Friday, 20 June 2014

လ၀က အပိုင်း(၂၆)

တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း(၂၆)
=============================================================
တပ်ကမဟုတ်ပဲ အရပ်ဘက်ကဆိုယင် လ၀ကထဲမှာ လူတိုင်းလိုလိုက သူ့ကို မသိဘူးဆိုတာမရှိတဲ့  လ၀ကကျော်ဟိန်းပေါ့ဗျာ...လူတိုင်းကသာ
ကျော်ဟိန်းကိုသိပေမယ့်....ကျော်ဟိန်းကတော့ လူတိုင်းကိုဘယ်သိနိုင်မလဲ....လ၀ကတိုင်းလိုလိုကတော့ သူ့နာမည်ကိုသိကြပါတယ်
....လ၀က ထဲမှာ ဆိုယင် ကျားကြီး စိုင်းဖုန်းတင့် ဆိုယင်တော့  လ၀ကတွေအားလုံးက သိရှိပါတယ်....ကျားတောင်ရိုးရိုးကျားမဟု`တ်ဘူး...
ကိုးတောင်ကျားကြီးပါ...
သူဟာ 1997-98 လောက်မှာရာထူးတိုးနဲ့ ပြင်ဦးလွင် ခရိုင်မှူးအဖြစ်နဲ့ စတင်ပီး ပြောင်းရွှေလာခဲ့ပါတယ်။ရှမ်းပြည်နည်(မြောက်ပိုင်း)နဲ့ မန်းတလေး
တိုင်းတို့ဟာ ကပ်လျက်တည်ရှိနေပီးတော့  ပြင်ဦးလွင်ကိုကျော်လွန်ပီးပီဆိုတာနဲ့   နောင်ချိုမြို့နယ်လေးက ရှမ်းမြောက်ဒေသရဲ့ အစဖြစ်ကြိုဆို
ခြင်းကိုခံရမှာဖြစ်ပါတယ်....မူဆယ်မှာကျတော့ နယ်စပ်(ဂိတ်လေးတွေ ရှိနေပေမဲ့ အတွင်းပိုင်းကျတဲ့ စစ်ဆေးရေးဂိတ်တွေဆိုယင် လားရှိုးမြို့
နယ်အတွင်းမှာ ရှိတဲ့ ရေပူစစ်ဆေးရေးစခန်းနဲ့  မန်းလေးတိုင်း မြို့နယ်တွင်းက ၂၄ မိုင် စစ်ဆေးရေးဂိတ်တွေကျတော့ နာမည်အရမ်းကိုကြီးပါ
တယ်.....တစ်ခါက လားရှိုးရေပူဂိတ်မှာ အင်ကြင်းကျောက်ကားဖြတ်သွားခဲ့တာကို ဖမ်းဆီးမိခဲ့လို့ လားရှိုးတိုင်းမှူးကနေပီးတော့ ဂိတ်ကအဖွဲ့
စုံတွေကို အရေးယူတရားစွဲလိုက်လို့ တာဝန်ကျ ၀န်ထမ်းတွေ ထောင်(၆)လဆီအကျခံရပီးတော့ အလုပ်ပြုတ်သွားခဲ့ပေမယ့်...အဲဒိအချိန်က
၂၄ မိုင်တာဝန်ကျနေခဲ့တဲ့ ၀န်ထမ်းတွေကိုတော့ မန်းတိုင်းမှူးက ခံဝန်ပဲလက်မှတ်ထိုးခိုင်းပီး ပြန်လွှတ်ပေးခဲ့ပါတယ်....မူဆယ်ကလာခဲ့မယ်
ဆိုယင် ရေပူ၈ိတ်ကိုဖြတ်ကျော်ရသလို  မန်းလေး ကလာတယ်ဆိုယင်လည်း ၂၄ မိုင် စစ်ဆေးရေး၈ိတ်ကိုဖြတ်ကျော်ရပါတယ်....အဲဒိစစ်ဆေးရေး
စခန်းတာဝန်ထမ်းဆောင်ဖို့ကို မန်းလေးတိုင်းတစမ က တာဝန်ယူထားပီးတော့ မိမိတိုင်းအတွင်းက မြို့နယ်ရုံးတွေက ၀န်ထမ်းတွေကို အလှည့်
ကျ စေလွှတ်ရပါတယ်..... 1997-98 လောက်မှာကျားကြီး စိုင်းဖုန်းတင့်ဟာ လ/ထညွှန်မှူးရာထူးတိုးနဲ့ ပြင်ဦးလွင် ခရိုင်မှူးအဖြစ်နဲ့ စတင်ပီး
 ပြောင်းရွှေလာခဲ့ပါတယ်....သူလည်း ခရိုင်ဦးစိးမှူးအဖြစ်နဲ့ ပြင်ဦးလွင်ကိုရောက်ရှိပီးတာနဲ့ သူ့ရဲ့အစွမ်းအစတွေကိုထုတ်ပြတော့တာပဲ..သူ့မှာ
ရှိတဲ့ လက်သည်းအစွယ်...ခြေသည်းစွယ်တွေဟာ ဘယ်လောက်အစွမ်းထက်မြက်ခဲ့တယ်ဆိုတာကို လုပ်ပြလိုက်ခဲ့တဲ့ ဖြစ်စဉ်လေးကတော့
တစမ ကနေပီးတော့ တိုင်းအတွင်းမှာရှိနေတဲ့ မြို့နယ်ပေါင်းစုံက ၀န်ထမ်းတွေဆင်းခိုင်းနေခဲ့တဲ့ ၂၄ မိုင်ဂိတ်ကို ပြင်ဦးလွင်ခရိုင်ကအပီးသိမ်း
လိုက်ပီးတော့ တိုင်းတွင်းက မြို့နယ်တွေကိုမဆင်းခိုင်းတော့ပဲ ခရိုင်မှူးကနေပိးပဲ အုပ်ချုပ်ပီးတော့ သူ့မြို့နယ်အတွင်းမှာရှိတဲ့ ၀န်ထမ်းတွေကိုပဲ
၈ိတ်မှာ တာဝန်ချထားလိုက်ပါတော့တယ်....တစမ ဆိုတာဟာလည်း သူ့ရဲ့ ကြိုးဆွဲရာကရတဲ့ အရုပ်လေးတစ်ရုပ်ဖြစ်သွားလောက်အောင်ကိုပဲ
သူက စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်.....
 သူ့ကိုမြေတောင်မြှောက်ပေးခဲ့တဲ့   သူဆရာ အရင်းက
 အရင် မပခ တိုင်းမှူး လုပ်ခဲ့တဲ့ နောင် ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း ဖြစ်ခဲ့ပါတယ်... မြစ်ကြီးနား မနမ ကနေ ပြင်ဦးလွင် ခရမ
 ဖြစ်အောင်လည်းပဲ သူ့ဆရာသမားက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်....ကျားကြီးဟာ တစမ အဆင့် ကိုသူ့အိတ်ကပ်ထဲထည့်ထားနိုင်အောင်
လုပ်ဆောင်နိုင်ပီးသွားတဲ့အချိန်မှာ ၂၄ မိုင်ဂိတ်တာဝန်ချထားမှုတွေကို သူ့စိတ်ကြိုက်ချယ်လှယ်ခဲ့ပါတော့တယ်....
်   သူတပည့်အရင်းခေါက်ခေါက်တွေကိုပဲ ဂိတ်တာဝန်ပေးပီး ထမ်းဆောင်စေခဲ့တယ်....လ၀ကထဲမှာတော့  ဆရာမွေး တပည့်မွေးတဲ့နေရာမှာ
အရမ်းကိုတော်သူတစ်ဦးဖြစ်ပီးတော့....သူ့ရဲ့မွေးမြူခြင်းခံလိုက်ရတဲ့သူဟာ ဆရာဖြစ်ဖြစ်....တပည့်ဖြစ်ဖြစ် သူ့လက်က မလွတ်နိုင်အောင်ကို
ပဲစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်....အခုလက်ရှိ လ၀က ၀န်ကြီး ဦးခင်ရီ ကိုလည်း ချုပ်ကိုင်ထားနိုင်သူတစ်ဦးအဖြစ်လည်းနာမည်ကြီးပါသေးတယ်..
လွန်ခဲ့သော အပြောင်းအရွှေ့ ကိစ္စတော်တော် များများမှာ ၀န်ကြီးကတောင်မှ သူ့ရဲ့ဆန္ဒတွေ ကိုမလွန်ဆန်နိုင်ခဲ့ပဲ သူဖြစ်ချင်တာ...လုပ်စေချင်
တာ ကို လုပ်ပေး...ကိုင်ပေးခဲ့ရတယ် ဆိုပီးတော့ သတင်းကြီးခဲ့ပါသေးတယ်....တစ်ချို့သော သူတွေကတော့ သူ့ကို လောကနပ် လို့လည်း
ခေါ်ဆိုကြပါတယ်.....တကယ်တမ်းတော့ လ၀က လူကြီးပိုင်းတွေ ကို ကြည့်ရှူ့...စောင့်ရှောက် ...မစပေးတဲ့ လ၀က ဘိုးဘိုးကြီးပေါ့ဗျာ...
လူကြီးတွေဖြစ်ချင်တာ...လူကြီးတွေ လိုချင်တာတွေ ကို သူ့ရဲ့ လောကနပ် တန်ခိုးတွေနဲ့ ဖန်ဆင်းပေးနိုင်တော့ အစဉ်အဆက်က သူ့ကိုပဲ
ကိုးကွယ်...ဆည်းကပ်ရတာပေါ့ဗျာ....ထုံးတမ်း အစဉ်အလာဆိုတာ မဖျက်ကောင်းဘူးလေ....ထုံးတမ်းစဉ်လာ ပျက်သွားလို့ရှိယင် ရိုးရာနတ်
တွေ က ကိုင်တတ်တယ်ဆိုတော့ ...နောက်လူကြီးအစဉ်အဆက်တွေကလည်း   သူ့ကိုပဲ ဆည်းကပ်ကိုးကွယ်ရတာပဲလေ....သူကတော့
လူကြီးတွေရဲ့  တန်ခိုးရှင်ပေါ့ဗျာ.....တကယ်တော့ သူ့ကို ဌာနရဲ့ မွေးမြူရေးလုပ်ငန်းတွေမှာပဲ တာဝန်ပေးသင့်တာလေ....မွေးမြူရေးလုပ်ငန်း
ကိုလည်း အရမ်းကိုပဲ ပိုင်နိုင်ကျွမ်းကျင်ခဲ့တာလေ...အလွန်နာမည်ကြီးပီးတော့ အရမ်းအဆင်ပြေခဲ့တဲ့
  24မိုင်စစ်ဆေးရေးစခန်းတစ်ခု ကို13နှစ်လောက်ထိ ထိန်းချုပ်ထားနိုင်ခဲ့တယ်ဆိုကတည်းက သူ့ရဲ့ အရည်အချင်းဘယ်လောက်ရှိခဲ့တယ် ဆိုတာ
ကို ပြသခဲ့ပီလေ.... အခု နာမည်ကြီးနေတဲ့ ငွေနန်းတော်ဝိုင် ဆိုတာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပီးတော့ 
 စက်ရုံကို လက်နဲ့ခေါက်ရင်တောင် 24 မိုင်....24မိုင်လို့ အော်လောက်အောင်ဘဲ၊ လ/ထညွှန်မှူး ကနေ ဒုညွှန်ဖြစ်ပြီး မန်းလေး ဒုတိုင်း
 ပြောင်းရပေမယ့်လည်း
 ခဏပါဘဲ၊ ပြင်ဦးလွင် ခရိုင် ဒုညွှန် နဲ့ ပြန်ပြောင်းလာခဲ့ပါတယ်၊၊ တပည့်အရင်း တစ်ယောက် နှစ်ယောက်
ကိုပဲ လက်သပ်မေးမြူထားခဲ့ပီးတော့ ဂိတ်တာဝန်ကျဝန်ထမ်းတွေကို အမြဲ စောင့်ကြည့်ခိုင်းထားပါတယ်... ပြင်ဦးလွင် ခရိုင်ထဲက ဝန်းထမ်းတွေ
 အာလုံးထဲက သူစိတ်ချရတဲ့...ယုံကြည်ရတဲ့....သူမွေးမြူထားတဲ့...သူ့တပည့်အရင်းတွေကိုပဲ ဂိတ်မှာ အမြဲတာဝန်ချထားခဲ့လို့ ကျန်တဲ့
ဝန်ထမ်းငယ်တွေက သူ့ကိုမကျေနပ်သော်လည်း မပြောကြားရဲ....မတိုင်ကြားရဲကြပဲ အထက်ထိသူ၏ပေါက်ရောက်မှုကိုသိထားသဖြင့် ကြိတ်မှိတ်
သည်းခံခဲ့ရပီးတော့
ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲကုန်ကျတယ်၊ ပြင်ဦးလွင်မှာ 13နှစ်လောက်နေနိုင်သွားခဲ့တဲ့ အကြောင်းတရားတွေကိုစီစစ်လိုက်မယ်ဆိုယင်
 သူဆရာအပါဝင် ဌာန ကိုရောက်လာတဲ့
လူကြီးတွေ အဆက်ဆက် ပြင်ဦးလွင်မှာ ရှိတဲ့ အိမ်၊ခြံ တွေကို အစစအရာရာ တာဝန်ယူစောင့်ရှောက်ပေးတယ်၊ ဆရာသမားပစ္စည်းတွေကိုစောင့်
ရှောက်ပေးနေတဲ့ တပည့်ကောင်းလေးဆိုတော့ ဆရာသမားတွေကလည်း တပည့်လေး ကို ပြန်စောင့်ရှောက်ပေးတာပေါ့ဗျာ....ကိုင်းကျွန်းမှီ..
ကျွန်းကိုင်းမှီ နဲ့ ဆရာရော...တပည့်ေ၇ာ အဆင်ပြေကြတာပေါ့ဗျာ......ကြာတော့ကြာခဲ့ပါပီ....သူကော့သောင်းမှာကျတုန်းက သူ့အထက်
ခရိုင်ဦးစီးမှူး ကိုပြန်ထိုးလို့ ဆိုပီးတော့ နာမည်လည်းကြီးလိုက်ပါသေးတယ်...အဆိုး...အဆိုးချင်းတွေ့တော့ လက်သီးထိုးကျတာပေှါ့ဗျာ...သူအကြောင်းကတော့ ပြောရင်ကုန်မှာ
 မဟုတ်တော့ဘူး ဒုညွှန်နဲ့ နေပြည်တော် ဝန်ကြီးရုံးပြောင်းပြီး အဲ့ဒီကနေ ရှမ်းရှေ့ကို ပနမ နဲ့ သွားတယ်၊ ခု ပဲခူး အရှေ့ ကိုတစမ နဲ့ ညွှန်းမှူးရာထူး
တင်ပြီး သန်းခေါင်စာရင်းတွေကောက်ပီးယင် အမိန့်ထွက်မယ် ဆိုပီးတော့ သတင်းတော့ထွက်နေပါပီ....
 ၊ သူဝန်ကြီးရုံးမှာတုန်းက သူအဖေကို ပြန် ကန်တော့တာ လင်းခေး လား လဲချား လား မသိဘူး၊
 အပြန်မှာ ဒုလ၀ကမှူး တစ်ယောက်မောင်းတဲ့ သူ့ car-accident ဖြစ်ပါသေးတယ်၊  ကားလဲပျက်ဆီးသွားတယ် သူလဲ တော်တော် ထိသွားတယ်
ပြောတာဘဲ၊ဒါပေမဲ့ ဘာမှတော့ ပြသနာ မှတော့ မဖြစ်ခဲ့ဘူး၊ ဒီလောက်ထိ အထက်ကိုပေါက်တယ်၊ သူနဲ့ အဆင်မပြေဘူးဆိုတဲ့ ဝန်ထမ်းကတော့
 မကောင်းတဲ့ တစ်နေရာရာ ကို ပြောင်းဖို့အိပ်ယာလိပ်သာပြင်ထားပေတော့...အဲ၊ အခန့်မသင့်ရင်မိသားစု ဘဝပါပျက်သွားလောက်တယ်၊
ဒိလူက အထာအရမ်းကိုနပ်ပီးတော့ နောကျေသွားတော့ ဘယ်လူကြီးကိုဘယ်လိုပေါင်းရမယ်...ဘယ်လူကြီးက ဘာကိုကြိုက်တတ်တယ်ဆိုပီးတော့
မရ ရအောင်...ရတဲ့နည်းလမ်းမျိုးစုံ...ပေါင်းစုံတွေနဲ့ ပေါင်းသင်းတတ်ပါတယ်....အခုအချိန်ထိတော့ သူဝင်လို့မရတဲ့လူကြီး...ကပ်လို့မရတဲ့လူ
ကြီး ဆိုတာ မရှိသေးပါဘူး...ကျုပ်လူကြီးပိုင်းတော်တော်များများနဲ့ သူ့အကြောင်းကို တောက်ကြည့်တော့ လူကြီးပိုင်းတွေအားလုံးက သူ့ကို
အရမ်းသဘောကျကြတယ်ဗျ.....အားလုံးက တော်တယ်...တော်တယ် ဆိုပီးတော့ ပြောကြတယ်.....သူဘယ်လိုတော်တယ် ဆိုတာကို လူကြီး
တွေက တော့ သိမှာပေါ့ဗျာ....အားလုံးကလည်း သူ့ကိုသဘောကျလက်ခံကြတယ်ဗျ....ဒါကတော့ သူ့စန်းလို့တော့ပြောရမှာပေါ့....လူကြီးအားလုံး
ကြိုက်တဲ့ သူ့အရည်အချင်းပေါ့ဗျာ.... အခုလည်းသူက ပဲခူး(အရှေ့) တစမ ဖြစ်သွားပီဆိုယင်တော့ သူဘ၀ပြောင်းရမှာတော့သေခြာနေပီ...မွေး
မြူရေး ကောင်းတဲ့ ဆရာကြီးကို စိုက်ပျိုးရေး ကောင်းမကောင်းသိအောင် စမ်းသပ်ဖို့ဆိုပီးတော့ ပဲခူးကိုစေလွှတ်တာလည်းဖြစ်နိုင်ပါတယ်..
ဘာလို့လည်း ဆိုတော့ ပဲခူးတိုင်း...အင်းတကော်မှာရှိတဲ့ ၀န်ကြီးရဲ့ ရော်ဘာခြံမှာ ရော်ဘာတွေ အထွက်တိုးအောင် ရော်ဘာစိုက်ပျိုးရေးကို
လည်း လုပ်နိုင်မလား...မလုပ်နိုင်ဘူးလား ဆိုတာကို စမ်းသပ် တာဝန်ပေးအပ်လိုက်တာလဲ ဖြစ်နိုင်တာပဲလေ....ပဲခူးတိုင်းမှာလည်းစောင့်ကြည့်
ရအုံးမှာပေါ့....ကျားကြီး လက်သံပြောင်နိုင်အုံးမလားလို့....ဘယ်လိုမျိုး တီးလုံး.....ကကွက် တွေနဲ့ ကပြဖျော်ဖြေသွားမလဲ ဆိုတာကို......

No comments:

Post a Comment