Thursday, 19 June 2014
လ၀က အပိုင်း(၁၂)
 တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၂)
=========================================
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ
 အပြစ်ပေးခြင်း ခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးများ  အပိုင်း (င)
----------------------------------------------------------------------------------------
 .ကဲပြန်ဆက်မယ်ဗျာ....အဲဒီစုံခုံအဖွဲ့ရဲ့ တင်ပြချက်အရ
 ကျောက်တံခါး မနမရုံးရဲ့ လ/ထလ၀ကမှူး ဦးသောင်းစိန် ကိုတော့ မယူမနေရ အငြိမ်း စားပေ်းလိုက်ပါတယ်......
...ကွင်းဆင်းဆောင်ရွက်ရာမှာပါဝင်ခဲ့တဲ့ မနမ အပါအ၀င် ၀န်ထမ်းအားလုံးကို ရာထူးတိုး ၃ နှစ်ရပ်ဆိုင်းပီးတော့ ဝေးလံခေါင်ဖျားတဲ့
 နေရာတွေဆီကိုပြောင်းရွေ့ပေးခဲ့တယ်....ပီးတော့ အဲဒီ ၃ နှစ်အတွင်းမှာ ၀န်ထမ်းတွေကိုပြောင်းရွှေ့ပေးခြင်းမရှိစေရဆိုပီးပါ သေးတယ်
.....အဲဒီထုတ်ပြန်လိုက်တဲ့ ပြောင်းရွှေ့ အမိန့်စာထဲမှာ မည်သည့်အကြောင်းအရာကြောင့် ရာထူးတိုးရပ်ဆိုင်းနှင့်ပြောင်းရွှေ့ခြင်းဆို တဲ့.
...စာလေးထဲမှာ ရယက က ငွေကျပ် ၂၀၀၀ ဆီကောက်ယူခဲ့ခြင်းကို မိမိ ၀န်ထမ်းများမှ မသိရှိခဲ့ခြင်းကြောင့် ရာထူးတိုးရပ်ဆိုင်းပီးတော့
 ဝေးလံသည့်ဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေလိုက်သည်တဲ့.....ကဲ...အရပ်ကတို့ရေ....ကျော်လို့မှမကောင်း..
...ကြားလို့မှ မတော်တဲ့....ပြစ်မှူနဲ့ပြစ်ဒဏ်ကြီးလေ......မသိလို့ ပဲ ဒီလောက်အပြစ်ဒဏ်ချခံရတာ...သိများသိတယ် လို့ အစစ်ခံလိုက်ယင
် ထောင်တောင်ချ အုံးမလားမသိဘူး.....အဲဒီတုန်းက တစ်ရုံးလုံးမှာ လွတ်သွားတဲ့ သူဆိုလို့ရှိယင် မူဆယ်နကသမှာသွားပီးတာဝန်ထမ်းဆောင်နေ
ခဲ့တဲ့ လ၀ကမှူး တစ်ယောက်ရယ်...ကွင်းဆင်းခဲ့တဲ့ အချိန်မှာ.အဖေ ဆုံးလို့ နယ်ကို ခနပြန်သွားတဲ့ လ၀ကမှူး တစ်ဦးရယ်...
..ကားတိုက်မှူဖြစ်လို့ ခြေထောက် နှစ်ဖက်စလုံးမှာ စတီးရိုးထည့်ထားရလို့ ရုံးစောင့်ဆိုပီးထားခဲ့လို့ ရုံးမှာကျန်ခဲ့တဲ့ ဒု.လ၀ကမှူး
 အမျိုးသမီးတစ်ဦးရယ်....၃ ယောက်ပဲကျန်ခဲ့ ပါတယ်.....၀န်ကြီးရဲ့ လွှတ်တော်မှာ အရှက်ကွဲခဲ့ရတဲ့ ဖြစ်စဉ်ပေါ်မှာ ၀န်ကြီးက
 ဘယ်လောက်တောင်ပေါက်ကွဲခဲ့သလဲဆိုယင် ရုံးစောင့်ကိုတောင် မချန်ခဲ့ပါဘူး...ပြောင်းပစ်ခဲ့ပါတယ်..
...ရုံးစောင့်ဆိုတာ တစ်ရုံးလုံးမှာ ရာထူးအငယ်ဆုံး...လစာလည်း အနိမ့်ဆုံးဝန်ထမ်းတစ်ဦးပါ....အနည်းဆုံး လ/ထလ၀ကမှူး
 တစ်ယောက်ကခိုင်းယင်တောင် သူ့ခမျာလုပ်ရပါတယ်...အဲဒီရုံးစောင့်ကောင်လေးဟာ ရုံးအတွက် အရမ်းကိုမှအားထားရတဲ့
 သူတစ်ဦးဖြစ်ပါတယ်....လူမှူပေါင်းသင်းဆက်ဆံရေးရော....သာသနာရေးကိစ္စတွေမှာရော....ကွန်ပြူတာကိစ္စတွေမှာရော
 အရမ်းကိုစိတ်ချရပါတယ် ကျောက်တံခါးမှာရှိတဲ့ ဌာန ဆိုင်ရာအားလုံးရဲ့လက်စွဲပါ...ကျုပ်တို့ကတိုင်းပြည်တာဝန်တွေကို
 ယူနီဖောင်းဝတ်ပီးတော့ တာဝန်ထမ်းဆောင်နေ ခဲ့ကြတာပါ...အထက်က အမိန့်ပေးယင် ပေးတဲ့အတိုင်းလုပ်ရမှာပဲ.
.အထက်ခေါင်းဆောင်က တက်ဆိုယင် တက်ရမှာပဲ..သူက ဆုတ် ဆိုယင်ုဆုတ်ရမှာပဲ....ကျုပ်တို့က အထက်က အမိန့်ပေးတဲ့
 အတိုင်းဆောင်ရွက်ခဲ့တာပဲ.....အယင်လ၀က ၀န်ကြီးတစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ်စောထွန်း ပြုတ်သွားပီးတဲ့နောက် မှာ လ၀က ၀န်ကြီးဌာန
 တစ်ခုလုံးဟာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ လက်အောက်ကိုကျရောက်ခဲ့ပါတယ်....အဲဒီလိုလက်အောက်ကို ရောက်သွားတဲ့အခါမှာ
 ပြည်ထဲရေးဝန်ကြိးရုံး ရုံးအဖွဲ့မှူး နေမျိုးရဲ့ ဒဏ်ကိုလည်း တော်တော်လေး ခံခဲ့ရပါတယ်....ပြောင်းရွှေ့ချင်တဲ့ဝန်ထမ်း တွေအားလုံးဟာလည်း
သူ့ဆ၊ီကိုဝင်ရတယ်....နောက်ဆုံးအစိုးရသစ် အပြောင်းအရွှေ့ဖြစ်ခါနီးမှာ ရာထူးတိုးတွေနဲ့ လုပ်စားခဲ့ပါတယ်...အဲဒီ အချိန် ကာလ မှာ
 လ၀က ဌာနဟာ ပျက်စီးခဲ့ရပါတယ်.....မူတွေရှိခဲ့ပေမယ့် လူနဲ့ပဲ လုပ်ကိုင်ခဲ့ပါတယ်....လူကိုခင်ယင် မူကိုပြင်တယ်...လူကို မုန်းယင
် မူကိုသုံးတယ်.....အဲဒီအချိန်က ညွှန်ချုပ်လုပ်ပိုင်ခွင့်တွေအားလုံးကိုလည်း ၀န်ကြီးတစ်ဦးတည်းကပဲ အားလုံးကိုချုပ်ကိုင်ထားပါတယ်.
. ၀န်ကြီးမသိပဲ ရုံးစောင့်တောင် ပြောင်းပေးလို့မရပါဘူး...အယင်တုန်းက အပြောင်းအရွှေ့တွေဆိုယင် လ၀ကမှူးနဲ့အောက်ဆိုယင
် ညွှန်ချုပ်အဆင့် ကပြောင်းပေးလို့ရပါတယ်....၀န်ကြီးဆီကိုတင်စရာ မလိုတော့ပါဘူး...ဦးစီးအရာရှိ နှင့်အထက်အပြောင်းအရွှေ့မှ
..အခုလည်း လ၀က၀န်ကြီးဖြစ်လာခဲ့တဲ့ ဦးခင်ရီဟာလည်း ဗိုလ်ချုပ် မောင်ဦးရဲ့ တပည့်ရင်းတစ်ဦးပီပီ ဒီမူတွေကိုဆက်လက်သုံးစွဲခဲ့ပြန်တယ်
....သူမသိပဲနဲ့သူ့ဆီမတင်ပဲနဲ့ ရုံးစောင့်တစ်ယောက်ကိုတောင် ပြောင်းပေးလို့မရပါဘူး....ဒုဝန်ကြီး......ညွှန်ချုပ်..
.တွေကိုလည်း ဘာမှလုပ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်တွေပေးမထားပါဘူး....၀န်ထမ်းတွေအပြောင်း အရွှေ့တင်ထားပိဆိုယင်လည်း
 တစ်ကွဲတစ်ပြားဆီဖြစ်နေကြပီးတော့ စားအိုးကလည်း နှစ်အိုးကွဲ...ရတဲ့လစာလေးတွေနဲ့ကလည်း မလုံလောက်တဲ့.
.သောကစိတ် ဒုက္ခလေးတွေရောက်နေတဲ့ အချိန်မှာ မိသားစု အတူတူပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ကြိုးစားနေခဲ့ကြတာပါ.
..သူတို့လေးတွေအပြောင်း အရွှေ့လေးတွေရဖို့အတွက်စောင့်နေခဲ့ကြတဲ့ သူတို့အဖို့ဟာ တစ်ရက်ဟာလည်း
တစ်ရက်အဖို့သူတို့အတွက်အရမ်းကို တန်ဖိုးရှိပါတယ်... အဲယားကွန်းအခန်းထဲမှာ ဘာမှလိုလေးသေးမရှိအောင်ပြည့်စုံနေသူတစ်ယောက
်အတွက်ကတော့ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်လွန် လွယ်ခဲ့ပေမယ့် သူတို့လေးတွေအတွက်တော့ အရမ်း တန်ဖိုးရှိပါတယ်.
...အစိုးရအနေနဲ့ရော....၀န်ကြီးဌာနတွေကရော နေရေး...ထိုင်ရေး.. စားရေး..သောက်ရေး....သွားရေး..လာရေး အားလုံးကို
 အဆင်ပြေအောင်မလုပ်ပေးနိုင်သေးသရွှေ့မှာကတော့ ဒီလိုမျိုးဝန်ကြီးဌာနတွေအနေနဲ့ ၀န်ထမ်းတွေရဲ့သက်သာချောင်ချိရေး
 တစ်ခုအနေဖြစ် အပြောင်းအရွှေ့ ကိုလျင်လျင်မြန်မြန်လေးဆောင်ရွက်ပေးစေချင်ပါတယ်....ဒီမိုကရေစီအစိုးရ လက်ထက်မှာ
 ဌာနအတွင်းမှာလည်း ဒီမိုကရေစီရရှိဖို့လိုပါတယ်....
No comments:
Post a Comment