Thursday, 17 July 2014

တချိန်တုန်းကလ၀ကရဲ့နကသလေလံဆွဲပွဲကြီး

တပ်ထွက်ကြောင်ခံတွင်းပျက်..ဆက်ရက်တောင်ပံကျိုးများနှင့် အဖျက်ဆီးခံလိုက်ရသော လ၀က အပိုင်း(၂၈)
================================
ည်ထဲရေးဝန်ကြီးဌာန၀န်ကြီးဗိုလ်ချုပ်မောင်ဦးရဲ့ လက်အောက်ကို ရောက်ရှိလာခဲ့တဲ့ လ၀က ၀န်ကြီးဌာနဟာ ဗိုလ်ချုပ်မောင်ဦးထက်ပိုဆိုးတဲ့
ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး နေမျိုးရဲ့ လုပ်စားမှုတွေကြောင့် ပိုမိုဆိုးရွားလာခဲ့ပါတယ်....ပိုအယင်တုန်းက ဆိုယင် နစကတစ်နှစ်သွားပီးလို့ပြန်လာလို့ရှိယင် ကိုယ်လိုချင်တဲ့ နေရာ(၅)နေရာ
ကို ပြောင်းရွှေ့ခွင့်တင်ခိုင်းပါတယ်....ပီးတော့ အဲဒီ ( ၅ ) နေရာထဲက တစ်နေရာ ကို ပို့ပေးပါတယ်...အယင်တုန်းကတော့ မူတွေကမှန်ပါတယ်
လူတွေကလည်း မှန်ပါတယ်...နောက်ပိုင်းကျတော့ ဒီမူတွေလည်းပျက်သွားပီး နစက ပြန်လဲ ကိုယ်လိုချင်တဲ့နေရာ ကိုသွားနိုင်ရေးအတွက်လေလံ
ဆွဲယူရပါတော့တယ်....ဘယ်မကဖ ဆိုယင် သိန်းဘယ်နှစ်ဆယ်  ဆိုတဲ့ ပေါက်ဈေးတွေ ပေါ်လာပါတယ်....အဲဒီတုန်းက တာချီလိတ်မကဖကို
သွားချင်တယ် ဆိုယင်
သိန်း ( ၂၀ )ပေးရပါတယ်...အဲဒီအချိန်က ဘယ်သူ့ဆီကို ၀င်ရတယ် ဆိုတာကို လ၀ကတိုင်းသိပါတယ်.သူ့လိုင်းတွေရှိပါတယ်...ချိတ်ဆက်ပေးတဲ့သူတွေရှိပါတယ်....အဲဒီလူတွေကနေတဆင့်  သွားရပါတယ်...အယင်တုန်း
ကဆိုယင် နစကပြန်ဆိုပီးတော့ နေရာတွေပေးပေမယ့်.....နောက်ပိုင်း  နစကပြန်ပီး လိုင်းမ၀င်နိုင်တဲ့ ၀န်ထမ်းတွေဆိုယင် မသွားချင်တဲ့နေရာတွေ
ကိုယ်မလျှောက်ထားတဲ့နေရာတွေ.....တိုင်း..ခရိုင်ရုံးတွေ ကိုတာဝန်ချပေးထားပါတယ်.....၀န်ထမ်းတွေရဲ့ နောက်ခံ အကြောင်းတွေကိုပြန်မကြည့်
တော့ပါဘူး....၀န်ထမ်းသက်တမ်းတလျှောက် သူဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးလဲ....ကောင်းတဲ့နေရာတွေမှာလား...ဆိုးတဲ့နေရာတွေ
မှာလား.....မကဖတွေဘယ်နှစ်ခေါက်သွားဖူးသလဲ....ဒါတွေကို တစ်ချက်မှပြန်မလှန်ကြည့်တော့ပါဘူး....ငွေပေးနိုင်တဲ့သူ....ငွေမျက်နှာကိုပဲ
ကြည့်ပီးတော့ နယ်စပ်ကောင်းတဲ့နေရာတွေကိုပဲပြန်ချထားပေးပါတော့တယ်...ငွေမပေးနိုင်တဲ့...လိုင်းမ၀င်နိုင်တဲ့ ၀န်ထမ်းတွေကတော့
မြောင်းထဲကို တွန်းပို့ချလိုက်တော့တာပဲ.....သူတို့ဖို့အတွက်တော့ နေရာ ဆိုးတွေချည်းပဲလေ...ဒီလိုမျိုးတွေဖြစ်လာခဲ့တော့ အောက်ဝန်ထမ်း
အချင်းချင်းလည်း သွေးကွဲလာကြတယ်....စည်းလုံးညီညွှတ်မှူဆိုတာလည်းမရှိကြတော့ဘူး... လ၀ကလူကြီးပိုင်းတွေလုပ်စားလို့ကောင်းသွား
တာကဗိုလ်ချုပ်စောထွန်းနဲ့ ဗိုလ်ချုပ်မောင်ဦးလက်ထက်တွေမှာပါ...အဲဒီအချိန်တုနုးက နကသဆိုပီးတော့ (၄)လသွားတာဝန်ထမ်းဆောင်ရ
တာရှိပါတယ်.....အဲဒီတုန်းက နစကသွားပီးလို့ပြန်လာယင် ကချင်ပြည်နယ်ဘက်က ရေအားလျှပ်စစ်စီမံကိန်းကို (၆)လဆိုပိးတော့ တာဝန်ပေး
စေလွှတ်ပါတယ်....ရေအားလျှပ်စစ်တာဝန်ထမ်းဆောင်ပီးလို့ပြန်လာတဲ့သူကိုမှ နကသ ကို တာဝန်ပေးအပ်တာပါ...ဒါပေမယ့် ထုံးစံအတိုင်း
ပေါ့ဗျာ....လိုင်းဝင်ရပါတယ်...လိုင်းဝင်တဲ့သူမှ နကသ သွားရတာပါ....လိုင်းမ၀င်ဘူးဆိုယင် လုံးဝမသွားရပါဘူး...မူကတော့ ချထားခဲ့ပါတယ်
ရေအားလျှပ်စစ်ပြန်တဲ့သူတွေကို နကသ ပေးလွှတ်တယ်ဆိုပီးတော့....မူတွေက ကောင်းပီးတော့ လူတွေက မကောင်းတော့မူပျက်ပီပေါ့..
ဘယ်ဝန်ထမ်းတွေက ဘယ်သူတွေနဲ့ပေါင်းပီးတော့ ဘယ်အဆင့်တွေနဲ့ လုပ်စားသွားလဲ ဆိုတာကို...သိပေမယ့်
လည်း မပြောတော့ပါဘူး....ဒီနေရာကနေပီးတော့ နောက်ထပ်ဒီလိုမျိုးမဖြစ်အောင်ဆိုလို့ပဲ သတိပေးလိုက်ယုံလေးပါ.....အဒီအချိန်က
လ၀က မှာဖြစ်ပျက်နေတာက နကသနီးလာပီဆိုယင် နကသ လေလံပွဲကြီးစတင်ပီပေါ့ဗျာ...ဘယ်နကသဆိုယင် ပေါက်ဈေးကဘယ်လောက်...
နေရာပေါ်မူတည်ပီးတော့ ဈေးနုန်းတွေက ကွာသွားတာ...ပေးနိုင်တဲ့ပေါ်မူတည်ပီးတော့ စေလွှတ်တာပါ....ကျုပ်ရှေ့မှာ ကျုပ်တပည့်လေး
တစ်ယောက်ကပေါက်ကွဲပီးတော့ ဖုန်းဆက်နေတာလေ....သူလိုချင်တဲ့ နေရာအတွက်ကို သူက ပေးထားပီးသား...အမိန့်ထွက်တော့သူလိုချင်
တဲ့နေရာမရဘူး....ဒါနဲ့ သူ့နဲ့ ချိတ်ထားတဲ့ ၀န်ထမ်းပွဲစားကိုလှမ်းပြောတာ....ဟိုကပြန်ပြောတာက ပေးတာနည်းလို့တဲ့...သူပေးတဲ့ပေါက်
ဈေးနဲ့ တန်တဲ့ နကသကိုထည့်ပေးတာတဲ့....ဟိုကောင်ကပြန်ပြောရော....ဒါဆိုယင်အစက ဘာလို့မပြောတာလဲ...သူလဲပေးနိုင်တာပဲဆိုပီး
တော့ စကားတွေအချေအတင်များကုန်ကြရော.....အခုဒီလိုမျိုးလုပ်စားထားခဲ့တဲ့ လူတွေ အခုအကုန်လုံးရှိသေးတယ်...အဲဒီအချိန်ကနကသသွား
တော့မယ် ဆိုယင် ပန်းဆိုးတမ်းလမ်းက ရုံးချုပ်ကိုသွားသတင်းပို့ရပါတယ်..အဲဒီမှာ ရန်ကုန်တိုင်းတစမလုပ်တဲ့သူက ဆောင်ရန်/ရှောင်ရန်တွေမှာ
တာပေါ့ဗျာ...အဲဒီအချိန်မှာဆိုယင် နေပြည်တော်ရုံးချုပ်ကနေပီးတော့ နကသရအောင်ပွဲစားလုပ်ပေးခဲ့တဲ့ ၀န်ထမ်းတွေက အပေါက်ဝမှာလာ
စောင့်နေကြတာ.....ကတွတ်ပေါက်မှာ ဗျိုင်းစောင့်နေသလိုမျိုးပေါ့ဗျာ....ပီးတော့ သူတို့ကို ကျတဲ့နကသရဲ့သတ်မှတ်ထားတဲ့ပေါက်ဈေးပေး
ရတော့တာပေါ့ဗျာ....ရုံးချုပ်မှာနေတဲ့လူကြီးတွေရဲ့ စီးပွားရေးလုပ်စားနည်းတစ်မျိုးပေါ့ဗျာ....ကျုပ်နည်းနည်းလေးပဲ
ပြန်ပီးတော့ အစဆွဲထုတ်ပေးလိုက်တာနော်.....ဘယ်သူတွေဘယ်လိုလုပ်သွားတယ်....ဆိုတာ ကိုယ့်အကြောင်းကိုယ်သိတယ်နော်..သိတယ်
ဆိုယင်ပီးတာပဲလေ.....ပိုက်ဆံလည်းမပေးနိုင်လို့....၀ိတ်လည်းးမရှိလို့..အကပ်လည်းမရှိလို့...အထက်လူကြီတွေက ငွေမျက်နှာတစ်ခုတည်းကို
ပဲကြည့်ပီးတော့ စီစဉ်တော့ တချိန်လုံးအမြဲတမ်း အနစ်နာခံနေရတဲ့ မျက်နှာမွဲ ၀န်ထမ်းငယ်တွေဘက်နေပီးတော့ ကျုပ်ရေးနေရတာ....
ကောင်းတဲ့ မူတွေကို ဖျက်ဆီးပစ်ခဲ့တာကလည်း သူတို့လူကြီးတွေ ကိုယ်တိုင်ပဲ...ရွှေသမင် ဘယ်ကထွက်သလဲ ဆိုယင် အားလုံးမင်းကြီးတာ
က ထွက်တာချည်းပဲ..လူကြီးတွေကိုယ်တိုင်ကပိုက်ဆံရမယ့်ဂွင်တွေကိုပဲ ချောင်းနေကြတာ....ငါပိုက်ဆံရယင်ပီးရော ဆိုပီးတော့တစ်ယောက်
ကိုတစ်ယောက်နင်းဖို့လည်းဝန်မလေးဘူး..ဇာတ်တူသားကိုပဲစားရ..စားရ စားမယ်...ပိုက်ဆံသာရမယ်ဆိုယင်ဘယ်အရာမဆိုလုပ်မယ်ဆိုပီး
ဖြစ်လာခဲ့တာပဲလေ....ဒိလိုမျိုးစားကျက်ဂွင်တွေလုယင်းနဲ့ လူကြီးပိုင်းတွေ တစ်ယောက်နဲ့တစ်ယောက် ထိုးကြ ကြိတ်ကြတဲ့အထိတောင်ဖြစ်ခဲ့
သေးတယ်...၀န်ကြီးဦးခင်ရီပြောင်းလာကာစက သူနဲ့အတူရဲကနေပြောင်းရွှေ့လိုက်ပါလာခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး(ယခုရှမ်းပြည်
နယ် .မြောက်ပိုင်း ပြည်နယ်ဦးစီးဌာနမှူး)ကို စီမံမှာ ဒုညွှန်မှူးနဲ့နေရာပေးထားခဲ့ပါတယ်....၀န်ကြီးပြောင်းလာကာစမှာ လ၀ကအတွင်းမှာ
အရင့် အယင်ရှိနေခဲ့တဲ့ တပ်ထွက် အရာရှိတွေနဲ့ ၀န်ကြီးနဲ့အတူတူလိုက်ပါလာခဲ့တဲ့ ရဲကနေလိုက်ပါပြောင်းရွှေ့လာခဲ့ကြတဲ့ တပ်ထွက်
အရာရှိတွေရဲ့ကြားမှာ အာဏာလုပွဲဟာပြင်းထန်ခဲ့ပါတယ်...ရှင်းရှင်းပြောရယင် အာဏာလုတယ်ဆိုတာထက် ပိုက်ဆံရမယ့် ဂွင်တွေကိုလုတယ်
ဆိုယင်ပိုမှန်မှာပေါ့ဗျာ....ဒီလိုမျိုး ဂွင်တွေလုနေယင်းနဲ့ အဝေမတည့်တော့  စီမံဌာနမှာ ယခင်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့တဲ့ အနေကြာ
ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ လ/ထညွှန်မှူးတစ်ဦးနဲ့ ဒုဗိုလ်မှူးကြီးအောင်ကျော်စိုးတို့ စီမံရုံးခန်းထဲမှာ ၀န်ထမ်းငယ်တွေအားလုံးရဲ့အရှေ့
ထိုးကြိတ်သတ်ပုတ်ခဲ့ကြပါသေးတယ်...ဒီလိုမျိုး ဂွင်မတည့်...ဝေစုမတည့်လို့ ထိုးကြ....နှက်ကြတာကိုဝန်ကြီးကိုယ်တိုင်သိရှိခဲ့ပေမယ့်နှစ်
ယောက်စလုံးကို တစ်စုံတစ်ရာ အရေးယူခဲ့ခြင်းမရှိခဲ့ပါဘူး...ဒီလိုမျိုးလက်ဝှေ့အထိုးကောင်းခဲ့တဲ့ တပည့်ကောင်းကြီးကို ရှမ်း/မြောက်ကို
ပြည်နယ်မှူးအဖြစ်နဲ့ ပေးပို့ပီးမြှောက်စားခဲ့ရုံသာမက ယခုလက်ရှိ US လေ့လာေ၇း ခ၇ီးစဉ်ကိုပါထည့်သွင်းစေလွှတ်ပေးခဲ့ပါသေးတယ်...
ဒါကြောင့်မို့ တပ်ထွက်အရာရှိတွေဟာ လက်ဝှေ့ထိုးလည်းကောင်းပါတယ်....နောက်ပိုင်းဆိုယင် လ၀က ၀န်ကြီးဦးခင်ရီလက်ထက်မှာ ၀န်ကြိး
ဌာန  လက်ဝှေ့စိန်ခေါ်ပွဲကြီး မကျင်းပမပေးနိုင်ဘူးလို့ မပြောနိုင်ပါဘူး.....သူတပည့်အရင်းတွေဟာ ဂွင်ရှာတာတွေလည်းတော်သလို....လက်
ဝှေ့ထိုးလည်းကောင်းတယ် ဆိုတာကို  သူကိုယ်တိုင်တော့ ကောင်းကောင်းသိမှာပေါ့....ဒါကြောင့်မို့ သူနဲ့အတူတူလိုက်ပါလာခဲ့တဲ့ တပည့်
အရင်းခေါက်ခေါက်တွေကို တကယ့်အချက်အခြာ နေရာကောင်းတွေမှာ ထည့်သွင်းထားလိုက်တော့ ကျန်တဲ့သူတွေ ဘယ်သူမှ မလှုပ်ရှား
နိုင်တော့ပါဘူး.....အားလုံးဟာ ရုပ်သေးရုပ်ပမာနဲ့ ၀န်ကြီးရဲ့ ကြိုးဆွဲရာ ကို ကနေရတော့တာပဲ....

No comments:

Post a Comment