တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က ....အပိုင်း(၄၆)
===========================================
သေစေရောညွှန်းခဲ့လေသလား (သို့) သေအောင်ပဲသတ်လိုက်တာလား ဦးခင်ရီ
======================
29-5-2014 ရက်နေ့ က စိတ်မကောင်းစရာ သတင်းလေးတစ်ခု ကျုပ်ဆီကိုရောက်လာခဲ့ပါတယ်....".ဆရာ... ဒုလ၀ကမှူးဒေါ်
နိုဘယ်မြင့်ဆွေထွန်း ဒီနေ့ နေ့လည် ၁၁ နာရီလောက်က ပြင်ဦးလွင်မှာ ကွယ်လွန်သွားပီ" လို့ဆိုပီးတော့ တပည့်လေးတစ်ယောက်က ဖုန်း
ဆက်အကြောင်းကြားလာခဲ့ပါတယ်....ဒီသတင်းကိုကျုပ်ကြားလိုက်ရတာ ယုံတောင် မယုံနိုင်ဘူးဖြစ်သွားရတယ်.....ကျုပ်တပည့်မလေးက ၁၉၈၉
ခုနှစ် အလုပ်စ၀င်ကတည်းက ဒီမြို့နယ်ရုံးလေးမှာပဲ တာဝန်စကျပီး ဒီမှာပဲ အိမ်ထောင်တွေကျ သားတွေသမီးတွေနဲ့ သူ့မြို့...သူ့ဇာတီ...သူ့အရပ်
လိုမျိုးဖြစ်သွားပီးတော့ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ အနှစ်(၂၀)ကျော် ပျော်ပျော်ရွှင်ရွှင်နဲ့ မြို့နယ်ရုံးလေးမှာ တာဝန်တွေ ထမ်းဆောင်နေ
ခဲ့တာဟာ ကျောက်တံခါး မနမရုံး ပြသနာ မတက်ခင်အထိပေါ့ဗျာ......ဒီ ကျောက်တံခါး မြို့နယ်ရုံးဖြစ်တဲ့ ကိစ္စ ကိုလည်း ကျုပ်ရဲ့အပိုင်းတွဲတွေ
မှာ" လ၀က ၀န်ကြီး လွှတ်တော်မှာ အရှက်တော်ကွဲလို့ အရေးယူအပြစ်ပေးခြင်းခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်းများ" ဆိုတဲ့ခေါင်း
စဉ်နဲ့ ရေးပြထားပီးပီမို့လို့ အသေးစိတ်ထပ်မပြောပြတော့ပါဘူး...ဒါပေမဲ့ မဖတ်လိုက်ရတဲ့သူတွေ....မသိသေးတဲ့သူတွေ သိရအောင်လို့
တော့ ကျုပ် အကျဉ်းချုံးပီးတော့ ဇာတ်လမ်းလေးကိုပြန်ရှင်းပြပါမယ်....လ၀က ၀န်ကြီး ဦးခင်ရီ တက်လာပီးတဲ့ နောက်ပိုင်း မိုးပွင့်စီမံချက်နဲ့
နငသ ကတ်ပြားတွေ ကိုဆောင်ရွက်ပေးခိုင်းတဲ့အချိန်ါ်မှာ ရယက က ငွေကြေးကောက်ယူမှုနဲ့ပက်သက်ပိးတော့ သူတို့အချင်းချင်းကနေပီး
တော့ ကျောက်တံခါး လွှတ်တော်အမတ်ဆီတိုင်ကြားတဲ့ကိစ္စမှာ မိမိတို့မြိုနယ်ရုံးအဖွဲ့က ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ရယကမှ ပိုလျှံသည့်၏
ငွေများကို ပြန်အမ်းပေးပီးတော့ တိုင်ကြားသည့် ကိစ္စပီးဆုံးသွားခဲ့သော်လည်း အမတ်မင်းမှ သူ့ခေါ်သည့် မနမ သူ့ထံလာရောက်မတွေ့ဆုံသည့်
ကိစ္စအပေါ်နှာတင်းကာ ရခိုင်ပြည်နယ်မှ အမတ်မင်းတစ်ဦးကို တိုင်စာ အဟောင်းကို ပေးကာ လွှတ်တော်တွင်အမတ် (၅၀၀)ကျော်ရှေ့မှောက်
တွင် လ၀ကဌာန၏အားနည်းချက်များနှင့် ထိုတိုင်စာ ကိစ္စကို မေးမြန်းခဲ့သည့်အတွက် ၀န်ကြီးမှ ဒေါသ အကြီးအကျယ်ထွက်ကာပေါက်ကွဲခဲ့
ပီး ထိုစဉ်က ရန်ကုန်မြောက်ပိုင်း ခရိုင်မှူး ဦးယဉ်ထွေးအား နပတ သို့ချက်ခြင်းခေါ်ကာ ၀န်ကြီးကိုယ်တိုင်မှ စုံခုံဥက္ကဌ ဖြစ်သူ အားသူကိုယ်တိုင်
တိုက်ရုက်တွေ့ဆုံမှာကြားခဲ့ပီး ကြွက်ထောင်ချောက် ဆိုတဲ့ ပုံပြင်လေးအား ပြောပြကာ ကတခ မနမရုံးအား သွားရောက်စုံစမ်းစစ်ဆေးခိုင်းခဲ့
သော အမှုဖြစ်ပါသည်....ထိုဖြစ်စဉ်နှင့်ပက်သက်သည့် ကိစ္စရပ်များအား အင်တာနက် ၀က်ဆိုဒ် စာမျက်နှာ များတွင် လ၀က ၀န်ထမ်းတစ်ဦး
ရေးသားထားသည့်" စနစ်ပြောင်းသော်လည်း....ခေတ်မပြောင်းသေးသည့် လ၀က ၀န်ကြီးဦးခင်ရီ "ဆိုသည့် အရေးအသားများလည်း ပေါ်ထွက်
လာခဲ့ပြီးဖြစ်ပါသည်.....စုံခုံဖွဲ့စစ်ဆေးမှုများအပီးတွင် ဖြစ်စဉ်အရ မိမိ လ၀က ၀န်ထမ်းများမှ ငွေရေးကြေးရေး အရှုပ်အထွေးကိစ္စတွင် တစ်စုံတစ်ရာ
ပါဝင်ပက်သက်ခြင်း မရှိပဲ ကင်းရှင်းနေခဲ့ပီး မိမိဝန်ထမ်းများအားလုံးမှ ၀န်ကြီး၏ခိုင်းစေချက်အတိုင်း တာဝန်နှင့်ဝတ္တရားများကို ကျွေပြွန်စွာ
ထမ်းဆောင်ရွက်နိုင်ခဲ့သည့် ကို တွေ့ရှိရပါသည်.....သို့ပေသော်လည်း ထိုစဉ်က စုံခုံဥက္ကဌ မှ ၀န်ထမ်းများအနေဖြင့် လုံးဝသက်ဆိုင်မှုမရှိ
သော်လည်း ၀န်ကြီး လွှတ်တော်တွင် အရှက်တော်ကွဲခံခဲ့ရပီး ဒေါသ အလွန်အမင်းဖြစ်ပွားခဲ့ရပီး မဖြစ်မနေရ ၀န်ထမ်းများအားလုံးကို အရေးယူ
အပြစ်ပေးရတော့မည်....၀န်ထမ်းများအားလုံးကို ထိုးကျွေးတော့မည် ဆိုတာကို သူ့အား -၀န်ကြီးပြောကြားလိုက်သည့်ပုံပြင်လေးဖြစ်သည့်
ကြွက်ထောင်ချောက် ဆိုသည့်ပုံပြင်လေးအား ပြန်လည်ပြောကြားခဲ့ခြင်းဖြင့် ကိုယ်နဲ့ မဆိုင်သော်လည်း ....မပက်သက်သော်လည်း အရေးယူ
မည်ဖြစ်ကြောင်း နမိတ်ပြ ပုံပြင်လေးပြောပြခြင်းအားဖြင့် အသိပေးပြောကြားခဲ့ပါသည်.....သိပ်မကြာခင်မှာပဲ ကွင်းဆင်းရာတွင် ပါဝင်မှုမရှိသည့်
လ၀ကမှူး(၂)ဦး..ဒုလ၀ကမှူး(၁)ဦးမှလွဲပီး ရုံးစောင့်ပါ မချန် ကျုပင်ခုတ် ကျုငုတ်မကျန် ရယက မှ ငွေကြေး (၂၀၀၀)ကျပ် ကောက်ခံသည်ကို
ဝန်ထမ်းများမှ မသိရှိခဲ့ခြင်းအတွက် ဟုဆိုကာ ရာထူးတိုး(၃)နှစ်ရပ်ဆိုင်းပီး ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများသို့ပြောင်းရွှေ့အပြစ်ဒဏ်
ပေးခဲ့ပါသည်.....ထိုအမိန့်စာတွင် ဘူးလေးရာ ဖရုံဆင့်ဆိုသလို အပြစ်ပေးသည့်အမိန့်စာထဲတွင် ထူးဆန်းသည့် ထပ်ဆင့်အပြစ်ပေး
သည့် အပြစ်ဒဏ်တစ်မျိုးကိုလည်း ထပ်မံတိုးချထားခဲ့တာကိုလည်းတွေ့ရှိခဲ့ရပါတယ်....၄င်းဝန်ထမ်းများအား (၃)နှစ်အတွင်း မည်သည့်အခြား
အရပ်ဒေသ သို့ လုံးဝ မပြောင်းရွှေ့ပေးရ ဆိုပိးတော့ ရေးသားဖော်ပြထားတာကိုထပ်မံတွေ့ရှိခဲ့ရပါတယ်....သြော်...၀န်ထမ်းငယ်လေးတွေ
ခမျာ ရေနစ်နေပါတယ်ဆိုမှ ၀ါးကူထိုးတဲ့သူနဲ့... နူစွဲံနေပါတယ် ဆိုကာမှ သူခိုးကထောင်းတာကိုလည်း ထပ်ခံလိုက်ရသလိုမျိုးဖြစ်သွားကြရရှာတယ်.....အဒီမှာပဲ ၀န်ထမ်းမိသားလေးတွေအား
လုံးဘ၀ပျက်သွားကြရတော့တာပဲဗျာ....အဲဒီအချိန်က ကျုပ်ဆီကို ငိုယိုပိးတော့ ဖုန်းဆက်ပြောခဲ့တဲ့ သူ့စကားလေးတွေကို ကျုပ်သတိရနေ
ပါသေးတယ်ဗျာ..."...ဆရာရယ်...ကျမတို့အဖြစ်ကို ဆရာကြားမှာပါ...ကျမတို့ အပြစ်လုံးဝ မရှိပဲ သူတို့ခိုင်းလို့လည်း လုပ်ပေးရသေးတယ်..
ပီးတော့ ၀န်ကြီးလမ်းကြောင်းအတက်အဆင်းတိုင်း....သမီးတော်..ဘွားတော်လေးပါမကျန် ကျမတို့ရုံးကပဲသွားပီးတော့ ကျွှေးမွေးထာ်းခဲ့ရဲ့
တလုပ်စားဖူး...သူ့ကျေးဇူးဆိုတဲ့ ကျေးဇူးတရားတွေကိုလည်းမထောက်ထားပဲ အရေးယူအပြစ်ပေးတယ်....သူလွှတ်တော်မှာ အရှက်ခွဲတာနဲ့
ပက်သက်ပိး ဘာမှ မဆီမဆိုင်ပဲ ကြားကနေပိးတော့ ကျမတို့မိသားစု ဘ၀လေးတွေတော့ပျက်ပါပီ "ဆိုပီးတော့ ငိုပိးတော့ပြောလို့ကျုပ်က
မနည်းကိုတရားချလိုက်ရတာပါ......ဒီကောင်မလေး ကျွန်းလှ မြို့နယ်ရုံးကို ရောက်သွားပိးကတည်းက တရှောင်ရှောင်ဖြစ်ပီးတော့ ခွင့် ခန ခနယူ
ပိး ဆေးရုံတက်နေရတယ်လို့ကြားရတယ်....စိတ်ထောင်းတော့လည်း ကိုယ်ကျေသွားတာပေါ့.....သူ့မှာ ခလေး လေး (၃)ယောက်ကျန်ခဲ့ပီး
တော့ အငယ်ဆုံးယောက်ကျားလေး ဆိုယင် အခုမှ ၄ တန်းလောက်ပဲရှိသေးတာ.....မိသားစု....အိမ်ထောင်စု ဆိုတဲ့ ဘ၀လေးတစ်ခုဟာ ၀န်ကြိး
ရဲ့ ငါတကောကောနေခဲ့တဲ့ အတ္တနဲ့ မာန်မာန တရားတွေ အောက်မှာ ပေးဆပ်မှုတွေ များစွာနဲ့ ကြေမွ...ကွဲထွက်...ပျက်စိးသွားရရှာပီ....ကဲ..
အပြစ်မဲ့တဲ့ ခလေးတွေလည်း အမေလုပ်တဲ့သူနဲ့ သေကွဲ ခွဲခွာခဲ့ရပီးတော့ တစ်ချိန်က ပျော်ရွှင်သိုက်ဝန်းစွာနဲ့နေခဲ့ရတဲ့ အသိုက်အမြုံလေး
တစ်ခု ၀န်ကြီးရဲ့ အပြစ်မရှိပဲအပြစ်ပေးခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် ခလေးတွေ ခမျာ အမိမဲ့သား ရေနည်းငါးပမာ ဖြစ်သွားရရှာပီ....အလုပ်က
ထွက်တဲ့သူက ထွက်....စိတ္တဇ ဆေးရုံ တက်ရသူက တက်ရနဲ့ ကိုယ့်ရဲ့ နာမည်ကောင်းတစ်ခု လိုချင်တာတစ်ခုတည်းအတွက်နဲ့ အပြစ်မဲ့ခဲ့တဲ့ဝန်ထမ်းငယ်
လေးတွေအပေါ်မှာ တာဝန်ယူမှု...တာဝန်ခံမှု မရှိပဲ ထိုးကျွေးခဲ့လိုက်ရတဲ့ အပြစ်မဲ့သားကောင်ဖြစ်ခဲ့ရတဲ့ ဒု.လ၀ကမှူး ဒေါ်နိုဘယ်လ်မြင့်ဆွေ
ထွန်း တစ်ယောက် ဖြစ်လေရာ ဘ၀တိုင်းမှာ ဒီလိုမျိုး လူယုတ်မာတွေနဲ့ ကင်းဝေးပိးတော့ ဒီလိုမျိုး တရားမရှိတဲ့ သူတွေစိုးမိုးနေတဲ့တိုင်းပြည်
မှာ လူမဖြစ်ရပါစေနဲ့လို့.....၀န်ထမ်းမဖြစ်ပါစေနဲ့လို့......၀ဋ်ကြွေးတွေရှိခဲ့တယ်ဆိုယင်လည်း ဒီဘ၀..ဒီမျနဲ့သာကျေနိုင်ပါစေ....ကျောက်တံခါးမြို့နယ်ရုံးမှာ တာဝန်..၀တ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်သွားခဲ့
တဲ့ သူတစ်ယောက်အတွက် စိတ်မကောင်းခြင်းတွေ များစွာနဲ့....ယူကျုံမရခြင်းတွေများစွာနဲ့......ဒုလ၀ကမှူး ဒေါ်နိုဘယ်လ်မြင့်ဆွေထွန်းတယောက်
ကောင်းရာ သုဂတိ လားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်......
(နောက်ထပ် ရေးသားတင်ပြစရာတွေ များစွာ ကျန်ရှိနေသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားပါဦးမည်)
No comments:
Post a Comment