တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း (၃၁)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ပီးခဲ့တဲ့ မေ(၁၇) (၁၈)မှာလ/ထလ၀ကမှူးနဲ့ ဒုလ၀ကမှူးတွေရဲ့ ရာထူးတိုးစာမေးပွဲတွေဟာပီးဆုံးသွားပီဖြစ်ပီးတော့ အခုဆိုယင် လူတွေ့
တောင်ဖြေဆိုနေရတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်....ရာထူးတိုးစာမေးပွဲဆိုတော့ အယင်လ၀က၀န်ကြီးလုပ်
သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမောင်လှလက်ထက်ကိုသွားသတိရမိတယ်..ုသူ့လက်ထက်က စီမံညွှန်မှူးက ဒုတိယဗိုလ်မှူးကြီးသန်းမြင့်ပါ...အဲဒီ
အချိန်တုန်းက သူကအရမ်းနာမည်ကြီးတာပါ...အပြောင်းအရွှေ့အတွက် ၀န်ထမ်းတွေဆီက ပိုက်ဆံကိုပေါ်တင်တောင်းတာပါ....သူ့နဲ့ဘယ်
လောက်ပဲခင်ခင်..ဘယ်လောက်ပဲကျွမ်းကျွမ်း....ပိုက်ဆံမရယင်လုံးဝမလုပ်ပေးပါဘူး....ငွေမျက်နှာတစ်ခုတည်းကိုပဲကြည့်ပါတယ်...သူ့လက်
ထက်တုန်းက မကဖ ဆိုယင် နေချင်သလောက်နေလို့ရပါတယ်....လ၀ကထဲမှာသူလုပ်စားသွားတာ အများကြီးရှိပါတယ်....မကဖ တူ မကဖ
ကိုပြောင်းလို့ရပါတယ်.....သူ့ကို အိတ်ထဲထည့်ထားနိုင်တဲ့သူတွေဆိုယင် ကိုယ်လိုတဲ့ကျားကွက်ကို ရွှေ့ကစားနိုင်ပါတယ်...သူနဲ့ပေါင်းပီးတော့
ဘယ်သူတွေ ဘယ်လိုလုပ်စားသွားတယ် ဆိုတာကို သိပေမယ့်လည်း မပြောတော့ပါဘူး.....လ၀က ဆိုတာက လည်လည် ၀ယ်ဝယ်ရှိတဲ့သူတွေ
မှ ကြီးပွားတယ် ဆိုတော့ သုတို့ ကုသိုလ်တွေပေါ့လေ....
...အဲဒီစီမံညွှန်မှူးလက်ထက်မှာ ရာထူးတိုးတွေဖြေဆိုခိုင်းပီးတော့ အောင်စာရင်းတွေလည်းထွက်ပီးတော့မှ
သူတို့အောင်စေချင်တဲ့ သူတွေမပါလို့ဆိုပီးတော့ အောင်စာရင်းကိုပြန်ဖျက်သိမ်းပီးတော့..နောက်ထပ်တစ်ကြိမ်ပြန်ဖြေခိုင်းပါတယ်..နောက်
တကြိမ်ထပ်မံဖြေခိုင်းတော့ အယင်အောင်ထားတဲ့သူတစ်ချို့ပြန်ရှုံးပိးတော့ အယင်က ရှူံးထားတဲ့သူတွေပြန်အောင်သွားခဲ့ပါတယ်...တစ်ချို့သူတွေဆို.ရာထူးတိုး
းတို့ထွက်ပေးပီးတော့ တစ်ပတ်လောက်ကြာမှ ရုံးအမိန့်စာထုတုပီးတော့ ဖျက်သိမ်းအမိန့်ပြန်ထုတ်ခဲ့ပါတယ်...အဲဒီအချိန်က လ/ထကနေပီး
တော့ ဒုလ၀ကမှူးရာထူးဆိုပီးတော့ ပခုံးပေါ်တစ်ပွင့်တင်ထားတဲ့ဝန်ထမ်းတွေ ခမျာ အရှက်ရခဲ့ရပါတယ်..၁၉၉၇ ခုနှစ်မှာဘာလုပ်စားခဲ့သလဲ
ဆိုယင် ဌာနတွင်းရာထူးတိုးပေးရမယ့်လူတွေ ကို တိုးမပေးပဲ သတင်းစာကနေပီးတော့ ဒုလ၀ကမှူးရာထူး (၁၂၀) ခေါ်ယူခဲ့ပါတယ်...ဒီလိုမျိုး
ခေါ်ယူခဲ့တဲ့အတွက် ဌာနအတွင်းက ဘွဲ့ရ အနေကြာ လ/ထလ၀ကမှူး (၁၂၀)လောက်ရာထူးတိုးမရရှိခဲ့ပဲ နစ်နာခဲ့ပါတယ်...ဒီအချိန်ကဌာန
တွင်းက ဘွဲ့ရ လ/ထလ၀ကမှူးတွေအများကြီးရှိခဲ့ပေမယ့်လည်း အပြင်ကနေ ခေါ်ယူခဲ့တာဟာ ရာထူးနဲ့ငွေအရောင်းအ၀ယ်လုပ်ကိုင်ခဲ့တဲ့ဖြစ်
ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်.....နောက်ပိုင်းဒိလိုမျိုး ဘွဲ့ရ အပြင်ကလူ(၁၂၀)ခန့်ထားခဲ့မှုမှာ လာဒ်စားမှု...မသမာမှုတွေပေါ်ပေါက်ခဲ့လို့
ဒီအချိန်က ၀န်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမောင်လှအပါအ၀င်တော်တော် များများပြုတ်ကုန်ကျပါတယ်....
.ဒီကိစ္စတွေကို တကယ်တော့ ၀န်ကြီးကတော့ ဘာမှ မသိရှာပါဘူး....သူ့တပည့်၇င်းတွေက လုပ်
ခဲ့တော့ ၀န်ကြီးအဖြစ်က လူယုံသတ်လို့ သေရသလိုမျိုးဖြစ်သွားခဲ့ရတာပါ..နောက်ထပ်လုပ်စားသွားတာတွေလည်းရှိသေးတယ်..၀န်ထမ်းမိသား
စုဝင်သားသမီးတွေကို အထူးဦးစားပေးပီးခန့်ပေးမယ် ဆိုပီးတော့ လျှောက်ထားခိုင်းတာလေ...တကယ်တမ်းခန့်တော့ ၀န်ထမ်းမိသားစုဝင်
နည်းနည်းပါးပါးကိုပဲခန့်ထားပေးပီးတော့ အများစုကို ပိုက်ဆံယူပီး ခန့်ထားပေးခဲ့တာ အဲဒီအချိန်က လ၀ကမှာရှိနေတဲ့ဝန်ထမ်းတွေအား
လုံးအသိပါ....အဲဒီအချိန်က တပ်ကနေပြောင်းလာခဲ့ပီးတော့ လ၀ကထဲကိုရောက်လာ စလေးပဲရှိသေးတဲ့
စီမံဒုညွှန်မှူးလုပ်သွားခဲ့တဲ့ဗိုလ်မှူးတင့်ဆွေလည်းပြုတ်သွားခဲ့ပါတယ်....်ဒုချုပ်ဦးဇော်ထွန်းလက်ထက်ရောက်တော့လည်းကျောင်း
မပီးသေးတဲ့ သူ့ညီမ လ/ထလ၀ကမှူး ကိုရာထူးတိုးပေးချင်တော့ အဲဒီအချိန်က စာမေးပွဲဖြေခိုင်းတဲ့လ/ထလ၀ကမှူးလုပ်သက်ကို
ဘွဲ့မရသေးယင်အနည်းဆုံးလုပ်သက် ၂ နှစ်ရှိယင် ဖြေလို့ရတယ် ဆိုပိးတော့လုပ်ခဲ့ပါသေးတယ်....လ၀က က လုပ်သက်ရင့်
ဝန်ထမ်းငယ်လေးတွေခံစားနေရတာကတော့ မူဆိုတာကို သတ်သတ်မှတ်မှတ်မထားရှိပဲ လူပေါ်မူတည်ပီးတော့
အမျိုးမျိုးပြောင်းကစားသွားတော့ ၀န်ထမ်းတွေ အများကြီးနစ်နာခဲ့ရပါတယ်...
.လ၀ကမှာလုပ်သွားခဲ့တဲ့ လူကြီးတွေ တော်တော်များများကတော့ အဲဒီရာထူးတိုးတွေမှာပဲ လုပ်စားသွားခဲ့ကြတာလေ....ပီးတော့ လ၀ကမှာ
ရာထူးတစ်ခုကနေ တစ်ခုရာထူးတိုးဖြေဆိုဖို့ဆိုယင်စောင့်ခဲ့ရတဲ့ နှစ်လရာသီ ဆိုတာဟာ သီချင်းလေးထဲကလိုပါပဲ....နှစ်လရက်ရှည်ကြာညောင်း
....စောင့်ခဲ့သော်လည်းသူမကြင်နာ...ရှောင်ကာစိမ်းရက်တယ် ဆိုတဲ့ သီချင်းထဲကအတိုင်းပါပဲ..... နောက်ဆုံးကျတော့ မူအမျိုးမျိုး..
.လူအမျိုးမျိုး တွေနဲ့တွေ့ပီးတော့ ဆရာများ သားသေသလို မျိုးနဲ့ လုပ်သက်ရင့်...အနေကြာ ၀န်ထမ်းတွေဖြစ်လာပီးတော့ JIO
တို့ IA0 တို့တွေပဲဖြစ်နေကြပီး လုံးချာလည်လိုက်ပီး ကျန်နေခဲ့၇တော့တာပဲလေ....ပီးတော့လည်း ၇ာထူးတိုး
တွေနဲ့ပက်သက်ပိး အဲဒီအချိန်က ပွင့်လင်းမြင်သာမှု ဆိုတာ မရှိဘူးလေ....အစိုးမရတဲ့ မိုးတိမ်များလိုပဲ လုပ်သက်
ရင့်နေပေမယ့် ရချင်မှ ရမှာပါ...လုပ်သက်နုပေမယ့်လည်း ရချင်ရသွားတာပဲလေ....ဘာကိုမှ မျှော်ကိုးနေလို့လည်း
မရတဲ့ ခေတ်ကြီးလေ....ပီးတော့ လ၀က ဌာနကြီးဟာ ရာထူးတိုးနဲ့ပက်သက်လာတယ်ဆိုယင်မူယာ မာယာ များတဲ့ မြစ်တစင်းလိုပါပဲ.
...ရေကနက်တယ် ထင်ရပေမယ့် တိမ်ယင် တိမ်နေတတ်တယ်....ရေတိမ်နေတယ်ထင်
ရပေမယ့် နက်ယင်နက်နေတတ်တယ်....ဘာမှမရှိဘူးလို့ထင်ထားတဲ့နေရာမှာ ၀ဲကတော့ တွေဖြစ်ယင်ဖြစ်နေတတ်ပါတယ်....
.ခန့်မှန်းဖို့ကို မလွယ်တာ ဘာကြောင့်ဒီလိုပြောရသလဲဆိုယင် ဘယ်နေ့ ၇ာထူးတိုးတွေဖြေရမယ် ဆိုပီးတော့ ကြော်ငြာချက်တွေ
ထွက်လာလိမ့်မယ်....ပီးယင် မဖြေရသေးပါဘူး...မဟုတ်သေးပါဘူး ဆိုပီးတော့ ပြန်ရွှေ့သွားပါလိမ့်မယ်....အဲဒီလိုမျိုး သုံးလေး ခါ
လောက်ဖြစ်ပီ ဆိုမှ အမှန်တကယ်ကိုဖြေဆိုရတာပါ...လ၀က မှာအစောပိုင်းထွက်တဲ့ ဂဏာန်းတွေက အတည်ယူလို့မရပါဘူး...
.ယိုးဒယား ချဲထီ ထွက်သလိုမျိုးပါပဲ...နောက်ဆုံး ဂဏာန်းလုံး ငြိမ်သွားပီဆိုမှ အတည်ယူရတာပါ....ဒိလိုမျိး ဟိုရက်လေးပြန်ရွှေ့လိုက်.
..ဒီရက်လေး ပြန်ရွှေ့လိုက်နဲ့ ကစားနေမှတော့ လူကြီးတွေရဲ့ စကားတွေကို ဘယ်ငယ်သားတွေက ယုံကြည် အားကိုးအားထားပြုလို့ရတော့
မှာလဲ...မင်းပြောတဲ့စကားများ...နားကြားများလွဲသလား ဆိုတဲ့သီချင်းလေး အတိုင်းပဲပေါ့ဗျာ.....ပေါ်လာလိုက်...ပျောက်သွားလိုက်နဲ့
ဝန်ထမ်းတွေ ခမျာမှာတော့ ခုပဲဝမ်းသာရတော့ မလိုလို....ခုပဲ ၀မ်းနည်းရတော့ မလိုလို နဲ့ အရူးမကို လင်လုပ်ထားရတဲ့
အတိုင်းတော်ကြာတစ်မျိုး..ခုတစ်မျိုး ဖြစ်နေခဲ့ရတာပေါ့..အယင်နှစ်ကတည်းကနေပီးတော့ စာမေးပွဲဖြေမယ့်ရက်တွေထွက်သွားပီးတော့မှ
အင်တာနက်မှာပါလို့....သတင်းဂျာနယ်ထဲမှာပါသွားလို့ ဆိုတဲ့ ခိုင်လုံမှုမရှိတဲ့...ယုတ္တိယုတ္တာ မရှိတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ဆင်
ခြေ လက်ခြေပေးတဲ့နေရာမှာလည်း အရမ်းကိုပဲတော်ပါတယ်...သူတို့လုပ်ချင်တဲ့ဟာကျတော့လည်း သင့်တော်၏...မတော်၏ မစဉ်းစားတော့
ဘူး...နေမကောင်းပါဘူး ဆိုလည်း မရပါဘူး....အတင်းကိုဇွတ်လုပ်တော့တာပဲဗျာ....ဘယ်နေရာမှာပါပါပေါ့ဗျာ...ကိုယ်လုပ်စရာရှိတာကိုလုပ်ပီး
တော့ မှန်၏....မမှန်၏ဆိုတာကို လက်တွေ့နဲ့သက်သေပြရမှာကို မပြပဲ ရက်ရွှေ့လိုက်တာဟာ တကယ်တမ်းပြောရမယ်ဆိုယင် ဆင်သေကို
ဆိတ်သရေနဲ့ဖုံးဖို့ကြိုးစားခဲ့တဲ့လုပ်ရပ်ကြီးတစ်ခုလည်းဖြစ်ပါတယ်..
.ရာထူးတိုးပေးရမယ့် အချိန်မှာ မတိုးပေးတဲ့အတွက် ၀န်ထမ်းတွေအတွက်
အရမ်းကိုနစ်နာခဲ့ပါတယ်....လွန်ခဲ့တဲ့နှစ်ကတည်းက ဟာ အခုနှစ်ထိ ....ထိထိရောက်ရောက်ပီပီပြင်ပြင်မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ၀န်ထမ်း
အားလုံးအတွက် (၁) နှစ်နစ်နာသွားခဲ့ပါပီ...၀န်ထမ်းတွေဘက်ကလည်း သူတို့ပြောတာမှန်ပါတယ်...ဒီလိုမျိုးရွှေ့သွားလိုက်...အချိန်တွေဆွဲလိုက်
ရပ်နေလိုက် လုပ်နေတော့ အသက်တွေက ရပ်ထားလို့မရဘူး...တဖြည်းဖြည်းနဲ့အသက်တွေပဲကြီးလာပီး..၇ာထူးတွေကမတိုးဖြစ်နေတာပေါ့
.တော်ကြာ တစ်မျိုး...ဟိုဟာ တစ်မျိုးနဲ့....အချစ်ကြောင့် ရူးသွားနိုင်တယ် ဆိုတာ မဟုတ်တော့ပဲ
လူကြီးတွေ ကြောင့်....ရူးသွားနိုင်တယ် ....ဆိုတဲ့ အပေါက်မျိုးကိုချိုးထားတာနော်....အောက်လက်ငယ်သား ၀န်ထမ်းတွေအတွက် ပေးရတော့
မယ်ဆိုယင် ဟိုရက်ရွှေ့...ဒီရက်ရွှေ့နဲ့ နှမြော တွန့်တိုပီး တွန့်ဆုတ်နေပီးတော့ ကြောင်တောင်တောင် နဲ့ ရူးချင်ဟန်ဆောင်နေပေမယ့်
ခိုင်းထားတဲ့ စီမံချက် အလုပ်တွေ ကျတော့ ...မအောင်မြင်ယင်..သတ်မှတ်ထားတဲ့ အချိန်တွေမှာ ရာခိုင်နုန်းမှီအောင် မပြည့်မှီဘူး ဆိုယင်
လိုက်မလုပ်နိုင်ဘူးဆိုယင် ဘာလုပ်မယ်..ညာလုပ်မယ်....အရေးယူမယ်...ဆိုတဲ့ by force တွေနဲ့ နင်းကန်ကြီး တွန်းအားတွေ
ပေးနေတတ်ပေမယ့် ( ခိုင်းတုန်းက တော့ နင်းကန် ဇွတ်ခိုင်းထားပီးတော့ ) ရာထူးတိုးဖြေရတော့ မယ် ဆိုတဲ့ အချိန်တွေကစပိးတော့
အမိန့်တွေ အမျိုးမျိုးထုတ်ပီးတော့ ဟိုလရွှေ့လိုက်...ဒီရက်ရွှေ့လိုက်နဲ့ ( မုန့်ပေးကျွေးရမယ့် အချိန်ကျတော့ နှမြောတွန့်တိုမှုတွေ များစွာနဲ့)
လုပ်နေတာ ကျတော့ တရားမျှတ မှု ရှိလား / မရှိဘူး လား...မှန်လား/ မမှန်ဘူးလား ဆိုတာ ကို လူကြီးတွေ ကိုယ့်နဖူးပေါ်
ကိုယ်လက်ပြန်တင်ပီးတော့ သေခြာ စဉ်းစား ကြည့်စေချင်ပါတယ်..
..ကြာလာတော့လည်း တစ်ခါလည်းမဟုတ်...နှစ်ခါလည်းမဟုတ်နဲ့
ဝန်ထမ်းတွေ ခမျာ မယ်အေး နှစ်ခါနာအဖြစ်မျိုးနဲ့ ဖြစ်နေရပီးတော့ ဆုပ်လည်းစူး...စားလည်းရူး ဘ၀မျိုးဖြစ်နေရတော့ အောက်လက်ငယ်သား
ဝန်ထမ်းတွေ ပေါက်ကွဲနေကြတာ သူတို့အပြစ်လား...၀န်ထမ်းတွေခမျာမှာ တစ်ခါလာလည်း ရနိုး...ရနိုး....နောက်တစ်ခါလည်း ရနိုး..ရနိုးနဲ့
ဆင်ဟိုဒင်း ခွေးမျှော်သလိုအဖြစ်မျိုးဖြစ်နေရတော့တာပေါ့ဗျာ...စီမံချက် အလုပ်တွေ လုပ်သမျိုး တွန်းအားပေးသလိုမျိုး
ဒီလိုမျိုး ရာထူးတိုးဖြေဖို့ကျတော့ ရက်လနှစ်တွေ မရွှေ့ပဲ ထွေးပီးသား တံတွေးပြန်မမျို သလိုမျိုး ရော...အထက်လူကြီးတွေကိုတွန်းအားပေးပီး
တော့ လုပ်လို့မရဘူးလားဗျာ.....ရာထူးတိုးဖြေဖို့ထက် အရေးကြီးတဲ့အလုပ်တွေ ငါတို့တွေမှာ ရှိလို့ရက်တွေရွှေ့ရတယ်လို့တော့
ဒါမျိုးတော့ပြန်ဖြေလို့မရဘူးနော်....တာဝန်ယူမှု/တာဝန်ခံမှု ဆိုတာ ရှိဖို့လိုနေပီ( ရသမျှကျတော့ ငါတို့ယူမယ်...ဖြစ်သမျှကျတော့
မင်းတို့ခံ ဆိုပီးတော့ မရဘူးနော်) ရှင်းရှင်းပဲပြောလိုက်မယ်....ဒီလိုမျိုး တာဝန်ယူမှု/ တာဝန်ခံနိုင်မှု မရှိမှတော့ ဘယ်လိုလုပ်ပီး
လူကြီးလူကောင်းတွေ ဖြစ်တော့မှာလဲ....ဒါကိုကြည့်လိုက်ယင် ဘာကိုသွားတွေ့သလဲ ဆိုယင် လူကြီးတွေဟာ အောက်လက်ငယ်သားတွေအ
ပေါ်မှာ စေတနာ တရားမရှိဘူးဆိုတာကို သွားတွေ့ရတယ်.....ငါတို့ နာမည်ကောင်းရဖို့အတွက် အလုပ်တွေကိုသာ နင်းကန် ခိုင်းထားပိးတော့
အောက်ကလူတွေဘာပဲဖြစ်နေဖြစ်နေ မသိကျိုးကျွံ့ပြုနေ နိုင်တာဟာ အရမ်းကိုအံသြသင့်ဖို့ကောင်းပါတယ်...တကယ်တမ်းကျတော့
အောက်ခြေ၀န်ထမ်းတွေဟာ အရမ်းကိုသနားဖို့
ကောင်းပါတယ်...ရေဗူးပေါက်တာ မလို ရေသာလိုတယ် ဆိုတဲ့ အထက်ကညွှန်ကြားချက်တွေကို မပြည့်စုံမှု..အခက်အခဲမှုတွေ
အများကြီးထဲကနေပီးတော့ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တာဟာအရမ်းကိုချီးကျူးဖို့ကောင်းပါတယ်....
မပြည့်စုံမှုပေါင်းစုံတွေနဲ့ ဇာတ်ဆရာရဲ့ အလိုကျ ငိုဆိုယင်ငို...ရီဆိုယင် ရီနဲ့ သူကြိုးဆွဲရာကို ရအောင်ကသွားနိုင်ခဲ့တာကိုတော့တွေ့ရတယ်ဗျာ
....ကျုပ်အနေနဲ့ဒီနေရာ မှာ အောက်လက်ငယ်သားဝန်ထမ်းတွေကိုအပြစ်ပြောစရာလုံးဝမရှိဘူးလေ....ဘာကြောင့်လဲဆိုတော့အောက်
ငယ်သားတွေက အထက်အမိန့်တိုင်း တက်ဆိုယင် တက်..တိုက်ဆိုယင် တိုက်ရတာပေါ့လေ..အထက်ကအမိန့််ပေးတဲ့အတိုင်း..စေခိုင်းတဲ့အတိုင်း
မဖြစ်ဖြစ်အောင်လုပ်ဆောင်သွားနိုင်တာကိုတွေ့ခဲ့ရပါတယ်......သူ့ဆန်စားထားမှတော့ ရဲရမှာပေါ့လေ...
.ဒီနေရာမှာ ပြောစရာဆိုလို့ အထက်လူကြီးတွေပဲ လိုတော့တယ်....အောက်လက်ငယ်သားတွေက ငယ်သားကောင်းတွေ ပီသပေမဲ့
အထက်လူကြီးတွေကရော ခေါင်းဆောင်ကောင်းပီသကြရဲ့လား....ကိုယ်ကိုယ်တိုင် ပေးထားခဲ့တဲ့...ပြောထားခဲ့တဲ့
ကတိစကားတွေကိုရော ပြောထားတဲ့ အချိန်အတွင်းမှာ တိတိ ကျကျ အကောင်အထည်ဖော်ဆောင်၇ွက်နိုင်သလား ဆိုတာက
ို ပြန်စ်ီစစ်ကြည့်ဖို့ပဲလိုတော့တယ်..အဲယားကွန်းအခန်းကြီးထဲကနေပီးတော့ အမိန့်ပေးတတ်..ညွန်ကြားတတ်...ခိုင်းစေတတ်ရုံနဲ့
ခေါင်းဆောင်ကောင်းမဖြစ်ပါဘူး...ဒါမျိုးကဘယ်သူမဆိုလုပ်တတ်ပါ
တယ်.....ခေါင်းဆောင်ကောင်းတွေရဲ့ အဂါင်္ရပ်တွေကိုရော သိသလား...ကိုယ်လုပ်နေတဲ့လုပ်၇ပ်တွေက ခေါင်းဆောင်ကောင်းအင်္ဂါ၇ပ်နဲ့ေ၇ာ
.ညီသလား .ဆိုတာကို ပြန်တွေးကြည့်စေချင်ပါတယ်....ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတာလောက် ဆိုးဝါးလှတာ မရှိပါဘူး....
.အောက်ခြေအထိဆင်းပီး ၀န်ထမ်းတွေရဲ့အသံတွေကိုရော နားထောင်ကြည့်ရဲ့လား...၀န်ထမ်းတွေရဲ့ လိုအပ်တဲ့လိုအပ်ချက်တွေကိုရော
ဘာတွေ ဖြည့်ဆည်းပေးနိုင်ခဲ့လဲ......ရယူလိုမှုနဲ့သာ ခိုင်းစေထားပေမယ့် ကိုယ်ကရောဝန်ထမ်းငယ်တွေအပေါ်မှာ ဘယ်လောက်တောင်
ပေးဆပ်ထားပီးပီလဲ....
.စီမံချက်တွေလုပ်ပီးတော့ ပြည်သူ့အသံကိုချည်းပဲနားစွင့်မနေပဲ ကိုယ့်ဝန်ထမ်းတွေရဲ့အသံကိုလည်းပြန်နားစွင့်သင့်တယ်...
.သူများ မျက်ချည်းတွေ ချည်းလိုက်ကြည့်နေလို့ကတော့ ကိုယ့်မျက်ချေးဘယ်တော့မှ ပြန်မြင်ရမှာ မဟုတ်ဘူး...ဒါဟာ အရမ်းအရေးကြီးတဲ့
အချက်ဖြစ်ပါတယ်...ကိုယ့်ရဲ့ တပ်သားတွေအနေအထား...သူတို့ရဲ့အလေ့အကျင့်တွေကိုသိထားမှသာ ကောင်းမွန်စွာနိုင်နင်းအုပ်ချုပ်နိုင်မှာဖြစ်ပါတယ်
အပြင်ရန်သူထက် အတွင်းရန်သူက ပိုပီးကြောက်စရာကောင်းပါတယ်....ဒီလိုမျိုး ကိုယ့်ရဲ့တပ်ဖွဲ့တွေထဲမှာဖြစ်ပျက်နေတာတွေ..အောက်ခြေမှာ
ဘာတွေပဲဖြစ်ဖြစ် ဂရုမစိုက်ပဲ အပြင်ရန်ကိုချည်းပဲ သွားပီးထောက်လှမ်းနေမိလို့ တစ်ချိန်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့ပိး..နေလို
လလို ထွန်းလင်းထင်ရှားခဲ့တဲ့ မြန်မာပြည်ရဲ့ တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ကြီး ဘယ်လိုဖြစ်သွားခဲ့တယ် ဆိုတာကို သင်ခန်းစာယူသင့်
ပါတယ်....အပြင်ရန်သူကြောင့်ပြိုကွဲသွားတာ မဟုတ်ပဲ ကိုယ့်အချင်းမညီညွှတ်မှုတွေ....မမျှတမှုတွေ....အကျင့်ပျက်မှုတွေ..နိုင်လိုထက်စီးလုပ်
နေတာတွေကို မျက်ကွယ်ပြုမိတဲ့ အကြောင်းတရားတွေကြောင့် အမှိုက်ကစပီး ပြသာဒ်မီးလောင်ခဲ့ရပီးတော့ (ရေးသားဖော်ပြခဲ့ပီး)
ခိုင်ခိုင်မာမာ တည်ဆောက်ထားခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခုဟာ အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားတဲ့အပြင် အကုန်လုံးနီးပါးပါ ထောင်ကျသွားတဲ့
အကျိုးတရားကို ခံစားလိုက်ရတာပါ....
ဒါကြောင့် မို့ ပြည့်သူ့အသံ နဲ့ ထူးခြားသတင်း တွေကို ချည်း အာရုံပြု ဂရုစိုက်မနေပဲ ကိုယ့်အောက်က
ဝန်ထမ်းတွေ ဘာတွေလုပ်နေတယ်...ဘာတွေ ခံစားနေရတယ်....ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သတင်းရယူဖို့လိုအပ်ပါတယ်...ဒိလိုမျိုး
မဟုတ်ဘူးဆိုယင် ထားရာနေ...စေရာသွား...ခိုင်းတာလုပ်...ခံမပြောနဲ့...ရေဗူးပေါက်တာ မလိုချင်ဘူး..ရေပါတာပဲလိုချင်တယ်.ဆိုယင် တော့ တစ်နေ့နေ့ကျယင် အဲဒီအကျိုးအဆက်ကိုကောင်း
ကောင်းကြီး ခံစားရပါလိမ့်မယ်....ခေတ်ကာလအနေအထားကလည်း အယင်စစ်အစိုးရလက်ထက်နဲ့မတူတော့ပါဘူး...ငါလုပ်ချင်သလို လုပ်လို့ရ
တဲ့ ခေတ်မဟုတ်တော့ပါဘူး....မဟုတ်တာ တစ်ခုခုလုပ်လိုက်ပီဆိုတာနဲ့ နောက်ကနေပီးတော့ အင်တာနက်ပေါ်ကနေလိုက်လာပါလိမ့်မယ်..
ခေတ်ကာလ အနေအထားကို လည်း နားလည်ဖို့လိုပါလိမ့်မယ်....အခြေအနေနဲ့ အချိန်အခါ ကို မသိရှိနားမလည်ပဲ လူသာပြောင်းသွားပီး မူမ
ပြောင်းပဲ အယင်တုန်းကပုံစံအတိုင်းဆက်လုပ်နေမယ်ဆိုယင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာဖြစ်လိမ့်မယ်လို့ပဲပြောချင်ပါတယ်....ဒါကြောင့်
မို့ ကိုယ့်အထက် လူကြီးတွေက ၀န်ထမ်းတွေအားလုံးကို နိုင်တဲ့ ၀န်တွေကို ပဲ ထမ်းဆောင်ခိုင်းရမှာဖြစ်ပါတယ်....၀န် နဲ့ အားနဲ့ မမျှတဲ့ မနိုင်
ဝန်တွေ ကိုသွားထမ်းဆောင်ခိုင်း..လုပ်ခိုင်းယင်တော့ မနိုင်ဝန်ထမ်းတွေဖြစ်ပီးတော့ အထက်လူကြီးတွေကို စက်ဆုပ်ရွှံရှာသွားပီးတော့..ချစ်
ကြောက်ရိုသေ မှုကို မရရှိပဲ ရွှုံ့ကြောက်ကြိးဖြစ်ုသွားမှာပါ......ပီးတော့ ၀န်ထမ်းတွေဘ၀ဟာလည်း ပွန်းလေးတွေလိုပဲ...တစ်ခုခုဖြစ်လို့ရှိယင်လည်း
ကိုယ်ချင်းစာနာစိတ်မရှိပဲ ထိုးကျွေးပစ်လိုက်တာပဲ...ခိုင်းတော့လည်း သူတို့...အရေးယူတော့လည်းသူတို့..ထိုးကျွေးပစ်တော့လည်းသူတို့...
..နာမည်ကောင်းရသွားတာက သူတို့
ဝန်ထမ်းတွေက တော့ ဘာပဲဖြစ်ဖြစ်...ဘာပဲလုပ်လုပ် အားလုံးကတော့ ခံနေရတဲ့ဘက်ကချည်းပဲ....ဒိုင်ချည်းပဲစားစား သွားတာ....ထိုးသား
စားရတယ် ဆိုတာကို မရှိဘူး....တစ်ခါတစ်လေကျတော့လည်း ထိုးသားတွေလည်း စားချင်ရှာမှာပေါ့...ဒီဖြစ်စဉ်ဖြစ်ရပ်ဟာ ကျနော်တို့မှာလည်း
တာဝန်ရှိပါတယ် ဆိုတဲ့ အသံက တစ်ချက်လေးမှတောင် မကြားခဲ့ဖူးပါဘူး....အကြောင်းကြောင်းတစ်စုံတစ်ရာကြောင့် တစ်ခုခုမှားသွားခဲ့မယ်
ဆိုယင် မင်းတို့သောက်အသုံးမကျလို့ဖြစ်တာ ဆိုပီးတော့ အရေးယူအပြစ်ပေးပီးတော့ ငယ်သားတွေအပေါ်ပဲ အပြစ်ပုံချ ဒဏ်ခတ်ပါလိမ့်မယ်.
ဒါကြောင့်လ၀ကဌာနကြီးမှာ ဘယ်အထက်လူကြီးကိုမှ ယုံကြည်အားထားကိုးစားလို့မရပါဘူး...အားလုံး ကိုယ်ဖြစ်ကိုယ်ခံချည်းပါပဲ...
..ဒါကြောင့်မို့ ကျုပ်က မသိချင်ယောင်ဆောင်...အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ နာမသိဘူး...နာမူးနေလို့ ဆိုတဲ့သူတွေကို ပေါ်တင်ရေးပြနေရတာ....
ကျုပ်လည်း လ၀က စာမေးပွဲအကြောင်းတွေ ပြောယင်းနဲ့ဘယ်ကိုရောက်သွားပီလဲ မသိဘူး..လမ်းကြောင်းက လွဲထွက်သွားပြန်တယ်...
.လ၀က စာမေးပွဲဖြေရတယ်ဆိုတာက.......အယင်တုန်းကလည်း ဒီအတိုင်းပါပဲ...အခုလည်း ဒီအတိုင်းပါပဲဖြစ်နေတာ (မာမူကြီး ကနေပီးတော့
အရာကြီးဖြစ်သွားတာလေးပဲ ကွာသွားတာ)...အယင်ခေတ်တွေတုန်းက လ၀က တွေ စာမေးပွဲဖြေရတယ်ဆိုတာက အရမ်းကိုပျော်ဖို့ကောင်းတာ
စာမေးပွဲခန်းမထဲမှာ အားလုံးက စာအုပ်ကြီးတွေလှန်ပိးတော့ ကို ကူးလို့ရတာ...နောက်ဆုံး အခန်းစောင့်တဲ့ဆရာတွေကတောင် တပည့်တွေ
ကို ပြန်တောင်းပန်ယူရတော့တယ်....မင်းတို့ ၏.သည် မရွေးတော့မကူးကြပါနဲ့ ...အားလုံးတူနေပါလိမ့်မယ်ဆိုပီးတော့...အင်္ဂလိပ်စာဖြေရ
တော့လည်း တစ်ချို့တိုင်းတွေက တက္ကသိုလ်က အင်္ဂလိပ်စာသင်တဲ့ ဆရာမတစ်ယောက်ကို အပြင်ကနေခေါ်ထားပီးအဖြေမှန်ကိုဖြေခိုင်းပီးတော့
တပည့်တွေကို ပြန်ဝေမျှပေးလိုက်ကြတယ်....တစ်ချို့တိုင်းတွေကျတော့ မေးခွန်းဖောက်ပီးတာနဲ့အပြင်ကတစ်ယောက် က ကျောင်းကိုသွားပိး
အဖြေကိုဖြည့်ခိုင်းပိးတော့ ပြန်ယူလာပီးတော့ အတန်းရှေ့ကနေ ဘယ်ကွက်လပ်မှာ ဘယ်လိုစကားလုံးဖြည့်သွင်းပါ ဆိုပီးတော့ အော်ပြောပေး
တယ်....ပီးတော့ အချင်းချင်းလည်း ပြန်ကြွားနေကြတာ...ငါတို့တိုင်းမှာကျတော့ ဘယ်လိုကူးရတာ...ဒါမျိုးတွေဖြစ်ကုန်ကျတာလေ...တကယ်
တော့ အယင်တုန်းက လ၀က စာမေးပွဲဖြေရတာကိုပြောတာပါ....တကယ်တော့ လ၀က စာကူးပွဲကြီးပါ..အဲဒီအချိန်တုန်းက ဆိုယင် တစ်ယောက်
နဲ့တစ်ယောက် ရေးဖြေအမှတ်တွေက သိပ်မကွာကြဘူးလေ....အားလုံးက ၀ိုင်းကူးထားကြတယ်ဆိုတော့ လုပ်သက်မှာပဲစကားပြောသွားကြတာ
တစ်ခါကလည်း ကြားလိုက်ပါသေးတယ်...ဘယ်ပြည်နယ်မှာလဲ မသိဘူး....လ၀ကမှူးကနေပီးတော့ ဦးစီးအရာရှိလို့ထင်ပါတယ်..သိပ်တောင်မ
မှတ်မိတော့ပါဘူး....တစမ က စာမေးပွဲဖြေတော့ လုံးဝ မကူးခိုင်းပဲ အမှန်အကန်ကိုဖြေခိုင်းလိုကတော့ သူ့တိုင်းက တစ်ယောက်မှ ရေးဖြေမအောင်ပဲ
ကျန်တဲ့ တိုင်းတွေကတော့ ကူးလို့၇ပိးတော်တော်များများအောင်သွားကြတာကို နောက်မှ သူပြန်သိရတော့ သူ့တိုင်းအတွက်တော်တော်လေး
စိတ်မကောင်းဖြစ်သွားခဲ့တယ် လို့ပြောသံကြားလိုက်ပါသေးတယ်.....အခု ဒီတစ်ခါစာမေးပွဲဖြေခိုင်းတော့ အသံတွေပြန်ကြားရပါတယ်...နပတလို
နေရာမျိုးမှာသာ အရမ်းစည်းကမ်းတင်းကျပ်ထားပေမယ့် တစ်ချို့နေရာတွေမှာ တော့ ဆရာမသိတော့ တပည့် အာပတ်လွတ် လုပ်သွားခဲ့တာ
တွေ ပြန်ကြားရပါသေးတယ်....ရန်ကုန်တိုင်းဆိုယင် ကူးချလို့ရတယ် လို့ပြောပါတယ်...အခုဆိုယင် အမှတ်နဲ့ဖြတ်လိုက်ပီးတော့ အင်တာဗျူးဝင်
ခိုင်းလိုက်တော့စာကူးချလို့ရတဲ့သူတွေက တော့ တစ်ပန်းသာသွားတယ်လို့တော့ပြောနိုင်တာပေါ့....လ၀က ဆိုတာက ဘယ်တိုင်းမှာဘယ်လို
လုပ်သွားတယ် ဆိုတာကို အချင်းချင်းတွေ ဆိုတော့ ပီးယင် အကုန်လုံးပြန်ကြားနေရတော့တာပဲ....
...ဗိုလ်ချုပ်စောထွန်းလက်ထက် ၂၀၀၇ ခုနှစ်လောက်မှာ အဆင့်စုံရာထူးတိုးစာမေးပွဲေ့ဖြခိုင်းပီးတော့ တကယ်
တမ်းရာထူးတိုးခဲ့တာက ဗိုလ်ချုပ်မောင်ဦးလက်ထက်ထက်(၂၀၁၀)ကျမှပဲ ရာထူးတွေ တိုးခဲ့တာပါ....ရာထူးတိုးမျှော်လင့်နေကြတဲ့
ဝန်ထမ်းတွေအတွက်တကယ်တမ်း လျင်လျင်မြန်မြန်ဆောင်ရွက်ပေးလို့ ရရဲ့သားနဲ့ တစ်ခုမှကိုဆောင်ရွက်ပေးခြင်းမရှိပဲ အားလုံးကို ကြန့်ကြာနေအောင်လုပ်ထား
ခဲ့ပါတယ်...အခုလက်ရှိ ၀န်ကြီးဦးခင်ရီလက်ထက်မှာ ဦးစီးအရာရှိနှင့်အထက် ၀န်ထမ်းတွေကိုရာထူးတိုးဖြေခိုင်းပီးတော့ တိုးပေးခဲ့ပီးပါပီ..
တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဦးစီးအရာရှိတွေခမျာလည်း သနားဖို့အရမ်းကိုကောင်းခဲ့ပါတယ်....ဦးစီး(ရုံးချုပ်)ကနေပိးတော့ ဘယ်နေ့အရောက်နေ
ပြည်တော်ကိုလူတွေ့စစ်ဆေးဖို့ သတင်းပို့ပါ ဆိုပီးတော့ ကြေးနန်းထုတ်ပီးခေါ်လိုက်ပါတယ်...နပတ ကိုရောက်လည်းရောက်ရော...ငါတို့မအား
သေးဘူး....ပြန်တော့ နောက်ထပ်ပြန်ခေါ်မယ့် အချိန်ကျယင် ပြန်အကြောင်းကြားမယ် ဆိုပီးတော့လုပ်ရော...ရုံးချုပ်မှာနေတဲ့လူကြီးတွေက
တော့ ပြသနာမရှိဘူးပေါ့ဗျာ....တစ်ချို့ နယ်ကလာတဲ့သူဆိုယင် သွားရေး...လာရေး...အရမ်းခက်ခဲ့တဲ့ နေရာကလာရတယ်....လာတယ်
ဆိုလို့လည်း လက်ချည်းလာရတာ မဟုတ်ဘူး...လက်ဆောင်မပါ လက်ချည်းလာ ဆရာမိဘ အားမရ ဆိုတဲ့ စာဆိုလေးလည်းရှိတော့သူတို့
ခမျာမှာ လက်ဆောင်လေးတွေလည်း ၀ယ်လာရသေးတယ်.....ပိးတော့ နပတ မှာ နေစရိတ်...သွားစရိတ်...စားစရိတ် ဆိုတာတွေကလည်းသိ
တဲ့ အတိုင်းပဲလေ...ဈေးနုနုးတွေ အားလုံးကလည်း ခေါင်ခိုက်နေကြတာ.....ကောင်းတဲ့ မနမရုံးက မနမ တွေက ပြသနာမရှိပေမယ်ကလည်း
အဆင်မပြေတဲ့...အဆင်မပြေတဲ့ မနမရုံးက မနမ တွေဟာ အရမ်းကို အခက်အခဲတွေ့ကြရပါတယ်.....တကယ်တမ်းဆိုယင် လူကြီးတွေ မအားဘူး
အလုပ်ရှုပ်နေတယ်ဆိုယင်လည်း ရက်ရွေ့တယ် ဆိုပီးတော့မနမတွေမလာခင်ချက်ခြင်း ပြန်အကြောင်းကြားပေါ့ဗျာ....ဒီလောက်ဆက်သွယ်ရေး
လွယ်ကူနေတဲ့ခေတ်ကြီးမှာ ဖုန်းလေး တစ်ချက်ကောက်ဆက်လိုက်ယင်ပီးနေတဲ့ဟာကို ဘယ်သူမှ မလုပ်ကြပါဘူး...အားလုံးက ငါနဲ့မဆိုင်သလို
အနေသာကြိးဆိုတဲ့ပုံစံမျိုးနဲ့ကို နေနေကြတာ....ဘယ်လူကြီးတွေကမှ ဒီလိုမျိုးအကြောင်းမကြားပဲ
နပတ ရောက်မှပဲ ပြန်တော့ ဆိုပီးတော့ ပြန်လွှတ်တာ.....မြို့နယ်မှူးတွေ ခမျာလည်း ရုံးအလုပ်တွေကိုလည်းပစ်ပီးလည်းလာရသေးတာ...
အားလုံး မယ်အေး နှစ်ခါနာ ဘက်ကချည်းပဲ..အပေါ် ရုံးချုပ်က နေပီးတော့ လာဆိုတော့လည်း လာရတယ်...ပြန်ဆိုတော့လည်း ချက်ခြင်းပြန်
ရတယ် ...ကိုယ်ချင်းစာကြည့်လေ....အချိန်တွေကုန်..ပိုက်ဆံတွေကုန်ခံပီးရောက်လာတော့မှ ပြန်တော့ ဆိုတော့ ဘယ်သူမှမကျေနပ်ကြဘူး
အားလုံးကသာ ကြောက်လို့ငြိမ်ခံနေကြရတာ....ဒါကြောင့်ပြောတာ လုပ်လိုက်ယင်လည်း တလွဲတွေချည်းပဲ ဆိုတာ.......ဒါကြောင့်ပြောတာဗျာ.
...လူကြီးလုပ်တဲ့ သူတွေက အောက်လက်ငယ်သားတွေအပေါ်မှာ
ဘယ်တော့မှ ကိုယ်ချင်းစာစိတ်မရှိဘူးလို့ပြောတာ မှားသလား....အောက်ဝန်ထမ်းတွေ အထက်လူကြီးတွေကို ဆဲတာ မှားသလား....သူတို့မှား.
ယင်တော့ sorry လေးတစ်လုံးတည်းနဲ့ပီးသွားပေမယ့် အောက်လူတွေ နည်းနည်းမှားလို့ကတော့ သေဖို့သာပြင်ထားပေတော့.....ဒီလိုမျိုး
ုဖြစ်လာတာတွေက တစ်ခါလည်း...မဟုတ်...နှစ်ခါလည်းမဟုတ် ပဲ ခန ....ခနဖြစ်နေတော့ အောက်လူတွေက အပေါ်လူတွေကို ဘာပဲလုပ်လုပ်
အယုံအကြည်ကိုမရှိတော့တာ အပြစ်မပြောနဲ့လေ....သူတို့လုကြီးတွေက လုပ်ပုံကကို ဟုတ်ကိုမဟုတ်တာ.....ကျုပ် နပတမှာနေတုန်းကကျုပ်
မျက်စီရှေ့မှာ တောင် အဲဒီလိုမျိုးဖြစ်ရပ် (၂) ခါကြီးများတောင်ဖြစ်ခဲ့သေးတယ်....ပထမအကြိမ်ခေါ်လိုက်တယ်....မအားလို့ဆိုပီးပြန်လွှတ်လိုက်
တယ်.....ဒုအကြိမ်ထပ်ခေါ်တယ်....ရောက်လာကြပြန်ရော....မအားသေးဘူးဆိုပီးတော့ ထပ်ပြန်လွှတ်တယ်....ဒါကြောင့်ကျုပ်ပြောပြတာ...
ကျုပ်တို့လ၀ကရဲ့အဖြစ်တွေက အရူးမ ကိုလင်လုပ်ထားတဲ့ အတိုင်းပဲ ဆိုတာ....အခုတစ်မျိုး...တော်ကြာတစ်မျိုးနဲ့...ဘာမှန်းကိုမသိပဲဖြစ်နေ
ကြရတာ....မနမတွေ ခမျာ ရာထူးတိုးဖို့အရေးတွက် အဲဒါမျိုး ကိုကြုံတွေ့ခဲ့ရတာ.....လ၀က လူကြီးတွေရဲ့အခုတစ်မျိုး..တော်ကြာတစ်မျိုးလုပ်ရပ်တွေ
အကြောင်းကိုပြောပြရမယ်ဆိုယင် တစ်ထောင့်တစ်ည ပုံပြင်လိုပဲပြောလို့ပီးတော့မှာမဟုတ်ဘူး....တထောင့်တစ်ည ပုံပြင်လေးတောင်မှ ထိုင်ငို
သွားလောက်နိုင်တယ်.....ရာထူးတိုးဖို့အရေးတောင် ဒီလောက်တောင်မှ ခက်ခဲနေတယ် ဆိုယင် အပြောင်းအရွှေ့တွေကိစ္စဆိုယင်လည်းဘယ်
လောက်တောင် ခက်ခဲလိမ့်မယ်ဆိုတာ ကို ပရိသတ်ကြိးရေ....စဉ်းစားသာကြည့်ပေတော့....ဒီလိုမျိုးဖြစ်နေရတာဟာ ဘော်လုံးစကားနဲ့ပြော
၇မယ်ဆိုယင် နည်းပြကပဲကစားကွက်ပုံဖော်ခိုင်းတာ မှားနေတာလား...တစ်ဦးတစ်ယောက်တည်းကပဲ တကိုယ်ကောင်းဆန်စွာ ကစားနေတာလား
ကစားသမားတွေကပဲ အသင်းလိုက်မကစားတတ်တာလား.....ကစားသမားတွေက စိတ်ဓါတ်မကောင်းပဲ အသင်းအတွက် အားကြိုးမာန်တက်မ
ကစားခဲ့တာလား......အသင်းလိုက်စုစည်းမှုမကောင်းတာလား ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်......ဒီလို
မျိုးဖြစ်စဉ်ဖြစ်ရပ်တွေက များနေတော့ နောက်ဆုံးသည်းမခံနိုင်တော့ တဲ့ ဒုလ၀ကမှူးတယောက်ကနေပီးတော့ CARETAKER ဆိုတဲ့နာ
မည်နဲ့ FACEBOOK ပေါ်မှာ ခံစားချက်တွေကိုပေါက်ကွဲပီးေ၇းပါလေေ၇ာ....
No comments:
Post a Comment