တပ်ထွက် ကြောင်ခံတွင်းပျက်....ဆက်ရက်တောင်ပံကျိုးများနှင့်အဖျက်ဆီးခံလိုက်ရသော လ၀က....အပိုင်း(၄၁)
===========================================
လ၀က ၀န်ကြီး ဦးခင်ရီမှ FACEBOOK ပေါ်တွင် ရင်ဖွင့်ရေးသားသူ ၀န်ထမ်းနှင့် LIKE ပြုလုပ်မိသူ ၀န်ထမ်းငယ်(၄)ဦးတို့အား အရေးယူအပြစ်
ပေးခဲ့ပီးသည့်နောက် တစ်နိုင်ငံလုံးရှိ ၀န်ထမ်းများအားလည်း ထိုဖြစ်စဉ်နှင့်ပက်သက်ပီး သိရှိကြောင်းလက်မှတ်ရေးထိုးခိုင်းခဲ့ကာ အထက်လူ
ကြီးများအား ဝေဖန်ခြင်း...ရေးသားခြင်း....commemt များရေးသားခြင်း...ပြုမူပြောဆိုခြင်းများ...LIKE လုပ်ခြင်းများပြုလုပ်ပါကပြုလုပ်သူဝန်
ထမ်းများ အား နောက်တစ်
ကြိမ် ထပ်မံဖြစ်ပွားခဲ့ပါက ၀န်ထမ်း စည်းမျဉ်းစည်းကမ်းများအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားချက်နှင့်ပက်သက်ပီး ထိုစဉ်က
အင်တာနက် ၀က်ဆိုဒ် သတင်းဌာနများတွင် ဖော်ပြပါရှိခဲ့သည့် ရဲနီ နေ၀န်း ကျော်စွာ ၏ ၀န်ကြီးထံသို့အိတ်ဖွင့်ပေးစာ အား သိရှိနိုင်ပါရန်
ထပ်မံ ဖော်ပြပေးလိုက်ပါသည်......
သို့
ဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
နေပြည်တော်
အကြောင်းအရာ......... ၀န်ထမ်းများအားလုံး၏ ကိုယ်စား အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း ရက်စွဲ(၂၆-၄-၂၀၁၄)
(၁) ယခုကျရောက်ပြီးစီးခဲ့ပြီးဖြစ်သည့် မြန်မာ နှစ်သစ်ကူးလေးမှအစပြုပီး လ၀က ၀န်ထမ်းများအားလုံး၏ မိဘသဖွယ် ယုံကြည်လေး
စား အားကိုးထိုက်ပါသော ၀န်ကြီးအား နှစ်သစ်မှာ ဘေးရန်ခပ်သိမ်း အပေါင်းမှ ကင်းဝေး လွတ်ကင်း ငြိမ်းအေးပီးတော့ နှလုံးစိတ်ဝမ်း
အေးချမ်းမြေ့စွာနဲ့ ကိုယ်၏ကျန်းမာခြင်း....စိတ်၏ချမ်းသာခြင်းတွေ များစွာနဲ့ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပီး သွားလမ်းသာလို့ လာ
လမ်းလည်းဖြောင့်စေကာ စိတ်သွားတိုင်းလည်း ကိုယ်ပါပီး ရေလိုအေးလို့ ပန်းလိုလည်းမွှေးစေကာ လိုရာဆန္ဒတွေအားလုံးလည်းပြည့်ဝစေ
ပီး ဆင်းရဲ့ နှင့် ငရဲမှ လည်း လွတ်မြောက်ကင်းဝေးစေပြီး ငြိမ်းချမ်းမှု...အေးချမ်းမှု ....သာယာမှုတွေအပေါင်းနဲ့ တစ်လုံးတည်းပြည့်ဝစေ
ပီး ငြိမ်းချမ်းမှုအပေါင်း သရဖူဆောင်းနိုင်ကာ တိုင်းပြည်၏ တာဝန် ၀တ္တရားများကို အားကြိုးမာန်တက် ထမ်းရွက်ဆောင်ရွက်နိုင်ပါစေကြောင်း
ဆုတောင်းပေးလိုက်ယင်း နုတ်ခွန်းဆက် ဂါရ၀ ပြုသအပ်ပါသည်.....
(၂ ) စစ်အစိုးရလက်ထက်မှ ဒီမိုကရေစီ အစိုးရအဖွဲ့သစ် သို့အသွင်ကူးပြောင်းပိးသည့် အခါသမယတွင် ပထမဆုံးသော လ၀က၀န်ကြီး
အဖြစ် တာဝန်ယူ ထမ်းရွက်ခဲ့သော လ၀က ၀န်ကြီးအား ၀န်ထမ်းမိသားစုများအားလုံးမှလည်း မျှော်လင့်တကြီး အားကိုးမျော်လင့်ခဲ့ကြပါ
သည်.....ယခင်စစ်အစိုးရလက်ထက်တွင် တာဝန်ယူခဲ့ကြသော လ၀က ၀န်ကြီးများ၏ ပရမ်းပတာ လုပ်ဆောင်မှုများ....မညီမျှသည့် အုပ်ချုပ်
မှုများ....ဘက်လိုက်ဆောင်ရွက်မှုများ.....နှင့် အပြောင်းအရွှေ့များတွင်လည်း ပေးနိုင်...ကမ်းနိုင်သည့်သူများသာလျှင် နေရာကောင်းများသို့
ပေးပို့စေလွှတ်မှုများနှင့် ကြီးနိုင်ငယ်ညှင်းဖြစ်နေသည့် အချိန်အခါတွင် လ၀က ၀န်ကြီးအဖြစ် ဦးခင်ရီအား ခန့်အပ်တာဝန်ပေးအပ်လိုက်
ကြောင်း သတင်းကို ကြားသိလိုက်ရသည့် အချိန်တွင် မိမိတို့လ၀က ၀န်ထမ်းများအားလုံး၏ နှလုံးသားများတွင် မှောင်မိုက်နေသည့်အချိန်
အခါတွင် ကောင်းကင်မှ လမင်းကြီးပေါ်ထွန်းလာသကဲ့သို့ ရွှင်လန်း...၀မ်းမြောက်..အားရ...ကျေနပ်...နှစ်သိမ့် ခံစားရခြင်းများစွာလည်းဖြစ်
ပေါ်လာခဲ့ကြရပါသည်...အယင်ကဖြစ်ပေါ်နေခဲ့သည့် မတရားသော ပြုမူလုပ်ဆောင်နေမှုများအားလုံးသည် လ၀က ၀န်ကြီးဥိးခင်ရီ၏လက်
ထက်တွင် ချုပ်ငြိမ်း...ပျောက်ကွယ် သွားခဲ့တော့မည်ဖြစ်ပီး တရားမျှုတသော...ညီမျှသော...ဘက်လိုက်မှုမရှိသော....မှန်ကန်သော....သမာ
သမတ်ရှိသော....ဖြစ်စဉ်များသာ လ၀က ၀န်ကြီးဌာနတွင် ပေါ်ထွန်းလာတော့မည်ဟု အားလုံးမှအားကိုးတစ်ကြီး မျှော်လင့် ထားခဲ့ကြပါသည်....
(၃ ) ၀န်ကြီးမှလည်း လ၀က ကိုရောက်ရှိလာသည်နှင့်တပြိုင်နက် ပြုပြင်ပြောင်းလဲလာမှုများကို ချက်ခြင်းစတင်လုပ်ဆောင်
ပေးခဲ့ပါသည်....ယူနီဖောင်းများကို တပြေးညီသတ်မှတ်ပေးခြင်း...တံဆိပ်ရင်ထိုးများ.....ခန့်ညားထည်ဝါအောင်ပြုလုပ်ပေးခြင်း...ဆောင်ပုဒ်
များသတ်မှတ်ပေးခြင်း ....စည်းကမ်းပိုင်းဆိုင်ရာများကိုပြုပြင်ပေးခြင်း .၀န်ထမ်းများမျှော်လင့်တောင့်တနေသည့် အဆင့်စုံရာထူးတိုးစာမေးပွဲ
များပြုလုပ်ပေးပီး ရာထူးတိုးမြှင့်ပေးခြင်း....အစရှိသဖြင့်.ဌာန၏လိုအပ်နေသည့် ပျော့ကွက်..ဟာကွက်များမရှိစေပဲ ဒေါင်ဒေါင်
မြည်တောင့်တင်းစေသည့် ....ပြည့်စုံစေမည့်လ၀ကဌာနကြီးတစ်ခုအဖြစ်ရပ်တည်နိုင်စေရေးအတွက် အားကြိုးမာန်တက် အားတက်သရော
ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို မျက်ဝါးဝါး ထင်ထင် တွေ့ရှိခဲ့ရပီး ၀မ်းမြောက် ၀မ်းသာစွာဖြင့် ပီတိများစွာနဲ့ ဂုဏ်ယူဝမ်းမြောက်ခဲ့၇ပါသည်...
ထို့အပြင် ပြည်သူများ မပင်မပန်းပဲ လွယ်ကူချောမွေ့စွာဖြင့် အဆင်ပြေပြေ အခက်အခဲ မရှိပဲ နိုင်ငံသားစီစစ်ရေးကတ်ပြားများ လက်ဝယ်အ
ရောက် ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် မိုးပွင့်စီမံချက် အဆင့်ဆင့် ကိုလည်းကောင်း.....အိမ်တိုင်ယာရောက်စနစ် ( DOOR TO DOOR )
စီမံချက်များကို လည်းကောင်း ၀န်ကြီး၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ၀န်ထမ်းများအားလုံးမှ အောင်မြင်အောင် အကောင်ထည်ဖော်
ပေးနိုင်ခဲ့ပါသည်.....ယခုနောက်ဆုံး မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၃၀)ကြာမှ တစ်ခါကောက်ယူခဲ့သည့် သန်းခေါင်စားရင်းကောက်ယူခြင်း
လုပ်ငန်းကြီးအားလည်း တစ်နိုင်ငံလုံးရှိ ၀န်ထမ်းများအားလုံးမှ မခိုမကပ် မငြင်းမငြူပဲ အားကြိုးမာန်တက် စိတ်ရောကိုယ်ပါစွမ်းစွမ်းတမံ
နေ့မနား ညမအားပဲ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သည့်အတွက် အောင်မြင်ပိးဖြစ်ခဲ့ပါသည်.....
(၄) ထိုကဲ့သို့ လ၀က ၀န်ကြီး၏ ခိုင်းစေ တာဝန်ပေးအပ်မှုများအား ၀န်ထမ်းများအားလုံးမှ ကျွေပြွန်အောင်ဆောင်ရွက်ပေးနိုင်ခဲ့
သော်လည်း တစ်ချို့သော ကိစ္စရပ်များတွင် ၀န်ကြီးမှ အောက်လက် ၀န်ထမ်းများအပေါ်တွင် တာဝန်ယူ...တာဝန်ခံမှုမရှိပဲ လစ်လှူရှုပီးတာ
ဝန်ကျေပြွန်မှုမရှိကြောင်းကို စိတ်မကောင်းဖွယ်ရာ တွေ့မြင် ခဲ့ရပါသည်....သားသမီးများအားလုံးက မိဘအပေါ် တာဝန်ကျေပြွန်ခဲ့သော်လည်း
မိဘ များက သားသမီးများအပေါ် တာဝန်ကျေပြွန်မှု မရှိသလို ခံစားခဲ့ရပါသည်....၀န်ကြီးမှ လ၀က တွင်းသို့ပြောင်းရွှေ့ရောက်ရှိလာပီး လ၀က
ဝန်ကြီးဌာနအတွင်း အားလုံးစိတ်ဝင်တစားရှိခဲ့သည့် အဓိက ဖြစ်စဉ်ကြီး ( ၃) ရပ်ရှိခဲ့ပါသည်....ပဲခူးတိုင်း တိုင်းဦးစီးမှူးအား လ/ထလ၀ကမှူးတစ်ဦးမှ
တိုင်ကြားခဲ့သည့် ဖြစ်စဉ်(အစ)မှ ကျောက်တံခါးမြို့နယ်ရုးံဝန်ထမ်းများအား လွဲမှားစွာ အရေးယူအပြစ်ပေးခြင်းဖြစ်စဉ်( အလယ်)နှင့် အင်တာနက်
FACEBOOK ပေါ်တွင် ၇င်ဖွင့်ေ၇းသားခဲ့သည့် လ၀က ၀န်ထမ်း(၁)ဦးနှင့် LIKE လုပ်မိသည့် ၀န်ထမ်း ( ၄ ) ဦး စုစုပေါင်း ( ၅ )ဦးအား အရေးယူ
အပြစ်ပေးခြင်း( အဆုံး) ဟူရ်ျ ဖြစ်စဉ် သုံးရပ်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်....ကျန်သည့်ဖြစ်စဉ်နှစ်ရပ်အား မိမိဝန်ထမ်းများမှ မည်သို့မှ
မပြော ဆိုလို...မဝေဖန်လိုသော်လည်း နောက်ဆုံးဖြစ်စဉ်နဲ့ပက်သက်လို့တော့ ပြောပြလိုပါသည်.....
(၅ ) ယခင် စစ်အစိုးရလက်ထက်တွင် အရာရာအားလုံးကိုချုပ်ကိုင်ထားပီး အကြောက်တရားဖြင့် အုပ်ချုပ်ထားသည့်အတွက် မည်သူ
တစ်ဦးမျှ ပွင့်လင်းစွာ ပြောကြားခြင်း....ရင်ဖွင့်ခြင်း...ရေးသားခြင်းများမပြုလုပ်ရဲပဲ ဒီမိုကရေစီအစိုးရဖြစ်လာသည့်နောက်ပိုင်းတွင် ပွင့်ပွင့်လင်း
လင်းရေးသားခြင်း...ပြောဆိုခြင်းများ...ဝေဖန်ခြင်းများဖြင့် ယခင်က မပြောခဲ့...မဆိုခဲ့ မရေးခဲ့ရသည်များကို ရင်ဖွင့်လာခဲ့သည်မှာ မိမိဌာန
တစ်ခုတည်းမဟုတ်ပဲ ဌာနတိုင်းတိုင်းလိုလိုပင်ဖြစ်ပါသည်....အမြင့်ဆုံးကိုရောက်နေသူတစ်ဦးအဖို့ လေတိုက်ခံရမှာ သေခြာနေပီဖြစ်ပီး အပြစ်
တင်မှု..ဝေဖန်မှု...ဆဲဆိုခံရမှု...ရေးသားမှု များကို ခံရမည်မှာလည်း ဓမ္မတာပင်ဖြစ်ပေသည်....ကောင်းတာ ကိုလည်းကောင်းတယ်လို့လက်ခံ
နိုင်ရမှာဖြစ်သလို ဆိုးတာကိုလည်း ဆိုးတယ်လို့ လက်ခံပေးနိုင်ရမှာဖြစ်ပါသည်....ပုထုဇဉ် လုသားများပီပီ မည်သူကမျှ အမှားမကင်းနိုင်ပါ...
မမှားသော ရှေ့နေ ....မသေသော ဆေးသမား ဆိုတာ လောကမှာမရှိသလို အလုပ်လုပ်နေသူများအဖို့အတွက်လည်း အမှားဆိုတာ အမြဲတမ်းဒွန်
တွဲနေတာပါ.....အမှားဆိုတာမှာလည်း စေတနာပါသော အမှား နဲ့ တမင်လုပ်တဲ့ အမှား ဆိုတာ လည်း နှစ်ခုရှိပါတယ်....တမင်လုပ်တဲ့ အမှား
ကိုတော့ ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးပီးတော့ အလုပ်လုပ်ယင်းနဲ့ စေတနာနဲ့ မှားတာကိုတော့ နားလည်ခွင့်လွှတ်ပေးနိုင်ရမှာဖြစ်ပါ
တယ်....ယခုလိုမျိုး ပွင့်လင်းမြင်သာလာသည့်ခေတ်ကြီးထဲတွင် ယခင်စစ်အစိုးရလိုမျိုး အရာရာ ကိုသွားရောက်ချုပ်တည်းဟန့်တားထားလို့ရနိုင်
မည် မဟုတ်ကြောင်းကို လည်း သိရှိနားလည် ထားရန်လိုအပ်ပါသည်....မိမိနှင့်ပက်သက်ပီး ကောင်းတာပဲပြောပြော...ဆိုးတာပဲပြောပြောခံနိုင်ရည်
ရှိဖို့လိုအပ်ပါသည်....
(၆) ထိုကဲ့သို့ အင်တာနက် FACEBOOK ပေါ်တွင် ပါရှိသည့်ကိစ္စနောက်ပိုင်းများတွင် ၀န်ထမ်းများအားလုံးအား လက်မှတ်ထိုးခိုင်း
ခြင်း...လူကြီးများအား ဝေဖန်ခြင်းများမပြုလုပ်ရန် ညကခြင်းများဖြင့် ၀န်ထမ်းများအား ထိန်းချုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်မှုအားလည်းတွေ့
ရှိလာရပါသည်.."..သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည် "ဆိုသော ဆိုရိုးစကားအားသိရှိနားလည် ထားရန် လိုအပ်ပါသည်...
မသွားနှင့်ဆိုလျင် သွားချင်သည်....မစားရဆိုလျှင် စားချင်သည် မလုပ်ရ ဆိုလျှင် လုပ်ချင်သည့် လူ၏ သဘောသဘာဝ ကိုလည်း သိရှိနား
လည် ထားရန် လိုအပ်ပါသည်....ထိုကဲ့ သို့အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်ထားသည့်အတွက် မိမိအတွင်းစည်းပေါက်ထွက်
သွားပီး မလိုလားအပ်သည့်ဖြစ်စဉ်များဖြစ်ပွားလာနိုင်ကြောင်းကိုလည်း သီရှိထားရန် လိုအပ်ပါသည်....မိမိတို့၏အတွင်းရေး ကိစ္စများအား မိမိ
တို့မှလွဲပီးအပြင်လူများ မသိရှိနိုင်ပါ....ကောင်းသတင်းများမဟုတ်ပဲ အင်တာနက် စာမျက်နှာများပေါ်တွင် မကြာခဏ ရေးသား ပြောဆိုခံနေရသည့်
မိမိတို့အတွင်းရေးများကြောင့်ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသော ဦးစီးဌာနတစ်ခုအတွက် ပြည်သူများ၏ အမြင်စောင်းမှုများ/
အထင်အမြင်လွဲမှုများဖြစ်ပေါ်လာစေနိုင်ပါသည်...ထိုသို့ထွက်ပေါ်လာခြင်းများသည် ဖိနှိပ်မှုများအပေါ် တုန့်ပြန်ထွက်ရှိလာသည့်
တန်ပြန်သက်ရောက်မှုများ ပင်ဖြစ်နိုင်သည်ဟုယူဆရပါသည်......
(၇ ) မိမိအတွင်းစည်းပေါက်ထွက်သွားသည့် သာဓကအဖြစ် ယနေ့ အင်တာနက် ၀က်ဆိုဒ်များတွင် လ၀က ၀န်ထမ်း
တစ်ဦးရေးသားသည့်" ခေတ်ပြောင်းသော်လည်း....စနစ်မပြောင်းသေးသည့် လ၀က ၀န်ကြီး ဦးခင်ရီ" ဆိုသည့် ဆောင်းပါးနှင့်
ရွှေတံခါးမှူး ချစ်သူ ရေးသား
သည့်" တပ်ထွက် ကြောင်ခံတွင်းပျက်...ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆိးခံလိုက်ရသော လ၀က အပိုင်းတွဲ များ" နေ့တိုင်းပါရှိနေသည်
ကိုတွေ့ရှိရသည်မှာ ဌာန၏ ဂုဏ်သိက္ခာ ကိုကျဆင်းစေခဲ့ပါသည်....ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းခံရသည့်အတွက်လည်း ပိုနာပီး ပိုအရှက်
ရစေမိပါသည်...မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန ( ၁၉) ခုရှိသည့်အနက် မည်သည့်ဌာနမှ အင်တာနက်ပေါ် တွင် ထိုသို့ရေးသားခြင်းခံရသည်ကိုမတွေ့ရပဲ
မိမိဝန်ကြီးဌာန တစ်ခုတည်းမှသာ အမြဲတမ်း ပါရှိနေသည်ကိုတွေ့ရှိရသည့်အတွက်ဝန်ကြီး ဌာနအတွင်း ညီညွှတ်မျှတမှုမရှိသည်ကို လူပုံအလယ်
တွင် အမှိုက်ထုပ်ဖြေပြလိုက်သလိုမျိုးဖြစ်သွားခဲ့ရပါသည်......ထိုကဲ့သို့ပါရှိနေသည့်အတွက် အခြားသော ဌာနဆိုင်ရာ များအလယ်တွင်လည်း
အရှက်ရပီး ဂုဏ်သိက္ခများလည်း ကျဆင်းစေခဲ့ရပါသည်....ထိုကဲ့သို့ မိမိတို့ အတွင်းစည်းပေါက်ထွက်သွားမှုအား အမြန်ဆုံး ပြန်လည်ကုသ
ပေးနိုင်ရေးအတွက် လူကြီးပိုင်းများမှ စဉ်းစားဆင်ခြင်ဆုံးဖြတ်ပိး အလျင်အမြန်လုပ်ဆောင်သင့်ပါသည်.....
(၈) နောက်ဆုံးအနေဖြစ့် သန်းခေါင်းစာရင်း လုပ်ငန်းစဉ်ကြီးရှိနေသည့်အတွက်အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့ခွင့်တင်ထားသည့် ၀န်ထမ်းများ၏ပြောင်း
ရွှေ့မှုအား ခေတ္တရပ်နားထားသည် ကို ၀န်ထမ်းများအားလုံးမှလည်း နားလည်သဘောပေါက်ပါသည်....သတ်မှတ်
ကာလ ကျော်လွန်မြောက်ပိး တာဝန်ထမ်းဆောင်နေကြသည့်နေရာများရှိ ၀န်ထမ်းများ.အနက်..စစ်ဆေးရေးဂိတ်များတွင်တာဝန်ထမ်းဆောင်
နေရသော. မကဖ ၀န်ထမ်းများအဖို့မှာ သူတို့အတွက် အခက်အခဲမရှိပဲအဆင်ပြေနေသော်လည်း ကျန်ရှိသည့်နေရာများတွင် အိတ်စိုက်တာဝန်ထမ်းဆောင်နေသူများအဖို့
နေရေး..ထိုင်ရေး...သွားရေး.လာရေး....စားသောက်ရေး ...စရိတ် အ၀၀ အတွက် ကုန်ကျစရိတ်များစွာရှိပါသည်...အပြောင်းအရွှေ့ကိုမျှော်ကိုးပီး
မိသားစု တစ်ကွဲတစ်ပြားဖြစ်နေသူများ......မကောင်းသည့်နေရာများတွင် ကာလတာရှည်တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများ...တစ်ကြိမ်
တစ်ခါမှ မကဖကိုမသွားရောက်ရသေးသည့် ၀န်ထမ်းများ.....နေပြည်တော်တွင်နှစ် ကာလကြာရှည်တာဝန်ထမ်းဆောင်နေရသည့် ၀န်ထမ်း
များ.....၏ အားငယ် နေကြသော မျက်ဝန်းအစုံတွေရဲ့ မျော်လင့်ချက်တွေ ဆက်လက်ရှင်သန်နိုင်ရေးအတွက်....မိသားစုဘ၀များဆုံစည်းပေါင်း
ဖက်နိုင်ရေးအတွက်.....အပြောင်းအရွှေ့တင်ထားသည့်ဝန်ထမ်းများ၏အခက်အခဲများအား စာနာ နာလည်းပီး.ကိုယ်ချင်းစာစိတ်များစွာဖြင့်အမြန်ဆုံး သမာ
သမတ်ကျကျ ဘက်လိုက်မှုမရှိပဲ နည်းလမ်းမှန်မှန်....နည်းစနစ်ကျကျ သတ်မှတ်ထားသည့် မူများနှင့်အညီ ပြောင်းရွှေ့ပေးနိုင်ရေးအတွက်တင်
ပြယင်း အိတ်ဖွင့်ပေးစာအားပေးပို့လိုက်ပါသည်....
ရဲနီ နေ၀န်း ကျော်စွာ (လ/ထ)
No comments:
Post a Comment