Wednesday, 2 July 2014

ko naung အတွက်ပြန်စာ

ကိုရွှေတံခါးမှူးချစ်သူကြီးခင်ဗျ
-
ကျွှန်တော်က ဘင်္ဂါလီပိတ်ဆို့ရေးကနေ (16-5-2014)မှာ ပြန်ရောက်ပါတယ်
ပြီတော့ ဦးစီးမှူးက ကျွန်တော်ကိုခေါ်ပြောတယ် အနောက်ဘက်ဒေသ(မကဖ)ကို
ပြန်သွားရမယ် ငါ့တို့အထက်ကိုတင်ပြမေးကြည့်တယ် EC က ခွင့်မပြုဘူး
ဘာလို့လဲမေးကြည့်တော့ ဒါက တန်းစီဇယားနဲ့ လုပ်တာ အလှည့်ကျရင်တော့
သွားရမှာပဲ ဦးစီးဌာနရဲ့မူ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အနောက်ဘက်(တံခါး)ပဲ မဖြစ်မနေသွားပါလို့ညွှန်ကြားပါတယ် အနောက်ဘက်ဒေသ(မကဖ)ရောက်ရင်လဲ လိုအပ်ရင် ခွင့်တင်ပါ ကူညီဆောင်ရွက်ပေးပါ့မယ်လို့ပြောပါတယ် ကျွန်တော်သဘောပေါက်နားလည်စွာဖြင့် တာဝန်ထမ်းဖို့အခုထွက်လာခဲ့ပါတယ် အခုရောက်နေပါပြီ ဒါပေမယ့်ဗျာ တာဝန်ကျပြီးခုထိတာဝန်မထမ်းသေးတဲ့ သူကတော့ ရှိနေသေးတယ်ဗျ ဦးတင်ကိုကိုလိုလူမျိုးပေါ့ဗျာ သူက (မကဖ)တာဝန်ကျတော့ ခံဝန်ကတိထိုးပြီး အနောက်ဘက်ဒေသ(မကဖ)ကို တာဝန်ကျရင် တာဝန်ထမ်းဆောင်ပါ့မယ်ဆိုပြီး လက်မှတ်ထိုး ပြီးတော့ မကဖ-၃ ကို မရောက်ရောက်အောင်သွားတယ်လေ
ပြန်လာပြီး အနောက်ဘက်ဒေသ(မကဖ)ကို တန်းစီဇယားအရ တကယ်သွားရမယ်ဆိုတော့ မသွားဘူး ဟိုလူကိုတိုင် ဒီလူကိုတိုင်နဲ့ ပြီးတော့ကြားပါသေးတယ် ငါ့ကိုမသွားလို့အလုပ်ကနေထုတ်ပစ်ရင် သတင်းထောက်တွေခေါ်ပြီး ဌာနမကောင်းကြောင်းတွေပြောပစ်မယ်လို့ ဒီကောင်ကခြိမ်းခြောက်တယ်ဆိုပဲ ..............
အဲ့လို (မကဖ)ကောင်းတော့(စံ)ပြီး အနောက်ဘက်ဒေသ(မကဖ) မကောင်းတော့(မခံ)ချင်တာ ဘာကြောင့်လဲ အဲ့လိုဝန်ထမ်းအကြောင်းကျတော့ ရွေတံခါးမှူးချစ်သူကြီးက မသိချင်ယောင်ဆောင်ထားတာလား ဒါမှမဟုတ် ကိုယ်တိုင်ပဲဖြစ်နေလို့လားတော့မသိဘူး အသံမထွက်ဘူး ...................... အဲ့လိုလူကိုကျတော့ရော ကိုရွှေတံခါးမှူးကြီး ဘယ်လိုဖြစ်စေချင်သလဲတော့ မသိဘူးနော် .
- KO Naung

 ဒီစာလေး ကို မိတ်ဆွေတစ်ယောက်ကနေ လှမ်းပို့ပေးလိုက်တာပါ.....ကိုနောင်ရေးးထားတဲ့ အတိုင်းဌာန
အတွင်းမှာ ကောင်းတုန်းကတော့ ဘာအသံမှ တချက်မထွက်ပဲ ငြိမ်ခံနေပီးတော့ မကောင်းတဲ့နေရာသွားရမယ်ဆိုရော ပြသနာရှာနေတဲ့သူတွေ အများကြိးရှိပါတယ်....ဒီလူတွေက တကယ့် အခွင့်အရေးသမားတွေပါ.....အသာပဲစံချင်ပီးတော့ အနာမခံချင်တဲ့သူတွေပါ..နစက ကိုဆိုယင်
နည်းလမ်းပေါင်းမျိုးစုံနဲ့ရှောင်တယ်...နစကရောက်ယင်လည်း ကြားစခန်းရောက်အောင်လုပ်တယ်.....အယင်တုန်းက တစမ/ပနမ တွေကို လုပ်ပိုင်ခွင့်ပေးထားတော့ သိတဲ့အတိုင်းပဲလေ...လူခင်ယင် မူပြင်တယ်...လူကိုမုန်းယင် မူကိုသုံးတယ်.....ဒိလိုမျိုးဖြစ်စဉ်တွေ ဌာနအတွင်းမှာ အများကြီးရှိခဲ့မှာပဲ..ရွှေတံခါးမှူးချစ်သူလည်း....တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုတော့ သိတာကနည်းနည်း...မသိတာက များများပါ..အောက်ခြေမှာဘယ်လိုမျိုးအနေအထားတွေဖြစ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး..ဒါကြောင့် မို့ အမှန်တရားကိုထုတ်ဖော်နိုင်ဖို့အတွက်....ဒီလိုလူမျိုး လူနပ်ချမ်းသာ တွေရဲ့လုပ်ကွက်တွေကိုဖော်ထုတ်ဖို့အတွက် အားလုံးကို ဖိတ်ခေါ်ပိးတော့ ရေးလှည့်ပါ...
ပြောလှည့်ပါ ဆိုပီးတော့ ဖိတ်ခေါ်ထားတာပါ....ဘယ်သူ့မျက်နှာကိုမှ မထောက်ထားပါဘူး...ဆိုးယင်ဆိုးသလို...ကောင်းယင် ကောင်းသလို ရေးသွားသွားမှာပါ.....တရားမျတမှုမရှိဘူး....
မတရားဘူးလို့ထင်ယင် ရင်ဖွင့်နိုင်ပါတယ်.....ရေးသားစရာတွေအများကြီးရှိနေပေမယ့်လည်း တာဝန်ဝတ္တရားတွေရယ်....မိသားစုအရေးတွေရယ်နဲ့အလုပ်များနေတာမို့ ထောက်ပြစရာရှိတာတွေကို မထောက်ပြနိုင်သေးပါဘူး....ဘယ်လိုမျိုးပဖြစ်ဖြစ်ရေးသား ရင်ဖွင့်မှုတွေကို အမြဲတမ်း ကြိုဆိုနေပါတယ်

No comments:

Post a Comment