Wednesday, 23 July 2014

ပြည်သူလိုအပ်ချက် နေ့ချင်းဆောင်ရွက်ပေးရန်

အစိုးရဌာနဆိုင်ရာများ ပြည်သူ့လိုအပ်ချက်
နေ့ချင်းဆောင်ရွက်ပေးရန် သမ္မတအကြံပေး တိုက်တွန်း

=================================

ပုသိမ်၊ ဇူလိုင် ၂၂

- အစိုးရဌာန ဆိုင်ရာများ အနေဖြင့် ပြည်သူများ ၏ လိုအပ်ချက်၊ တင်ပြချက်များကို နေ့မကူးဘဲ ချက်ချင်းတာဝန်ယူဆောင် ရွက်ပေးရန်လိုအပ်သည်ဟု နိုင်ငံ တော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်ဖြစ်သည့် ဒေါက်တာအောင် ထွန်းသက်က ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ အစိုးရအဖွဲ့ကို တိုက်တွန်း ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးပုသိမ် မြို့တော်ခန်းမတွင် ဇူလိုင်လ တတိယ အပတ်အတွင်း ကျင်းပသော ဧရာဝ တီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ တော် ပြုပြင်ပြောင်းလဲမှုများ တတိ ယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းဆွေးနွေးပွဲသို့ တက် ရောက်လာသည့် အစိုးရဌာနဆိုင် ရာ တာဝန်ရှိသူများအား ၄င်းက အထက်ပါအတိုင်း တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

''ပြည်သူအတွက် တုံ့ပြန်ဖို့ အဆင်သင့်ရှိရမယ်။ အစိုးရဌာန ဆိုင်ရာကို လူတစ်ယောက်လာလို့ ရှိရင် မနက်ဖြန် လာခဲ့ဆိုတာကို လုံးဝမသုံးနဲ့။ ဒီနေ့နဲ့ ပြီးအောင်လုပ် ပေးပါ။ ပုဂ္ဂလိကမှာကျတော့ ဖောက် သည်လာရင် ကျေနပ်အောင် ချက် ချင်း ဆောင်ရွက်ပေးရတယ်။ မလုပ် ပေးရင် တခြားဆီ သွားမှာလေ။ ဒါ့ကြောင့် အခုကြည့်လိုက်၊ ရန်ကုန် မှာဆို အစိုးရကျောင်းမထားဘဲ ပုဂ္ဂလိကကျောင်းပဲ ထားကြတယ်။ အစိုးရဘဏ်ကို လူတွေ ဘာလို့ မသွားဘဲ ပုဂ္ဂလိကဘဏ်ပဲသွားနေလဲ။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရ မယ်''ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

''ဧရာဝတီတိုင်းမှာ ကျွန်တော် ဝန်ကြီးချုပ်အနေနဲ့ ငါးနှစ်တာ တာဝန်ယူသွားတဲ့ ကာလမှာကောင်းမွေ ဆိုးမွေတွေကို အကုန်အားလုံး တာဝန်ယူသွားမယ်။ ဘယ်သူ ဘာလုပ်လုပ် လူသတ်လဲပဲ တာဝန်ယူသွား မယ်''ဟု ဝန်ကြီးချုပ် ဦးသိန်းအောင် က ပြောသည်။

ပုသိမ်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် အဆိုပါ လုပ်ငန်းဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအ ဆင့်ဝန်ကြီးများ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင် ထွန်းသက်၊ MHR ကျောင်းအုပ်ဆရာကြီး ဦးအေးကျော်၊ လွှတ်တော်ကိုယ် စားလှယ်များ ဌာနဆိုင်ရာမှ တာဝန် ရှိသူများ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ လူမှုရေးအဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁ဝဝဝခန့် တက်ရောက်ဆွေးနွေးခဲ့ ကြသည်။

KKK (Myitmakha)

yangon media group

No comments:

Post a Comment