တပ်ထွက် ကြောင်ခံတွင်းပျက်.....ဆက်ရက်တောင်ပံကျိုးများနဲ့ အဖျက်ဆီးခံလိုက်ရသော လ၀က.....အပိုင်း( ၃ )
==================================================================
မြန်မာပြည်မှာ ၁၉၈၈ အရေးအခင်းမဖြစ်ခင်အထိ ငယ်မွေးခြံပေါက် လ၀ကစစ်စစ်တွေဟာ အချင်းချင်းစည်းလုံးပီးတော့ အရမ်းကိုလည်းညီညွှင်္တ
ခဲ့ကြပါတယ်..လ၀ကစစ်စစ်ဖြစ်ခဲ့တဲ့ ပြည်နယ်မှူး တိုင်းမှူးတွေဆိုယင်လည်းအောက်လက်ငယ်သားဝန်ထမ်းတွေအပေါ်ဆက်ဆံရေးလည်းအဆင်
ပြေကြပီးတော့ သဘောထားတွေကလည်း အရမ်းကိုပြည့်ဝခဲ့ပါတယ်...အောက်ဝန်ထမ်းးတွေကလည်း ကိုယ့်အထက်လူကြီးကိုရိုသေပီးတော့
ချစ်ခင်လေးစားကြပါတယ်...အမြီးကျက်ယင်အမြီးစားမယ်...ခေါင်းကျက်ယင်ခေါင်းစားမယ် ဆိုတဲ့ အခုခေတ်လူကြီးတွေလိုမျိုးစိတ်ဓါတ်တွေလည်း
သူတို့မှာမရှိခဲ့ဘူး........ဒီလိုမျိုးစည်းလုံးညွှီညွှတ်နေခဲ့တဲ့ လ၀က ကြီးကို သူတို့တွေက စတင်ပီးတော့ သွေးကွဲအောင် သူတို့ရဲ့ အုပ်ချုပ်ပုံ...အုပ်ချုပ်
နည်းတွေနဲ့ စတင်ခဲ့ပါတယ်...အယင်ဆုံးဘာလုပ်သလဲဆိုယင်..သူတို့ဆီကို လက်ဆောင်ပဏာတွေနဲ့ ၀င်ထွက်သွားလာနေခဲ့တဲ့ သူတွေကို
နေရာကောင်းကို ပို့ပေးခဲ့တယ်..နေရာကောင်းတွေမှာနေရတော့ အဆင်ပြေတော့ သူတို့ကိုပြန်ထောက်ပံ့နိုင်တယ်...ဒီကောင်တွေကဆရာ
သမားတွေအပေါ်မှာ သိတတ်တယ်....ဒီကောင်တွေက တုတ်ရသွားတော့ ရိုက်နိုင်တယ်....ရိုက်နိုင်တော့ နေရာကောင်းတွေမှာချည်းနေရပီး
တော့ ကောင်းစားနေခဲ့တာပေါ့....ဆရာသမားတွေကလည်း တပည့်က အရမ်းကိုသိတတ်တာပဲ ဆိုပီးတော့ မြှောက်စားထားခဲ့တယ်..ဒါက
လ၀က ဌာနကြီးရဲ့ လူနပ်ချမ်းသာ လူတန်းစားမျိုး....လူမနပ်ဆင်းရဲ...ဆိုတာက သူတို့ခမျာ မကောင်းတဲ့ နေရာမှာချည်းနေနေရတယ်...အဲဒီ
နေရာတွေက ပိုက်ဆံမရဘူး....အဆင်ကလည်းမပြေတော့ သူတို့တွေကို မပေးနိုင်..မကျွေးနိုင်ဘူး....မပေးနိုင်...မကျွေးနိုင်တော့...ဒီကောင်တွေ
ငါ့ဆီကို မလာကြဘူး....ဆရာသမားမှန်းးလည်းမသိတတ်ဘူး....ဆိုပီးတော့ နည်းလမ်းမျိုးစုံတွေနဲ့နှိပ်ကွပ်တော့တာပဲ....ဘောင်ထဲကနေပီး
အမျိုးမျိုးပညာတွေပြနေတော့ မပေးနိုင်တဲ့သူတွေကျတော့ ကျောကော့အောင်ခံနေရတော့တာပေါ့...ဒိလိုလူမျိုးတွေဆိုယင် မကောင်းတဲ့
နေရာမှာ တာဝန်တစ်ခုခုပေးမယ်....နစကတို့...သင်တန်းတို့.....ပိုက်ဆံမရမဲ့နေရာကျယင် လူမနပ်ဆင်းရဲ...တွေကို ရှေ့ဆုံးကနေဦးတည်
ထားပီးတော့ အတင်းတွန်းထည့်လွှတ်တော့တာပဲ....နေရာကောင်းတို့...ဂိတ်တို့...ပိုက်ဆံရမယ့်နေရာတွေကျယင် လူနပ်ချမ်းသာ ဆိုတဲ့
လူတန်းစားတွေက ရှေ့ဆုံးက အယင်ရောက်ပီးတော့ သူတို့အလှည့်တွေချည်းပဲကျနေတော့တာပဲ...ဒီနေရာမှာ ခင်ဗျားတို့က တစ်ခုမေးဖို့ရှိ
တယ်....လ၀ကရဲ့..အပြောင်းအရွှေ့ နေရာချထားရေးတွေမှာ မူမရှိဘူးလားလို့....အရမ်းကိုကောင်းတဲ့ မူတွေရှိပါတယ်....လူကိုခင်ယင်မူကိုပြင်
ပေးပါတယ်....လူကိုမုန်းယင် မူကိုသုံးပါတယ်....ကြာလာတော့လည်း မကောင်းတဲ့နေရာမှာနေနေရတဲ့ ၀န်ထမ်းတွေကျတော့ အပြောင်းအရွှေ့
တင်လို့လည်း မပေး.....လေးငါးခြောက်နှစ်ကြာတော့လည်းမပြောင်းရ...လူကြီးတွေဆီကိုလည်း မ၀င်နိုင်မသွားနိုင်...မသွားနိုင်တော့လူကြီးက
လည်းနှီပ်ကွပ်...ပီးတော့ သူတို့မှာ မိသားစုတွေလည်းရှိသေးတယ်လေ....မိသားစုရဲ့ စားဝတ်နေရေးကလည်း အဆင်မပြေ..သူတို့လည်းလူသား
တွေထဲကလည်း လူသားတွေပဲလေ..သူတို့လေးတွေလည်း ကောင်းတဲ့နေရာလေးတွေကိုလည်းသွားချင်ရှာမှာပဲလေ..
သူတို့လေးတွေက မပေးနိုင်တော့....နေရာကောင်းမရောက်...မကောင်းတဲ့နေရာမှာပဲ တ၀ဲလည်လည်နဲ့ဆက်နေနေရတော့ အောက်လူတွေ
အချင်းချင်းကစပီးသွေးကွဲလာခဲ့ကြတယ်....လူကြီးတွေဆီကို ၀င်ဖို့...ထွက်ဖို့ အတွက် လမ်းကြောင်းတွေကလည်း အလိုလိုဖြစ်လာတယ်..လူကြီးတွေကလည်း မူတွေဘယ်လိုပဲချထား..ချထား....သူတို့ဆီ ၀င်နိုင်...ထွက်နိုင်..ပေးနိုင်တဲ့သူ
တွေကိုပဲ ကောင်းတဲ့ နေရာကိုပဲ ထပ်ခါတစ်လဲလဲ ပြန်ပြန်ပီးပို့ပေးတယ်...မူတွေကောင်းခဲ့ပေမယ့် လူကြီးတွေမကောင်းခဲ့တော့အောက်လူ
တွေက လူကြီးတွေရဲ့ ပြောစကား...ဆိုစကားတွေကို မယုံကြတော့ဘူး....လူကြီးတွေကလည်း အပြောတစ်မျိုး...လက်တွေ့တစ်မျိုး အမြဲတမ်း
လုပ်ပြနေတော့ အောက်လက်ငယ်သားတွေအတွက်ကတော့ သူတို့ဆိုစကား...ပြောစကားတွေဟာ ရီစရာ..ဟာသတွေပဲဖြစ်နေခဲ့တော့
တယ်.....အဲဒီ တစမ တို့....ပနမ တို့ဆိုယင် နှစ်သိးစားအရာရှိ
ကြီးတွေဖြစ်သွားကြတယ်.....ဂိတ်က ခွဲတမ်းတွေကိုလည်း စား၇တယ်....၀န်ထမ်းတစ်ဦးချင်းဆီကလည်း စားရတယ်...ဒီနေရာမှာကြုံတုန်းလေး
ယခုလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဥပမာပြောပြမယ်....မကဖ(၅)မူဆယ်မှာဖြစ်နေတာ....မကဖ(၅)မူဆယ်မှာ အဖွဲ့ခေါင်းဆောင်
က ဦးစီးအရာရှိပါ.....အယင်တုန်းက နကသတို့..လက်ထက်မှာ တာဝန်ကျခဲ့တဲ့ ဦးစီးအရာရှိတို့ဆိုတာက အောက်အဆင့်ဆင့်ကနေပီးတော့
တက်လာပီးမှာ ဦးစီးအရာရှိတွေဖြစ်လာကြာတာပါ.....သူတို့တွေ အဖွဲ့ခေါင်းဆောင်တွေဖြစ်ခဲ့ကြတုန်းကတော့ အုပ်ချုပ်မှုတွေဟာညိမျှပါတယ်..
ရှိရှိသမျှ နေရာကောင်းကောင်း....မကောင်းကောင်း အားလုံးဟာ အလှည့်ကျ တာဝန်တွေ ကိုထမ်းဆောင်ခဲ့ကြရတယ်.ဘယ်ဂိတ်ပ်ီးယင်ဘယ်
ဂိတ်သွားရမယ် ဆိုတာကို တန်းစီဇယားဆွဲထားပိးသားပါ...မကောင်းလို့ မသွားချင်ပါဘူး ဆိုပီးတော့ငြင်းလို့မရပါဘူး....အဲဒီလိုမျိုးဖြစ်နေတဲ့
အချိန်မှာ.တပ်ဘက်ကနေပီးတော့ အရပ်ဘက်ပြောင်းလာခဲ့တဲ့ ဗက ကနေ အသွင်ပြောင်းဦးစီးအရာရှိတွေလည်း အဖွဲ့ခေါင်းဆောင်လည်း
ဖြစ်ရော....အဲဒီမူတွေအားလုံးဟာလည်းပျက်စီးခြင်းတွေနဲ့ စတင်ပါတော့တယ်....အားလုံးဟာ ဗိုလ်ကြီး နှစ်သီးစားတွေဖြစ်သွားပါတယ်...ဂိတ်က
ရတဲ့ဟာကိုလည်း တစ်သီးစားတယ်......-၀န်ထမ်းတွေဆီကလည်း တစ်သိးစားတယ်....သူံဆီပေးထားတဲ့သူကို နေရာကောင်းတွေချည်းပဲပို့
ပေးတယ်....သူ့ဆီကို မ၀င်တဲ့ သူကို မကောင်းတဲ့နေရာတွေချည်းချပေးထားတယ်....ဟိုတစ်လောလေးကတောင် မကဖ ၅ မှာကျနေတဲ့တစ်
ယောက်က အဆင်မပြေလို့ ဆိုပိးတော့ သူ့အိမ်ကိုတောင်ပိုက်ဆံပြန်မှာရသေးတယ်.....ဒီလိုမျိုးဖြစ်နေတာကို ခရိုင်မှူးတို့....ပြည်နယ်မှူးတို့ရော
မသိဘူးလား....သိတယ်လေ....သူတို့ကလည်း သူတို့ ခွဲတမ်းရထားတော့ သူတို့ကလည်ုးမသိချင်ယောင်ဆောင်နေကျတာပေါ့ဗျာ...အောက်
ဝန်ထမ်းတွေကလည်း ပြန်မတိုင်ရဲဘူးလေ....အမှန်တိုင်း တင်ပြ...တိုင်ပြန်ယင်လည်း.....အမှန်တိုင်း တိုင်တဲ့သူတွေကိုပဲ အရေးယူခံရပီးအပေါ်က
မဟုတ်တာလုပ်တဲ့သူက.ဘာမှအရေးယူမခံရ...တော့အေးဆေးပဲ....သူတို့က ဘာမှမဖြစ်ဘူးလေ
အောက်ကလူတွေကလည်း မခံရပ်နိုင်လွန်းလို့ အထက်ကလူကိုပြန်တိုင်မိတယ်ဆိုယင် အပေါ်ကလူရဲ့ အခြေအနေကိုလည်းမစုံစမ်းပဲနဲ့ဒီလူက
ကိုယ့်အထက်လူကြီးကိုတောင်ပြန်တိုင်တယ်...ဆိုပီးတော့နှိပ်ကွပ်တော့တာပဲ....စုံခုံဖွဲ့စစ်ခိုင်းယင်လည်း သူတို့ထုံးစံအတိုင်းပေါ့ အစ်ကိုကြီး
ညီလေးနဲ့ ပီးသွားပီးတော့ မှန်ကန်ယင်ကွဲတယ်ဆိုတဲ့ ထုံးစံအတိုင်း .တိုင်တဲ့ကောင်တော့ နည်းအမျိုးမျိုးနဲ့ကိုဆော်တော့တာပဲ..အဓိပါယ် ကတော့ ငါတို့ တပ်ကပြောင်း
လာတဲ့ အရာရှိတွေကို မှားမှားမှန်မှန် လာမထိနဲ့.....လာထိယင်တွေ့လား...ပြုတ်သွားမယ်..ပြောင်းသွားရမယ် ဆိုပီးတော့ လုပ်ပြလိုက်တော့ ဘယ်ဝန်ထမ်းကတိုင်
ရဲတော့မှာလဲ.....လ၀က မှာ ....အရမ်းဆိုးတဲ့ တစမ....ခရမ တို့..ရှိတယ်.လ၀ကထဲမှာ အရမ်းနာမည်ကြီးတဲ့(ဆိုးလွန်းလို့)ဗိုလ်ကြီးစိုးပိုင်မြင့်
ရဲ့ အကြောင်းလေးတွေ ကို ဆက်ပြောပြပါမယ်......
No comments:
Post a Comment