တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၈)
==============================================================
ပဲခူးတိုင်း ဦးစီးမှူးရဲ့ ဖြစ်စဉ်မှာ တစမ မှ ဘာမှမဖြစ်လိုက်ပဲ တိုင်ကြားလိုက်တဲ့ ဦးမောင်ကို ကိုပဲ မယူမနေရ အငြိမ်းစားပင်စင်ပေးလိုက်ပီးတဲ့
နောက်ပိုင်းမှာ ကျောက်တံခါးကိစ္စဖြစ်ပွားခဲ့ပါတယ်....ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်နေခဲ့တဲ့ အချိန်မှာ ကျုပ်က နေပြည်တော်မှာရှိနေတော့ ဒီဖြစ်စဉ်
တွေ အားလုံးကိုလည်း သိရှိနေခဲ့ပါတယ်....ဒိဖြစ်စဉ်ပေါ်မှာ ၀န်ကြီးရဲ့ အရေးယူအပြစ်ပေးခြင်းကိုခံလိုက်ရတဲ့ ၀န်ထမ်းမိသားစုတစ်ဦးရေးပိး
တော့ အင်တာနက်ပေါ်မှာ တင်ခဲ့တဲ့ သူ့တို့တွေရဲ့ခံစားချက်တွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ်....ရေးထားတာတွေက ရှည်နေတဲ့
အတွက် ကျုပ်(၂)ပိုင်းခွဲပီးတော့ တင်ပေးလိုက်ပါတယ်....ကျုပ်ကတော့ တင်ထားတဲ့စာလေးတွေကို ဖတ်ပီးတဲ့အချိန်မှာတော့ အရမ်းကိုပဲ
စိတ်မကောင်းတွေဖြစ်မိပီးတော့ သူတို့လေးတွှေအတွက် ကိုပဲ သနားမိပါတယ်....ဒီဖြစ်စဉ်ဟာဘာနဲ့တူသလဲဆိုယင် ကျုပ်တို့ပြောပြောနေခဲ့
တဲ့ စကားပုံလေး တစ်ခုနဲ့တူတယ်ဗျ...."".ကုလားမနိုင် ရခိုင် ကိုမည်း"" ဆိုတာလေ....အခုတော့ ၀န်ကြီးလက်ထက်မှာ ဒီစကားပုံမဟုတ်တော့
ပါဘူး...."".အမတ် မနိုင် တော့ ၀န်ထမ်းတွေကို မည်း"" ဆိုတာပဲလေ....အရပ်စကားနဲ့ပြောရယင် ဟိုဘက်ဒီဘက်စကားများကြတော့ဟိုဘက်ကို
မလုပ်ရတော့ ကိုယ့်ခလေးကို မည်းပီးရိုက်သလိုဖြစ်နေတာလေ...ဒီအဖြစ်မျိုးပါပဲ....အောက်က စာတွေ ကိုဖတ်ပီးမှ အပြင်လူတွေ မသိသေး
တဲ့ အသေးစိတ် အဖြစ် တွေ ကိုကျုပ်ပြောပြမယ်...အဲဒီဝန်ထမ်းတွေကို ဘယ်လိုမျိုး ထိုးကျွှေးလိုက်တယ် ဆိုတာကို.....
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ
အပြစ်ပေးခြင်း ခံလိုက်ရတဲ့ ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးများ အပိုင်း (က)
++++++++++++++++++++++++++++++++++++++++
လ၀က ၀န်ကြီး ဦးခင်ရီရဲ့ လွှတ်တော်မှာ မဟာအရှက်တော်ကွဲခဲ့ရတဲ့အပေါ် ရှက်ရမ်းရမ်းပီးလွဲချော်စွာ အပြစ်ပေးခြင်း ခံလိုက်ရတဲ့
ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်း လေးတွေရဲ့ အကြောင်းကို ပြောပြပါ့မယ်......စိုင်းထီးစိုင် သီချင်းလေး ထဲကလိုပဲ ကြာပီ ဆိုတော့ မေ့
လောက်ပါပီ...စိတ်မှာ ထင်မိတယ် .....ဆိုပေမဲ့ တကယ်တမ်းတော့ မေ့ခဲ့လို့....ပျောက်ခဲ့လို့ မရခဲ့ပါဘူး....ကေ၀ဋ်ပုဏ္ဍား ဟာနဖူးက
အမာရွတ်ကိုမြင် တိုင်း မဟော်သဓာ ကို သတိရသလိုပဲ....ကျုပ်လည်း ဒီဖြစ်ရပ် ...ဖြစ်စဉ်တွေ ကိုပြန်တွေးမိတိုင်းလည်း ကျုပ်တို့ရဲ့
ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ ဘာမှမဆီမဆိုင်ပဲ မြေဇာပင် ဖြစ်ခဲ့ရတဲ့....ပွန်းအရုပ်လေးတွေ မျိုး ထိုးကျွေးခံလိုက်ရတဲ့ ကျုပ်တို့ရဲ့ ဘာမ
ှ ပြန်လည်ပီးတော့ အသနားခံ ရှင်းလင်းတင်ပြခွင့်လည်း မရှိပဲ .......အောက်ခြေရဲ့ အငယ်ဆုံးဝန်ထမ်းလေးတွေရဲ့ မိသားစု ဘ၀ရှေ့
ရေးလေးတွေ အပေါ် တစ်ချက်မှ ထောက်ထားညှာတာမှုမရှိပဲ ကျုပ်တို့ လ၀က ၀န်ကြီးရဲ့ လျွှတ်တော် မှာ မဟာအရှက်တော် ကွဲခဲ့ရတဲ့
ဖြစ်ရပ်လေးမှာ ကုလား မနိုင် ရခိုင် မဲသလိုပဲ....သူနိုင်တဲ့ သူ့လက်အောက် ၀န်ထမ်းလေးတွေအပေါ်မှာ နင်မဟုတ်ယင် ....နင့် အဘပဲ
ဆိုပီးတော့ အငြိုးအတွေး ကြီးစွာ ထားခဲ့ကာ အပြစ်မရှိ ရအောင် ရှာပီး လွဲမှား ချွတ်ချော်စွာ အရေးယူအပြစ်ပေးခံခဲ့ရတဲ့ ကျုပ်တို့ရဲ့
ဖြစ်ရပ်အကြောင်းလေးတွေကို ပြောပြပါ့မယ်.....အခု ကျုပ်ပြောပြမဲ့ အကြောင်းအရာတွေ အားလုံးဟာ အမှန်တရားတွေ ပဲဖြစ်တယ်
ဲ ဆိုတာကိုကြိုပြီးတော့ ရှင်းပြထားချင်ပါ တယ်.....ဒီဇာတ်လမ်းတွေ အားလုံး ကို အဆုံးထိဖတ်ရှူပီးယင် ဖြစ်စဉ်ဖြစ်ရပ်အားလုံး ကို
သဘောပေါက်နားလည် သွားပါလိမ့်မယ်....ဒီစာ ကိုဖတ်ပီးတော့ မှ စာဖတ်ပရိသတ်ကြီး ကပဲ ဘယ်သူက မှားသလဲ....ဘယ်သူက မှန်သလဲ.
....ဒီလိုမျိုး အရေးယူခဲ့တာဟာ နှလုံးသားနဲ့ ဆုံး ဖြတ်ပီး အရေးယူခဲ့တာလား....ဦးနှောက်နဲ့ ဆုံးဖြတ်ပီးတော့ အရေးယူခဲ့တာလား...
.လုပ်ထုံးလုပ်နည်း....ဥပေဒတွေအရ ရော ဘောင်ဝင် သလား.....ဘောင်မ၀၈်ဘူးလား.းအရေးယူခံလိုက်ရတဲ့ပြစ်မှူနဲ့ပြစ်ဒဏ်ရော မျှတရဲ့လား
...ဆိုတာတွေ ကို စာဖတ်ပရိသတ်ကြီးပဲ ဆုံးဖြတ်ပေးပါတော့.....ကဲကျုပ်စပြောတော့မယ်နော်.....ဒီအကြောင်း အရာလေးတွေ ကို မပြောပြခင်.
..ကျောက်တံခါးမြို့လေးအကြောင်းကို အယင်ရှင်းပြပါ့မယ်...ကျောက်တံခါး လို့ဆိုလိုက်တာနဲ့ လူတွေက ရန်ကုန်တိုင်း...ကျောက်တံတား
လို့ သွားထင်ခဲ့ကြလို့ပါ....ပဲခူးတိုင်း (အရှေ့ပိုင်း)က ရန်ကုန်..မန္တလေး ကားလမ်းမဟောင်းလေးပေါ်မှာရှိခဲ့တဲ့ ..
..ညောင်လေးပင်နဲ့ ဖြူးမြို့ကြားလေးက မြို့သေးသေးလေးပါ.. ကျောက်တံခါးမှာဟိန္ဒူဘာသာ ကိုးကွယ်တဲ့ ဂေါ်ရခါးလူမျိုးတွေ
ွ အများဆုံးနေထိုင်ပီးတော့ ဒီမြို့ကို ဖြတ်သွားလိုက်ပီဆိုတာနဲ့ သူတို့ရဲ့အငွေ့ အသက်လေးတွေကို စတင်ခံစားရမှာဖြစ်ပါတယ်..
....မြို့ပေါ်မှာကျတော့ သူတို့ကအများဆုံးပါ.....အဲဒီမြို့မှာ ပဲနွယ်ကုန်း....တောကျွဲအင်း...နဲ့ ဖဒို ဆိုတဲ့ ရွာကြီးတွေရှိပါတယ်....
.အဲဒီရွာကြီးတွေက ကျောက်တံခါးမြို့ထက်တောင် စည်ကားပါသေးတယ်.....ဇာတ်လမ်းလေးမစခင်ဒီမြို့ လေး ရဲ့
ကျေးရွာ အတော်များများရဲ့အနေအထား ကိုကြိုရှင်းပြထားချင်ပါတယ်.....ကျေးးရွာအတော်များများက ဘုန်းကြီးကျောင်းလုတဲ့ပြသနာ
တွေနဲ့ပက်သက်ပီးတော့ ရွာမှာရှိတဲ့ လူတွေလည်း နှစ်ခြမ်းကွဲနေကြပါတယ်.....ဒီဖြစ်စဉ်လေးဖြစ်ပ်ါခဲ့တာဟာ ၃ နှစ်လောက်တော့ကြာခဲ့ပါ ပီ
....လ၀က ၀န်ကြီး ဥှီုးခင်ရီတက်ပီးတော့ ပထမဆုံး နိုင်ငံသားစီမံချက်တွေဖြစ်တဲ့ မိုးပွင့်အဆင့် (၁) စလုပ်တဲ့ အချိန်မှာ ဒိလိုမျိုးပြသာနာ
တက်ခဲ့ရတာပါ.....ကိုင်းလ၀က ၀န်ထမ်းတွေရဲ့ ပဲလှော်ကြားဆားညှပ်တဲ့.....ကြားကနေပီးတော့ ငထွားခါးနားရတဲ့ ဖြစ်စဉ်လေးကစပါပီဗျာ
မိုးပွင့်အဆင့် (၁) စတော့မယ် ဆိုတာနဲ့ စီမံချက်ရေးတင်ရပါတယ်.....အဲဒီအချိန်က ရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ အားလုံးဟာ ကိုယ့်အိတ
် စိုက်ကိုယ်စားပေါ့....ရွာတွေက ကျွေးတာတောင် မစားရဘူး....ဆိုပိးတော့ လူတစ်ယောက် ကို ၆ ကျပ်ကောက်ရမယ် ဆိုပီးတော့ ညွှန်ကြား
ချက်တွေနဲ့ပေါ့.....ဒါပေမဲ့ ကျောက်တံခါးမှာ ကျတော့ စီမံချက်ဆွဲထားတဲ့ အတိုင်း မဆောင်ရွက်နိုင်ဘူး....ဘာလို့လဲ ဆိုတော့ မြေပြင်
အနေအထားအရ ရွာတော်တော်များများဟာ ဘုန်းကြီးကျောင်းနဲ့ပက်သက်ပီးတော့ လူတွေက နှစ်ခြင်းကွဲနေလို့ပဲ....ကွင်းတောင်မဆင်းရ
သေးဘူး....တိုင်တော့မယ် ဆိုပီးတော့ အသံကထွက်နေပီ.....ပီးတော့ ၀န်ကြီးက ဒီလိုစီမံချက် ကွင်းဆင်းလုပ်ပေးမယ်ဆိုတာကိုလာကြည့်
မယ် ဆိုတော့ ကျုပ်တို့က ကားလမ်းမပေါ်လည်းဖြစ်တဲ့.....မြို့နဲ့လည်း ၃.မိုင်..၄ မိုင်လောက်ပဲ ဝေးတဲ့ ရင်းတိုက်ကုန်း ဆိုတဲ့ ရွာလေးကို
ရွေးလိုက်ရတယ်ဗျာ.....ဒီရွာအကြောင်းကိုသိတော့ ဘယ်ဝန်ထမ်းကလည်း မဆင်းချင်ဘူးဗျာ....ဒါပေမဲ့ ၀န်ကြီးလာမယ် ဆိုတော့ မဖြစ်မနေ
ဒီရွာလေး ကို ရွေးလိုက်ရတာပေါ့.....ကျုပ်တို့ လ၀က အဖွဲ့တွေက ကားလမ်းမကြီးရဲ့ ဟိုဘက်ထိပ်မှာ တစ်ယောက် ကိုပိုက်ဆံ ၆ ကျပ်ကောက်
ပိးလုပ်ပေးတယ်.....ရယက အဖွဲ့တွေက ကျန်တဲ့လမ်းရဲ့ တစ်ဘက်ခြမ်းကနေပီးတော့ တစ်ဦးကို နှစ်ထောင်ကျပ်ဆီကောက်ပီးတော့
ဓါတ်ပုံ ရိုက်....မှတ်ပုံတင်...အိမ်ထောင်စုစာရင်းတွေ မိတ္တူကုူးပေါ့ဗျာ.....
No comments:
Post a Comment