Wednesday, 18 June 2014

လ၀က အပိုင်း(၁)


 တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများ နှင့် အဖျက်ဆီးခံလိုက်ရသော လ၀က       အပိုင်း( ၁ )
 ကျုပ်ဒိစာ လေးတွေ ကိုရေးမယ်....ရေးမယ် ဆိုပီးတော့ စိတ်ကူးထားတာကတော့ ကြာပါပီ....ဒါပေမဲ့ အလုပ်တွေက အရမ်းကိုမှများလွန်း
နေတော့ စာရေးဖို့ကို အချိန်မပေးနိုင်ဘူးဖြစ်နေခဲ့တာ.....အခုတော့ ရတဲ့ အချိန်လေးထဲကပဲ လုပီးတော့ စာရေးလိုက်ရတာပါ...ဒိခေါင်းစဉ်
လေး ကိုတော့ အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ထင်ပါတယ်....ကျုပ်တို့ရဲ့ လ၀က ဌာနကြီးကို ဆဲနေတဲ့သူတွေ...အပြစ်တင်နေခဲ့တဲ့သူတွေ
ကုလားတွေနဲ့ပြသနာသက်တိုင်း လ၀ကကြောင့်ဆိုပီးလက်ညှိုးထိုးနေတဲ့ သူတွေ ကျုပ်ရဲ့ဒီဆောင်းပါးလေးကို ဖတ်ပီးယင် သဘောပေါက်သွား
ကြလိမ့်မယ်....ကျုပ်ရေးမယ့် အကြောင်းအရာတွေအားလုံးဟာ တကယ်လည်းဖြစ်ပျက်ခဲ့ပီးတော့ ကာယကံရှင်တွေလည်း အခုအချိန်ထိရှိ
နေတုန်းပါပဲ....ကျုပ်ဒီစာကို ရေးလိုက်လို့ရှိယင်ုသူတို့ရဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ ဖြစ်သွားနိုင်တယ် ဆိုတာကိုသိပေမဲ့....လ၀ကဌာန..ရဲ့
အကျိုးတရား....သစ္စာတရား ...အမှန်တရားအတွက်ပဲ.....ကျုပ်ရပ်တည်သွားမှာပါ....လူပုဂ္ဂိုလ်တွေဘယ်လောက်ပဲ ထိခိုက်...ထိခိုက်သွား....
ုကျုပ်တို့ ချစ်မြတ်နိုးခဲ့တဲ့ လ၀က ဌာနကြီး  မပျက်စီးပဲ  ကျုပ်တို့ လူမျိုးတွေ ကို ကာကွယ်စောင့်ရှောက်နိုင်မယ့်.....ကျုပ်တို့သက်ရှိနေသရွေ့
လည်း အသက်နဲ့ ထပ်တူထပ်မျှ တန်ဖိုးထားပီး   ကမ္ဘာတည်သရွှေ့....မြန်မာနိုင်ငံကြီးတည်ရှိနေအောင်....ကမ္ဘာတည်သရွှေ့ မြန်မာလူမျိုးတွေ
တည်ရှိနိုင်အောင် ကျုပ်တို့ ငယ်မွေးခြံပေါက် လ၀က ၀န်ထမ်းတွေက သစ္စာတရားအပြည့်နဲ့ ကာကွယ်စောင့်ရှောက်သွားခဲ့မှာပါ...ကျုပ်တို့
မြန်မာနိုင်ငံမှာ လ၀က ဌာနကြီး နာမည်ပျက်အောင် လုပ်ခဲ့...ကိုင်ခဲ့ တဲ့ တရားခံတွေဟာ ဘယ်သူတွေလဲ.... ဘယ်လိုအကြောင်းအရာမျိုးတွေ
က ဒီလိုဖြစ်အောင် ဖန်တီးပေးခဲ့ကြတာလဲ...တရားခံအစစ်အမှန်တွေက ဘယ်သူတွေလဲ ဆိုတာကို ကျုပ်ဒီဆောင်းပါးလေးနဲ့ပဲ မီးမောင်းထိုးပြ
သွားမှာပါ...ကျုပ်က ဒီလ၀က ၀န်ကြီး ဌာန ကို ၁၉၈၃ ခုနှစ်ကတည်းက စတင်ပီး တာဝန်ထမ်းဆောင်နေခဲ့တာပါ....ဆိုရှယ်လစ်ကောင်စီခေတ်
ကစပီးတော့   န၀တ နယက အလယ်   အခုခေတ်အဆုံးအထိ  ကို ရာထူးတာဝန် အမျိုးမျိုးနဲ့ တာဝန်ယူထမ်းဆောင်ခဲ့တဲ့
လုပ်သက်လည်း ရင့်နေခဲ့တဲ့ ၀န်ထမ်းတစ်ဦးလည်းဖြစ်နေခဲ့ပီး...ရှင်ကြီးဝမ်းထဲကိုလည်း ၀င်ခဲ့ဘူးသလို  ရှင်ငယ်ဝမ်းထဲမှာလည်း နေခဲ့
ဘူးပီးပါပီ....စာတွေက အရမ်းရှည်သွားမှာ စိုးလို့ လ၀ကဌာနကြီး စတင် ဖွဲ့စည်းထူထောင်ခဲ့တဲ့ အသေးစိတ်တွေကိုတော့ ကျုပ်မပြောတော့
ပါဘူး....ကျုပ်တို့လ၀ကဌာနကြီးတွေ
ကို အယင်ခေတ်အဆက်ဆက်ကစပီးတော့  နည်းစနစ်တကျ...လုပ်ထုံးလုပ်နည်းတွေ အတိအကျ....ပီဖိုင်တွေကိုလည်းစနစ်တကျဖွဲ့စည်းပီး
တော့ ရှေးအယင်တာဝန်ထမ်းတောင်ခဲ့ကြတဲ့  နောင်တော်...ဆရာသမားတွေက  စနစ်တကျ လုပ်ကိုင်ထားခဲ့တာပါ...လ၀က နဲ့ပက်သက်တဲ့
လုပ်ငန်းတွေ ကိုလည်း အရမ်းကိုကျွင်းကျင်ခဲ့ကြပါတယ်.ဒီအချိန်ဌာနထဲမှာ တပ်ကနေပြောင်းလာတဲ့ သူဆိုလို့ရှိယင်လည်း အရမ်းကိုပဲနည်းပါး
လွန်းပါသေးတယ်...ကျုပ်တို့နိုင်ငံကြီးမှာ  ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပီးတဲ့နောက်  ၁၉၉၀ မှာရွေးကောက်ပွဲလုပ်ဖို့ဆိုပီးတော့ စစ်အစိုးရက
ကျုပ်တို့ ဌာနကြီးကို နိုင်ငံသားစီစစ်ရေးကတ်ပြားတွေကိုစတင်လုပ်ခိုင်းခဲ့ပါတယ်....၃ လထဲမှာအပီး...တစ်ရက်ကိုဘယ်လောက်ပီးရမယ်...မပီး
ယင် မင်းတို့ကိုအရေးယူမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ထွက်ရှိလာတဲ့အခါမှာ အချိန်မှီပီးနိင်ရေးအတွက် ကျုပ်တို့ ဟာလုပ်အားပေးအဖွဲ့တွေ
နဲ့ပေါင်းပီးတော့  စစ်ဆေးဖို့ တောင် အချိန်မယူနိုင်တော့ပဲ ချက်ခြင်းလက်ငင်းထုတ်ပေးခဲ့ရတာပါ....အဲဒီအချိန်မှာ မုတ်ဆိပ်ကြီးနဲ့ကုလား
ကလည်း ဗမာတွေဖြစ်.....နံပါတ်တွေထပ်တာတွေလည်းထပ်....နိုင်၂ ...နိုင်....၄ တွေမှာလည်း ပုံမှန်မဖြည့်နိုင်....လစ်လပ်တာတွေလည်းလစ်
လပ်နဲ့ ဗြဲဗြဲလ၇မ်း ကြီးကိုလုပ်ခဲ့၇တာပါ.....ဒီဖြစ်၇ပ်ဟာ စစ်အစိုး၇တက်လာပီးတဲ့ အချိန်မှာ ပထမ ဆုံး လ၀က ဌာနကြီး ကို အမှားတွေဖြစ်သွား
အောင်.အမည်းစက်တွေဖြစ်သွားအောင်...ပြသနာတွေကိုစတင်မီးမွေးစေခဲ့တဲ့...ယနေ့ထိတိုင်အောင် ဖြေရှင်းလို့ မရနိုင်အောင်ဖြစ်ပွားစေခဲ့တဲ့.
..မပီးနိုင်တော့တဲ့...ပြသနာကြီးတစ်ခုကို စတင်ဖန်တီး မွေးဖွားပေး
စေခဲ့ပီးတော့ လ၀က ဌာနကို နာတာရှည် ရောဂါကြီးတစ်ခုလိုဖြစ်ပွားအောင် စတင်ပေးခဲ့တဲ့ ပထမဆုံးတရားခံနဲ့  ပထမဆုံးအမှားက စစ်အစိုးရ
ပဲဖြစ်ခဲ့ပါတယ်....၁၉၉၀ နောက်ပိုင်းမှာကျတော့  တပ်ကအဖွဲ့တွေ အများကြီး ဟာ လ၀ကဌာနထဲကိုရောက်ရှိလာပီးတော့ ထိပ်ပိုင်းကိုရောက်
ရှိလာပါတယ်....စစ်တပ်ကနေပီးတော့  အသုံးမကျလို့.....အပြစ်ရှိလို့....နာမည်ပျက်တွေရှိလို့.....သုံးစားလို့မရလို့ဆိုပီးတော့ အရပ်ဘက်
ဌာန ကိုလွှဲပေးလိုက်မှတော့  ဒီဌာနကြီးဟာ မပျက်စီးပဲ မခံနိုင်ပါမလား....ရှင်းရှင်းလေးပဲ စဥင်္းစားကြည့်လေ....စစ်တပ်ထဲမှာ မကောင်းလို့
ဆိုပီးတော့ အရပ်ဘက်ကိုလွဲပေးမှတော့ ဒီမောင်က အရပ်ဘက်ရောက်လည်းဆက်ကောင်းပါ့မလား...သူတို့တွေက ညီညွှတ်နေခဲ့တဲ့.လ၀က
ဌာနကြီးရဲ့ ငယ်မွေးခြံပေါက်တွေကို  ဘယ်လိုလုပ်ခဲ့ကြတယ် ...ဘယ်လိုအနိုင်ကျင့်ခဲ့ကြတယ်....ဘယ်လိုသွေးခွဲခဲ့ကြတယ်...ဘယ်လိုနှိပ်စက်
ခဲ့ကြတယ် ဆိုတာကို ကျုပ် အဲဒီ ဗိုလ်ကြီးတစ်ယေက် အကြောင်းကိုပြောပြပီးတော့ ဥပမာပေးသွားမှာပါ.....သူက အစကတော့တပ်မှာ တပ်ကြပ်
ကာယဗလ နည်းပြလေးကနေပီးတော့ ဗိုလ်ကြီးတွေဖြစ်ပီးတော့ ကျုပ်တို့ဌာနထဲကိုလက်/ညွှန်မှူးနဲ့ ရောက်လာခဲ့ပါတယ်....ကျုပ်တို့ဌာနမှာ
အယင်တုန်းက  ဗကနဲ့လာယင် လက်ညွှန်....ဗမ နဲ့ပြောင်းလာယင်....ဒုညွှန်မှူး....ဒုဗမက နဲ့ပြောင်းလာယင်  ညွှန်မှူးဒီလိုမျိုးပေးတာကိုး..ဒါပေ
မဲ့ သူတို့လိုမျိုး အပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ်တွေက  ရာထူးတက်တာ အရမ်းမြန်ပါတယ်....ခုနက ပြောင်းလာတဲ့ လူကို ဗိုလ်ကြီးဒေါင်းလို့
ပဲ အမည်လေး ပေးထားလိုက်မယ်ဗျာ....၁၉၉ရ ခုနှစ်လောက်မှာ...တနင်္သာရီတိုင်း...ထားဝယ်မြို့ကို  တိုင်းဦးစီးဌာနမှူးအဖြစ်နဲ့ စတင်ပြောင်းရွေ့
လာခဲ့ပါတယ်....သူ့အယင်ရှေ့က တစမကတော့ မန္တလေးတိုင်းကနေပြောင်းလာခဲ့တဲ့....ဗိုလ်ကြီး...၀င်းဇော်လား...ဇော်ဝင်းလားတော့ မမှတ်
မိတော့ဘူး....မင်းဒင်ရဲ့ သက်ခိုင် ၀တ္ထူထဲမှာ လည်း သူ့အကြောင်းတွေပါပါတယ်.သိချင်ယင် အဲဒီစာအုပ်ရှာဖတ်ကြည့်လိုက်ပါ...မန္တလေးမှာ အဆောက်အဦးဆောက်လုပ်တဲ့ကိစ္စနဲ့ပက်သက်ပီးတော့ထားဝယ်
ကိုပြောင်းလာရပီးတော့ြ့ပုတ်သွားခဲ့တာပါ....လူပုံက ခပ်ချောချောနဲ့ စကားအပြောအဆိုကအရမ်းကိုမှ မောက်မာရိုင်းစိုင်းပါတယ်...သူပြုတ်သွား
ပီးတဲ့ နောက်မှာ  ဗက ဒေါင်းရောက်လာခဲ့တာပါ....သူက အထက်ကိုဖား...အောက်ဆိုယင် အသေဖိတာပါ....အောက်လက်ဝန်ထမ်းတွေ
နဲ့လည်း လုံးဝ အဆင်မပြေပါဘူး....သူ့ဆီကို အ၀င်အထွက်မလုပ်တဲ့ ၀န်ထမ်းတွေကို ဆိုယင် နည်းအမျိုးမျိုးနဲ့အပြစ်ရှာတယ်....ညစိတယ်...
အငြိုးအတေးကလည်းကြီးပါတယ်....သူကကိုယ့်ဝန်ထမ်းတွေနဲ့သာအဆင်မပြေတာ...စီးပွားရေးသမား လုပ်ငန်းရှင်တွေနဲ့ကျတော့ အရမ်းကို
အဆင်ပြေတာ....စီးပွားရေးသမား လုပ်ငန်းရှင်တွေ ကိုကျတော့ သူက အောက်ကျို့ခံပီးပေါင်းတယ်လေ....လုပ်ငန်းရှင်တွေကလည်း သူ့ကိုအပီ
ပေါင်းပီးတော့ အောက်ဝန်ထမ်းတွေကို ဂရုမစိုက်တော့ပါဘူး...လုပ်ငန်းရှင်နဲ့ ၀န်ထမ်းတွေ ပြသနာတက်တဲ့အခါ ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း
စုံစမ်းမေးမြန်းစစ်ဆေးမှုမရှိပဲ လုပ်ငန်းရှင်တွေဘက်ကပဲရပ်တည်တယ်.....ကိုယ့်ဝန်ထမ်းတွေကိုပြန်နင်းတယ်.....သူနဲ့အဆင်မပြေတဲ့ဝန်ထမ်းတွေ
ဆိုယင် တိုင်းရုံးတွဲပစ်တာတို့....နစက ထည့်လွှတ်တာတို့...ဖောင်ကြီးသင်တန်းထည့်တာတို့  အမြဲလုပ်ခဲ့တာပါ..သူ့လက်ထက်မှာ သုဒဏ်ကို
မခံနိုင်တော့လို့ အလုပ်ထွက်သွားတဲ့ သူတွေလည်းအများကြီးပါ....ထားဝယ်မှာ ငါးဆရာ အောင်ဝင်းဆိုတဲ့ သူဌေးတစ်ယောက်က ဆိုယင်သူ့ကို
အိတ်ကပ်ထဲ ထည့်ထားခဲ့တယ်.....၀န်ထမ်းတွေအားလုံးက သူ့ကို နောက်ကွယ်မှာ ဒုတိုင်းဆိုပီးတော့ နာမည်ပေးထားခဲ့ကြတယ်...နောက်
တိုင်းရုံးတွေကို ထားဝယ် ကနေ မြိတ်ကိုပြောင်းတော့တိုင်းရုံးအသစ်ကိုဆောက်လုပ်တဲ့အခါကျတော့  တိုင်းရုံးလည်းဆောက်လို့ပီးရော..တိုင်းရုံး
နဲ့ မနီးမဝေးတဲ့ လမ်းထိပ်လေးမှာ သူ့ရဲ့နှစ်ထပ်တိုက်လေးလည်း တစ်ခါတည်းပီးသွားခဲ့ပါတယ်....သူ့လက်ထက်မှာဘာတွေလုပ်ခဲ့သလဲဆို
ယင် ဌာနပိုင်တယ်လီဖုန်းနဲ့ ဌာနပိုင် E.2000 ကိုလည်း စီးပွားရေးသမားတွေကိုဌားစားခဲ့ပါတယ်...သူဌားစားထားခဲ့တဲ့ တယ်လီဖုန်း ဘီလ်တွေ
ရဲ့ အကြွေး ကျပ် ၅သိန်းလောက်ကိုလည်းမဆပ်ခဲ့ပဲသူပြောင်းသွားခဲ့တော့.နောက်ရောက်လာခဲ့တဲ့ တိုင်းဦးစီးမှူးအစဉ်အဆက်ကဆပ်ပေးခဲ့
ပီးတော့ ကော့သောင်းခရိုင်အတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ပသျူးလူမျိုးတွေ ကိုလည်း နိုင်ငံသားစီစစ်ရေးကတ်ပြားတွေကိုလည်း
ထုတ်ပေးခဲ့သေးတယ်...သူ့ရဲ့သောက်မြင်ကတ်ပုဒ်မတွေနဲ့ အလှည့်ကျော် ပီး နစက ပို့တဲ့ ကိစ္စတွေနဲ့ ပသျူးလူမျိုးတွေကို နငသကတ်ထုတ်
ပေးမှုတွေအတွက် ဦးစီးရုံးချုပ်ရဲ့ သူ့အပေါ်အမြင့်ဆုံးပေးခဲ့တဲ့ အပြစ်ဒဏ်က မှတ်တမ်းတင် သတိပေးခြင်းဆိုတဲ့ အပြစ်ဒဏ်လေးတစ်ခုတည်းဖြစ်
ခဲ့ပါတယ်...ဒီ.ပသျှူး  လူမျိုးတွေကို ဘယ်တစမ ကမှ နငသကတ်ပြားကိုမထုတ်ပေးခဲ့ပေမယ့် သူ့လက်ထက်မှာ ကျတော့ သူကိုယ်တိုင်ထုတ်
ပေးခဲ့ပါတယ်...ဒီလိုမျိုးထုတ်ပေးခဲ့တဲ့ အကျိုးအမြတ်ဘယ်လောက်ရခဲ့တယ်ဆိုတာကိုတော့ သူကိုယ်တိုင်ပဲအသိဆုံးဖြစ်ခဲ့မှာပါ......
..၀စ်သောက်ကားတွေ ၀ယ်ထောင်ပီးစီးပွား
ရေးလုပ်ခဲ့တယ်.....ဌာန ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာရာထူး..တာဝန်တွေကိုဗန်းပြပီးတော့  စီးပွားရေးသမားတွေနဲ့ပေါင်းပီးတော့ အကြီးအကျယ်
ကို လုပ်စားကိုင်စားခဲ့ပါတယ်...အဲဒီအချိန်က တနင်္သရီတိုင်းဟာ သူ့အတွက် လုပ်စားကိုင်စားလို့ကောင်းခဲ့တဲ့ အကွက်တွေဖြစ်ခဲ့ပီးတော့ သူ့အတွက်
စတင်ပီးတော့ ချမ်းသာကြွယ်ဝမှုတွေနဲ့ စတင်စေခဲ့တာပါ....စီးပွားရေးလုပ်ငန်းရှင်တွေရဲ့လောကထဲမှာတော့ အရမ်း အရမ်းကိုမှ သဘော
ကောင်းတဲ့....အဘဒေါင်း  ဆိုပီးတော့ နာမည်ကြီးခဲ့တာပါ....အောက်လက်ဝန်ထမ်းတွေအဖို့မှာတော့ သူဟာ ၀န်ထမ်းတွေအားလုံးရဲ့ရွံ့ကြောက်
ကြီးဖြစ်ခဲ့ကြရတယ်..အထက်ကိုဆိုယင် အသေဖားပီး...အောက်ဝန်ထမ်းတွေဆိုယင် အသေကိုနှီိပ်ကွပ်ထားခဲ့တဲ့သူဖြစ်ပါတယ်.....သူဟာ
 တနင်္သာရီတိုင်းမှာ ၈ နှစ်လောက် မပြောင်းရွှေ့ပဲ တာဝန် ထမ်းဆောင်ခဲ့ရတာပါ...

No comments:

Post a Comment