အတိုင်းရောက်မလာတော့ တိုင်းရုံးကိုလာပီးတော့
ပွဲကြမ်းပါတော့တယ်....သူ့အဖေကို အခုရှာပေး..မရှာပေးယင် ရဲစခန်းတိုင်မယ်...ပြုမယ် တွေဖြစ်ကြရော...
..ဒိလိုမျိုးပြသနာတက်ပီးတဲ့နောက်ပိုင်း ဦးမောင်ကိုပြန်ရောက်လာတော့ တစမ ကခေါ်ဆူပါတယ်....အဲဒီအထိ က ပြသနာ မရှိသေးပါဘူး.
...ဆိုးသွားတဲ့ အချက် က အဲဒီ ဦးမောင်ကိုကို နစက တန်းစီဇယားမှာဆွဲထား တဲ့ အတိုင်း အလှည့်ကျစေလွှတ်ခြင်းမရှိပဲ
သောက်မြင်ကတ်ပုဒ်မနဲ့ အလှည့်ကျော်ပီးတော့ စေလွှတ်လိုက်တော့တယ်....နစက တန်းစီဇယား ဆိုတာက တစ်တိုင်းလုံးကလည်း
သိပါတယ်....ဘယ်သူပီးယင် ဘယ်သူ့အလှည့် ဆိုတာကို....လ၀က ထဲမှာ နစက ဆိုတာကြီးက ဘယ်သူမှကို မသွားချင်တဲ့နေရာကြီးပါ.
.အယင်တုန်းကဆို..ပြည်နယ်မှူး/တိုင်းဦးစီးမှူးတွေက သူတို့ကြည့်မရတဲ့သူ....သောက်မြင်ကတ်တဲ့ သူတိှု့ဆိုယင် နစက တန်းစီဇယား
ဘယ်လိုပဲဆွဲထား....ထား....အလှည့်ကျော်ပီးကို ထည့်ပစ်တာ....ဒီလိုမျိုး အလှည့်ကျော်ထည့်လို့ မှတ် တမ်းတင် သတိပေးခံရတဲ့
တိုင်းဦးစီးမှုတွေလည်းရှိပါတယ်....အဲဒါနဲ့ ဒီလိုမျိုး အလှည့်ကျော်ထည့်လိုက်တာနဲ့...ဦးမောင်ကိုဟာ တစမရဲ့ KTY မာဆတ်ဖွင့်ထားတာ
တွေေ၇ာ.....သမီးအရွယ် တစ်ယောက်ကို ရုံးမှာ လုပ်အားပေးလိုမျိုးးထားပီးရုံးတက်ခိုင်းထားပီး အငယ်ထားတာတွေရော ၀စ်သောက်ကား
သွားသယ်ခိုင်းတဲ့ ဟာတွေရော......တစမရဲ့ရုံးကိုဘယ်ချိန်မှ တက်တယ် ဆိုတဲ့ဟာတွေရော အားနည်းချက်တွေအားလုံးကို ရေးပိးတော့
ဝန်ကြီးဆီ ကို တိုင်လိုက်ပါတယ်....ဒါကြောင့်မို့ လူတွေက ပြောကြတာဗျာ....မှန်ကန်ုယင် ကွဲတတ်တယ် ဆိုတာ.
. သူ့အဖြစ်က နံရံ ကိုခေါင်းနဲ့ ဆောင့်သလိုမျိုးဖြစ်သွားတာပါ.....အဲဒီအချိန်က တစမ က ၀န်ကြီးလမ်းကြောင်း...ခရီးစဥင်္တိုင်း ကြိုပို့လုပ်နေ
တော့ အရာရာ အကြောင်းကြောင်းတွေ ကိုထောက်ထားခဲ့တာပေါ့ဗျာ.....ဒါက ကြုံ့တုန်းပြောပြထားတဲ့ အပိုင်းလေးပေါ့ဗျာ..
..ကျုပ်ပြောဖို့မေ့သွားလို့ ကျန်ခဲ့တာလေးရှိလို့....အဲဒီအချိန်က မိုးပွင့်စီမံချက် တစ်...နှစ်...သုံး...လေး..ငါး..သာပီးသွားတယ်ဗျ.
..အဲဒီစီမံချက်တွေအတွက် ဦးစီးရုံးချုပ် ရဲ့ အထောက်အပံ့ ဆိုတာကို တစ်ခု မှ ပြန်မရခဲ့ဘူးဗျာ.....သွားလာစရိတ်ကအစ.
...စာရွက်စာတမ်းအဆုံးအားလုံး အိပ်စိုက်ကြီးပဲဗျ..နောက်မှပြန် ကြားတယ်ဗျာ...အဲဒီစီမံချက်တွေအတွက်မြို့နယ်ရုံးတွေက
ို ထောက်ပံ့ကြေးတွေပေးခဲ့တယ် ဆိုပီးတော့ဒါပေမဲ့ကျုပ်တို့ဆီကိုတော့စီမံချက် တွေသာပီးသွားတယ်....ပြန်မရောက်လာခဲ့ဘူး.
...ကြည့်ရတာ လမ်းမှာတင်ပျောက်သွားတာနဲ့တူပါတယ်...အထက်ဌာနကတော့ ညွှန်ကြားချက် တွေကတော့ အရမ်းကိုကောင်းပါတယ်ဗျာ.
...အဲဒီ ညကခ တွေ ကို လိုက်နာဆောင်ရွက်ဖို့...ဘယ်မှာလဲ....ငွေရေးကြေးရေး...စာရွက်စာတမ်း အထောက်အပံ့....
..ဘယ်လိုလုပ်ပိးလိုက်နာဆောင်ရွက်နိုင်မှာလဲ.....ညကခ တွေသာရှိတာလေ.....အကောင်အထည်ဖော်ဖို့အတွက် ဘာမှဖြည့်ဆည်း
ပေးထားတာမရှိဘူး...အထက်က အမိန့်က ရန်သူကိုသွားတိုက်.တဲ့...ဘယ်မှာလဲ လက်နက်..ရိက္ခာ..ကျည်ဆံ ....အင်အား ဖြစ်ချင်.
.လုပ်ချင် တာတွေပဲ ရှိတာ...ဖြစ်နိုင်အောင် လုပ်နိုင်အောင် ဆိုတဲ့ ထောက်ပံ့ပေးမယ့်အထောက်အပံ့ စီမံချက် ဆိုတာမျိုးလုံးဝမရှိဘူး.
..အားလုံးဟာမျက်နှာ လွှဲခဲပစ်ချည်းပဲ....
No comments:
Post a Comment