Thursday, 19 June 2014

လ၀က အပိုင်း(၁၅)

 တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၁၅)
================================================================
လ၀က ၀န်ကြီးကနေပိးတော့ ကျောက်တံခါးမြို့နယ် ရုံးကို သွားရောက်စစ်ဆေးမယ့် စုံ/ခုံအဖွဲ့ခေါင်းဆောင် ဦးယဉ်ထွေးကို မသွားခင်မှာပြောပြ
လိုက်တဲ့ ပုံပြင်လေး ရဲ့ နာမည်က တော့  "" ကြွက်ထောင်ချောက် "" ဆိုတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ....ပုံပြင်လေးကတော့ ဒီလိုပါ...
တစ်ခါက တောရွာတစ်ရွာမှာ လယ်သမားလင်မယားနှစ်ယောက်ရယ်....ကြွက်တကောင်ရယ်....ကြက်တကောင်ရယ်...၀က်တစ်ကောင်ရယ်...
နွားတစ်ကောင်ရယ်  အတူတူနေခဲ့ကြတယ်.....လက်သမား ရဲ့ မိန်းမ ဖြစ်သူက အဲဒီကြွက်ကို လုံးဝ ကြည့်လို့မရဘူးဖြစ်နေခဲ့တော့ တစ်နေ့
ဈေးကအပြန်မှာ ကြွက် ကိုဖမ်းဖို့ဆိုပီးတော့ ကြွက်ထောင်ချောက်တစ်ခု ၀ယ်လာခဲ့တယ်....အဲဒါမျိုး သူ့ ကိုဖမ်းဖို့ ၀ယ်လာခဲ့တာကို ကြွက်
ကလေး ကမြင်သွားတော့  အိမ်မှာ အတူနေတဲ့ ကြက်ကလေး ကိုသွားပြောတယ်....""ကိုကြီးကြက်....ကိုကြိးကြက်...ကျနော် ကြွက်ထောင်ချောက်
တစ်ခု ၀ယ်လာတာတွေ့တယ်""  ဆိုပီးသွားပြောပြတော့""  ကြက်က ဒီထောင်ချောက်ဟာ ငါနဲ့ မဆိုင်ဘူး....မင်းနဲ့ပဲ ဆိုင်တယ် ""ဆိုပီးပြောလိုက်
တော့  ၀က် ကိုတစ်ခါ သွားပြောပြန်ရောတဲ့....""ကိုကြီးဝက်..ကိုကြီးဝက်  ဟိုမိန်းမကြီး ထောင်ချောက်တစ်ခု ၀ယ်လာတာတွေ့တယ် ""ဆိုလို့ပြော
လည်း "" အဲဒါ ငါနဲ့လည်း မဆိုင်ဘူး...မင်းနဲ့ပဲ ဆိုင်တယ်တဲ့"".....နွားကိုသွားပြောပြန်တော့လည်း ရှေ့အယင်နည်းအတိုင်းပပြန်ပြောလိုက်တယ်
""မင်းနဲ့ပဲ ဆိုင်တယ်...ုငါတို့နဲ့ မဆိုင်ဘူး ""ဆိုပိးတော့....ကြွက်ကလေး က တွေးတယ်တဲ့   သြော်....ဒီထောင်ချောက်က သူတို့နဲ့ မဆိုင်ပဲ လက်
စသတ်တော့ ငါနဲ့ပဲ ဆိုင်ပိးတော့ ငါ့အတွက်ပဲတဲ့.....ဆိုပီးတော့တွေးနေတာပေါ့လေ....ဒါနဲ့ ညကျတော့ မိန်းမကြီးက ကြွက်ထောင်ချောက်
ကိုထောင်ထားပါလေရာ....ညကျတော့ မြွေတစ်ကောင်ကလာပီးတော့ ကြွက် ကိုလာချောင်းတော့ ကံဆိုးစွာနဲ့ ထောင်ချောက်မှာမိနေလေရော
ကြွက်ထောင်ချောက် မိတဲ့ အသံကိုကြားတော့ အဲဒီမိန်းမကြီးက ကြွက် ကိုအရမ်းမုန်းနေတော့ဝမ်းသာအားရနဲ့ ချက်ခြင်းလာကြည့်ပါရော...ညလည်းညဘက်
ကြိး....မမြင်မကန်းနဲ့ သွားကြည့်လိုက်တော့ မြွေက အဲဒီမိန်းမ ကို ကိုက်လိုက်ပါလေရော....ဒါနဲ့ ဒီမိန်းမ မြွေဆိပ် တက်လာတာနဲ့ ဆေးဆရာ
ကိုသွားပြတော့  ဆေးဆရာ က အားရှိအောင် ကြက်စွပ်ပြုတ်တိုက်ပါ ဆိုပီးမှာလိုက်တော့ အိမ်ရောက်တာနဲ့ ကြက်ကိုသတ်လိုက်ပီးတော့
စွပ်ပြုတ်လုပ်ပိး တိုက်ပါလေရော....ဒါပေမဲ့ မြေဆိပ်တက်ပီး သူ့မိန်းမ က သေပါလေရော....ဒါနဲ့လယ်သမားကြီးက အသုဘဖြစ်တော့ လာတဲ့
သူတွေ ကိုကျွေးမွေးဖို့ ဆိုပီးတော့ ၀က်ကိုသတ်ပီးတော့ ကျွေးမွေးပြန်လေရော.....အသုဘ ပီးသွားတော့လည်း အကြွေးတွေ တင်ကျန်ခဲ့
တော့ ကျန်နေတဲ့ နွားတစ်ကောင်ကိုသတ်ပီးတော့ အသားတွေကို ရောင်းလိုက်ရောတဲ့...နောက်ဆုံး အိမ်မှာ ကြွက်တကောင်ပဲ ကျန်ခဲ့လေရော
အဲဒါနဲ့ ကြွက် က သူတို့ရှေ့မှာ ကြက်..၀က်..နွား ( ၃) ကောင်သေသွားတော့  "" ကိုကြီး တို့ပြောတော့ အဲဒိကြွက်ထောင်ချောက်ဟာ ကိုကြီးတို့
နဲ့ မဆိုင်ဘူး ဆို..ညီလေးကြွက်နဲ့ပဲဆိုင်တယ်ဆို...ဆိုင်တယ်ဆိုတဲ့ညီလေးကြွက်ကဘာမှမဖြစ်ပဲ..မဆိုင်တဲ့ ကိုကြီးတို့(၃)ယောက်ကတော့ သေသွားပီ.""...ဆိုင်တယ် ဆိုတဲ့ ကျနော်ကြွက်ကတော့ ဘာမှကိုမဖြစ်ပါလား ဆိုပီး
တွေးနေလေရဲ့.....ဒီမှာ ၀န်ကြီး က မင်းသဘောပေါက်ပီနော်...ဒါဆိုယင် မင်းသွားလို့ရပီ ဆိုပီးတော့  စေလွှတ်လိုက်ပါတယ်..
ဒီပုံပြင်လေး ကိုလည်း နားထောင်ပီးရော ခရိုင်မှူးက ဘာဆက်လုပ်ရတော့မယ် ဆိုတာကို တခါတည်းနားလည်သဘောပေါက်သွားခဲ့ပါတယ်..
ဒါကြောင့် မို့ ရုံးကို ၀င်ရောက်လာတာနဲ့  ၀န်ထမ်းအားလုံးကိုခေါ်ယူတွေ့ပီးတာနဲ့  ပထမ ဆုံးမေးတဲ့မေးခွန်းကတော့ ကဲ ...လွှတ်တော်အမတ်
နဲ့ သွားတွေ့တဲ့ သူတွေ လက်ထောင်   ဆိုတာကနဲ့ စတင်ခဲ့ပီးတော့   စုံခုံဖွဲ့စစ်ဆေးမှုတွေလည်းပီးရော ပြန်ခါနီးမယ့်အချိန်မှာ ၀န်ထမ်းတွေ
အားလုံးကို ပြန်ခေါ်တွေ့ပီးတော့  ၀န်ကြီး သူ့ကိုပြောပြလိုက်တဲ့ ပုံပြင်လေး ကို နောက်ဆုံးပိတ်ပြောကြားခဲ့ပါတယ်....၀န်ထမ်းတွေအားလုံးရဲ့
စိတ်ထဲမှာ....ထင်နေတာတွေက ငါတို့ယူထားတာလည်းမရှိဘူး....ငါတို့မှာအပြစ်လည်း မရှိဘူး ဆိုပိးတော့ ထင်မြင်ယူဆနေတဲ့ အချက်တွေ
ကို ဒိပုံပြင်လေးပြောပြပီးတော့ မဆိုင်ပေမယ့်လည်း....အရေးယူခံရတော့မယ် ဆိုတာကိုနမိတ်ပြ ပြောဆိုပြသွားခဲ့ပါတယ်.....နောက်ဆုံးကျ
တော့လည်း ၀န်ထမ်းတွေအားလုံးဟာ အားမတန်တော့ မာန်လျှော့ပီးတော့ ခြင်းထဲက ကြက်တွေလိုပဲ....အပြင်ထုတ်ယူပီးတော့ အသတ်ခံရ
မယ့် အချိန်ကိုပဲ မျှော်နေရသလို မျိုးဖြစ်ခဲ့ရပီးတော့  သတ်ယင်လည်းသေ...ထားယင်လည်းနေရမှာပဲ ဆိုတဲ့ အတွေးစိတ်ဓါတ်တွေမျိုးနဲ့သာအဆိုး
ဆုံးအတွက် အကောင်းဆုံးကိုကြိုတင်ပြင်ဆင်မျှော်လင့်နေခဲ့ရတာပေါ့....ဒီဖြစ်စဉ်အပေါ်မှာ ဒုဝန်ကြီး....ညွှန်ချုပ်တွေကအစ မြို့နယ်ရုံးဝန်ထမ်း
လေးတွေအပြစ်မရှိမှန်းသိပေမယ့် ဘယ်သူကမှ ၀န်ကြီးကို မတားဆီးရဲခဲ့ပါဘူး....မပြောရဲခဲ့ပါဘူး....ဒီလိုမျိုး  တာဝန်ခံမှု...တာဝန်ယူမှုမရှိတတ်
တဲ့ လူကြီးတွေ အုပ်ချုပ်နေခဲ့တဲ့ ဌာနမှာ ဒီလိုမျိုး အပြစ်မဲ့ တဲ့ ၀န်ထမ်းတွေ ဘယ်လောက်တောင်များ နစ်နာ ဆုံးရှူံးခဲ့ပီလည်းမသိဘူး...ဌာန
တွေမှာလည်း ဒိလိုမျိုး မတရားမှုတွေ ဘယ်လောက်တောင်များဖြစ်နေခဲ့ကြမလဲ....အဲဒိလိုမျိုးဖြစ်ရပ်တွေအပေါ်မှာ   အစိုးရကိုပဲအပြစ်တင်ရမှာ
လား.....မူတွေ မကောင်းခဲ့လို့ လူတွေ မကောင်းခဲ့တာလား ဆိုတဲ့ အတွေးစိတ်ကူးလေးတွေဖြစ်ပေါ်နေယင်းနဲ့ကျုပ်ရင်ထဲ...ကျုပ်အတွေး
တွေထဲမှာ ဒီလိုနေရာမျိုးမှာ ၀န်ကြီးသားသမီးတွေသာ ဒီလိုမျိုးအပြစ်ပေးခံရယင် ဘယ်လိုနေမှာလဲ...ဘယ်လိုခံစားမှာလဲ....ဒီအတိုင်းပဲငြိမ်ခံနေ
မှာလား......ကိုယ်ချင်းစာနာစိတ်...သနားညှာတာစိတ်...မရှိတဲ့ဒီလိုမျိုးလူတွေနဲ့ ဗြဟ္မာစိုးတ၇ား (၄)ပါးဆိုတာကို သိရှိနားမလည်နိုင်ခဲ့တဲ့
ဒီလိုလုမျိုးတွေရဲ့ လက်ထက်မှာ ၀န်ထမ်းဖြစ်ရတာကိုပဲ အပြစ်တင်ရမလား  ဆိုပီး ကျုပ် ကိုယ်ချင်းစာနာစိတ်...သနားညှာတာစိတ်တွေနဲ့ သူတို့
လေးတွေ အားလုံးအဆင်ပြေချောမောခြင်းတွေ ရရှိနိုင်ပစေ လို့ ဆုတောင်းပေးနေမိခဲ့ပါတယ်.....ဒါကြောင့်မို့ဒီနေရာလေးကနေပီးတော့ဝန်
ထမ်းအားလုံးကို သတိပေးချင်တာက ဒီဝန်ကြီးလက်ထက်မှာ ကြွက်ထောင်ချောက် ဆိုတဲ့ ပုံပြင်လေးကိုတော့ အမြဲတမ်း နှလုံးသားလေးထဲမှာ
ုသိမ်းဆည်းထားပီးတော့ အစစအရာရာ ကိုသတိဝိရိယ ထားပီး လုပ်ချင် ...ကိုင်စေချင်ပါတယ်..ဒီပုံပြင်လေးကိုလက်ဆုပ်လက်ကိုင်ထားပီးတော့
ဝန်ကြီးလုပ်ဆောင်နေမှုလေးတွေကိုတွေ့တွေ့နေရလို့ပါပဲ....အထပ်ပါဖြစ်စဉ်နှစ်ခုကိုကြည့်လိုက်မယ်ဆိုယင် တကယ်သက်ဆိုင်တဲ့ တစမ
-၀င်းလွင်က ဘာမှမဖြစ်ပဲနဲ့  မသက်ဆိုင်တဲ့ ကျောက်တံခါးဝန်ထမ်းလေးတွေ ဒုက္ခရောက်သွားတာကိုတွေ့ရလိမ့်မယ်....ကျုပ်ဒီကိစ္စနှစ်ခုဖြစ်စဉ်
နဲ့ပက်သက်ပီး စီမံညွှန်မှူးဖြစ်တဲ့ ဗမက မျိုးမင်းဇောကို ပြောကြည့် ဆိုကြည့်ခဲ့ဘူးပါသေးတယ်.....ဗမက မျိုးမင်းဇော်ဆိုတာကတော့ထွေ
အုပ်ကနေ လ၀က ထဲကိုပြောင်းလာတဲ့ လူရိုး...လူဖြောင့်...လူမှန်ကြီးပါ...၀န်ကြီးကိုလည်း သိပ်ဂရုမစိုက်ပါဘူး...သူကတော့ လ၀ကထဲမှာ
လုပ်စားသွားတာ မရှိပါဘူး...ဒါကြောင့်မို့ဝန်ကြီးကလည်း သူ့ကိုသိပ်မကြည်ပါဘူး...ကျုပ်ကိုသူကဘာပြန်ပြောသလဲဆိုယင်"".ညီလေး..မင်းမသိသေး
တဲ့ အရာတွေအများကြီးရှိပါသေးတယ်ကွာ.ပြန်ပြောပြလို့လည်း မကောင်းပါဘူးကွာ..ဒီဝန်ကြီးလုပ်နေတာ..ကိုင်နေတာတွေက မဟုတ်သေးဘူးကွ..ငါနဲ့တော့ ဘယ်အချိန်ငြိမလဲတော့
မသိဘူး....မငြိခင် အလုပ်ကပဲထွက်သွားတော့မယ်ကွာ"".ဆိုပီးတော့ ကျုပ်ကိုပြောပြခဲ့သေးတယ်...ပီးတော့ ပဲခူးတိုင်းကို တစမ အဖြစ်နဲ့လည်း
ပို့ေ၇ာ အလုပ်ကနေတစ်ခါတည်းထွက်သွားပါတော့တယ်...ဘာကြောင့်လဲ ဆိုတော့ လ၀က ၀န်ထမ်းတွေ
က နေရာတစ်ကာမှာ ကြားညှပ်ခံရလွန်းလို့ပါ....ကျုပ်ဥပမာလေးတစ်ခုပြောပြမယ်....လ၀က ၀န်ကြီးရူး ဦးစောထွန်းလက်ထက်မှာဖြစ်ပွားခဲ့တာ
ပါ.....ဖြစ်တာက တော့ တွံတေးမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တာပါ......အဲဒီအချိန်က ရွာတစ်ရွာမှာကွင်းဆင်းဆောင်ရွက်ပေးရတယ်....လ၀ကတစ်ဖွဲ့
လုံးပါဝင်ပါတယ်.....ရယက ကနေပီးတော့ မှတ်ပုံတင်မရှိဘူး...မကိုင်ရသေးဘူး ဆိုပီးတော့ ထောက်ခံပေးတဲ့သူတွေ အားလုံးကိုလ၀က ကမှတ်
ပုံတင်လုပ်ပေးခဲ့တာပါ....ဒီရွာမှာ ဘာဖြစ်သလဲ ဆိုယင် ရွာသားတစ်ယေက်က လင်ရှိတဲ့ မိန်းမ တယောက်ကိုခိုးပြေးပါလေရော...အဲဒါနဲ့ အဲဒီ
မိန်းမရဲ့ မောင်က နေပီးတော့ ခိုးပြေးတဲ့ သူဟာ မှတ်ပုံတင်နှစ်ခု ကိုင်ထားပါတယ် ဆိုပီးတိုင်ပါလေရော....သူတို့ရဲ့ လူမှုရေး အရှုပ်အရှင်းတွေ
ထဲမှာ လ၀က က ကြားညှပ်ခံခဲ့ရတာကိုပြောပြတာပါ....ဒါနဲ့ပဲ ၀န်ထမ်းတွေက အစစ်ဆေးခံရပီးတော့အဲဒီမှာ သက်ဆိုင်တဲ့ တိုက်နယ်မှူးဖြစ်တဲ့
လ/ထလ၀ကမှူး ကိုအေးခိုင် ကို ရာထူးတိုး( ၅ ) နှစ်ရပ်ဆိုင်းလိုက်ပါတယ်....သူဟာ ဆိုယင် ကိုယ်ပိုင်နံပါတ်..၅  နဲ့ စတဲ့ စီနီယာကြီးတစ်ဦးဖြစ်
ပီးတော့ အခုအချိန်ထိလည်း ရာထူးတိုးတဲ့အထဲလည်းမပါတော့ပါဘူး....လ၀က ကတော့ဘယ်သိနိုင်မလဲဗျာ....ဘယ်သူမှတ်ပုံတင်ရှိတယ်
မရှိသေးဘူးဆိုတာ....နယ်မှာဆိုတော့ ရယက ပြောတဲ့ အတိုင်းလုပ်ပေးရတာလေ...တစ်ချို့ဆိုယင်အထစ စာရင်းတောင်ရှိတာမဟုတ်ဘူး...ဒါ
မျိုး မဆီမဆိုင် ပဲလှော်ကြား ဆားညှပ်ခံရတဲ့အဖြစ်တွေက လ၀က မှာ ခန ခနဖြစ်လွန်းလို့ သတိပေးနေရတာ......

No comments:

Post a Comment