တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း (၃၂)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
လ၀က ၀န်ကြီး ဦးခင်ရီမှ FACEBOOK သုံးစွဲသည့် ၀န်ထမ်းများအား အရေးယူအပြစ်ပေးခဲ့သည့်ဖြစ်စဉ်များ
-------------------------------------------------------------------------------------------------------
တကယ်တမ်းပြောကြစကြေးဆိုယင် ဒိလိုမျိုး FACEBOOK ပေါ်မှာ ဌာန၇ဲ့ အပြောင်းအရွှေ့ကိစ္စတွေ...၇ာထူးတိုးကိစ္စတွေမှာ မညီမျှခြင်း.....
မျက်နှာကြီး၇ာ ဟင်းဖတ်ပါခြင်း....အထက်လူကြီးများမှ ညီမျှမှုမရှိပဲ လုပ်ခြင်ရာ လုပ်ကိုင်နေခြင်းများအပေါ်မှာ မခံစားနိုင်တော့တဲ့အတွက်
သရော်စာလိုလို...ဘာလိုလိုမျိုးနဲ့ ရေးသားခဲ့တာပါ.....အဲဒီအချိန်ကလည်း ဌာနအတွင်းအပြောင်းအရွှေ့တွေမှာလည်း ကျားကြီး စိုင်းဖုန်းတင့်
ရဲ့ လက်စွမ်းကလည်း တော်တော်လေးလည်းထက်မြက်နေသလို....တစ်ချို့ကိစ္စတွေ ကျတော့ သူလိုချင်တဲ့အကွက်လေးတွေ ကို မရ.ရအောင်
ရွှေ့သွားခဲ့တဲ့ အကွက်လေးတွေလည်းရှိခဲ့ပါတယ်.....အဲဒီအချိန်မှာ ၀န်ကြီးကတော်ဖြစ်တဲ့ ဘွားတော်လည်း နာမည်ထွက်လိုက်ပါသေးတယ်
အပြောင်းအရွှေ့နဲ့ပက်သက်တယ်ဆိုယင် ဘွားတော် ဆီဝင်ယင်ရတယ်.....သိန်းဘယ်နှစ်ဆယ် ဆိုပီးတော့ ထွက်လိုက်ပါသေးတယ်....တကယ်
တမ်းဆိုယင် ဒီပြသနာတွေဟာ ဟုတ်လို့လည်းကျော်...ပုတ်လို့လည်း ပေါ်ခဲ့တာပါ.....ဒီလိုမျိုးပြသနာတွေက ဒီဝန်ကြီးလက်ထက်မှ မဟုတ်ခဲ့
ပါဘူး....၀န်ကြီးအစဉ်အဆက်ဆက်ကတည်းက ဖြစ်ပျက်လာခဲ့တာပါ....ဒါပေမဲ့ စစ်အစိုးရလက်ထက်ဆိုတော့ ၀န်ထမ်းတွေအားလုံးကလည်း
သိပေမဲ့လည်း ကြောက်ပီးတော့ မပြောရဲကြပါဘူး....အားလုံးက သိရက်သားနဲ့ ငြိမ်ခံနေရတဲ့ ပုံစံမျိုးဖြစ်နေခဲ့ရပါတယ်....၀န်ကြီးဦးခင်ရီက
လည်း လ၀က ထဲကိုစရောက်ကာစမှာ တက်ကြွမှုတွေ များစွာနဲ့ကို မြောက်ကြွ...မြောက်ကြွ ဖြစ်နေခဲ့တာပါ....လ၀က ၀န်ကြီးဖြစ်တာကိုဂုဏ်
ယူတာတို့.....လ၀ကရဲ့သမိုင်းကြောင်းကိုသိလိုက်တော့မှ တိုင်းပြည်ကို ကာကွယ်နေရတာတို့....လ၀က ဟာ တိုင်းပြည်အတွက်ဘယ်လောက်
အရေးကြီးတာ တို့....ကိုသိရှိပီးတော့ သူ့ဟာသူ အရမ်းကိုပဲ အကြီးအကျယ်ဂုဏ်ယူနေခဲ့တာပါ.....ဒါပေမဲ့သူမသိခဲ့တာက အထက်ပိုင်းလူ
ကြီးတော်တော်များများ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ရာထူးတိုးကိစ္စတွေမှာ လုပ်စားနေခဲ့တယ် ဆိုတာကို သူမသိလိုက်ရတဲ့ အချက်ပါ...ပီး
တော့ အောက်ဝန်ထမ်းတွေက အထက်လူကြီးတွေကို လုံးဝ အယုံအကြည်မရှိခဲ့ဘူးဖြစ်နေတယ် ဆိုတဲ့ အခြေအနေမှန်ကိုသူမသိခဲ့ပါဘူး...
ရေးထားခဲ့တဲ့ စာတွေထဲမှာလည်း မအေ....နှစ်မ နဲ့ ကိုင်ဆဲ ထားတာလည်း မရှိပါဘူး....ဦးခင်ရီက နေပီးတော့ အဲဒီနေရမှာ ဘာလုပ်လိုက်သ
လဲဆိုယင် အထိမခံ ရွှေပန်းကန် လုပ်လိုက်ပါတယ်...သူ့ကို တိုက်ခိုက်တယ်....ထိခိုက်တယ် လို့ထင်ယင် ဘယ်သူ့ကိုမှ သီးခံ...ခွင့်လွှတ်မှာမဟုတ်
ဘူးဆိုတာကို ဒါကသက်သေပြလိုက်ပါတယ်....ဒါ့အယင်မှာလဲ လ၀က၀န်ကြီး လွှတ်တော်မှာ အရှက်တော်ကွဲလို့ ကျောက်တံခါးမနမရုံးဝန်ထမ်း
တဖွဲ့လုံးကို အရေးယူခဲ့တဲ့ဖြစ်စဉ်ကိုလည်း ရေးသားဖော်ပြခဲ့ပီးဖြစ်လို့ ထပ်မဖော်ပြတော့ပါဘူး...သူ့ရဲ့ အတ္တ မာန်မာန ကိုလာရောက်ထိခိုက်
မယ်ဆိုယင် ဆိုင်ဆိုင်...မဆိုင်ဆိုင်...အပြစ်ရှိရှိ မရှိရှိ သူ့ရဲ့ ၀န်ကြီးဆိုတဲ့ အာဏာကိုကိုင်စွဲပီး အပြစ်ပေးခဲ့တဲ့ သူ့လုပ်ရပ်တွေက သက်သေပြ
ထားခဲ့ပီးလည်းဖြစ်ပါတယ်......သူသုံးစွဲခဲ့တဲ့ IP ADDRESS ကို ဆသ၇ ကနေတဆင့်ဖေါ်ထုတ်ခဲ့ပီးတော့ ဌာနတွှင်း
တစ်ချို့ဝန်ထမ်းတွေ၇ဲ့ အကူအညီနဲ့ေ၇းသားတဲ့သူကိုဖော်ထုတ်နိုင်ခဲ့ လိုက်ပါတယ်....ဖော်ထုတ်ပိးတော့မှ အဲဒီအကောင့်မှာ friend အဖြစ်
လက်ခံထားတဲ့သူတွေရော....အဲဒိမှာ ilke လုပ်ထားခဲ့တဲ့ ၀န်ထမ်းတွေ အားလုံးကို နပတ ၀န်ကြီးရုံးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်....ပြည်သူ့
လွှတ်တော် က စုံခုံဖွဲ့ပီး စုံစမ်းစစ်ဆေးဖေါ်ထုတ်ခဲ့တဲ့ ဆွတ်ဖွား ကိစ္စကြီးကသာ မပေါ်ပေါက်ပဲ အဖျားရှူးသွားခဲ့ပေမယ့် လ၀က၀န်ကြီး
စုံစမ်းဖေါ်ထုတ်ခဲ့တဲ့ CARE TAKER ဆိုတဲ့ အကောင်ကတော့ ပေါ်ပေါက်ခဲ့ပါတယ်....ဆိတ်ဖွားဆိုတဲ့ သူကတော့ အကောင်ကဧရာမကြီး
လွန်းတော့ မပေါ်ပေါက်ခဲ့ပေမယ့်လည်း လ၀က ကအကောင်ကငယ်တယ် ဆိုတော့ ပေါ်ပေါက်ခဲ့ရတယ် လို့ပြောရမှာပေါ့.......အဲဒီအချိန်
က ရာထူးကြီးတဲ့ ဒုညွှန်မှူးအဆင့်တွေပါ အစစ်ဆေးခံခဲ့၇ပါတယ်....အဲဒီအချိန်က စုံခုံအဖွဲ့မှာ ပါခဲ့တဲု့ဝန်ကြိးရဲ့တပည့်ရင်းတယောက်ဖြစ်ခဲ့
တဲ့ ရဲကနေ လ၀က ထဲကို ဒုညွှန်မှူးနဲ့ ပြောင်းလာခဲ့တဲ့ ဗိုလ်မှူးယဉ်ထွေးဆိုတဲ့တစ်ယောက်ကမှ အဆိုးဆိုးပါ....သူ့ဆရာအရင်းခေါက်ခေါက်
ကို ဒီလိုမျိုးရေးရပါ့မလားဆိုပီး အကြီးအကျယ်ပေါက်ကွဲပီးတော့ တရားစွဲမယ်...ဘာလုပ်မယ်နဲ့ တအားကိုချိန်းခြောက်ခဲ့တာ....ကြက်တူရွေးက
တော်တော်....မယ်တော်ကကဲကဲ ဆိုသလိုမျိုးဖြစ်နေတာပေါ့ဗျာ....သခင်အားရ ကျွန်ပါးဝ ဆိုသလိုမျိုးပေါ့....ဒီဖြစ်စဉ်မဖြစ်ခင်လေးမှာ ဘာ
တစ်ခုဖြစ်သေးလဲ ဆိုယင် ၁၉-၈-၂၀၁၃ ရက်နေ့ထုတ် 7 DAILY NEWS ရဲ့ သတင်းစာ အယ်ဒီတာထံပေးစာတွင်ပါရှိသည့် နေမျိုးကျော်စွာရေး
သားသည့် လ၀က ၀န်ကြီးဌာန၏ မူမမှန်သည့်ကြိုးနီစနစ်များ ဆိုတဲ့ပေးစာလည်းထွက်ပေါ်လာခဲ့ပါတယ်....အဲဒိပေးစာပေါ်မှာလည်း ၀န်ကြီး
ဌာန ၀က်ဆိုဒ်ကနေပီး မဟုတ်မမှန်ကြောင်းနှင့် လာရောက်လေ့လာနိုင်ပါကြောင်း..လာရောက်လေ့လာမည်ဆိုပါက
..စားစိရိတ်ကုန်ကျစရိတ်အ၀၀ ကိုတာဝန်ယူသွားမည်ဖြစ်ပါကြောင်း ပြန်လည်ကြော်ငြာခဲ့ပါတယ်....ဒီဖြစ်စဉ်ဖြစ်ပီးမှ facebook ပြသနာတက်ခဲ့
တာပါ.....ဒါကိုဘယ်လိုမျိုးအရေးယူခဲ့သလဲဆိုယင် ရေးသားခဲ့သူ ၀န်ထမ်းအား ရာထူးတိုး(၂)နှစ်ရပ်ဆိုင်းတဲ့ပြစ်ဒဏ်နဲ့ စစ်ကိုင်းတိုင်း...
ဖောင်းပြင်မြို့နယ် ကိုပြောင်းရွှေ့တာဝန်ချထားခဲ့ပါတယ်....သူရေးသားထားခဲ့တဲ့ စာတွေ ကို like လုပ်မိတဲ့ ၀န်ထမ်း(၄) ဦးကိုတော့ ၀န်ကြီး
ရုံး(၄)လတွဲဘက်တာဝန်ချထားတဲ့အပြစ်ဒဏ်ကိုသတ်မှတ်ပေးခဲ့ပါတယ်.....ဘယ့်နှယ်ဗျာ....အရပ်ရပ် နေပြည်တော် တတိုင်းလုံး တပြည်လုံး ကြားလို့မှမတော်....ကြား
လို့မှ မကောင်း ရေးတဲ့သူဝန်ထမ်းနဲ့ like လုပ်မိတဲ့ ၀န်ထမ်းကို ဒီမိုကရေစီလို့ခေါ်တဲ့ အင်တာနက် ခေတ်ကြီး....အားလုံး သူ့ဆန္ဒ...ကိုယ့်
ဆန္ဒ တွေကို ကိုယ့်ယုံကြည်ချက်....သူ့ယုံကြည်ချက်တွေကို ပွင့်လင်း...မြင်သာစွာ ရေးသားဖော်ထုတ်ပြနေခဲ့တဲ့....ယခုလို ခေတ်ခါကြီးထဲမှာ
ဒီလိုမျိုးဝန်ကြီးရဲ့ လုပ်ရပ်ကတော့ လ၀က အစဉ်အဆက်ဆက် သမိုင်းကြောင်းကိုလည်း အရုပ်ဆိုးအကျည်းတန်လွန်းစေခဲ့ပါတယ်...မိမိရဲ့
အတ္တ...မာန်မာန...ဒေါသ...လောဘ..မောဟ တွေကိုပဲ ရှေ့တန်းတင်ထားမှု...ဦးစားပေးမှု တွေကိုပေါ်ပေါက်စေခဲ့ပါတယ်....အင်တာနက်
ခေတ်ကြီးမှာ facebook ကိုစတင် တည်ထောင်သူ မာဇူဘတ်က သာဒီလိုမျိုးဖြစ်စဉ်တွေကိုသာကြားသိခဲ့မယ်ဆိုယင် သူ့ကြောင့်ဆိုပီးတော့
ယူကျုူံးမရဖြစ်နေမှာတော့သေခြာတယ်.....၀န်ကြီးနဲ့ပက်သက်ပီးတော့ ၀န်ထမ်းရေးရာ အရေးယူမှုကိစ္စတွေကိုတော့ မပြောလိုပါဘူး...
ဒီလိုမျိုး အင်တာနက် မီဒီယာ ကိုသုဲံးစွဲခဲ့တဲ့ ၀န်ထမ်းငယ်တွေကို ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဲ့ အရေးယူဆောင်ရွက်ချက်တွေဟာ မိမိလည်ပင်းကို
မိမိကိုယ်တိုင် ကြိုးကွင်းစွပ်သလိုလုပ်ရပ်မျိုးဖြစ်ခဲ့ပီးတော့ မိမိလုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေအတွက် မိမိရဲ့ ဂုဏ်သိက္ခာကို မိမိကိုယ်တိုင်ပဲချခဲ့တဲ့
လုပ်ဆောင်ချက်တွေပဲဖြစ်နေခဲ့ပါတော့တယ်.....ဒီလိုမျိုးဖြစ်စဉ်ဖြစ်ခဲ့ပီးမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေအားလုံးကို ဒီလိုမျိုးဖြစ်စဉ်ကို
အသိပေးအကြောင်းကြားခဲ့ပီး နောက်ထပ်နောက်နောင် ဒီလိုမျိုးရေးသားခြင်း....commemt ပေးခြင်း...likeလုပ်ခြင်း....အထက်လူကြီးများအား
ပြန်လည် ဝေဖန်ခြင်းများပြုလုပ်ပါက ပြင်းထန်စွာ အရေးယူအပြစ်ပေးခြင်းကို ခံရမည်ဖြစ်ကြောင်းကို သိရှိနားလည်ပါကြောင်းကို ၀န်ထမ်းများ
အားလုံး လက်မှတ်ရေးထိုးစေခဲ့ပါတယ်....ပီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မနမတွေအားလုံးကို နေပြည်တော်ကိုခေါ်ယူပီးတော့ အင်တာနက်
ကိစ္စတွေကိုကာကွယ်ဖို့ပြောကြားခဲ့ပါတယ်....ဒါကြောင့်မို့ မြို့နယ်ရုံးတွေဟာ အယင်တုန်းက မီးဘေး စီမံချက်....ရေဘေးစီမံချက်တွေကိုသာ
ရေးဆွဲခဲ့ရပေမယ့်....ဒီဝန်ကြီးလက်ထက်ကျမှ အင်တာနက် ဘေးရန်မှ ကာကွယ်ရေးစီမံချက်ကို ပါ ရေးဆွဲလာခဲ့ရပါတယ်....ဒီလိုမျိုးဝန်ကြီးရဲ့
အရေးယူဆောင်ရွက်မှုတွေဟာ အင်တာနက် မီဒီယာ စာမျက်နှာ အသီးသီးမှာ ပါရှိလာခဲ့ပါတယ်...ဒါကြောင့်မို့ အယင်က သတင်းတွေမှာပါ
လာခဲ့ယင် ၀န်ကြီးဌာနကို လာရောက်ပီးတော့ အချိန်မရွှေး လာရောက်ကြည့်ရှူနိုင်ပါတယ် ..လာရောက်စစ်ဆေးနိုင်ပါတယ်လို့ လ၀က
ဝက်ဆိုဒ်ကနေပီးတော့ ကြွေးကြော် အသံကောင်းဟစ်ခဲ့တဲ့ ဦးခင်ရီဟာ FACEBOOKပေါ်မှာေ၇းသားခဲ့တဲ့ ၀န်ထမ်း(၁)ဦးနဲ့ like လုပ်မိသူ(၄)
ဦးကို အရေးယူအပြစ်ပေးမှုဖြစ်စဉ်ဟာ အင်တာနက် မီဒိယာ ၀က်ဆိုဒ်တွေအားလုံးလိုလိုမှာ ဖော်ပြပါရှိလာခဲ့ပီးတဲ့နောက်..ဒီတစ်ကြိမ်မှာတော့
အရှိုက် ကို လက်သီးနဲ့ အထိုးခံလိုက်ရသလိုမျိုး
ဖြစ်ပီးတော့ မကြွေးကြော်နိုင်တော့ပဲ အားလုံးကို ရေငုံနုတ်ပိတ်ပီးတော့ ခေါင်းငုံ့နေရတော့တာပဲ.....
No comments:
Post a Comment