တပ်ထွက်ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့် ....အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း( ၂၃ )
================================================================
.သူ့လက်ထက်မှာ ၀န်ထမ်းတွေ အားလုံးလည်း စည်းလုံးမှုရှိပီးတော့ အရမ်းကိုပျော်ကြပါတယ်.....ရှမ်းမြောက်အတွင်း
မှာ ပြည်နယ်ရုံးကနေပီးတော့ တာဝန်ယူဆင်းခိုင်းတဲ့ ဂိတ်ကြီး (၂) ဂိတ်ရှိပါတယ်....ရေပူစစ်ဆေးရေးစခန်းနှင့်...တန့်ယန်းမြို့နယ်အတွင်းမှာ
ရှိတဲ့ တာကော်အက် စစ်ဆေးရေးစခန်းပဲဖြစ်ပါတယ်....အဲဒီလိုမျိုး ဂိတ်ဆင်းဖို့အတွက် သူ့တပည့်..ငါ့တပည့်ခွဲခြားမှုမရှိပဲ တန်းစီဇယားရေး
ဆွဲထားပီးတော့ ခရိုင်ရုံး..မြို့နယ်ရုံးက ၀န်ထမ်းတွေကိုပါ အလှည့်ကျစေလွှတ်ခဲ့ပါတယ်..ဒီလိုမျိုးဆောင်ရွက်ပေးထားတဲ့အတွက် ၀န်ထမ်းတွေ
ဟာ အရမ်းကိုစည်းလုံးညီညွှတ်ပီးတော့ ကိုယ့်ဗိုလ်မှူးကိုလည်း အရမ်းကိုချစ်ခဲ့ကြပါတယ်...တပည့်တွေအားလုံးအဆင်ပြေအောင်ဆိုပီးတော့
ယာဉ်မောင်း...ရုံးစောင့်လေးကိုပါ မကျန် ဂိတ်ကိုတွဲထည့်ပေးပါတယ်.....တပည့်တွေအားလုံးကို မျက်နှာသာပေးမှုမရှိပဲ
အားလုံးကို တပြေးညီအုပ်ချုပ်ပါတယ်....ဂိတ်တာဝန်ကို သွားရောက်တာဝန်ထမ်းဆောင်မယ့် အလှည့်ကျဝန်ထမ်းတွေဟာ ဂိတ်ကိုမသွားခင်မှာ
ပနမ ကိုသွားရောက်သတင်းပို့တဲ့ အခါမှာ ဆောင်ရန်/ရှောင်ရန်တွေ...ကိုယ်လုပ်ရမယ့်တာဝန်ဝတ္တရားတွေ ကိုပြောပိးပိဆိုယင် တပည့်တွေ
အားလုံးကို စကား ( ၃ ) ခွန်းပြောပီးမှာလိုက်ပါတယ်....အဲဒဲီစကား (၃)ခွန်းကတော့ " မင်းတို့ရ မင်းတို့ယူ....ငါ့ကိုတစ်ပြားမှ ပေးစရာမလိုဘူး
....မင်းတို့ဖြစ် မင်းတို့ခံ" ဆိုတဲ့ စကားလေးပါ....ဂိတ်ကပြန်လာလို့ အကျီအ၀တ်အထည်အကောင်းစားတွေ သွားပေးယင် မယူပဲ ၀န်ထမ်း
ငယ်လေးတွေ ကို ဂရုဏာဒေါသော နဲ့ပြောပါတယ်.."..မင်းတို့ မိသားစု....မင်းတို့မိဘတွေ ကိုပေး....ငါ့ကိုလာပေးစရာ မလိုဘူး.ငါ့မှာကအားလုံး
ပြည့်စုံပီးသား..ငါကလူကြိးလုပ်
နေတာ...ပေးစရာရှိယင် ငါက မင်းတို့ကိုပဲ ပြန်ပေးရမှာ...ပြန်ယူသွား"" ဆိုပီး လက်မခံပါဘူး...ယူလာခဲ့တဲ့ အသီးအနှံလေး လောက်ကိုပဲထားခဲ့
ဆိုပီးတော့ ထားခိုင်းခဲ့ပါတယ်..ပီးယင်တော့ ပြည်နယ်ဝင်းအတွင်းမှာရှိနေတဲ့ ၀န်ထမ်းမိသားစုတွေအတွက် လိုက်ဝေခိုင်းပါတယ်..
.ပီးတော့ ၀န်ထမ်းငယ်လေးတွေနဲ့ လက်ဖက်ရည်ဆိုင်တို့မှာ ဆုံတဲ့ အချိန်ကျယင်လည်း အားလုံးအတွက် ကိုသူကပဲရှင်းပေး
သွားပါတယ်...ဘယ်တော့မှ အောက်လူတွေ ကို မရှင်းခိုင်းပါဘူး..အဲဒီအချိန်က..လားရိုှးမှာ ရှိတဲ့ ရေပူစစ်ဆေးရေး(ဂိတ်တစ်ခုလုံးရဲ့အဖွဲ့ခေါင်း
ဆောင်တာဝန်ကို အလှည့်ကျတဲ့တပ်က တပ်ရင်း
မှူးဦးဆောင်ပီးတော့ တစ်လ စီ တာဝန်ထမ်းဆောင်ရပါတယ်..အရပ်ဘက်ဌာနဆိုင်ရာအဖွဲ့အစည်းတွေကတော့တစ်ပတ် တစ်ကြိမ်အဖွဲ့ချိန်း
ရပါတယ်......တစ်ရက်မှာ စီနီယာ တပ်ရင်းမှူး တစ်ယောက် ဂိတ်တာဝန်ကျနေတဲ့ အချိန်မှာ
စစ်တိုင်းက ဂျူနီယာ ဗျူဟာ မှူးတစ်ယောက် က ဂိတ်ကိုလာစစ်ပါတယ်....အဲဒိသူ ဗိုလ်မှူးကြီးဇော်မင်း( ယခုကရင်ပြည်နယ် ၀န်ကြီးချုပ်) ထင်ပါ
တယ်....လာစစ်တော့ စီနီယာ တပ်ရင်းမှူးက ဂိတ်ထဲမှာ နေရာမပေးတော့ ဂိတ်ရဲ့မောင်းတံအပြင်ပဲမှာပဲစစ်ရပါတယ်...အဲဒိအချိန်မှာနှာတင်းပီး
တော့ ထော်လာဂျီတစ်စီးပေါ်မှာ ဖွဲအိတ်တွေနဲ့ဖွက်ပီးသယ်ဆောင်လာခဲ့တဲ့ နှမ်းအိတ်တွေကို ဖမ်းဆီးလိုက်ပါတယ်....ပီးတော့ စစ်ချက်တွေ
ယူပီးတော့ တိုင်းကိုတင်တော့ တိုင်းမှူးဗိုလ်ချုပ်မြင့်လွင်က အမှုဖွင့်အရေးယူဖို့ညွှန်ကြားပါတယ်....အဲဒိစစ်တိုင်းမှူးက တစ်ခုခုဖြစ်ပီဆိုယင်
အချုပ်ထဲထည့် ...တရားစွဲ ပဲအမြဲလုပ်ပါတယ်....ရှေ့မှာ လည်း အဲဒီလိုမျိုးဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်..ဖြစ်ရတဲ့ဖြစ်စဉ်တွေကလည်းသူတို့
စစ်တပ်အချင်းချင်း စားခွက်လုရာနေရာကနေပီးတော့ ကြားထဲကဌာနဆိုင်ရာတွေက ပဲလှော်ကြားဆားညှပ်ခံခဲ့ရတာပါ....ဘာပြသနာပဲဖြစ်ဖြစ်
တပ်ကတော့ဘာမှမဖြစ်ဘူးလေ....ဖြစ်လိုက်ယင်လည်း အရပ်ဘက် ဌာန ဆိုင်ရာ ၀န်ထမ်းတွေချည်းပဲ ခံရတာချည်းပဲ....အဲဒီအချိန်မှာ ပြည်နယ်ရုံးက
ဒုလ၀ကမှူး ဦးတင်လှကြည် (ယခုလ၀ကမှူး) ဦးစီးပီးတော့ ၀န်ထမ်း (၄)ဦးပေါင်း ( ၅) ဦးတာဝန်ထမ်းဆောင်နေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်....ရေပူစစ်ဆေး
ရေး ဂိတ်မှာ က အဖွဲ့စုံ တာဝန်ထမ်းဆောင်နေကြတာပါ....ဒီလိုမျိုး တိုင်းမှူးကနေပီးတော့ အဖွဲ့စုံကို တရားစွဲခိုင်းတယ်ဆိုတာကိုကြားတော့
ပြည်နယ်ရုံးမှာရှိတဲ့ ၀န်ထမ်းတွေ အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်.... ဗိုလ်မှူးထွန်းထွန်းစိုးဟာ အဲဒီအချိန်တုန်းက ဆိုယင်
ပြည်နယ်အတွင်းမှာရှိတဲ့ စစ်တိုင်း...စရဖ....အက်စ်ဘီ ...ပယက...ခယက ရှိတဲ့အဖွဲ့အစည်းများအားလုံးနဲ့ အဆင်ပြေအောင်ပေါင်းသင်းသွား
နိုင်ပီး အားလုံးနဲ့လည်း ရင်းနီးခင်မင်ခဲ့ကြပါတယ်.....ပြည်နယ်အတွင်းမှာ တစ်ခုခုဖြစ်လာပီဆိုယင် လည်း ဗိုလ်မှူး မျက်နှာ ကိုထောက်ထားပီး
တော့ လာပြောပြကြပါတယ်....အဲဒိတုန်းက ဗိုလ်မှူး နဲ့ အခင်ဆုံး ဆိုတဲ့တစ်ယောက်ကိုပြောပြရမယ်ဆိုယင် ခယက ဥက္ကဌလုပ်သွားခဲ့တဲ့
ဒုတိယဗိုလ်မှူးကြီးကျော်ရွှေဖြစ်ပါတယ်....သူဟာ လ၀က ထဲကို ညွှန်မှူးအဖြစ်နဲ့ပြောင်းလာခဲ့ပီးတော့ ၀န်ကြီးရုံးမှာ ဒုရုံးအဖွဲ့မှူးလုပ်သွား
ပီးတော့ ဗိုလ်ချုပ်မြင့်လွင်ပြန်ခေါ်လိုက်လို့ လယ်/စိုက် ၀န်ကြီးဌာန ကိုပြန်ပြောင်းသွားခဲ့ပါတယ်....ဗိုလ်ချုပ်မြင့်လွင်ကလည်း သူ့ကိုဆိုယင်
အရမ်းကိုယုံကြည်မှုရှိပီးတော့ လုပ်တာ..ကိုင်တာ တွေကို သဘောကျခဲ့ပါတယ်.....အဲဒီအချိန်မှာ ပြည်နယ်ရုံးမှာ ဘာတွေဖြစ်နေပီလဲဆိုယင်
ရဲစခန်းကလည်း ဖုန်း တဂွမ်ဂွမ် ဆက်ပီးတော့ ဂိတ်တာဝန်ကျ ၀န်ထမ်းတွေ ကို ရဲစခန်းမှာ လာအပ်ပေးဖို့တောင်းဆိုနေခဲ့ပါပီ....
No comments:
Post a Comment