( လဝကစစ်သည်သို့ )
တောတောင်စိမ့်စမ်း ညို့ ညို့ မှိုင်းဝေ
သာမောပေစွ သဘာဝနှင့်
သယံဇာတ ပေါကြွယ်လှပေ
ငါတို့ချစ်သော မိမြန်မာပြည်။
တိုးတက်ပြောင်းလဲ ခေတ်မှီလာကြ
ပွင့်လင်းလာပေ ဒို့မြန်မာပြည်။
ပြောင်းလဲခေတ်မှီ မြန်မာပြည်ဝယ်
လူဝင်ကြီးကြပ် များလှတာဝန်
သတိချပ်လေ ချစ်မိတ်ဆွေတို့။
တရုတ်ကုလား ထိုသွေးခြားတို့
တရားမဝင် ခိုးဝင်ခိုးထွက်
စိစစ်နေလည်း ပြစ်တင်ခံရ{ဒို့ဘဝ}
ဇာတိပုည ဂုဏ်မာနနှင့်
စိတ်စဉ်အမြဲ ဒို့ရင်ထဲဝယ်
မျိုးချစ်ကြသည် လူများထက်ပင်{သာလိမ့်မည်}
သတိပညာ စွမ်းကုန်ကြိုးကုတ်
အားထုတ်လုံ့လ မလျှော့ကြလေ
တာဝန်ထမ်းကြ အိုဆွေများတို့။
အိမ်နီးနားချင်း ကြီးထွားအားအင်
စိမ့်ဝင်ရောနှော လူ့မနောမို့
စည်းထားကြမှ တော်ပေလိမ့်မည်။
ဒို့တိုင်းပြည်တွက် ဒို့သွေးသက်တို့
ပေးဆပ်ကာထား ကလောင်အားဖြင့်
ကာကွယ်ကြ၏ စိတ်ထားမြတ်မွန်
ဂုဏ်ယူမိသည် အိုစစ်သည်သို့။
TZM {ကိုယ်ပိုင်}
30.7.2014
credit to thant zin moe
No comments:
Post a Comment