Saturday, 21 June 2014

လ၀က အပိုင်း(၃၇)

တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်း(၃၇)
============================================
..အခုပီးခဲ့တဲ့မေလ (၁၇/၁၈) ရက်နေ့မှာ မြန်မာတစ်နိုင်လုံးမှာရှိတဲ့ လ/ထလ၀ကမှူးများ...ဒုလ၀ကမှူးများ ဟာရာထူးတိုးရေးဖြေစာမေးပွဲကို
ဖြေဆိုခဲ့ပြီးဖြစ်ပါသည်...လ၀က ၀န်ကြီးဌာနတွင် စစ်တပ်မှ အရပ်ဘက်သို့ပြောင်းရွှေ့လာခဲ့ကြသော အခွင့်ထူးခံလူတန်းစားတစ်ရပ်
အတွက်သာ ရာထူးတိုးတွေမြန်ဆန်သလောက် အောက်ခြေမှစတက်သော ငယ်မွေးခြံပေါက်လ၀က ၀န်ထမ်းများအတွက်မူ ရာထူးတိုးမြှုင့်မှုကြာ
မြင့်ပါသည်.....အငယ်တန်းဝန်ထမ်းများအတွက် ရာထူးတိုးဖြေဆိုနိုင်ရန် အတွက် အနည်းဆုံး( ၅)နှစ်ခန့်ကြာမြင့်တတ်ပီး လုပ်သက်ဘယ်လောက်
ပဲများများ...  ...စာမေးပွဲဖြေဆိုနိုင်သော်လည်း တဆင့်မြင့်ရာထူးကို ရရှိရန် မလွယ်ကူလှပေ....အဘယ်ကြောင့်ဆိုသော် လ၀က ၀န်ကြီးဌာန၏
ချမှတ်ထားသော မူဝါဒ များကြောင့်ပင်ဖြစ်ပေသည်....ထိုမူဝါဒ များက လူကိုခင်လျှင် မူကိုပြင်သည်....လူကိုမုန်းလျှင် မူကိုသုံးသည် ဆိုသော
မူဝါဒ ကို အမျိုးမျိုးလက်ကိုင်ထားပြောင်းလဲတတ်ခြင်းကြောင့်ပင်ဖြစ်သည်.....အယင် ၀န်ကြီး ဦးစောထွန်းလက်ထက် ဒုတိယညွှန်ချုပ် ဗိုလ်မှူး
ဇော်ထွန်းလက်ထက်တွင်  လ/ထ လ၀ကမှူးမှ ဒုလ၀ကမှူးရာထူးဖြေဆိုခိုင်းရာတွင် ယခင်က ၁၀ တန်းအောင်  ဘွဲ့မရသေးဘူးဆိုလျှင်
 လုပ်သက် (၅) နှစ်ရှိမှ ဖြေဆိုခိုင်းခဲ့သော်လည်း  ၄င်းလက်ထက်တွင် လ/ထလ၀ကမှူးဖြင့်တာဝန်ထမ်းဆောင်လျက်ရှိသည့်
၎င်း၏ညီမဖြစ်သူ (ဘွဲ့မရသေးသည့်သူ)အား ဒုလ၀ကမှူးရာထူးပေးချင်
သည့်အတွက်  ရာထူးတိုးဖြေဆိုခွင့် လုပ်သက်ကို (၂)နှစ်သတ်မှတ်ပေးကာ ဖြေဆိုခိုင်းခဲ့သည့် သာဓကများလည်းရှိခဲ့ဖူးပါသည်....ရာထူး
လုပ်သက် နှစ်ပေါင်းများစွာ ရှိနေသော်လည်း ရာထူးတိုးမရရှိပဲ  ၀န်ထမ်းလုပ်သက် လေးငါးနှစ်လောက်နဲ့လည်း ရာထူးတိုးရရှိသွားသည့်ဖြစ်
စဉ်များလည်း ရှိပါသည်.....ထိုကဲ့ သို့ ရာထူးတိုးများရရှိနိုင်စေရန်အတွက်  ၀န်ထမ်းများတွင် အောက်ဖော်ပြပါ အချက်( ၂ )ချက်ဖြင့်ပြည့်စုံ
နိုင်၇န်လိုအပ်ပါသည်..
         (၁) နောက်ခံ ဘက်ဂရောင်း ...၀ိတ်ရှိရန်လိုအပ်ပါတယ်  ( ဒါမှမဟုတ်ယင်)
         (၂) ပေးနိုင် ကမ်းနိုင်သော ငွေ သိန်းဆယ်ချီပီး ရှိရန်လိုအပ်ပါတယ်
ဒိလိုမျိုး အချက် (၂) ချက် ထဲက တစ်ချက်ချက် နဲ့ပြည့်စုံနိုင်မှသာ လျှင်  ရာထူးတိုးကို လျင်မြန်လွယ်ကူစွာနဲ့ရရှိနိုင်မှာဖြစ်ပါတယ်....လ၀က
-၀န်ကြီးဌာနမှာ ရာထူးတိုးနဲ့ အပြောင်းအရွှေ့ ကိုမှန်မှန်ကန်ကန်လုပ်တယ် ဆိုတာတော့ တစ်ခါမှတော့ မကြားဖူးသေးပါဘူး..ရသွားတဲ့သူ
အများစုဟာလည်း အားလုံးသူ့ရဲ့ သက်ဆိုင်ရာ ပက်သက်ကြောင်း တွေနဲ့ပဲ ရရှိသွားတာမို့ လူကြီးတွေက ငါတို့အမှန်အကန်ပြုလုပ်ပါတယ်
လို့ ဘယ်လောက်ပဲပြောပြော  အောက်-၀န်ထမ်းတွေက ဘယ်လိုမှကို အယုံအကြည်မရှိတော့တာ.....အခုဒီတစ်ခေါက်လုပ်မယ့် ရာထူးတိုး
စာမေးပွဲကိုတော့  အယင်တုန်းကကျင်းပပြုလုပ်ခဲ့တဲ့ ပုံစံမျိုးနဲ့ မပြုလုပ်ပဲ တမူထူးခြားစွာ ကျင်းပပြုလုပ်မယ်လို့ သိရှိရပါတယ်..အယင်တုန်းက
တော့ လုပ်သက်ဘယ်လောက်ပဲရှိရှိ ရေးဖြေ မအောင်ဘူးဆိုယင် အခွင့်အလမ်းအကုန်ဆုံးရှုံးသွားခဲ့ပါတယ်......
 ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ရေး/ဖြေနဲ့ဘဲ မဖြတ်ဘဲ ၀ဖ အမှတ်များ၊
 လုပ်သက်အမှတ်များ၊ ရေး/ဖြေမှ ရရှိသော အမှတ်များ စုပေါင်းပြီး အများဆုံးရရှိသည့် အမှတ်များပေါ် ကြီးစဉ်စီ၍ လူတွေ့
 စစ်ဆေးဆောင်ရွက်မယ်လို့ ပြည်နယ် / တိုင်းဒေသကြီးတွေကို ကြေးနန်းပို့ထားတယ်လို့ သိရတဲ့အတွက် လုပ်သက်ရင့်နေပီဖြစ်တဲ့ ဂျေအိုင်အို..
အိုင်အေအိုကြီးတွေ အတွက် အခွင့်အရေးတွေ အများကြီး ရရှိတော့မှာဖြစ်ပါတယ်....အိုးဆာဗစ်ကြီးတွေဖြစ်တဲ့ သူတို့တွေအတွက် ကျုပ်ဝမ်းလည်း
သာရပါတယ်....ကြည်လည်းကြည်နူးရပါတယ်.....လ၀ကဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့သူတိုင်းဟာ ရာထူးတိုးတစ်ခုဖြေဆိုဖို့ကို နှစ်ပေါင်း
များစွာစောင့်ခဲ့ရပါတယ်....ကျုပ်တွေ့ဘူးခဲ့တဲ့ လ/ထ လ၀ကမှူးတစ်ယောက် ဆိုယင် သူ့လုပ်သက် နှစ်(၂၀)ပြည့်မှပဲ ဒုလ၀ကမှူးရာထူးကို
ရရှိခဲ့ပါတယ်.....လ၀က မှာက စာမေးပွဲရော....လူတွေ့မှာရော ဖြေဆိုနိုင်တယ် .....လုပ်သက်တွေလည်း ငါ့မှာ အများကြီးရှိပါတယ်...ငါတော့
ရာထူးတိုးရလိမ့်မယ်လို့ ထင်မှတ်ထားယင် မှားသွားပါလိမ့်မယ်....ဒီနေရာမှာ လူကြီးတစ်ယောက်ပြောသွားခဲ့တာကို သွားသတိရပါသေးတယ်
မင်းဘယ်လောက်ပဲဖြေနိုင်နိုင်...ငါတို့ပေးမှရမှာပါကွာတဲ့......ရှင်းနေတာပဲ.....ဒါကြောင့် လ၀က မှာ ကံ...ညဏ်...၀ိ၇ိယဟာ အရမ်းအရေး
ကြီးပါတယ်.....ကံကတော့ ထားလိုက်ပါ...လုပ်ယူလို့မရနိုင်တာမို့...ဒါပေမဲ့ ညဏ်နဲ့ ၀ိရိယ ကလုပ်ယူလို့ရပါတယ်.......ကံမခိုင်ပေမယ့်
လည်း....ညဏ်နဲ့ ၀ိရိယ ကူလို့ ရသွားတာတွေလည်း အများကြီးရှိပါတယ်.....နောက်လ၀ကမှာ အယင့် အယင် ၀န်ကြီးတွေတုန်းကတော့
မိန်းကလေး ကိုအလုပ်မခန့်ပါဘူး...ဘာဖြစ်လို့လဲဆိုတော့ ဌာနတွင်းမှာလည်း မိန်းကလေးတွေကများနေပီးတော့ ယောက်ကျားလေးဝန်
ထမ်းတွေကတော့ အလှည့်ကျ နစက ကိုသွားရောက်တာဝန်ထမ်းဆောင်နေရတဲ့ အတွက်  လုပ်ငန်းလိုအပ်ချက်အရ ယောက်ကျားလေးဝန်
ထမ်းတွေကိုပဲ ဦးစားပေးခန့်ထားခဲ့ပါတယ်.....ကျုပ်သိရသလောက် ဟိုးအရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ လ၀က ၀န်ကြီးတွေဟာ လ၀ကမှာ
ဝန်ကြီးသာလုပ်သွားခဲ့ကြတာ....အမျိုးကိုသိပ်မချစ်ကြဘူးဗျ.....အခု လက်ရှိဖြစ်နေတဲ့ ၀န်ကြီးကတော့ အမျိုးကိုအရမ်းချစ်တာဗျ....ဟုတ်
တယ်လေ....လ၀က ဆိုမှတော့ အမျိုးမချစ်ပဲနဲ့ ဘယ်လိုလုပ်ပီး လ၀က တာဝန်တွေ ကိုထမ်းဆောင်နိုင်မလဲ....၀န်ကြီးအစဉ်အဆက်မှာသူ့
လောက် အမျိုးချစ်တဲ့သူကို မတွေ့ဖူးသေးဘူးဗျ....ဒါကြောင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လူရွေးတာ မှန်တယ်လို့ပြောနိုင်တယ်ဗျ....
လူမှန် ....နေရာမှန် ချထားနိုင်ခဲ့လို့ပါဗျာ.......၀န်ကြီးအမျိုးချစ်တာကမှ လက်ဖျားခါရလောက်အောင်ကို ချစ်တာဗျာ.....အမျိုးတွေကိုချစ်လိုက်
တာကမှလည်း တုန်နေအောင်ကိုချစ်တာ  .....သူ့ဘက်/ကိုယ့်ဘက် ကိုမခွဲခြားပါဘူး.....၀န်ကြီးရဲ့ မျိုးချစ်( ဆွေမျိင်္ုးများကိုချစ်တာပြောတာပါ)
မှုတွေကြောင့် မကွေးတိုင်းမှာရှိတဲ့ မိန်းမဘက်က ဘွဲ့ရ ယောက်ကျား/မိန်းမ မှန်သမျှနဲ့ သူ့ဘက်မှာရှိတဲ့ မြောင်းမြက ဘွဲ့ရ ကျား/မ မှန်သမျှ
အားလုံး လ၀က ထဲကို ရောက်ရှိလာပီးတော့ အားလုံးကို ကောင်းတဲ့နေရာတွေချည်း ထားထားပေးလို့ ၀န်ထမ်းတွေရဲ့ ပါးစပ်ဖျားမှာ မိန်းမ
ဘက်က ဆွေမျိုးစုများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မကွေးတိုင်း FC နဲ့ ယောက်ကျားဘက်က အမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထား
သော မြောင်းမြ FC   ဘောအသင်းနှစ်သင်းဟာ ဆိုယင် အခု လ၀က ထဲမှာ အားပြိုင်လျက်ရှိနေပါပီ......ဒါကြောင့်မို့ပြောတာ  လ၀က ၀န်ကြီး
ဆိုတာ မျိုးချစ်စိတ်ဓါတ်ရှိမှ လုပ်လို့ရတာ......မျိုးချစ်စိတ်ဓါတ်မရှိပဲနဲ့ ဘယ်လိုလုပ်ပီး ၀န်ကြီးလုပ်လို့ရမှာလဲ.....သစ်တပင်ကောင်းတော့ ဌက်
တစ်သောင်းနားနိုင်တယ် ဆိုတဲ့ ဆိုရိုးစကားဟာ မှန်ကန်မှုရှိတယ် ဆိုတာကို  ၀န်ကြီးရဲ့ ကောင်းမှုနဲ့ ဌာနတွင်းကိုရောက်ရှိနေခဲ့တဲ့ ဆွေတော်
...မျိုးတော် တကျိပ်တို့က သက်သေပြုပေးထားတယ်လေဗျာ.....ဒါကြောင့်ပြောတာ   ငါပြောသလိုလုပ်...ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့စကားဟာ
အရမ်းမှန်ကန်ခဲ့တာလေ......

No comments:

Post a Comment