Friday, 20 June 2014

လ၀က အပိုင်း(၂၉)

တပ်ထွက်ကြောင်ခံတွင်းပျက်..ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၂၉)
==========================================
လ၀ကဌာနအတွင်းမှာ ညွှန်ချုပ် က အစ ၀န်ကြီးတွေအဆုံး
..ပြည်နယ်တိုင်းကိုရောက်ပီဆိုယင် ၀န်ထမ်းတွေအတွက် ...အပြောင်းအရွှေ့တွေအတွက်ဘယ်လိုမျိုးမူတွေ ချထားပါတယ်...ဘက်
လိုက်မှုမရှိပဲ မျမျှတတ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါမယ်...တရားမျှတစွာ....သမာသမတ်ကျကျလုပ်ဆောင်ပေးပါမယ်.ဆိုပီးတော့
 စားရ၀မခန်းပြောသွားကြတော့တာပဲ...ပီးယင် ပြည်နယ်/တိုင်းကနေပီးတော့ သူတို့တွေအတွက် လက်ဆောင်ပစ္စည်းတွေစီစဉ်လုပ်ဆောင်
ပေးရပါသေးတယ်...၀န်ကြီးပြန်သွားပီဆိုယင် ပြည်နယ်/တိုင်းတွေကနေပိးတော့ အစစ အရာရာ ကုန်ကျစရိတ်အ၀၀ကို ပြည်နယ်တိုင်းအတွင်း
မှာရှိတဲ့ မြို့နယ်အကြီးသေးပေါ်မူတည်ပီးတော့ တစ်ရုံးကိုဘယ်လောက်ဆိုပီးတော့ ကိုပြန်ထည့်ခိုင်းတော့တာ...သန့်ရှင်းသောအစိုးရ..
ကောင်းမွန်သော အစိုးရလို့ပြောပြောနေခဲ့တဲ့ ဒိမိုကရေစီအစိုးရရဲ့ ၀န်မင်းတစ်ပါးဖြစ်ခဲ့တဲ့လ၀က၀န်ကြီးဦးခင်ရီကနေပီးတော့
ဒီလိုမျိုးလက်ဆောင်တွေ မပေးပါနဲ့လို့ ဆိုပီးတားတာ
လည်း တစ်ခါမှကို မတွေ့ဖူးဘူး.....လူကြီးတွေရဲ့ပါးစပ်ပြောတွေကတော့ အရမ်းကိုမှပဲ သမာသမတ်ကျတဲ့.....အရမ်းကောင်းတဲ့နုတ်
ထွက်စကားတွေပဲဖြစ်ပီးတော့ တကယ်တမ်းလည်းလက်တွေ့လည်းကျရော   မပေးနိုင်...မမွေးနိုင်...မကျွေးနိုင်....မကမ်းနိုင်တဲ့...လက်ဆောင်
ပဏာ မဆက်နိုင်တဲ့ ၀န်ထမ်းတွေအတွက်ကျတော့ တစ်ချက်လေးမှတောင် ငဲ့ညာပီးတော့ တစ်ချက်လေးတောင် စောင်းမငဲ့ကြည့်တော့ဘူး
ကိုဖြစ်နေကြတော့တာ....ပါးစပ်ကတော့ ဘုရား...ဘုရား နဲ့ လက်ကတော့ ကားယား...ကားယား  ဆိုသလိုမျိုးကိုပဲဖြစ်နေတော့တာ.....လ၀က
မှာဘယ်လူကြီးပဲတက်တက် အားလုံးဟာ ဒီလိုပုံစံမျိုးချည်းကိုပဲဖြစ်နေတော့တာ.....မာမူကြီး ကနေပီးတော့ အရာကြီး ဖြစ်သွားတာလေးပဲကွာတာ
လာသွားတဲ့ လူတွေအားလုံးကလည်း ကိုယ့်အတွက် ကိုယ်ချည်းပဲ ကြည့်ရှူ့သွားတာ.....အရှေ့ပိုင်းတုန်းက လူတွေက မှန်ပေမယ့်လည်း
နောက်ပိုင်းရောက်ရောက်လာခဲ့တဲ့ လူတွေက ပိုပိုဆိုးလာပီးတော့ ငွေနောက်ကိုပဲ အငမ်းမရနဲ့ ရုပ်ပျက်ဆင်းပျက်ကိုပဲလိုက်တော့တာ....ဒီလို
မျိုးဖြစ်လာတော့ အောက်က ၀န်ထမ်းတွေက လည်း ကိုယ်လိုချင်တဲ့ နေရာတွေအတွက် အထက်လူကြီးကို ဂွင်ကြီးပေးပီးသွားရတယ် ဆိုတော့
အဲဒီဂွင်တွေအတွက် အရင်းပြန်ကြေဖို့ဆိုပိးတော့ ရောက်ယင်ပြန်လှုပ်ရှားရတာပဲလေ....ပေါက်ပင် ဘာကြောင့်ကိုင်းရသလဲ ဆိုတဲ့ ပုံပြင်လို
မျိုးကိုဖြစ်နေကြပီလေ....မပေးယင်  မသွားရဘူး....ပေးနိုင်ယင် သွားရမယ်  ဆိုတဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပိုင်ခွင့်တစ်ခုလို
သဘောထားလာကြပီး လုပ်စားလာကြတာ  ထုံးတမ်းအစဉ်အလာ
ံလိုဖြစ်ပီးတော့ အပေါ်ကစပီးတော့ အောက်ခြေအထိ ကြီးနိုင်ငယ်ညှင်းလိုမျိုးဖြစ်ပီးတော့ တစ်ခုခုပြသနာတက်လာပီဆိုယင်လည်းအောက်က
လူကိုပဲ ထိုးကျွေး...ချကျွေးတာကလည်း ထုံးစံလိုကိုဖြစ်လို့......အောက်လက်ငယ်သားတွေပြသနာတွေတက်လာပီဆိုယင်လည်း တာဝန်ယူမှု
တာဝန်ခံမှု ဆိုတာ မရှိပဲ အားလုံးဟာ မျက်နှာလွှဲ ခဲပစ်တွေချည်းပဲ ဖြစ်နေကြတာ.....ဒီလိုမျိုးတွေဖြစ်ပျက်နေတာတွေကများနေတော့လည်း
အထက်လူကြီးဘာတွေပဲပြောပြော.....ဘာမူတွေကိုပဲချချ....အောက်ငယ်ဝန်ထမ်းတွေကလည်း အထက်ဌာနတွေရဲ့ လူကြီးအကြောင်းတွေကို
နောကျေနေအောင် သိနေပီဆိုတော့  လုံးဝ ကိုအယုံအကြည်မရှိတော့တာ.......အပြောတစ်မျိုး...လက်တွေ့တစ်မျိုး နောက်ဆုံးတော့ ငွေ
နောက်ကိုချည်းပဲ လိုက်တော့ ဌာနအတွင်းမှာ ကောင်းတဲ့ သူတွေက ဇွတ်ကောင်း.....ဆိုးတဲ့သူတွေက အရမ်းကိုဆိုးဝါးဆိုတဲ့ အဖြစ်တွေနဲ့
ချည်းရင်ဆိုင်နေရပါလေရော.....
အောက်ဝန်ထမ်းတွေမှာက ဘာမှလုပ်ပိုင်ခွင့်တွေမရှိဘူးလေ...လုပ်နေ...ကိုင်နေတာ မှားမှန်း   မဟုတ်ဘူးမှန်းသိပေမဲ့လည်း
.....ပြန်မပြောရဲပဲ...ကြောက်လို့သာငြိမ်ခံနေရတာ.....တစ်လွဲတွေလုပ်ပိးယင်လည်းဘယ်တော့မှ
ခေါင်းမခံတတ်ဘူး...ပီးယင် အောက်ကိုထိုးကျွေးတော့တာပဲ...ဒါမျိုးက အစဉ်အလာကိုဖြစ်နေခဲ့တော့တာ....တစ်ခါတစ်လေတော့ကျုပ်စဉ်း
စားမိတယ်....လူကြီးတွေများ မြန်မာပြည်မြေပုံကြီးကိုထိုင်ကြည့်ပီးတော့ ဟိုနေရာက ကျားကွက်လေးကို ဒီနေရာကိုရွှေ့လိုက်ယင်..ဒီနေရာက
ကျားကွက်လေးကို ဟိုနေရာလေးကို ပြန်ပြောင်းရွှေ့လိုက်ယင် ငါတို့အတွက်ဘယ်လောက်
များထွက်လာမလဲလို့ ဆိုပီးများတွက်နေကြသလားလို့.....အားလုံးနီးပါးလောက်ကတော့ အမြီးကျက်ယင် အမြီးစားမယ်...ခေါင်းကျက်ယင်
ခေါင်းစားမယ် ဆိုပီးတော့ ကိုချောင်းနေကြတာ....ကျုပ်ရေးပြနေခဲ့တာတွေ...ထောက်ပြနေခဲ့တာတွေဟာ အမှန်တရားတွေချည်းပဲ...ဌာနကြီး
ပျက်သွားမှာစိုးလို့....၀န်ထမ်းအချင်းချင်းသွေးကွဲသွားမှာစိုးလို့...ကျုပ်က ချစ်လွန်းလို့ အမုန်းခံပီးတော့ကို တမင်ရေးပြနေရတာပါ...တကယ်
တော့ ကျုပ်ရေးနေတာတွေဟာ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းတဲ့လုပ်ရပ်ပေါ့ဗျာ....ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းတော့နာတော့ပေါ့
ူဗျာ.....နာလည်းမတတ်နိုင်တော့ဘူး ဆိုပီးတော့ ဒီထက်ပိုမဆိုးလာရလေအောင်...မဖြစ်သင့်တာတွေမဖြစ်ရလေအောင်...မသိသေးတဲ့
အကြောင်းအရာလေးတွေ ၀န်ကြီးသိလေအောင်ဆိုပီးတော့ ကိုင်းမထူးတော့ဘူး....ဆိုပီးတော့ တွယ်နေရတာလေ..သူတို့တွေကိုဒါမျိုးအမှန်
အကန်ရေးပြမှာကိုရတော့မှာ...ဘာကြောင့်လဲဆိုတော့  သူတို့တွေက ပြောမှသိ...ထိမှနာ ဆိုတဲ့ အမျိုးတွေဖြစ်သွားကြပီ....အထက်လူကြီးတွေ
အတွက် ၀န်ထမ်းတွေအပေါ်မှာ မူတည်ပီးတော့ အရမ်းကိုလုပ်စားလို့ကောင်းခဲ့တဲ့ ဂွင်ကြီးတွေဖြစ်နေကုန်ကြပီ.....ဒါမျိုးတွေလုပ်စားကုန်ကြ
တော့ ဌာနအတွင်းမှာ တရားမျှတခြင်း....ညီညွှတ်ခြင်း...စည်းလုံးခြင်း..တွေမရှိတော့ပဲ လူကြီးတွေအားလုံးငွေနောက်ကိုပဲလိုက်တော့တာပဲ..ငွေမျက်နှာ
တစ်ခုတည်းကိုပဲကြည့်တော့တယ်...တစ်ချို့ လ၀ကလူတွေကလည်း ဘယ်လောက်တောင်အစွမ်းထက်လဲ....ဘယ်လောက်တောင်ပိုင်သလဲဆို
ယင် နကသ တစ်ခုပီးလို့ ကိုယ်တာဝန်ကျတဲ့မြို့နယ်ရုံးကိုတောင် သတင်းမပို့ရသေးဘူး...နောက် ထပ် နကသ တစ်ခုကိုအော်ဒါထပ်ထွက်နေပီ
ဒါကြောင့်မို့ တစ်ချို့လ၀က တွေက အရမ်းကိုပဲအစွမ်းထက်ကြတာ.....

No comments:

Post a Comment