Thursday, 19 June 2014

လ၀က အပိုင်း(၁၃)

 တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၃)
================================================================
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ
 အပြစ်ပေးခြင်း ခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးများ  အပိုင်း (စ)

.ကျုပ်လည်း ပြောယင်းပြောယင်းနဲ့ လမ်းကြောင်းကလွဲသွားပြန်ပိ...ခုနက
 ကိစ္စမှာ ကျုပ်အမြင်ပြောရယင် ဦးစီးတဲ့သူမှာတာဝန်အရှိဆုံး....ကျုပ်တို့ ၀န်ကြီးးဌာနက ယူနီဖောင်းဝတ်ထားတာ....အမိန့်ပေးယင်နာခံရမှာပ
ဲ အဲဒီကွင်းဆင်းခိုင်းခဲ့တဲ့အချိန်က မြို့နယ်ရုံးက အနေကြာတဲ့ ၀န်ထမ်းတွေအားလုံးသိတယ်...ပြသနာဖြစ်မှာမို့လို့ ဘယ်သူမှမဆင်းချင်ဘူး.
. တင်ပြတယ်...မနမကလက်မခံဘူး....မနမက ဆင်းရမယ် ဆိုပီးတော့ အမိန့်ပေးလို့သာ ဆင်းရတာ....အခု ဒီဝန်ကြီးလုပ်သွားတဲ့
 မူဟာဘယ်မူ နဲ့ တူလဲ ဆိုတော့ အယင် လ၀က ၀န်ကြီး ဦးစောထွန်းရဲ့ မူနဲ့တူပါတယ်......အဲဒီမူက တစ်ယောက်ပြသနာတက်ယင်.
..တစ်ခုခုလုပ်လိုက်တာနဲ့ တစ်ရုံးလုံးကိုဖြုတ်ပစ်ခဲ့တာ.....၀န်ထမ်း ဆိုတော့လည်း ထားရာနေ...စေရာသွား ဆိုတော့ တစ်ရုံးလုံးပြောင်းခိုင်းတာ
ကိုကျုပ်လက်ခံပါသေး တယ်...ဒါပေမဲ့ ရုံးစောင့်ပါပြောင်းပစ်လိုက်ရအောင်က တော့မဖြစ်သင့်ဘူး....အားလုံးက ခိုင်းလို့သူလုပ်ရတာလေ.
..တစ်ခြားရုံးကနေပြောင်း လာရတဲ့ ရုံးစောင့်ရော....ဒီကနေပြောင်းသွားရတဲ့ ရုံးစောင့်ရော ဘ၀ပျက်သွားရတာပေါ့...
.သုတို့က တိုက်နယ်မှူးလည်းမဟုတ်တော့ ...အမှုတွဲထိန်း လည်းမဟုတ်တော့ ရပေါက် ရလမ်းလည်း မရှိဘူး..
...အဲဒီအချိန်က ဒီကိစ္စကို ဘယ်သူကမှ ၀န်ကြီးကို တင်မပြရဲဘူးလေ.....သားသမီးမကောင်း မိဘ ခေါင်းလို့ပဲ ကြားဖူးတာ.
...ဒီဝန်ကြီးလက်ထက်ကျမှ စကားပုံတောင်ပြောင်းရတော့မယ်.....မိဘမကောင်း သားသမီးခေါင်း ဆိုပီးတော့... တိုင်းဦးစီးမှုပြသနာ
 တက်တော့ အမှန်တိုင်တဲ့သူကို ပင်စင်ပေးလိုက်တယ်.....အခုကျတော့ ဘယ်လောက်ပဲမှန်နေပါစေအုံး..လွှတ်တော်မှာ အရှက်တော်ကွဲခဲ့
ရတော့ ပညာရှိသတိဖြစ်ခဲဆိုသလို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ရမှာကို နှလုံးသားအလိုလိုက်ပီးတော့ နာကျည်းချက်တွေနဲ့ ပေါင်းပီး
 ဒီငမိုက်သားတွေကိုအ သေဆော်တော့တာပေါ့ ဗျာ....ဘာတဲ့ လူကြီးသူမတွေပြောပြောနေတဲ့ စကားတစ်ခွန်းရှိတယ်....စေတနာပါတဲ့
အမှားဆိုယင် ခွင့်လွှတ်တယ်....တမင်လုပ်တဲ့အမှား ဆိုယင်ခွင့်မလွှတ်ဘူးတဲ့....တမင်လုပ်ခဲ့တာလည်းမရှိဘူး...ကိုယ့်ဝန်ကြီးဌာနရဲ့
တာဝန်တွေကိုစေတနာအပြည့်နဲ့ ၀န်ကြီးအကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ မိုးပွင့်ဆိုတဲ့စီမံချက်ကို အားတက်သရောပါဝင်လုပ်ကိုင်ခဲ့
တဲ့ ကိုယ့်ဌာနက ၀န်ထမ်းတွေရဲ့ ခံယူချက်..ယုံကြည်ချက် စိတ်ဓါတ်တွေကိုရိုက်ချိုးပစ်လိုက်သလိုပဲ....ငွေကောက်ခဲ့တဲ့ ရယက
 လည်းဘာမှဖြစ်မသွားဘူး...ဒီအချိန်က အရှက်ကွဲခဲ့ရတဲ့အပေါ်မှာအပြစ်မရှိတဲ့ဝန် ထမ်းလေးတွေအပေါ်မှာ ဒီလိုမျိုးမှန်ကန်မှုမရှိတ့
ဲ ပြစ်ဒဏ်ချမှတ်ခဲ့တာဟာ ဂတိတရားနဲ့ ဆုံးဖြတ်ခဲ့တာလား....အဂတိတရားနဲ့ဘက်လိုက်ပီး ဆုံးဖြတ်ခဲ့တာလား ဆိုတာ ၀န်မင်းကိုယ်တိုင
် အသိဆုံးပါ....ကျုပ်တို့ဝန်ထမ်းငယ်လေးတွေကတော့ မပြေးသော် ကန်၇ာရှိပေါ့....အတိတ်ဘ၀က ၀ဋ်ကျွေးပါခဲ့လို့ ဆပ်ခဲ့ရတယ်
 လို့ပဲကျုပ်တို့က ခံယူထားတယ်...လက်ဆုပ်လက်ကိုင်မရှိပဲနဲ့အထောက်အထားမရှိပဲနဲ့ အပြစ်ပေးလို့မရပါဘူး သံသယ အကျိုးဆိုတာကို
တော့ ခံစားခွင့်ရှိတာပေါ့ဗျာ....ဒါပေမဲ့....ရဲချုပ်ဘ၀ကလာခဲ့တယ်ဆိုတော့..အကျင့်ဖြစ်ပီးတော့ လုပ်ခဲ့မိတယ် ဆိုယင်လည်း
 ကျုပ်တို့ထိုက်နဲ့ ကျုပ်တို့ကံပေါ့ဗျာ..းပီးတော့ ၀န်ကြီးက အင်တာနက်ပါမှာလည်း အရမ်းကိုကြောက်တာ....အင်တာနက်ပေါ် ပါပီဆိုတာနဲ့
သူထင်တဲ့ -၀န်ထမ်းတွေကို နေပြည်တော်ခေါ်မေး....ခေါ်စစ်နဲ့....ဘာလဲ..အင်တာနက်ပေါ်မပါအောင် အစည်းအဝေးတွေထိုင်ပီး အင်တာနက
် စီမံချက်တွေတောင် လုပ်လိုက်သေးဆိုပဲ...ကောင်းတာလုပ်ယင်တော့ ကောင်းတဲ့ သတင်းရောက်မှာပေါ့...မဟုတ်တာလုပ်ယင် တော့
 မဟုတ်တဲု့သတင်းရောက်မှာပေါ့....အခုကျုပ်ဒီစာကိုရေးလိုက်လို့ အနာပေါ်တုတ်ကျသွားယင်လည်း မတတ်နိုင်ဘူး..ကျုပ်တို့ဘ၀က
 နေမထူး ...သေမထူး....ကျုပ်ရေးတာတေ၊ွအားလုံးဟာလည်း အဖြစ်မှန်တွေချည်းပဲ....စိတ်အထင်နဲ့ရမ်းမှန်းသန်းပီးရေးတင်ထားတာတွေတစ်ခု
 မှမရှိဘူး....သက်သေအထောက်အထားတွေအကုန်လုံးရှိသေးတယ်....ဒါဟာလည်း သမိုင်းမှတ်တိုင်တစ်ခုဖြစ်ူသွားပီ...ကိုယ်ရေးတဲ့သမိုင်းက
ို ကိုယ့်ဟာ ကိုယ်တာဝန်ယူရဲရမယ်....မှားယင်လည်း မှားခဲ့တယ် ဆိုတာကိုဝန်ခံရဲရမယ်..
..နောက်ဝန်ကြီးလက်ထက်ကျယင်ဒီအမှန်တရားတွေ ပြန်ပေါ်လာလိမ့်မယ်....ကျုပ်ချီးကျူးဂုဏ်ယူပါတယ်....အခုလက်ရှိဝန်ကြီးရဲ့
 ဌာနအပေါ်မှာလုပ်ဆောင်ချက်တွေကို...ဘယ်ဝန်ကြီးကမှသူ့လောက် လုပ်မသွားခဲ့ပါဘူး....သန်းခေါင်စာရင်းကောက်ယူရေးအတွက်လည်း
 နေ့မအား.ညမအားလုပ်တယ်....တာဝန်ဝတ္တရားတွေဘယ်လောက်များ တယ် ဆိုတာကိုလည်းကျုပ်သိပါတယ်.
.ကျုပ်ဒီလိုမျိုးရေးလိုက်တာဟာ မိုးပွင့်အဆင့်(၁) စီမံချက်မှာ ဘ၀ပျက်သွားလောက်အောင်အထိ...စတေး ခံလိုက်ရတဲ့ကျုပ်တို့တွေရဲ့
ဘ၀တွေရဲ့ အဲဒီအချိန်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်အမှန်တွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေအားလုံးနဲ့ပြည်သူတွေသိနိုင်အောင် ဆိုပီး ရင်ဖွင့်
လိုက်တာပါ.....အဲဒါတောင် ၀န်ကြီး....အသွားအပြန်ကိုမြို့နယ်ရုံးဝန်ထမ်းလေးတွေက စေတနာ တွေနဲ့ တကူးတက ဆိုင်ကယ် တွေနဲ့
အပင်ပန်းခံသွားပီးကျွေးမွေးထားခဲ့တဲ့ တလုတ်စားဖူး သူ့ကျေးဇူး ဆိုခဲ့တဲ့ ကျေးဇူးတရားတွေအပေါ်မှာ သူ့ရဲ့ လွတ်တော်မှာအရှက် ကွဲခဲ့ရမှု.
...ဂုဏ်သိက္ခာကျဆင်းမှုတွေနဲ့ အလဲအလှယ်လုပ်ပြုလုပ်ခဲ့ပါတယ်....
.ကျုပ်တို့ ဒီလိုမျိုးသွားကျွေးမွေးခဲ့တာဟာ ကျု့ပ်တို့ ၀န်ကြီးဌာန ရဲ့ ၀န်ကြီးတစ်ယောက် ကို မိဘ လို သဘော ထားပီးတော့
 ကြည်ညိုလေးစားမှု....မြတ်နိုးဂုဏ်ယူမှူ....ချစ်ခင်မြတ်နိုးမှု.....သူ့ရဲ့လုပ်ဆောင် မှု တွေအပေါ်မှာ သားသမီးတွေက
 မိဘအပေါ်မှာ ထားရှိခဲ့တဲ့ ချစ်ခင်မြတ်နိုးမှုတွေများစွာနဲ့ အထင်ကြီးလေးစားမှု များစွာ ထားရှိခဲ့ပါတယ် ဒါပေမဲ့ ဒီဖြစ်စဉ်ဖြစ်သွားပီးတဲ့
 အပေါ်မှာ သားသမိးက သာ မိဘ ကိုချစ်ခဲ့တာပါ...မိဘက သားသမီးကို မချစ်ပဲ အပြစ်မရှိအပြစ်ရှာခဲ့ပီး..သူ့ရဲ့ ဂုဏ်သိက္ခာကျဆင်းမှုတွေ.
..အရှက်ကွဲခဲ့ရမှုတွေအားလုံးအတွက် သားသမီးတွေ ကို မြေကြီးမှာ ချနင်းခဲ့ပီးတော့ ....ထိုးကျွေးခဲ့ပီးတော့ လုပ်ဆောင်ခဲ့တယ်..
..ဒီလိုမျိုးကြုံတွေ့ခဲ့ရတော့ ကျုပ်တို့ သူ့အပေါ်မှာ အယင်တုန်းက ထားခဲ့တဲ့ အထင်ကြီးလေးစားမှု...ဂုဏ်ယူမှုတွေ အားလုံးဟာ လုံးဝ
 ကိုပဲ ပျောက်သုန်းသွားခဲ့ပါတယ်...... တလုတ်စားဖူးသူ့ ကျေးဇူးကိုလည်းမထောက်မထားမညှာတာနိုင်တော့ဘူးလေ
( ရဲကလာတယ် ဆိုတော့ နားလည်ပေးရမှာပေါ့)....ပီးတော့ ဒီလိုမျိုးပြသာနာ တွေတက်ပီးတော့မှ နောက်မိုးပွင့်စီမံချက်တွေမှာကျတော့
 မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြေလည်အောင်....ညီုနိုင်းဆောင်ရွက်ဖို့ ဆိုပီးတော့စာထုတ်တယ်...
..သူတို့ဆင်းချင်တဲ့ နယ်မြေတွေကို လိုက်ဆင်းပေးဖို့.....ကွင်းဆင်းယင် သူတို့ကိုပါတစ်ပါတည်းခေါ်သွားဖို့..
..ဒီလို မျိုးမိုးပွင့်စီမံချက်တွေအတွက် ပွင့်ပွင့်လင်းလင်းပြောရယင် ကျုပ်တို့ မြို့နယ်ရုံးဝန်ထမ်းတွေက စတေးခံခဲ့ရတာပေါ့.
...ကြားနှစ်ကြားမဟုတ် ပဲ ကြား၃ ကြားမှာညှပ်ခဲ့ရတာပါ....မနမ နဲ့ လွှတ်ာတော်ကိုယ်စားလှယ်ကြား.....လွှတ်တော်ကိုယ်စားလှယ်နဲ့
ဝန်ကြိးကြား....ူဒီကြား ၃ကြား ထဲမှာ ၀န်ထမ်းမိသားစုလေးတွေဘ၀ပျက်ခဲ့ရတာပေါ့....စိတ်ဆေးရုံ ကိုတင်တဲ့သူတင်လိုက်ရ...
.နှလုံးရောဂါဖြစ်တဲ့သူကလည်းဖြစ်နဲ့....၀န် ကြီးလက်ထက်မှာလည်း အမှန်တကယ်တော်တဲ့....သူတွေကိုမှ အလုပ်ခန့်တာဗျ
 ( အမျိုးတော်တာကိုပြောတာနော်)...မိန်းမ ဘက်က ရွာမှာလည်း ဘွဲ့ရတွေတစ်ယောက်မှမရှိ တော့ဘူးလို့ပြောတယ်..
..အားလုံး လ၀က ထဲရောက်လာကျလို့....ဟိုတစ်လောလေးကတောင် ပဲခူးတိုင်းရုံးမှာ တစ်ယေက်ခန့်လိုက်သေးတယ်
 လ/ထလ၀ကမှူးအဖြစ်နဲ့ ( တကယ်တော့ ပဲခူးမှာရှိတဲ့ သူ့ရော်ဘာခြံကိုစောင့်ခိုင်းဖို့).....ကျုပ်တို့ဌာနမှာ ချမ်းသာတယ်
 ဆိုတာကလည်း လုပ်ပိုင်ခွင့်/ရှိတဲ့ သူတွေလောက်ပဲ ချမ်းသာကြတာပါ....ကျန်တဲ့ ၀န်ထမ်းငယ်တွေရဲ့ ဘ၀ကတော့
 လုံးချာကိုလည်ထွက်နေတာပါ....နောက် တစ်ခါ ကြုံကြိုက်လို့ရှိယင် လ၀က မှာလုပ်စားပီးတော့ ချမ်းသာသွားတဲ့
တိုင်းဦးစီးဌာနမှူးတစ်ယောက်ရဲ့အကြောင်းကိုရေးပြအုံးမှာပါ....ကျုပ် ရေးထားခဲ့တဲ့အထဲမှာ အမှားတွေပါခဲ့ယင်လည်းခွင့်လွှတ်ပေးပါဗျာ.
...ကျုပ်တို့ရဲ့ နှလုံးသားလေးထဲမှာရော...ဘ၀လေးထဲမှာရော ခံစားနေရ တာ ၃ နှစ်တောင်ကျော်တော့မယ်ဗျာနောက်ဆုံး.
ကျုပ်တို့မိသားစုတွေလည်း ဘ၀တွေပျက်....တစ်ကွဲတစ်ပြားစီဖြစ် ....နောက်ဆုံးဘယ်လိုမှ မခံစား နိုင်လွန်းလို့...ကျုပ်ရေးတင်လိုက်တာပါ.
...ကျုပ်တို့ဘ၀တွေဟာ ကျားသနားမှ နွားချမ်းသာရမယ့် ဘ၀၀မျိုးတွေပါ ထားယင်လည်း နေရမှာပဲ....သတ်ယင်လည်း သေရမှာပဲလေ..
..နောက်ဆုံးကျုပ်ဆုတောင်းခဲ့တာကတော့ နောက်ဘ၀ကျယင် သူတစ်လူ ငါတစ်မင်းနဲ့ ငါတစ်ကော ကော နေတဲ့ အာဏာရှင်လုပ်ပိုင်ခွင့်ရှိတဲ့
 သူတွေရဲ့ လက်ခုပ်ထဲကရေလိုသွန်လိုသွန်...မှောက်လိုမှောက် ဘ၀ မျိုးကို ဖြစ်နေတဲ့ တိုင်းပြည်မျိုး မှာ လူမဖြစ်ပါရစေနဲ့.
..၀န်ထမ်း မလုပ်ရပါစေနဲ့....ဘ၀ဆက်တိုင်းမှာလည်း ဒီလိုမျိုးလူတွေနဲ့လည်း မတွေ့ပါရစေနဲ့လို့သာ တောင်းဆုအခါခါပြု ယင်း..
...လူ အချင်းချင်းလှည့်ပတ်ခြင်း...ကင်းရှင်းကြပါစေ....... A.Z.L
ဒီအပေါ်က ကျောက်တံခါးဇာတ်လမ်းလေးကတော့  မိသားစုဝင်တဲ့ ၀န်ထမ်းတစ်ဦးရေးသားဖော်ပြထားတယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်
ဒါကကြုံကြိုက်လို့ ကျုပ်ပြန်ပီးတော့ ဖော်ပြပေးလိုက်တာပါ.....

No comments:

Post a Comment